ကကြီးအကြောင်း တတို့နှစ်တို့(၁)KATRI

padonmarOctober 27, 20136min30322

တတို့နှစ်တို့မူပိုင် ဦးပါကို ဒီကပဲခွင့်တောင်းပါတယ်။

ကိုယ်ပြောပြချင်တဲ့ အကြောင်းအရာက ပိုင်ပိုင်နိုင်နိုင်ထဲထဲဝင်ဝင် ပညာရှင်လို သိတာမဟုတ်ပဲ

Observer လေ့လာသူတယောက်အနေနဲ့သာ မှတ်မိသလောက်သညာနဲ့ တို့ရမှာဖြစ်လို့

ပိုသိတဲ့သူတွေက ဝင်ရေးပေးသွားကြစေလိုပါတယ်။

ကျမ မကြာမီက သွားလေ့လာခဲ့ရတဲ့ Korea Apparel Testing & Research Institute (KATRI)

အကြောင်း ဗဟုသုတလေး မျှဝေချင်လို့ပါ။

KATRI အကြောင်းအပြည့်အစုံကတော့ သူ့ website မှာသွားဖတ်ကြည့်လို့ရပါတယ်။

http://katri.re.kr/navi/page.do?page=/Eng/introduction/greetings

ကျမကတော့ ကျမမြင်တာလေးတွေ ဝေဖန်လေကန်မှာပါ။

Apparel ဆိုတဲ့စကားက ကျမတို့နဲ့ နည်းနည်းစိမ်းနေတတ်ပါတယ်။ လူတွေဝတ်တဲ့ အဝတ်အထည်သာမက ဖိနပ်၊ခြေအိတ်၊ခေါင်းစည်း၊လည်စည်း၊ဆံပင်စည်း စသည် တကိုယ်လုံးတွက် ဆိုလိုပါတယ်။

KATRI က အဲဒီပစ္စည်းတွေအားလုံးကို စနစ်တကျ စစ်ဆေး၊လက်မှတ်ထုတ်ပေးတဲ့၊သုတေသနတွေလုပ်ပေးတဲ့ ကိုရီးယားအဖွဲ့အစည်းပါ။

ကိုရီးယား ပြည်တွင်းစစ်က 1955 မှာပြီးသွားပါတယ်။စစ်အပြီး ၉နှစ်အကြာ 1964 မှာ ဒီလို သုတေသနအဖွဲ့ကို ထူထောင်ခဲ့တာ သူတို့နိုင်ငံခေါင်းဆောင်တွေရဲ့ အမြော်အမြင်ကြီးမှုပါပဲ။

ကုန်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီတွေက သူတို့ပစ္စည်းရဲ့ အရည်အသွေးကို စစ်မှန်ခိုင်ခန့်ကြောင်း သက်သေပြချင်တဲ့အခါ (သို့) ဝယ်ယူမယ့် ကုမ္ပဏီက တောင်းဆိုတဲ့ အခါ အရည်အသွေးစစ်ပေးဖို့ ကိုယ့်ပစ္စည်း sample ပို့ပြီး စစ်ရပါတယ်။

ကလေးလက်တွန်းလှည်း Stroller လေးတွေမှာ  lock ခိုင်မခိုင် နောက်က စက်မှာ စောင်းနေတဲ့  အောက်ခံရဲ့ ဒီဂရီနဲ့ စမ်းသပ်ရပါတယ်။
ကလေးလက်တွန်းလှည်း Stroller လေးတွေမှာ lock ခိုင်မခိုင် နောက်က စက်မှာ စောင်းနေတဲ့ အောက်ခံရဲ့ ဒီဂရီနဲ့ စမ်းသပ်ရပါတယ်။
အထည်တွေရဲ့ ံHangTagမှာပါတဲ့ Cotton % polyester % Rayon% Spandex % လေးတွေ ရေးထားတာ မှန်မမှန် ဓာတ်ခွဲတာပါ။
အထည်တွေရဲ့ ံHangTagမှာပါတဲ့ Cotton % polyester % Rayon% Spandex % လေးတွေ ရေးထားတာ မှန်မမှန် ဓာတ်ခွဲတာပါ။
ပိတ်တွေမှာပါတဲ့ Fibre အမျှင်အမျိုးအစားကို ဓာတ်ခွဲကြည့်တာပါ။
ပိတ်တွေမှာပါတဲ့ Fibre အမျှင်အမျိုးအစားကို ဓာတ်ခွဲကြည့်တာပါ။
Lab ဓာတ်ခွဲခန်းထဲက လူငယ်တွေ
Lab ဓာတ်ခွဲခန်းထဲက လူငယ်တွေ
Chemical တွေ မတော်တဆ ဖိတ်စင်မျက်စိထဲဝင်တာမျိုးဖြစ်ရင် အနီးမှာ ရေပန်းအောက်ဝင်ရေဆေးချလို့ရပါတယ်။မျက်စိကိုဆေးစရာလည်းလုပ်ပေးထားပါတယ်။မြန်မာ labတွေမှာလည်း ရှိသင့်ပါတယ်။ရှိမရှိတော့မသိ။
Chemical တွေ မတော်တဆ ဖိတ်စင်မျက်စိထဲဝင်တာမျိုးဖြစ်ရင် အနီးမှာ ရေပန်းအောက်ဝင်ရေဆေးချလို့ရပါတယ်။မျက်စိကိုဆေးစရာလည်းလုပ်ပေးထားပါတယ်။မြန်မာ labတွေမှာလည်း ရှိသင့်ပါတယ်။ရှိမရှိတော့မသိ။
စစ်ဆေးမယ့်ပစ္စည်းရဲ့ sample လေးတွေ ပြင်ဆင်ပေးနေကြတာ။လူငယ်တွေ ကျောင်းတဖက်နဲ့ part time လုပ်ကြတာလည်းရှိတယ်တဲ့။
စစ်ဆေးမယ့်ပစ္စည်းရဲ့ sample လေးတွေ ပြင်ဆင်ပေးနေကြတာ။လူငယ်တွေ ကျောင်းတဖက်နဲ့ part time လုပ်ကြတာလည်းရှိတယ်တဲ့။
disposible ပစ္စည်းတွေ တကယ်ပဲ Biodegradable ဖြစ်မဖြစ်စမ်းသပ်တဲ့စက်ပါ။
disposible ပစ္စည်းတွေ တကယ်ပဲ Biodegradable ဖြစ်မဖြစ်စမ်းသပ်တဲ့စက်ပါ။

