တောရိပ်တောင်ရိပ်တို့ ၏ စိမ့်စိမ့်နွေးနွေး ရစ်သိုင်းလွှမ်းခြုံမှုကို ခံစားရင်းလျှောက်လာခဲ့ တာ ဘယ်လောက်ဝေးဝေးရောက်ခဲ့ ပြီ
ဆိုတာ အတိအကျမသိပေမယ့် တော်တော်ဝေးဝေး ရောက်လာတာတော့ ပင်ပန်းလာမှုကြောင့်သိသည်….
နေရောင်က တဖြည်းဖြည်း မြင့်တက်လာသလို ပူလောင်မှုကို လူကသိပ်မခံနိုင်။ တခါမှလဲ ဒီလောက်လမ်းမလျှောက်ဘူး၊
နားလိုက်သွားလိုက် ၊စားလိုက်ရေသောက်လိုက်နှင့် လွပ်လပ်မှုကိုလဲ ခံစားရသည်
အခုမှ ကိုယ့်ကိုကိုယ် ဆရာမင်းလူရဲ့  ဌက်ကလေး လိုစိတ်ထဲထင်လာသည်။နောက် ကချင်အဖွဲ့ တွေနဲ့ တွေ့ မလားတွေးမိသေး၊
တွေ့ လဲ ကိစ္စမရှိ လိုက်သွားမှာတစ်ကောင်ထဲဘဲ..၊။ ဆရာမင်းသိင်္ခရဲ့ ဖြစ်ချင်တာဖြစ်  မောင်ဘချစ် တို့ သခင်သန်းထွန်းပ+ဒု စာအုပ်ကိုဖတ်ထားတာဆိုတော့လဲ ဘာမှကို မကြောက်ချင်တော့။
တစ်ကယ်တန်းတော့ မတွေ့ ခဲ့ ပါ………
နောက်တော်တော်ဝေးဝေးမှ ကားသံကြားရပြီး ဘယ်လိုကားလဲဆိုတာ လမ်းလျှောက်ရင်းစောင့်ကြည့်နေလိုက်သည်။ ခဏကြာတော့
ကားအ၀ါရောင်ကြီးတစ်စီး တွေ့ ရပြီး အနားရောက်တော့ ကားရပ်ပြီး ကျနော့်ကို မေးလာသည်။
ဟေ့..ကောင်လေး မင်းဘယ်သွားမှာလဲ”
ကသာ”
ဘာဖြစ်လို့ လမ်းလျှောက်နေတာလဲ”
ကျနော် ကားမမှီလိုက်လို့ ပါ”
မင်းကွာ….ဒီလမ်းကို ဘာထင်လို့ လဲမသေကောင်းမပျောက်ကောင်းတက်..တက်၊ကားပေါ်ကို”
ကျနော့်မှာ ပိုက်ဆံ ၅ကျပ်တောင်မပြည့်ဘူးဦး”
မလိုပါဘူးကွာ….လာတက်ဒါပေမယ့် နောက်မှာဘဲ ထိုင်နော်သေချာလည်းကိုင်ထားဦး”
သဘောကောင်းသော ကားဆရာကို ဟုတ်ကဲ့ပါဦး ဟုပြောရင်း ကားပေါ်ကို မနည်းတွယ်တက်ရသည်၊ တစ်ကယ်တော့
လမ်းကြုံတင်သောကားက လူစီးကားမဟုတ်၊ သစ်တင်တဲ့ ကားကြီး၊။
နောက်မှာအပြည့် တင်လာသော သစ်လုံးကြီးတွေပေါ်မှာ ထိုင်ရသည်လက်ကတော့ သံကြိုးကြီးတွေကို မြဲမြဲကိုင်ထားရတာပေါ့
ကားပေါ်တက်ပြီးတာနဲ့  ကားဆရာလည်း တရကြမ်းမောင်းသည်
ကားဆောင့်ပေမယ့် လမ်းလျှောက်တာထက်ခရီး ပိုရောက်တာမို့ အဆင်ပြေပါတယ်
လမ်းလျှောက်တုန်းက ဘာမှ မဖြစ်ပေမယ့် မြေလမ်းဖုန်လမ်းမှာ မောင်းတာမို့  တစ်ကိုယ်လုံးလဲ ဖုန်တွေနဲ့ မျောက်ဖြူတစ်ကောင်လိုဖြစ်နေပြီ..။ကိုယ့်ဘာသာ သဘောကျပြီး ရယ်နေမိသည်ကားကလည်း ဆောင့်လိုက်သည်မှာ
လက်ကိုသာ မြဲအောင်ကိုင်ထားရသည်.
