ဦးမာဃရဲ့ အရေးပေါ် သတင်း

alinsettOctober 28, 20131min40936

ဂဇက် ဝဒိန်သာ သမဒ အူးမာဂဂျီးရဲ့ အရေးပေါ်သတင်းတစ်ခု. . .ဒီနေ့မနက်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ် ။

ဂဇက်ဝဒိန်သာ နပ်ပျီမှာ အုန်းအုန်းထနေတဲ့ သတင်းထူးတစ်ခုဟာဆိုရင်ဖြင့်

အူးမာဂ နဲ့ အူးမာဂရဲ့ ဖခမဲဒေါ် အံစာတုံးတို့ သားအဖကို အခြေခံပြီး ဖြစ်ပျက်ခဲ့ပါတယ် ။

သတင်းအစုံအလင်မှာ . . . . . . . .

 

—————————–

 

အူးမာဂ ဟာ . . .

(အရွယ်ရောက်ပြီးသား သမီးတစ်ယောက်ရှိတဲ့ ) နပ်သမီးမုဆိုးမ ~ဒေါ်ဖွားမေဂျီးကို လက်ထပ်လိုက်ပါတယ်။

 

ဒေါ်ဖွားမေရဲ့ သမီး(အူးမာဂရဲ့ မယားပါသမီးဖြစ်လာတဲ့သူ)နာမည်က . . .

ဘုတ်ဆုံမ လို့အမည်ရပါတယ်။

 

အဲဒီ မယားပါသမီးဖြစ်သူ ဘုတ်ဆုံမကိုမှ . . အူးမာဂရဲ့ ဖ ခမဲတော် အံစာတုံးကြီးက သဘောကျတော်မူသွားပြီး လက်ထပ်လိုက်ပြန်ပါတယ် ။

 

—————–

 

အူးမာဂ တို့သားအဖ . . .

ဟိုသားအမိကို ယူလိုက်ကြပုံကို ဆွေမျိုးစပ်ကြည့်လိုက်တော့ . . .ထူးခြားချက်ကြီးတစ်ခု ဘွားခနဲပေါ်လာပါတယ် ။

 

———————

 

အူးမာဂ ရဲ့ မယားပါသမီးဖြစ်သူကိုမှ အူးမာဂရဲ့ ဖခမဲဒေါ်ဖြစ်သူအံစာ က ယူလိုက်တော့ . . .ဖခမဲတော်အံစာက အူးမာဂရဲ့ သားမက်ဖြစ်သွားပါတယ် ။

 

အူးမာဂ ဟာ. . .သူ့ဖခမဲဒေါ် အံစာတုံးရဲ့ . . .

သားလည်းဖြစ် / ယောက္ခမလည်း ဖြစ်နေပါတော့တယ် ။

 

———————

 

တပြိုင်တည်းမှာပဲ . . .

အူးမာဂရဲ့ မယားပါသမီးဘုတ်ဆုံမဟာ. . . .

မယားပါသမီးလည်း ဖြစ်နေသလို . . .

ဖခမဲဒေါ်ရဲ့မိန်းမ ဖြစ်သွားတော့. . .

မိထွေး ( သို့မဟုတ်) အမေ လည်း ဖြစ်နေပါတော့တယ် ။

 

ဖခမဲဒေါ်ရဲ့မိန်းမဆိုတော့လည်း အမေပဲခေါ်ရတော့မှာကိုး ။

————–

 

ထပ်စပ် ကြည့်တော့ ထူးခြားချက်ကြီးကို ထပ်တွေ ့ပါတယ် ။

 

မယားပါသမီးဖြစ်သူ ဘုတ်ဆုံမက အဖေ့မိန်းမဖြစ်သွားပြီး အမေ(မိထွေး)ဖြစ်နေပြီဆိုဒေါ့ဂါ. . . .

ဘုတ်ဆုံမရဲ့အမေ (ဒေါ်ဖွားမေ)ဟာ . . .