ပိတ်စရဲ့ ပွတ်တိုက်ခံရမှုပေါ် ခံနိုင်ရည်ရှိမှု စမ်းတာပါ.အပေါ်ကပိတ်စနဲ့ အောက်က ကော်ပတ်ကို အလေးချိန် ဘယ်လောက်မှာအကြိမ်၁၀၀/၂၀၀/၃၀ဝ စသည်ပွတ်တိုက်ရင် ဘယ်ထိခံနိုင်သလဲ အဖြေထုတ်ပေးရပါတယ်။အထူးသဖြင့် လက်အိတ်ချုပ်တဲ့ ပိတ်စတွေတွက် ဒီကိန်းဂဏန်းထောက်ခံစာလိုပါတယ်။
ပိတ်စရဲ့ ပွတ်တိုက်ခံရမှုပေါ် ခံနိုင်ရည်ရှိမှု စမ်းတာပါ.အပေါ်ကပိတ်စနဲ့ အောက်က ကော်ပတ်ကို အလေးချိန် ဘယ်လောက်မှာအကြိမ်၁၀၀/၂၀၀/၃၀ဝ စသည်ပွတ်တိုက်ရင် ဘယ်ထိခံနိုင်သလဲ အဖြေထုတ်ပေးရပါတယ်။အထူးသဖြင့် လက်အိတ်ချုပ်တဲ့ ပိတ်စတွေတွက် ဒီကိန်းဂဏန်းထောက်ခံစာလိုပါတယ်။
အကြိမ် ၁၀ဝ ပွတ်တိုက်ပြီး မပွန်းတဲ့ပိတ်၊နည်းနည်းပွန်း၊များများပွန်း ။2cm ထိ ပွန်းရင် လက်ခံနိုင်တဲ့ အဆင့်ပါတဲ့။
အကြိမ် ၁၀ဝ ပွတ်တိုက်ပြီး မပွန်းတဲ့ပိတ်၊နည်းနည်းပွန်း၊များများပွန်း ။2cm ထိ ပွန်းရင် လက်ခံနိုင်တဲ့ အဆင့်ပါတဲ့။