ဒီလိုနဲ့ ပင် ကားက သစ်လုပ်ငန်းဝင်းကြီးထဲသို့ ဝင်ရောက်လာခဲ့ ပြီ။ ကိုယ်ကလဲ ဆင်းရမှာလားဆက်ထိုင်နေရမှာလား မသိ။
ခဏနေမှ ကားဆရာက “ ရပြီ ကောင်လေး..ငါက ဒီမှာဘဲ လမ်းဆုံးပြီမြို့ ထဲတော့ လိုက်မပို့ တော့ဘူး..မင်းဒီလမ်းကြီး အတိုင်းသာဆက်လျှောက်သွားတော့” ဟုပြောလာသည်၊
ကားဆရာကြီးကို ကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်ကဆင်းကာ တစ်ခါမှ မတွေ့ ဘူးသော လုပ်ငန်းများကို ငေးကြည့်နေမိသည်
သူတို့ တွေ ပင်ပန်းလိုက်တာလူတွေကလည်း ဆင်တွေနဲ့ အပြိုင် အလုပ်လုပ်နေကြသည်။
ဆင်တွေ၊ သစ်တင် သစ်ဆွဲတဲ့ ကားတွေကို သေချာထိုင်ကြည့်နေခဲ့ သည်..တော်တော်လေးကြာမှ မြို့ ထဲဘက်ကိုဆက်ထွက်လာခဲ့ သည်.
မြို့ အ၀င်က စလို့ အိမ်ကလေးတွေ ကြိုကြားတွေ့ ၇သည်တောရွာလေးတစ်ခုလိုပင်နောက်မှ မြင်ကွင်းတွေက မြို့ အိမ်တွေလို 
မြင်လာရသည်..
ကသာကိုသာ စိတ်ထင်တိုင်းလာခဲ့ တာ တစ်ကယ်တော့ ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိ..
စိတ်ကအားငယ်မိသော်လဲ ဘ၀တော့စပြီကွာဟု ကိုယ့်ကိုကိုယ် အားတင်းရင်း မြို့ ထဲ လမ်းလေးခွ ရောက်လာသည်
စတားလိုက် ကဖီးနှင့် အအေး” ဆိုင်ကိုတွေ့ တော့ လက်ဘက်ရည် သောက်ချင်လာပြီ..။ အစ္စလာမ်ဆိုင်ဖြစ်သည်။
မုန့် နှင့်လက်ဘက်ရည်တစ်ခွက်မှာသောက်ပြီး ပိုက်ဆံရှင်းလိုက်တော့ ၂ကျပ်နီးပါးဘဲ ကျန်တော့သည်..
ပြီးမှ ဆိုင်ကထွက်လာပြီး ဟိုကြည့်ဒီကြည့်လုပ်ရင်း ကြော်ငြာဘုတ်သေးသေးတစ်ခုတွေ့ ရသည်
ပန်းချီပြိုင်ပွဲ”
စိတ်ထဲမှာ ၀မ်းသာလိုက်တာ ၊ နေရာကို ဖတ်ကြည့်တော့ ကသာမြို့ အထက်တန်းကျောင်းမှာ..
နီးရာလူကို လမ်းမေးပြီး ပြိုင်ပွဲရှိရာကျောင်းကို ရောက်လာခဲ့ သည်….အသေးစိတ်ပြိုင်ပွဲကြော်ငြာနှင့် စည်းကမ်းချက်ကို ဖတ်လိုက်တော့
ကသာမြို့ ၏ ထုတ်ကုန်လုပ်ငန်းများဖြစ်တဲ့  ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊သစ်လုပ်ငန်း ၊ဒါတွေကိုခြုံငုံပြီး စက်အမှုလက်မှုကို ဖော်ကျူး
ရမည့်ပွဲ
ဒါကပြသနာမရှိပါအောက်ဆုံးစာကြောင်းကသာ တစ်ကယ့်ပြသနာ
တစ်ဦးလျှင်ဝင်ကြေး ၅ကျပ်ပေးသွင်းရမည်တဲ့ ။
လူလည်းစိတ်ဓါတ်ကျသွားသည်….ပေးမည့် ဆုတွေကမနည်းပေမယ့် ၊၀င်ကြေးပေးစရာ ငွေ မပြည့်
နောက်တော့လဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေဟု တွေးရင်းစိတ်ကို လျှော့ကာ ပန်းချီပြိုင်ပွဲ အခန်းကို အပြင်ကသာ ငေးနေမိတော့သည်။
ပြိုင်ပွဲဝင်မယ့်လူတွေက ကိုယ့်လိုငယ်သူ သိပ်မပါ..လူလတ်တန်းတွေ၊ ပန်းချီစတဲန်းခုံတွေ၊ဘုဒ်ပြားတွေ စုတ်တံတွေနှင့်….