အူးမာဂရဲ့ အဖွားဖြစ်သွားပါတယ်။

မိထွေး(အမေ)ရဲ့ အမေ ကိုးးး

 

ဒီတော့ ဒေါ်ဖွားမေဂျီးက အူးမာဂရဲ့ အဖွားလည်း ဖြစ်နေသလို အူးမာဂရဲ့မိန်းမလည်း ဖြစ်နေပါတော့တယ်။

 

ထပ် စပ်ကြည့်တော့ ထပ်ထူးခြားတာ ရှိပါသေးတယ် ။

 

အူးမာဂရဲ့ အဖွားဖြစ်နေတဲ့ ဒေါ်ဖွားမေရဲ့ ယောကျာ်းဆိုရင် . . အူးမာဂရဲ့ အဖိုး ပေါ့။

 

အဖွားယောကျာ်း (အဖိုး) ဘယ်မှာလည်းဆိုတော ့ . . .

ဒေါ်ဖွားမေရဲ့ယောကျာ်းက အူးမာဂပဲလေ ။

 

အဲဒီတော့

အူးမာဂရဲ့ အဖိုးဟာ အူးမာဂပဲ ဖြစ်နေပါတော့တယ် ။

 

သူကိုယ်တိုင် သူ့အဖိုးဖြစ်နေတာပါ ။

 

—————————–

 

မေးစရာမြန်းစရာတွေ ထပ် ထွက်လာပါသေးတယ် ။

 

အူးမာဂ နဲ့ ဒေါ်ဖွားမေတို့မှာ သားတစ်ယောက် မွေးလာရင် . . . .

 

အူးမာဂရဲ့ ဖခမဲဒေါ် အံစာတုံးနဲ့ ဘုတ်ဆုံမတို့မှာ လည်း သားတစ်ယောက် မွေးလာရင် . . . .

အဲဒီ သားတွေနဲ ့အဲဒီ နှစ်စုံတွဲ . . . .နဲ့ . ဘယ်လိုတွေ ဆွေမျိုးတော်စပ်ကုန်ကြမလဲ

. . . .

?????????????????????????????

 

ကဲ . . .

ဝိုင်း စပ်ပေးကြပါဦး ။

 

 

———————————–

 

(((ပျော်စရာဖြစ်အောင်

ရေးလိုက်တာလေးပါ။ ဒီထဲက သူကိုယ်တိုင်သူ့အဖိုးဖြစ်သွားအောင် ဆွေမျိုးစပ်တဲ့ နည်းကတော့ မာက့်တွိန်းရေးတဲ့ စာတစ်ပုဒ်ထဲမှာ ပါတဲ့နည်းလေးပါ ။ ))))

 

 

🙂

 

 

🙂

 

 

 

 

36 comments

  • Ko chogyi

    October 28, 2013 at 8:10 am

    ညီလေး ဆေးမှန်မှန်သောက်ပါကွာ
    စိတ်ရှုပ်စရာတွေ သိပ်မတွေးနဲ့
    ကိုယ်တို့ကိုလဲ ခေါင်းစားမယ့် မေးခွန်းတွေ မမေးပါနဲ့ကွာ

    • alinsett

      October 28, 2013 at 10:20 am

      ဆေး မှန်မှန်သောက်လွန်းလို ့
      အဒုလို ဖျစ်တွားဒါဘာ
      အဟိ

      🙂

  • KZ

    October 28, 2013 at 8:20 am

    မူးလိုက်တာအေ။
    ဘီယာလေး တိုက်စမ်းဘာ့

    😀

    • alinsett

      October 28, 2013 at 10:51 am

      ဒို့ မမဂျီးလည်း
      ခုတလော ဘီဘီပဲ ထည့်ထည့်ပြောနေတယ်

      အဟိ
      🙂

    • alinsett

      October 28, 2013 at 10:50 am

      ဦးကြီးရော
      ဘီဘီ မသောက်ပဲ မူးတွားတေးလားဟင်

      🙂

      • kyeemite

        October 29, 2013 at 3:51 pm

        ကိုယ်ငယ်ငယ်က အရပ်ထဲမှာတကယ်တွေ့ဖူးတယ်ကွ..
        မိန်းမယူတော့ မယားပါသမီးလေးတစ်ယောက်ပါလာတယ်
        နောက်အရွယ်ရောက်လာတော့ မယားပါသမီးကို အဲဒီလူကြီးကထပ်ယူတယ်..
        နှစ်ယောက်လုံးနဲ့ ကလေးတွေရတယ်..ဘယ်လိုအမျိုးစပ်လို့မှ မရတော့ဘူးကွ
        တစ်ခုပဲပြောနိုင်တယ်…အဲဒါ “ခွေးမျိုး”
        😀 😀 😀