ဘယ်ဖက်က အလေးချိန်နည်းနည်း 5gram လောက်နဲ့ အကြိမ် တသိန်းလောက်ပွတ်တိုက်နေတာ၊ညာဖက်က အလေးတုံးထည့်ပြီး ဒိုင်းဆိုချလိုက်တဲ့ ခံနိုင်ရည်ကိုစမ်းတာ။
ဘယ်ဖက်က အလေးချိန်နည်းနည်း 5gram လောက်နဲ့ အကြိမ် တသိန်းလောက်ပွတ်တိုက်နေတာ၊ညာဖက်က အလေးတုံးထည့်ပြီး ဒိုင်းဆိုချလိုက်တဲ့ ခံနိုင်ရည်ကိုစမ်းတာ။
ံHeat permeability အပူဘယ်လောက်ဖောက်နိုင်သလဲစမ်းသပ်တာ(မီးအပူနဲ့လုပ်ရတဲ့ မီးသတ်ဝတ်စုံ၊သံရည်ကျိုစက်အလုပ်သမားဝတ်စုံချုပ်မယ်ဆိုရင် ဒါတွေလိုတာပေါ့(မြိုင်ကလေးဘိလပ်မြေစက်ရုံက အလုပ်သမားတွေကိုသတိရမိပါတယ်)
ံHeat permeability အပူဘယ်လောက်ဖောက်နိုင်သလဲစမ်းသပ်တာ(မီးအပူနဲ့လုပ်ရတဲ့ မီးသတ်ဝတ်စုံ၊သံရည်ကျိုစက်အလုပ်သမားဝတ်စုံချုပ်မယ်ဆိုရင် ဒါတွေလိုတာပေါ့(မြိုင်ကလေးဘိလပ်မြေစက်ရုံက အလုပ်သမားတွေကိုသတိရမိပါတယ်)
ကျောပိုးအိတ်တွေ ခိုင်မခိုင်စမ်းတာ
ကျောပိုးအိတ်တွေ ခိုင်မခိုင်စမ်းတာ
သားရေတွေ ရှုံ့ဆန့် ခံနိုင်ရည် စမ်းတာ(ရှူးဖိနပ်တွေတွက် လိုတာပေါ့)
သားရေတွေ ရှုံ့ဆန့် ခံနိုင်ရည် စမ်းတာ(ရှူးဖိနပ်တွေတွက် လိုတာပေါ့)
သားရေကြိုး Belt တွေရဲ့ ခံနိုင်ရည်စမ်းတာ
သားရေကြိုး Belt တွေရဲ့ ခံနိုင်ရည်စမ်းတာ
Manikin အရုပ်နဲ့ အလုံပိတ် chamber ထဲမှာ လေတိုက်နှုန်းနဲ့ အအေးဒဏ်ကို လူရဲ့ ခန္ဓာကိုယ်ကတုန့်ပြန်မှုစမ်းတာပါ။ဒီစက်တန်ဘိုးက ဒေါ်လာ ရသိန်းတဲ့။(USA made)
Manikin အရုပ်နဲ့ အလုံပိတ် chamber ထဲမှာ လေတိုက်နှုန်းနဲ့ အအေးဒဏ်ကို လူရဲ့ ခန္ဓာကိုယ်ကတုန့်ပြန်မှုစမ်းတာပါ။ဒီစက်တန်ဘိုးက ဒေါ်လာ ရသိန်းတဲ့။(USA made)
sweat test လူရဲ့ ချွေးစားတာကို ဘယ်လောက်ခံနိုင်တယ်ဆိုတာ အက်ဆစ်၊အယ်လကာလီ၊ရေထဲ ခွဲထည့်ပြီး စစ်ရပါတယ်။
sweat test လူရဲ့ ချွေးစားတာကို ဘယ်လောက်ခံနိုင်တယ်ဆိုတာ အက်ဆစ်၊အယ်လကာလီ၊ရေထဲ ခွဲထည့်ပြီး စစ်ရပါတယ်။
ပိတ်စကို Detergent ဆပ်ပြာမှုန့် အမျိုးမျိုးထဲထည့်ပြီး ဆေးရောင်ခိုင်မခိုင် အရောင်ကူးမကူးစမ်းရပါတယ်။
ပိတ်စကို Detergent ဆပ်ပြာမှုန့် အမျိုးမျိုးထဲထည့်ပြီး ဆေးရောင်ခိုင်မခိုင် အရောင်ကူးမကူးစမ်းရပါတယ်။
ဇစ်တွေ ခိုင်ခံ့မှုစစ်တာပါ
ဇစ်တွေ ခိုင်ခံ့မှုစစ်တာပါ
Down Jacket ခေါ်တဲ့ အနွေးထည် အထူစားတွေထဲထည့်တဲ့ အမွေးတွေရဲ့ အမျိုးအစားခွဲတာပါ၊လူနဲ့ပဲခွဲရပါတယ်။
Down Jacket ခေါ်တဲ့ အနွေးထည် အထူစားတွေထဲထည့်တဲ့ အမွေးတွေရဲ့ အမျိုးအစားခွဲတာပါ၊လူနဲ့ပဲခွဲရပါတယ်။
ပရိဘောဂတွေမှာ Asbestos ပါမပါလည်း Microscope နဲ့စစ်ရသလို ကာဘွန်ဒိုင်အောက်ဆိုက်လည်းစစ်ရပါတယ်။(Asbestos က အဆုတ်ကင်ဆာဖြစ်စေပါတယ်)
ပရိဘောဂတွေမှာ Asbestos ပါမပါလည်း Microscope နဲ့စစ်ရသလို ကာဘွန်ဒိုင်အောက်ဆိုက်လည်းစစ်ရပါတယ်။(Asbestos က အဆုတ်ကင်ဆာဖြစ်စေပါတယ်)
Belco ခေါ်တဲ့ ကပ်ခွာတွေရဲ့ ကပ်နိုင်စွမ်းကိုစစ်တာပါ။
Belco ခေါ်တဲ့ ကပ်ခွာတွေရဲ့ ကပ်နိုင်စွမ်းကိုစစ်တာပါ။

ကလေးကစားစရာလေးတွေဆို အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိ၊ကျိုးပဲ့လွယ်မှု၊၊ခိုင်ခံ့မှု တွေစစ်ပေးရပါတယ်။
ဒီလက်မှတ်ကလေးတွေ ချိတ်ထားမှ မိဘတွေက ကိုယ့်ကလေးတွက် အဲဒီပစ္စည်းကိုဝယ်ကြပါတယ်။
စစ်ဆေးမှုတွေ အများကြီး ရှိပါတယ်။

သတိထားမိတာကတော့
စိတ်မှန်းနဲ့ ဒါကတော့ ခိုင်မယ့်ပုံပါ။
ဒါလေးက ဒီလောက်တော့ ရှိမှာပေါ့ဆိုတဲ့ စိတ်မှန်း မျက်မှန်းတွေက ရုန်းထွက်ပြီး အရာရာကို ကိန်းဂဏန်း အချက်အလက်အရသာ စကားပြောတော့တာပါပဲ။

စမ်းသပ်မှုတိုင်းကို ကွန်ပျူတာနဲ့စစ်၊မိုက်ခရိုစကုပ်အောက်မှာ ရေတွက်ဖို့ဆိုလည်း ကွန်ပျူတာနဲ့ပဲရေတွက်၊ကွန်ပျူတာနဲ့ မှတ်တမ်းတင်ဆိုတော့ လုပ်ရတဲ့သူအတွက်လည်းလွယ်ကူသွားပါတယ်။

နောက်တခုက ဒီသုတေသနအလုပ်မှာ ဥက္ကဋ္ဌလောက်ပဲ လူကြီးရှိပြီးကျန်တာ အသက် ၂၀-၃ဝ လူငယ်တွေချည်းပဲတွေ့ရမှာပါ။

တက္ကသိုလ်ကျောင်းသားတွေကိုလည်း
part time လုပ်ခွင့်ပေးထားပါတယ်။

အခု သူတို့ သမ္မတက သူုတေသနကို သိပ်အားပေးပါတယ်တဲ့။

အသုံးအဆောင်တောင် ဒီလို စနစ်တကျစစ်ဆေးရရင် အစားအသောက်ဆေးဝါးဆိုရင်တော့ ဆိုဖွယ်ရှိမယ်မထင်တော့ပါဘူး။