ကိုယ့်မှာတော့ ခွေးအမဲသားမျှော်သလိုသာ
ကြည့်နေရင်းကပင် ကျောင်းအုပ် ဆရာကြီးဝင်လာပြီး သြ၀ါဒစကား အားပေးစကားပြောကာ ပြိုင်ပွဲကိုစတော့သည်….
ထိုဆရာကြီးက ပန်းချီဆရာ၊ ၀င်ပြိုင်နေကြတာတွေအားလုံးက သူ့ တပည့်တွေ၊။
အားကျစိတ်တွေ၊အာသာငမ်းငမ်းဆွဲချင်စိတ်တွေနဲ့ ပြတင်းပေါက်တွင်လက်တင်ရင်းငေးနေမိသည်..
ခဏနေတော့ ဖုန်အလူးလူးနှင့် ကျနော့်ဘေးမှာ ကောင်မလေးတစ်ယောက် ကပ်သီးကပ်သတ်အတူလာရပ်ကြည့်သည်….
သူလဲ သူများတွေ ဆွဲနေတာကို လာငေးတာဘဲဖြစ်သည်…..။ခဏနေတော့ သူ့ ဘာသာငြီးသလို ကိုယ့်ကိုပြောသလိုနှင့်….
ဆွဲချင်လိုက်တာ…” ဟုပြောသည်ကိုယ်ကလဲ အားပေးတဲ့ အနေနဲ့ 
သွားဆွဲပါလား”
တတ်မှမတတ်တာ”
သြော်….”
နင်ကော..မဆွဲတတ်လူးလား”
ဆွဲတတ်တာပေါ့”
အင်ဆွဲတတ်ရင် သွားဆွဲလေ”
ပြိုင်ပွဲဝင်ဘို့ ပိုက်ဆံမရှိဘူး” 
သူမက မယုံသလိုကြည့်ပြီး….“၅ကျပ်တောင် မရှိဘူးလားဟာ..”
တစ်ကယ်မရှိလို့ ပါ”
နင်ဘယ်ကလဲဒီမြို့ ကမဟုတ်ပါဘူး”
ငါအိမ်ကထွက်လာတာ…( …….)မြို့ က”
နင်ဆွဲတတ်တာတစ်ကယ်လား”
တစ်ကယ်” “ဒါဆို ခဏလာဦးဟာ” ဟုပြောပြီး လက်မောင်းကိုဆွဲခေါ်သွားကာ ကြော်ငြာဘုဒ်ကို သေချာပြန်ဖတ်နေသည်
သူ ဘာလုပ်နေတာလဲဆိုတာစဉ်းစားမရ..
နောက်မှသူမက တိုးတိုးလေး ကပ်ပြောသည်….
ပထမရရင်ပေးမယ့်ဆုတွေ မနည်းဘူးဟ”
အေးဟုတ်တယ်..”
ဒါဆို ပြိုင်ပွဲဝင်ကြေးငါစိုက်ပေးမယ်….ဆုရခဲ့ရင်တစ်ယောက်တစ်ဝက်ခွဲမယ်ကျေနပ်လား”
ကျနော်သူမရဲ့ ပွင့်လင်းမှု ကိုတော်တော်သဘောကျသည်….သူမက ဈေးတွက်တွက်နေတာကိုး။
ဆုမရခဲ့ ရင် ဘယ်လိုလုပ်မလဲ”
နောက်တော့ နင်ပြန်ဆပ်ပေါ့ဟာ”
သြော်အေး”
ကျနော်သူမကိုသဘောကျပြီး ရယ်နေတော့…..ဘာလဲ နင်ကမဆွဲဘူလား…..
ဆွဲမှာပေါ့ဟ…”
နင့်နာမည်က”
ညီညီနင်ရော…”
ခင်မ…..ဒါဆိုငါစာရင်းသွင်းလိုက်တော့မယ်”ဟုပြောပြီးရှေ့ ကနေထွက်သွားသည်….
ပန်းချီခန်းစောင့်နေသော ဆရာမကို သွားပြောတော့ အချိန်နောက်ကျနေပြီဟုပြောသည်….