  • surmi

    October 28, 2013 at 8:49 am

    အခုတ​လော အလုအယက်​တက်​လာတဲ့ သတင်​း​​တွေကိုများ သ​ရော်​​နေသလားကွယ်​… 🙂

    • alinsett

      October 28, 2013 at 10:49 am

      ဒါလည်း
      သတင်းထူးကိုးးး ဥဆာရဲ့

      အဟိ

      🙂

  • ဦးဦးပါလေရာ

    October 28, 2013 at 9:58 am

    ဆက်ရှုပ်စေချင်ရင် အဲဒီအတိုင်းထားလိုက်-

    ရှင်းချင်ရင်တော့ – ဒေါ်ဖွားမေက ဘုတ်ဆုံမကို သမီးအဖြစ်က စွန့်လွှတ်လိုက်
    အားလုံးပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်…။

    ဒါကြောင့်ပြောတာ – အမျိုးဆိုတာ တဝမ်းကွဲထက်ပိုမစပ်ရဘူးတဲ့

    • alinsett

      October 28, 2013 at 10:49 am

      အဟီး

      ရှင်းလေ ရှုပ်လေ စုံတွဲတွေ နော် ဦးပါ
      🙂

  • Ma Ma

    October 28, 2013 at 10:03 am

    ငယ်ငယ်တုန်းက ရွှေကြာကာတွန်းမှာ (ထင်တယ်) ဖတ်ဖူးတယ်။
    အဲဒီဇာတ်လမ်းကျောရိုးအတိုင်းပဲ ရေးပြီး သားကမွေးတဲ့ကလေးနဲ့ အဖေကမွေးတဲ့ကလေး ဘယ်လိုတော်စပ်သလဲဆိုပြီး ပဟေဠိ လုပ်ထားတာ။
    သားသမီးဆိုတာ အဖက မျိ ုးစေ့၊ အမိက လယ်ယာမြေပမာသာ ဖြစ်တယ်ဆိုပြီး ….
    ဆွေမျိ ုုးစပ်တဲ့အခါ အဖဘက်ကနေ စပ်ရတယ်လို့ ဆိုတယ်။
    အဲဒါကြောင့်….
    အံစာတုံးနဲ့ ဘုတ်ဆုံမတို့က မွေးတဲ့ကလေးဟာ
    အူးမာဂ နဲ့ ညီအစ်ကို တော်ပြီး
    အူးမာဂ နဲ့ ဒေါ်ဖွားမေ တို့ကမွေးတဲ့ကလေးနဲ့ တူအရီးတော်ပါတယ်။ 🙂

    • alinsett

      October 28, 2013 at 10:47 am

      နောက်တစ်နည်း စပ်ရရင်တော့

      အံဇာနဲ့ဘုတ်ဆုံရဲ့သားဟာ
      အူးမာဂနဲ့ ညီအကိုတော်ပြီး
      ဒေါ်ဖွားမေရဲ့မြေး ပါ
      ——
      အူးမာဂနဲ့ ဒေါ်ဖွားမေရဲ့ သားဟာ
      အံဇာရဲ့ မြေး ဖြစ်ပြီး
      ဘုတ်ဆုံ ရဲ့ မအေတူ အဖေကွဲမောင်တော်ပါတယ်

      ——-
      မရှင်းမရှင်းဖြစ်နေတာက
      ဟိုဘက် က သားနဲ့

      ဒီဘက်က သား

      ဘာတော်မလဲ

      မူးလိုက်တာ
      🙂

  • ရွှေမိုးတိမ်

    October 28, 2013 at 10:05 am

    ဟင့် မူးဒယ် … မူးဒယ် ..
    မသောက်ရဘဲ မူးဒယ်
    မောင်သိကြားပို့စ်တွေဆို တတိထားမှ …