သုတေသနကနေ အရည်အသွေးစစ်ဆေးမှု အခန်းကဏ္ဍထိ တက်လှမ်းနိုင်တော့
လူနေမှုအဆင့်မြင့်ပြီး စိတ်ချလုံခြုံအာမခံချက်ပြည့်ဝတဲ့ ပစ္စည်း အသုံးအဆောင်တွေကို ပြည်သူတွေ သုံးစွဲခွင့်ရပါတယ်။

ကုန်ဈေးနှုန်းထက် သာတဲ့ ဝင်ငွေတွေရှိနေကြတော့ အရည်အသွေးစိတ်ချရတဲ့ ကုန်ပစ္စည်းကိုသာ ရွေးချယ်ဝယ်ယူကြပါတယ်။

ဒီလို လူနေမှုဘဝမျိုးရောက်အောင် တွန်းတင်ပေးတဲ့ ခေါင်းဆောင်မျိုးနဲ့ တွေ့ချင်ပါဘိတော့တယ်။

22 comments

  • surmi

    October 28, 2013 at 12:29 am

    အားကျလိုက်​တာ..
    ဒီနိုင်​ငံမှာ ဘယ်​​တော့များမှ ဒီလိုစစ်​​ဆေးနိုင်​ပါ့မလဲ ..
    စိတ်​ထင်​​ပြောရရင်​ ..အစဉ်​အဆက်​ဒီနိုင်​ငံမှာ သု​တေသနက်​ုအား​ပေးခဲ့ပုံမရဘူး…
    အခု​တော့ …
    အားကျရုံမျှသာ ….

  • padonmar

    October 28, 2013 at 12:36 am

    ကိုရင်ဆာရယ်
    ကျမလည်း အားကျမိခဲ့တယ်။
    ဟိုးအပေါ်က လူကြီးတွေလည်း အားကျစေချင်လွန်းလို့။
    ကိုယ့်ဆီမှာလည်း ဒီလိုသုတေသနတွေ
    တချိန်ကတော့ ဒီလောက်မဟုတ်ပေမယ့် ရှိခဲ့ပါတယ်။
    အခု KATRI က မြန်မာပြည်မှာ လာဖွင့်ဖို့ စီစဉ်နေတာပါ။
    သူတို့ဆီလို ပစ္စည်းစုံတော့ မဟုတ်လောက်ဘူးပေါ့။
    (ကျမက အစားအစာဆေးဝါးတွက်လည်း ရှိစေချင်တာ)

  • inz@ghi

    October 28, 2013 at 12:56 am

    oh YESSSSSssss !!!

    ပြန်လာခဲ့ပါ့မယ်

    • padonmar

      October 28, 2013 at 7:54 am

      အေးနော်၊ပြောပြီးပြန်မလာရင်တော့ ပတ်ကညောနဲ့တိုင်မယ်။

  • ကျော်စွာခေါင်

    October 28, 2013 at 2:47 am

    အော်….. သူများနိုင်ငံ…သူများတိုင်းပြည်..
    အားကျမိပါတယ် ချီးကျူးမိပါတယ်..။
    ဒီလို ဗဟုသုတရအောင် ရေးသားပေးတဲ့ မမမာကိုလည်း ကျေးဇူးတင်ပါတယ်..။
    အပေါ်မှာ…ဂီကတော့ ပြန်လာခဲ့မယ်ပြောနေတယ် မမာ..။

  • padonmar

    October 28, 2013 at 8:01 am

    ခေါင်ရေ
    အပြင်မှာရောက်နေသူတွေအတွက် ဒါတွေဟာမဆန်းပေမယ့်
    ကျမတို့လို တောသူတွေအတွက်တော့ သူများဆီက ကောင်းကွက် အတုခိုးစရာရှာရပါတယ်။
    သွားတဲ့လေယာဉ်တစီးလုံး မြန်မာတွေ အများကြီးပါပဲ။
    တယောက်နဲ့တယောက်တော့ အမြင်တွေမတူနိုင်ကြဘူးပေါ့။
    ကျမမြင်တဲ့အမြင်လေးကို တတ်ယောင်ကားလုပ်တယ်မမြင်ပဲ သည်းခံခွင့်လွှတ်အားပေးတဲ့တွက် ကျေးဇူးတင်ပါတယ်။
    မောင်ဂီရဲ့ ပြန်လာအုံးမယ်တွေဟာ သိပ်အားကိုးရပါတယ်။
    ကျမကို ဖြည့်ပေးနိုင်တဲ့အပြင် တခါတလေ ကိုယ်နားမလည်တဲ့ ဆန့်ကျင်ဖက် ရှုဒေါင့်ကိုပါ ဖော်ပေးနိုင်လို့ အမိအရဆွဲထားရပါတယ်။

  • KZ

    October 28, 2013 at 8:24 am

    ကောင်းလိုက်တာ။
    ကြော်ငြာထဲက မင်းသား မင်းသမီး အကအလှတွေ ပေါ် မူတည်ပြီး ဝယ်ယူ သုံးစွဲ စားသုံးနေရတဲ့ ဘဝက လွတ်မြောက်ပြီး
    စစ်မှန်တဲ့ စမ်းသပ်စစ်ဆေးမှုလုပ်ထားတဲ့ ပစ္စည်းတွေကို လုံခြုံစိတ်ချ သုံးစွဲနိုင်တဲ့ ဘဝမျိုး အမြန်ဆုံးရောက်ရှိရပါလို၏။