ရပါတယ်ဟု ပြောတော့ လက်ခံပြီး ၃ပေ ၂ပေခွဲလောက်စက္ကူအထူတစ်ချပ်နှင့် စုတ်တံသေးသေးလေး၃ချောင်း၊ ပြီးတော့ စက္ကူပေါ်မှာ ဆေးရောင်လေးရောင်ပုံပေးသည်
ခင်မက သူများတွေလို ဆေးများများဘူးတွေနှင့်စုတ်များများပေးဘို့ ပြောတော့ ဒါဘဲရမယ်ဟုဆရာမကပြောသည်
စိတ်ထဲမှာတင်းကနဲ ဖြစ်သွားတာ..။ မညီမမျှလုပ်သလိုခံစားမိပေမယ့် လိုရင်နည်းနည်းတောင်းလို့ ရမလားမေးတော့
နည်းနည်းပါးပါးတော့ရမယ်” ဟုပြောလာသည်
သူများတွေလို စတဲန်းခုံနဲ့ အောက်ခံဘုတ်ပြားတောင်းတော့ မရှိဘူး….ဆွဲ၇င်ကြမ်းပြင်မှာဆွဲလဲရတာဘဲတဲ့ ။
ခင်မကစိတ်တွေတိုနေသည်….
သြော်လောကကြီးကဘာလို့ များမညီမမျှတွေ လုပ်နေဖြစ်နေကြတာလဲ..
နောက်ဆုံးတော့လဲ ခင်မကို………………..
ရတယ်ခင်မ မပြောနဲ့ တော့ ၊ ကြမ်းပြင်မှာလည်း ငါဆွဲလို့ ရပါတယ်”
သူတို့ ကိုနိုင်အောင်ဆွဲသိလားသူတို့ တပည့်တွေမို့ ဘက်လိုက်နေတာငါသိတယ်…”
မပြောနေနဲ့ တော့ ကဲ..ငါစတော့မယ်”
ပြောပြောဆိုဆို အလင်းရောင်ရသော တံခါးပေါက်ဘေးမှာ နေရာချလိုက်သည်ပြိုင်ပွဲဝင်နေသူတွေက ဖုန်အလူလူးနှင့် ကြမ်းပြင်မှာထိုင်ဆွဲဘို့ လုပ်နေသောကျနော့်ကို လှောင်ပြုံးတွေနဲ့ ကြည့်နေကြသည်….တစ်ချို့ က မကြားတကြားရယ်နေသည်
အဲဒီအကြည့်မျိုးအရယ်အပြုံးမျိုးက တစ်ကိုယ်လုံးကြက်သီးထအောင်စိတ်ကိုဖြစ်စေသည်
ကိုယ့်နယ်မှာကြက်ဖ၊သူများနယ်မှာကြက်မ ဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့….
ဆွဲမလိုလုပ်ပြီးမှ သူတို့ ဆွဲတာကို လိုက်ကြည့်လိုက်သည်
ဒီလောက်ကြာတာတောင်တစ်ချို့ က အောက်လိုင်းကောက်လို့ မပြီးသေး။ တစ်ချို့ က အရောင်စသွင်းနေပြီ
အားလုံးကို လိုက်ကြည့်ပြီးသောအခါ စိတ်ကသိလိုက်ပြီ…..
ပွဲပြီးပြီ
ကိုယ့်ကိုကိုယ် အထင်ကြီးလို့ မဟုတ်ပေမယ့် သေသေချာချာကိုသိနေပြီ။
ဒါနဲ့ နေရာပြန်ယူ…..လုပ်ငန်းပုံတွေပြန်စဉ်းစား။ ပြီးတော့ ကားဆရာကြီးကို စိတ်ထဲက အထပ်ထပ်ကျေးဇူးစကားပြောမိသည်။
ရေလုပ်ငန်း၊လယ်လုပ်ငန်းတေါက မခက်ပေမယ့်သစ်လုပ်ငန်းကို လိမ်လို့ မရဆင်၊ သစ်တင်ဝန်ချီကားဒါတွေကအရေးကြီးသည်နာရီပိုင်းလေးလောက်ကမှ သစ်တောဝိုင်းထဲမှာ ထိုင်ကြည့်နေခဲ့ သောကိုယ့်မျက်လုံးထဲမှာ အားလုံးအလွတ်ရနေသည်
လုပ်ငန်းတွေကို ရောစပ်ပြီး အောက်လိုင်းကောက်သည်
တံခါးပေါက်အပြင်မှ လာကြည့်နေကြသော ကျောင်းသားကျောင်းသူတစ်ချို့ က ဖုန်တွေသဲတွေနှင့် ကျနော့်ကို လာရီနေသေးသည်
နောက်အရောင်တွေစသွင်းပြီးစိတ်ကိုနှစ်ဆွဲနေတုန်းမှာ တံခါးပေါက်တွင် လူတစ်ယောက်လာရပ်ကြည့်တော့ကျောင်းသူတွေ လစ်ကုန်ကြသည်….။ ထိုလူက ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးဗရပွနှင့်ဆံပင်တွေကကောက်ဖွာပြီး အရှည်ကြီး။
သူကဘာမှမပြောရပ်ကြည့်နေသည်။
နောက်ဆွဲနေစဉ်မှာပင်….ကာကာတုန်းနဲနဲများနေတယ်လျှော့လိုက်….ဟုပြောသံတိုးတိုးလေးကြားတော့မော့ကြည့်လိုက်တော့..