  • Wow

    October 28, 2013 at 9:28 am

    အနော်တို့ အဘတွေလောက် တော်လို့လား အန်ကယ်ဒုံ… ဂယ်မသိလို့ မေးတာရယ် :mrgreen:

  • Ma Ei

    October 28, 2013 at 10:26 am

    မပဒုမ္မာရေ…
    ဒီမှာတော့ လေ
    နမူနာတင်ပေးတာ တစ်မျိုး၊ ဈေးကွက်မှာ ရောင်းဘို့ကတစ်မျိုးထုတ်မှာမို့
    ဘယ်လောက်ကောင်းတဲ့ စက်တွေနဲ့ လာစမ်းဦးမလဲ… 🙂
    နမူနာ စစ်ဆေးမှုအပြင် ၊ ထုတ်လုပ်တဲ့ နေရာတွေကိုလဲ စစ်စေချင်တာပါဘဲ…

  • Ma Ma

    October 28, 2013 at 10:39 am

    ဒီမှာလည်း နိုင်ငံခြားထွက်မယ့် ပို့ကုန်တွေအတွက် အရည်အသွေးစစ်ဆေးရေးတွေ လုပ်ပေးရတာပဲ။
    သို့သော်……
    စစ်ဆေးပေးတဲ့ အဖွဲ့အစည်းကိုယ်တိုင်က ဘယ်လောက်ထိ မှန်ကန်မှုရှိသလဲ။
    ဘယ်လောက်ထိ ယုံကြည်ရသလဲ။
    ဒါတောင် နိုင်ငံခြားပို့ကုန်တွေကို စစ်ဆေးပေးတာမို့ ပြည်တွင်းသုံးဖို့အတွက်သာဆိုရင်
    ဒီမိုး ဒီလေ ဒီလူတွေနဲ့ကတော့……….. 🙁

  • inz@ghi

    October 28, 2013 at 11:29 am

    ဒါက ဒီလိုရှိပါတယ်ခီည ….
    အလုပ်ခွင်တွင်းမှာကို QA (Quality assurance တို့) QC (Quality Control တို့)ဆိုရင်
    လူရှိန်တယ် ..နည်းနည်းပိုရင် လူမုန်းတယ် ..ပေါ့ဗျာ..
    သူရို့ကလည်း မရှိမဖြစ် လိုအပ်နေတာအမှန်ပါပဲဗျာ..
    ပြောလိုသည်မှာ ဥတု၃ပါး အထွန်းခံသည် ဆိုတဲ့ စာတကြောင်းလောက်နဲ့
    ယနေ့ခေတ် ဈေးရောင်းစားတဲ့လောကမှာ အလုပ်မဖြစ်တော့ဘူး ဆိုတာပါပဲ…

    ဆြာသမားတယောက်ဟောတဲ့ သုတ္တန်နာဖူးပါရဲ့ … ၁နှစ်အာမခံ ပီးရောင်းပါသတဲ့…
    အဲ.. ၃၆၄ရက်တိတိမှာ ပျက်သွားလို့ လာကွန်ပလိန်းတက်ရင် တာဝန်ယူပေးရပါတယ် ဆိုတဲ့ကိစ္စပါ
    သူရို့ဆီမှာပေါ့လေ…. ရွာမှာကတော့ ခညားဗျာ ..တရက်ကလေး ဥစ္စာ ဘာညာနဲ့ ပွဲသိမ်းမှာခည…
    ဆိုတော့ ၃၆၅ရက် ၁နှစ်တိတိ အာမခံ ပေးတဲ့ ပစ္စည်း တရက်အလိုနဲ့ ပျက်တဲ့အခါ …
    မူလ သဘောတူထားတဲ့ တာန်ယူမှု ပြုလုပ်ပေးတဲ့အပြင် လူကြီးမင်းရဲ့ တန်ဖိုးရှိတဲ့အချိန်ကို
    အသုံးပြုပြီး အလုပ်ပျက်ခံလို့ ကျနော်များ ထုတ်ကုန်ရဲ့ ချို့ယွင်းအားနည်းချက်ကို ထောက်ပြ
    ဝေဖန်ပြောဆိုပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါကြောင်း အနှောက်အယှက်အစဉ်မပြေမှုအတွက်
    စိတ်မကောင်းပါကြောင်း တောင်းပန်တိုလျှိုးပြီး လက်ဆောင်များတောင် ပေးလေ့ရှိပါသတဲ့…
    (မယုံရင် ပုံပြင်)

    ဆိုတော့ အထက်ကကိစ္စကို ပြန်ကောက်ရင် ၃၆၅ရက် ၁နှစ်ဆိုတဲ့ ဂဏန်းက ဘယ်ကလာသလဲ
    ဆိုတော့ ပိုစ့်ထဲက ကိစ္စရပ်တွေလို QA တွေ QC တွေ စမ်းထားတဲ့ နေရာကလာတာပါဗျ…
    သူရို့ စမ်းပြီး စစ်ပြီး (ဝါ) စာမေးပွဲအောင်ပြီး ပစ္စည်းတွေချည်းသာ ရောင်းတဲ့ချတဲ့ သဘောလို့
    သိနိုင်ပါတယ်… ဥတုသုံးပါး အထွန်းခံသည် လို့ ရမ်းသမ်း ဗျင်းထားတာ မဟုတ်ဆိုတာ ရှင်းပါရဲ့ဗျာ..