ပါးစပ်ကို လက်နှင်ကွယ်ထားပြီး ပြောနေတာ ထိုသူပင်။ သူပြောတာမှန်ပါသည်ကိုယ်လည်းလျှော့ချသည်..သူ့ ကို ကျေးဇူးတင်စွာပြုံး
ပြတော့ သူလဲပြုံးပြသည်..
ခဏနေပြီးတချို့ နေရာလေးတွေရောက်လျှင် အဲဒါလေး ၀ပ်ရှ် လုပ်( ရေမျှော) လိုက်။ တုန်းမြှင့်လိုက်။ စသဖြင့်လိုအပ်တာလေးကိုတိုး
တိုးလေးပြောပြနေသည်….
သူထောက်ပြတာလေးတွေက ပန်းချီကားကို ပိုပြီး အသက်ဝင် သဘာဝကျစေတာ အမှန်ပင်..နောက် “ ရနေပြီလက်စသပ်တော့”
ဟုပြောပြီးသူထွက်သွားသည်။
သူထွက်သွားမှ ကျောင်းသူကျောင်းသားတွေ ပြတင်းပေါက်ကနေမရော အထဲထိဝင်လာပြီး ၀ိုင်းအုံကြည့်ကြသည်….
အလင်းရောင်ပင် မရချင်တော့။ နောက်သူတို့ စာအုပ်ထဲမှာ အော်တိုရေးခိုင်းကြသည်….ကျနော်အံ့သြပါတယ်.
ပန်းချီမပြီးသေးလို့ နောက်မှလို့ ပြောလဲမရပါ။ အတင်းပင်
ခင်မရောက်လာပြီး ခဏစောင့်ဘို့ ပြောပေးမှ နည်းနည်းငြိမ်သွားတာ။
ကျနော် တစ်ယောက်ကျောင်းသူတွေ တအုံးအုံးနဲ့ ဆိုတော့ အခန်းစောင့်ဆရာမက စိတ်တိုနေပုံရသည်
ကျောင်းသူလေးတွေကလည်းဆူညံနေသည်.။ ကိုယ်ကလဲ ဆွဲနေသူတွေကို အားနာတယ်….ပန်းချီဆိုတာ အေးအေးဆေးဆေးဆွဲမှ
စိတ်အာရုံ ပိုကောင်းတာကိုး
ကျောင်းသူတွေကို ဆရာမပြောလဲမရ ထပ်ဝိုင်းနေတော့၊ ဆ၇ာမ ဒေါသဖြင့်ထွက်သွားပြီး စောစောကကျောင်းအုပ်ဆရာကြီးကိုသွားခေါ်လာတော့တာဘဲ။
…….

……..

ဆရာမခေါ်လာသော ကျောင်းအုပ်ကြီးအခန်းထဲဝင်လာသောအခါ ကျောင်းသူကျောင်းသားတွေ ဘေးကိုရှဲကုန်သည်။
မျက်နှာမာကြီးနှင့်ခါးကြီးထောက်ပြီး….မင်းဘယ်ကလဲ ဟုမေးလာသည်။
ဧည့်သည်တစ်ယောက်ပါ ဒီမြို့ ကို ရောက်လာရင်းပန်းချီပြိုင်ပွဲတွေ့ လို့ ဝင်ပြိုင်တာပါလို့ ပြောတော့ ဘာမှ မပြောဘဲ သူ့ တပည့်တွေရဲ့ ပုံကို လိုက်ကြည့်နေသည်.။ ပြီးမှ တစ်ခေါက်လာပြီး ……
မင်းဘယ်မှာ နေတာလဲ”
ဒီကသာမှာပြောတာလား ဆရာကြီး”
ကသာရောက်နေမှတော့ ကသာမှာနေတာကို ပြောတာပေါ့ကွာ”
ကျနော် ဘယ်မှာနေရမလဲဆိုတာ ကျနော်လဲမသိပါဘူးကျနော်အလုပ်တစ်ခု ရှာ၇မှာပါ”
ကိုယ်က ပြန်သာ ဖြေနေရတာ စိတ်ထဲမှာတော့ နဲနဲလန့် နေသည်….