    နောက်တချက် သည်လို QA, QC တွေကို ရုံးတွင်းက အချင်းချင်းသော လူတွေ ဌာနတွေက မုန်းတယ်
    ကြောက်တယ် သူရို့က ပါဝါ ရှိသယောင် (စာမေးပွဲခန်းစောင့် စာစစ် သဖွယ်) မြင်ရပေမယ့်

    သူရို့မှာလည်း အပြင်လူမမြင်ရတဲ့ အခက်အခဲ သောကတွေ ရှိတတ်သေးတယ်ဗျ…
    (အပြင်လူ ကိုယ်ချင်းစာနိုင်ခဲတဲ့ အချက်တချို့ တူးပါရဇီ)

    ဆိုပါစို့ ထုတ်ကုန်တမျိုးက ယူဇာ သုံးစွဲတဲ့အခါမှာ ဒီနေရာ တစ်နေရာလေးကပဲ အပျက်လွယ်နေတယ်
    မကြာခန ကွန်ပလိန်း တွေတက်တယ် ဒါကို QC/QA က ကတ်စတမ်မာ ဆားဗစ်ဘက်ကနေပြန်သိတယ်..
    ပြောင်းထုတ်ဖို့ ပိုခိုင်အောင်လုပ်ဖို့ သူကြိုးပမ်းရတော့မယ်… အဲ… သူကြုံရတာက အဆိုပါ အစိတ်အပိုင်းကလေး
    က ကုန်ကြမ်း major dealer ဆီက ယူတာပါတဲ့ … (ဘောပင်ဆိုပါစို့ ..ခနခနကျိုးလေ့ရှိတဲ့ ဘောပင်အဖုံး
    ဒီဇိုင်းပြောင်းဖို့အတွက်တော့ ) ကန်ပနီဟာ သူ့ထုတ်ကုန်အတွက် ပလတ်စတစ် major dealer နဲ့ တော့
    မိတ်ပျက်ခံဖို့ ဝန်လေးမှာပါ..

    နောက်တနည်းဗျာ.. လေးထောင့်ပုံ ထုတ်နေရာကနေ ၆ထောင့်ပုံ(တမတ်စိ) ပြောင်းထုတ်ရင် သုံးလို့
    ပိုကောင်းလာမယ့် ထုတ်ကုန် တခု ဆိုပါစို့ ယူဇာတွေပို အဆင်ပြေလာမယ် မှန်ပေမယ့် QC/QA ဆြာသမားဟာ
    Inventory control လုပ်တဲ့ဆြာသမားနဲ့ သတ်ရပါတော့မယ်… ကုန်လှောင်တဲ့ နေရာအဝန်းအဝိုင်းတွေ
    ပိုပုပ်မှာ မို့လို့ပါ….

    အချုပ်ကတော့ သူရို့လည်း သူရို့ နယ်နမိတ်အတွင်းကနေ ကျပ်ကျပ်တည်းတည်း လှုပ်ရှားရတာပါ
    Q (Quality)
    C (Cost)
    D (Delivery) (Time taken)
    ဒါတွေက တခုနဲ့တခု reversely propotional ဖြစ်နေလေတော့ ဦးနင်းပဲ့ထောင်ဖြစ်တတ်သေးသဗျား..
    သုံးစွဲသူ အန္တရယ်နဲ့ ဘေးကင်းစိတ်ချဖို့အတွက်တော့ ဦးစားပေးရမှာပေါ့….

    အဲ…. ဟာသပြောရရင်တော့ .ဂငယ်ကောင်တွေဟာ အညွှန်းစာရေးရတာ test case တွေ စမ်းရတာ
    အတော် ဝါသနာထုံတာကား အော်.. safty first သမားတွေကိုး ..ဒါကြောင့်လည်း သူရို့ ထုတ်ကုန်တွေက
    နာမည်ရပေတာကိုး … အဲ…. လက်လွန်အောင် လုပ်တဲ့အခါကျတော့လည်း တခါတခါ ရီစရာကောင်းသဗျ…

    ကားတံခါး ဖွင့်တဲ့ ခလုပ်ဘေးမှာ လော့ခ်ခလုပ်ကို လက်ယာဘက်သို့တွန်းပြီး လက်ကိုင်ကွင်းအတွင်း
    လက်ရှိုကာ ဖြည်းညင်းစွာ ဖွင့်ရန်နှင့် …တံခါးနှင့်ကားဘော်ဒီကြား လက်ထားပါက ညပ်တတ်သည်
    သတိပြုပါ ဆိုတာမျိုး တို့ …. ရေဆွဲချစရာ ခလုပ်တခု ပဲရှိတဲ့ ဘူတာကအိမ်သာမှာ အီခလုပ်ကို
    နှိပ်ပါက ရေဆွဲချမည်… (အော်.. ဘယ်သူကရော သီချင်းပွင့်လာမယ် မျှော်လင့်မတုန်းဗျာ) ရေးတာမိုးတို့
    ပေါ့ဗျားး….

    ကြုံရင်ရေးပါဦးမယ်ဗျား … တခါကပြောဖူးတဲ့ Universal Design နဲ့ အမျိုးတော်တဲ့ ကိစ္စရပ်တွေမို့ပါ…
    (အစားအသောက် နဲ့ နည်းနည်းဆိုင်တဲ့အပိုင်းတွေ ပါလာတာမို့ … တွေ့မရှောင် တာမွေလူမိုက်ဆီ
    တပည့်ခံပြီးမှာ ပြန်ရေးပါယဇီ)

    တော်သေးဘီ…
    ခင်တဲ့
    ဂီ

  • ရွှေမိုးတိမ်

    October 28, 2013 at 11:33 am

    စက်ပစ္စည်း အနေနဲ့ရော ၊ စနစ် အနေနဲ့ရော ၊ လူအနေနဲ့ရော လိုက်ရမယ့်အရာတွေ အများးသားနော် …

  • kyeemite

    October 28, 2013 at 11:55 am

    အာတီဒုံရေ…
    ကျနော်လည်းအထည်ချုပ်လုပ်ငန်းနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကျော်ရင်းနှီးခဲ့ပါတယ်
    ဒါပေမဲ့ KATRI လိုသုတေသနအလုပ်တွေကို မကြားဖူးခဲ့ဘူးဗျာ…
    ကလေးဝတ်အထည်တွေကို ချုပ်ရိုးထဲတို့ အင်းကျီအခေါက်ထဲတို့ အပ်(သို့) အပ်ကျိုးတွေပါမှာကြောက်လို့
    မက်တယ်ဒီတက်တာထဲ ဖြတ်ပြီးစစ်တာလောက်ပဲတွေ့ဖူးတာ…
    နောက်..Safety နဲ့ပါတ်သက်တဲ့ ကိုယ်ခန္ဒာကာကွယ်ရေးဝတ်စုံပစ္စည်း( ဆေးဖတီးဟဲမက်တို့…
    ဆေးဖတီးဘု တို့..စသည်) တို့ကို စစ်ဆေးပြီးလက်မှတ်ထုတ်ပေးတာတော့တွေ့ကြုံဖူးပါတယ်(နိုင်ဂျံဂါးမှာနော်)
    အခု အာတီဒုံ ပြောပြတဲ့ အဝတ်အထည်နဲ့ ပါတ်သက်လို့စစ်ဆေးတာ အခုမှသိရလို့ ဗဟုသုတရပါ၏။
    မြန်မာပြည်အတွက်တော့ စားသောက်ကုန်တွေ စစ်ဆေးရေးအစီအစဉ်ကို အရင်လိုချင်မိတယ်ဗျာ..

  • Mr. MarGa

    October 28, 2013 at 3:37 pm

    ဒီလိုတွေ ရှိတယ်။
    ဒီလိုတွေ စစ်တယ် ဆိုတာကို လေ့လာ မှတ်သား သွားပါတယ်။
    ဒေါ်လေးရေ….
    QC Passed ဆိုတဲ့ စကားလုံးကို
    ထုတ်ကုန်တွေပေါ်မှာ တွေ့တာတော့ ကြာပေါ့ဗျာ။
    ဘယ်လို အဆင့် သတ်မှတ်ချက်တွေနဲ့ စစ်ပြီး
    ဘယ်လို သုံးသပ်၊ ဆုံးဖြတ်ကြတယ်တော့ မသိဘူးပေါ့နော။
    သူတို့ရဲ့ QC အဆင့်ကို ကျွန်တော်တို့တွေ မသိတော့လည်း ပျက်စီးတဲ့အချိန်မှာမှ ဪ.. ဒါဟာ ဒီအဆင့်အထိပဲ သတ်မှတ်ပေးတာပါလား ဆိုပြီး ယူဆလိုက်ရတာတွေ မနည်းမနောပါ။
    ကျွန်တော်တို့ နိုင်ငံအတွက်
    ထုတ်ကုန်တွေကို အဆင့်မီမီ စမ်းသပ်ပေးနိုင်မယ့်
    လူရိုသေ ရှင်ရိုသေ ဌာနတစ်ခုကို မျှော်မိတယ်။
    အဲဒီမှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေ၊ အချိန်ပိုင်း ဝင်လုပ်နေကြတဲ့ ကျောင်းသားတွေကို ကြည့်ရင်း
    ဒီနိုင်ငံရဲ့ လူငယ်ထုတွေကို အဲလိုလေးမြင်ချင်မိတယ်။
    သူတို့ လုပ်နေပုံကို ကြည့်ပြီး အားငယ်ခွင့်တော့ ပြုပါဗျာ။
    တစ်ချိန်မှာတော့
    လူငယ်တွေ အင်တိုက်အားတိုက် ဦးဆောင်မယ့် ဌာနတွေကို မြင်ရမယ်လို့ ယုံကြည်ရင်း
    ကိုယ်တိုင်လဲ ဘယ်လို ပါဝင်နိုင်မယ် ဆိုတာကို အတွေးပွားသွားတယ်ဗျာ။

  • TNA

    October 28, 2013 at 4:47 pm

    အန်တီဒုံရေ ကျွန်မတသက်တော့ ဒီလိုမြင်ကွင်းမျိုးကိုယ့်နိုင်ငံမှာမြင်သွားနိုင်မယ်တောင်မထင်မိပါဘူးရှင် 😥

  • အရိပ်စစ်

    October 29, 2013 at 6:43 am

    အဲလိုလေးတွေ ရှိတဲ့
    သူတို့ရဲ့ စိတ်ချ လက်ချ ဘဝလေးတွေကို
    အားကျ မိပါလားရှင်

  • Foreign Resident

    October 29, 2013 at 8:00 am

    ဘာပဲ လုပ်ချင်ချင် ပိုက်ဆံ ကတော့ အဓိက ပါဘဲ ။
    တိုင်းပြည် က မွဲတော့လည်း ဒီလိုပါဘဲ ။

    အမှန်က မြန်မာနိုင်ငံသားတွေဆီကနေ ၊
    အခွန်ငွေတွေကို ( ဆိုက်ကားသမား က အစ ) ၊
    တင်းတင်း ကျပ်ကျပ် ကောက်ပစ်ရမှာ ။

    • Ma Ma

      October 29, 2013 at 10:36 am

      လမ်းဘေးကွမ်းယာဆိုင်တို့ ဆိုက်ကားသမားတို့ဆီက ကောက်လို့ ဘယ်လောက်ရမှာလဲ အဘရယ်။
      ရလောက်အောင်ကောက်ရင်လည်း မြေနိမ့်ရာလှံစိုက်သလို အခွန် မဟုတ်ပဲ ဝန် ဖြစ်သွားမှာပေါ့။
      နေရာတိုင်းမှာ လူတိုင်း သာတူညီမျှဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တာပဲ။ 🙁