ဆရာကြီးက အခန်းရှိလူများကို ဝေ့ကြည့်ပြီး ကျနော့်ဘက်ကိုလှည့်ကာ အသံမာမာ၊ အသံကျယ်ကျယ်နဲ့ ပြောသည်..
မင်းဘာသာ ဘယ်မှာဘဲနေနေကွာနောက်၃ရက်ကြာရင်ဆုပေးပွဲရှိတယ်မင်းဘဲ ပထမဆုကိုလာယူ ကြားလား”
ဆရာကြီး ဘာများပြောမလဲအထင်ဖြင့် နားစွင့်နေသူအားလုံး တစ်ချက်တော့ကြောင်ပြီးတိတ်ဆိတ်သွားတာ….
နောက်မှ ဆရာကြီးက ကျနော့်ပုခုံးကိုကိုင်ကာ……“ မင်းတော်တယ်ကွ” ဟုပြောပြီးထွက်သွားတော့သည်
စိတ်မှာ အရမ်းဝမ်းသာသွားသည်။ဒါပေမယ့် ဒါပြိုင်ပွဲစည်းကမ်းအရ မဖြစ်သင့်ပါ၊ ဆရာကြီးကဆုကိုတစ်ကယ်ပေးချင်ပါစေဦး ကျန်သောရေးဆွဲသူတွေကိုငဲ့ရပါမည်။ အားနာစိတ်ဖြင့် ပြိုင်ပွဲဝင်တွေကို ကျနော် မကြည့်ရဲပါ……
ဆရာကြီးကို လန့် သည့် အရှိန်နဲ့ ဘေးမှာ ကွယ်ရပ်နေသော ခင်မ ကပြေးလာပြီး လက်မောင်းကို အားရပါးရရိုက်ကာ
နင် တစ်ကယ် ပထမဆု ချိတ်သွားပြီတို့ ဆရာကြီးတစ်ကယ်ပြောတာဟဆရာကြီးကအဲလိုကြီး”
သူမပြောတဲ့ ဆရာကြီးကအဲလိုကြီးဆိုတာ နားမလည်ပေမယ့် ပြိုင်ပွဲခန်းထဲက၂ယောက်အတူ ထွက်လာခဲ့သည်
ကျောင်းသူလေးတွေ ရောက်လာပြီး အတင်းအော်တိုရေးခိုင်းသည်ခင်မင်ဘို့ လဲ ကောင်းပါသည်
နောက်သူတို့ စကားသံဝဲ၀ဲလေးတွေကို ချစ်သည်….အထက်ပိုင်းကလူတွေ စကားဝဲကြပေမယ့် ကသာစကားဝဲပုံက တစ်မျိုးထူးခြားသည်။
သူငယ်ချင်းခင်မကတော်တော်ခင်ဘို့ ကောင်းပါသည်။သူ့ ပုံစံက ဆံပင်ဂုတ်ဝဲလေးနှင့် ၊သွားလေးက ခေါယောင်ယောင်ဒါပေမယ့်သိပ်မသိသာပါ..အဲ မျက်လုံက မို့ ပြီး နဲနဲပြူးတယ်…( စိတ်မဆိုးနဲ့ ခင်မရေဒါမှနင့်ကိုပုံဖမ်းမိကြမှာ)။ ဒါတွေက အရေးမကြီး 
သူ့ စိတ်ဓါတ်လှသည်….ကျနော်လိုချင်တာ စိတ်အလှ။နောက်ခင်မက ၉တန်းကျောင်းသူ။ ကျနော်က ၈တန်းကျောင်းသား

ရွယ်တူလြဲဖစ်နေတော့ စကားပြောရတာ ပိုအဆင်ပြေသည်ခဏလေးအတွင်းမှာ အရမ်းခင်သွားကြသည်..