  • အဘ ဘုတ်ကလုံ

    October 29, 2013 at 9:12 am

    တိုင်းပြည်က ဟောင်းလောင်း၊ သုတေတနဆိုတဲ့ အဆောက်အဦးတွေက
    ဆေးတောင် ပြောင်အောင် မသုတ်နိုင်အောင် မွဲနေကြမှာတော့
    အဲ့လိုမျိုးဖြစ်ဖို့ဆိုတာ လေနဲ့ပဲ အားပေးတဲ့ တို့နိုင်ငံမှာမဖြစ်နိုင်သေးပါဘူး
    အာတီဒုံရာ… မွဲတဲ့လူတွေကို အခွန်ဖိကောက်တော့လဲ..။ ဒုစရိုက်အားပေးပဲ ဖြစ်နေမှာပေါ့..
    ဘယ်နိုင်ငံနဲ့ ယှဉ်ယှဉ် နှစ်၅ဝ နောက်ကျနေပါပြီ.. အိုဘယ့်.. ကျိန်စာတွေ… / /

  • e tone

    October 29, 2013 at 3:10 pm

    အာတီဒုံရေ
    အရမ်းကို အဖိုးတန်တဲ့ ပို့စ်လေးပါပဲ … ။ သူများ နိုင်ငံက အရည်သွေးစစ်ဆေးတဲ့ ဌာနတစ်ခုကို သွားလေ့လာခွင့်ရတဲ့ ကုသိုလ်ကံက နည်းနည်းနောနောတော့ မဟုတ်ဘူးပဲ ။
    သူများ နိုင်ငံမှာ ဘက်မလိုက်တဲ့ အရည်သွေးစစ်ဆေးမှုတွေ ပြုကြတာ အားကျစရာပါပဲ ။ ဒီမှာလည်း အဲ့လို ကိန်းဂဏန်းတွေနဲ့ တကယ်ပဲ စစ်ဆေးပေးတဲ့ ဌာနတွေ ပေါ်လာလျှင်ကောင်းမှာပါပဲ … ။

    တရုတ်မှာလည်း အရည်သွေး စစ်ဌာနတစ်ခုရှိပါတယ် သမီးတို့ စက်ရုံက Europe Market ကိုသွင်းမယ့် အထည်တွေကို အဲ့ဒီ အရည်သွေး စစ်တဲ့ ဌာနကိုပို့ပြီးစစ်ရပါတယ် … fibreတွေရဲ့ composition ကစလို့…. အထည် တစ်ခုလုံးမှာပါဝင်တဲ့ အစိတ်ပိုင်း အကုန်လုံးကို စစ်ရပါတယ် … ။ အဲ့ဒီက passed ဖြစ်မှသာ အော်ဒါ ပို့ခွင့်ရှိပါတယ် ။ Passed ဖြစ်တဲ့ အထောက်ထား စာရွက်တွေကို တရုတ် အရည်သွေးစစ်ဌာန တစ်ခုကနေ ကိုယ့်ပို့မယ့် Europe က ဘရန်းကုမ္ပဏီကို သက်သေခံတော့မှ ၊ ကိုယ့်ပစ္စည်းကို လက်ခံတာပေါ့ ။ အိုက်တမ်တခုချင်းစီကို စစ်လျှင် စရိတ်စကများလို့ ….. package service နဲ့ စစ်တာများပါတယ် ။ SGS service လို့ခေါ်ပါတယ် ။

    ဒီနိုင်ငံမှာလည်း တိတိကျကျ ဓါတ်ခွဲ ထုတ်ဖော်ပြီး အဆိုးတိုင်း ကောင်းတိုင်း ချပြပေးနိုင်မယ့် အရည်သွေးစစ် ဌာနတွေ ရှိစေချင်လိုက်တာ အန်တီရယ် ။

  • တညင်သား

    October 31, 2013 at 11:15 am

    ကမာ္ဘအေးဘုရားလမ်းနဲ့ သစ္စာလမ်းထောင့်မှာရှိတဲ့ရုံးက သုတေသန ရုံးပါ အခုတော့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဖြစ်သွားပြီ အစားအသောက်နဲ့ပတ်သက်လို့ အချိုရည် စစ်ဆေးတာတော့တွေ့ဘူးပါတယ်… ကျန်တာတော့ဘာလုပ်တယ်မသိ…..
    ကကြီးမှာ အပ် ကနေပြီး ဒုံးချီ အထိ ထုပ်လုပ်တော့ ဒီလိုသုတေသနက အသေးအဖွဲပဲလို့ထင်မိတယ်….ငါတို့နိင်ငံ နံပါတ်တစ် ဆိုတဲ့စကားအမြဲပြောတယ်…..နည်းပညာနောက် လိုက်နေတဲ့နိင်ငံဆိုတော့ သုတေသန ကို အားပေးတာပေါ့..ကကြီးမတွေ အရမ်းဖင်ခေါင်းကျယ်တယ် အမေရိကားက စစ်ဆေးပြီးတင်သွင်းတဲ့အမဲသားတောင် ပြန်လည်စစ်ဆေးပြီးမှ ရောင်းချခွင့်ပြုတယ်….

  • alinsett

    October 31, 2013 at 8:08 pm

    အော်… သူတို ့က..သူတို ့….
    ကျနော်တို ့က…ကျနော်တို ့….

    ဟင်းးးးးးး

    :kwi:

Leave a Reply