နောက်သတိရပြီး….“ခငမ ဟို အကိုကြီးရော ဘယ်မှာလဲဟ”
ဘယ်သူတုန်း”
ငါပုံဆွဲနေတုန်း ပြတင်းပေါက်ကနေ ပြောပေးနေတာလေနင်မကြားဘူးလား”
ဟင့်အမ်းငါမကြားပါဘူးဘာပြောလို့ လဲ”
ငါလိုအပ်တာလေးတွေကို သူကပြောပေးတယ်ဟသူ့ ကို ကျေးဇူးစကားပြောရမယ်”
ဟာအဲဒီလူကြီးက ရူးနေတာဟနောက်သူပန်းချီမဆွဲတတ်ပါဘူး”
ဟမ်..ရူးနေတာမဖြစ်နိုင်ပါဘူး ။သူဆွဲတတ်တယ်သူပြောတာ အမှန်တွေပါ..ငါဘဲသိတယ်…”
ညီညီ..ငါက ကသာသူနော်..ဒီမြို့ မှာ မွေး၊ ဒီမြို့ မှာနေတာနင်က ဒီနေ့ မှ ကသာရောက်တာ၊ နင်ကဘာမှ မသိပါဘူး၊ အဲဒီလူကြီးက
တစ်ကယ်အရူး…”
ကျနော်အံ့သြမိသည်..စိတ်ထဲမှာ အရူးဆိုတာ ဘယ်လိုမှ လက်ခံလို့ မရဒါပေမယ့် နောက်မှ စုံစမ်းတော့မယ်လေတွေ့ ကြဦးမှာပါဟု
တွေးကာ ခင်မကို ဘာမှ မပြောတော့ပါ။( တစ်ကယ်ဘဲ ကသာမှာ ၅လလောက်နေပြီး ရှာသော်လည်း မတွေ့ ခဲ့ ရပါ)
အပြင်ရောက်လာပြီးမှ ခင်မကို အလုပ်ရှာပေးနိုင်မလားမေးကြည့်ရသည်။
ညီညီ နင့်ကြည့်ရတာ အလုပ်ကြမ်းလုပ်နိုင်မှာ မဟုတ်ပါဘူး”
အေး….မွေးကတည်းက တစ်ခါမှတော့ မလုပ်ဘူးသေးပါဘူး….ဒါပေမယ့် လုပ်ရမှာပေါ့ဟာ”
နင်က ဘယ်လိုအလုပ် လုပ်ချင်တာလဲ”
ဖြစ်နိုင်ရင်တော့ ငါလက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးတွေ ဘာတွေ လုပ်ချင်တယ်၊ ခင်မ ငါတနေ့ ကို လက်ဘက်ရည် ၆ခွက်လောက်သောက်မှ နေလို့ ရတာ…”
အေးဒါဆို အတော်ဘဲ ငါ့အသိတစ်ယောက်လက်ဘက်ရည်ဆိုင်ရှိတယ်ဟတို့ သွားရအောင်”
အေးကောင်းတယ်”
နှစ်ယောက်သား စက်ဘီးလေးတွန်းကာလမ်းလျှောက်ရင်း သူပြောတဲ့ ဆိုင်ကိုရောက်လာသည်ဆိုင်ကတရုပ်ဆိုင်။ အဘိုးကြီးတစ်ယောက်ထိုင်နေတာကို ခင်မကနုတ်ဆက်ပြီး “ အိတေ” ရှိလားဟုမေးသည်။အဘိုးကြီးခေါ်လိုက်ပြီး ခဏနေတော့ 
အိတေဆိုသူ ထွက်လာပြီး ခင်မနှင့် နုတ်ဆက်ပြောဆိုနေကြသည်။ လူက တရုပ်လဲဖြစ်သောကြောင့် ဖြူနုနေသည်..
ခင်မက အလုပ်လိုက်ရှာနေကြောင်း ပြောပြီး ကျနော့်ကို မိတ်ဆက်ပေးတော့…..
ဟယ်စားပွဲထိုးလုပ်မယ်..တစ်ကယ် ၊ ချောလိုက်တာဟယ်..ခင်မ ငါသူ့ ကို ခေါ်ထားလိုက်မယ်တစ်သက်လုံးနေလဲရတယ်”
သွားပြီ၊ ကိုအိတေက မိန်းကလေးစိတ်ဝင်နေတာ….
ကိုအိတေ မတွေ့ အောင် စားပွဲအောက်ကနေခင်မကို ဆွဲဆိတ်တော့လဲ….မုန့် တွေကို အသေအလဲတွယ်နေရင်းက….
မျက်လုံးပြူးကြီးဖြင့် ဘာလဲဟူသော အဓိပ္ပါယ်နှင့်ပြန်ကြည့်နေသည်
ပြီးမှ ဘယ်လိုတွေးသလဲတော့မသိ ကောက်ခါငင်ကာဖြင့် ထမေးသည်။။
လခဘယ်လောက်ပေးမှာလဲ”
ဟိုက ပြုံးလျှက် …..“ ၁၅၀၀”
ဟာတစ်ကယ်။။ညီညီ နင်တော့ပွပြီ၊ အများကြီးဘဲ”
ကျနော်တော်တော် စိတ်တိုသွားပြီး ခင်မခြေထောက်ကို ဆောင့်နင်းလိုက်ပြီး….မျက်စောင်းထိုးကြည့်သည်။။။အမယ် မယ်မင်းကြီးမက
ကိုယ့်ကိုတောင် ခေါင်းလေးငြိမ့်ပြီး ပြုံးပြနေသေးသည်။မျက်လုံးပြူးကြီးနှင့်။
နောက်မှ ကျနော်က
ဒီမှာတော့ မဖြစ်နိုင်ဘူး ထင်တယ်…”
ဟယ်……ဘာဖြစ်လို့ လဲ”

ပြောနေတုန်း လက်ဘက်ရည် သောက်သူလာသဖြင့် ကိုအိတေ ထွက်သွားမှ
ခင်မ ငါဒီမှာ မလုပ်ချင်ဘူးသူက မိန်းကလေးစိတ်ပေါက်နေတာငါ့ကို တစ်ခြားသွားပို့ ပါဟာ”
နင်ကလဲဘာဖြစ်လို့ လဲ”
အော်…….ခင်မရယ်နင့်ကိုပြောရမှာ ခက်လိုက်တာ…..
နောက်မှ အတွေးတစ်ခုရပြီးတခြားမွတ်ဆလင်ဆိုင်တစ်ခု ငါတွေ့ ခဲ့ တယ်….နေ့ ခင်းကတောင် ..ငါသောက်ခဲ့ သေးတယ်…”
အော်အေး..စတားလိုက်နေဦး အိတေကို ငါပြောကြည့်မယ်”
ခဏနေ ကိုအိတေ ပြန်ရောက်လာတော့ ခင်မက တစ်ခြား အကြောင်းပြပြီး….ဒီမှာ ခက်ခဲနိုင်ကြောင်း ပြောပြသည်….
နောက်ဆုံးတော့ ကိုအိတေ ကိုယ်တိုင် လိုက်ပြောပေးပါသည်
သူတို့ တွေက စီးပွားချင်းတူပေမယ့် ခင်ခင်မင်မင်ပါ..
ကိုအိတေက ဘာမှလဲ မသိဘဲ အရမ်းကို ကျနော့်ဘက်က အာမခံနေသည်….
ဆိုင်ရှင် အဘိုးကြီးအိပ်နေသည်စားပွဲထိုးကလဲ ရှိပြီးနေသည်ဟုပြောသည်ကျနော်လဲ ဘာမှ မတတ်နိုင်တော့ပါ။
ကိုအိတေဆီ သွားရဘို့ သာ ရှိတော့သည်။
အားလုံဆုံးဖြတ်ရခက်နေစဉ်မှာပင် ပိုင်ရှင် အဒေါ်ကြီးဈေးဝယ်ရာမှပြန်ရောက်လာသည်။
အကျိုးအကြောင်းကို ခင်မနှင့် ကိုအိတေက ပြောပြတော့ ဆိုင်ရှင် အမား( အမေ….နာမည်မေ့ နေသည်)က
သူခေါ်ထားလိုက်မယ်ဟုပြောတော့ အရမ်းဝမ်းသာမိသည်….
လခအကြောင်းကိုအိတေက ပြောတော့….
ဒီမှာ စအလုပ်လုပ်သူတိုင်းကို ၇၀ ကျပ်ပေးတယ်ထမင်းညမနက်ကျွေးတယ်၊ အိပ်စရာနေရာပေးတယ်၊ ဒါပေမယ့် မင်းကို
ငါစအလုပ်လုပ်တာနဲ့ တစ်လ ၁၀၀ ပေးမယ်ငါ့ကိုတော့ မင်းနာမည် မခေါ်ရဘူး အမား( အမေ) လို့ ခေါ်၇မယ်”
ဘုရားရေ…….

………

………

ဆက်ပါဦးမည်

ကျော်စွာခေါင်

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။