    • Mr. MarGa

      October 28, 2013 at 10:35 am

      အို…ဒီကလေးမ
      အသက်အရွယ် ထောက်လာလို့ မျက်လုံးတွေများ ဝေကုန်ရော့သလား
      ဒါ သိကြားမင်း ရေးတာ မဟုတ်ဘူး ကွယ့်
      ဟို ဒညင်းဝက် ဆိုတဲ့ အောင်မဲလင်းလေး ရေးတာ ကွယ့် :mrgreenn:

      • alinsett

        October 28, 2013 at 10:53 am

        အောင်ရဲလင်း ထက် ပိုချောတဲ့ အလင်းဆက်ပါဟ
        :kwi:

      • ရွှေမိုးတိမ်

        October 28, 2013 at 11:27 am

        ဟိဟိ ဟုတ်သားပဲ …. တာဝတိံသာက ရည်းစားစာ ကတည်းက မောင်သိကြားကို ခပ်လန့်လန့်ဖစ်တွားတာ ဆိုတော့ ဆောတီးပါညော်… ဒီတစ်ခါတော့ ဒညင်းဝက်နှိပ်စက်ချက်ပေ့ါ 😀

    • alinsett

      October 28, 2013 at 10:35 am

      ကျွန်တော်လည်း ရေးနေရင်းနဲ့
      ခေါင်းမူးနေတာ

      🙂

  • Mr. MarGa

    October 28, 2013 at 10:54 am

    ဘာမှ လုပ်မနေနဲ့
    ဒီအတိုင်းသာ လွှတ်ထား
    ဒါပေမယ့် တကယ့် တကယ် ပြောရမယ်ဆိုရင်
    မြန်မာဘာသာစကားမှာ အဲလောက် အထိ စပ်လို့ရတယ်။
    ကိုယ်တိုင်တော့ မစပ်နိုင်ဘူး
    ဒါကြောင့် ပြောချင်တာ တစ်ခု(တစ်ခု) က
    မြန်မာမှာ စကားလုံး အဲလောက် မရှားဘူး ဆိုတာပဲ
    ငိငိ

    • alinsett

      October 28, 2013 at 11:08 am

      ဒဂျားမဲက
      ဒီလိုတွေ အမျိုးတော်ရတာကို ကျေနပ်နေပုံပဲ။

      ဒေါ်ဖွားမေဂျီးကို
      ဖဲကြိုးလေးနဲ့ချည်ပြီး ပေးပါ့မယ်

      :kwi:

  • ဗုံဗုံ

    October 28, 2013 at 12:10 pm

    ကိုင်း…နီလည်းအဖြေမချိဘဲ..100 ရဒယ်..
    နာလည်း 10 ယူဒယ်ဟာ….ဘာဖြစ်တုံး ..ဝက်
    ဒါနဲ့….ဝက်……နီ ညကအိမ်မက်ဆိုးမမက်ဘူးလားဟင်င်င်
    သိချင်ရင်…အံချာတုန်းမေးကြည့်…. :mrgreen:

  • Crystalline

    October 28, 2013 at 12:23 pm

    ဘုရားဘုရား.. မင်းကလေးတွေနဲ့ ငါ့ကလေးတွေ.. မင်းနဲ့ငါ့ရဲ့ကလေးတွေကို ဝိုင်းသမနေကြတယ်ထက်ဆိုးနေပြီ :kwi:

  • sorrow weaver

    October 28, 2013 at 2:59 pm

    အောင်ရဲလင်း..တဂျား…အံဂျာ ..အဲ့သုံးကောင်ကို မိန်းခေးထုကြီး ဝိုင်းအင်ဂျပါ….အုန်းစားရတာဝါသနာပါတယ်..တွေ့လား…..ဘဝတခုလုံးဘယ်လိုယုံပြီး …ပုံပေးကြမလဲ ..မိန်းခေးထုကြီးခင်ညား….အဟိဟိ …..

    • alinsett

      October 28, 2013 at 4:38 pm

      ယုံလို့ရတဲ့အပိုင်းလည်း ရှိပါသေးဒယ်ဗျ

      🙂

  • TNA

    October 28, 2013 at 3:51 pm

    ဖတ်ရတာတင်မူးတွားလို့ အမျိုးတော့မစပ်ပြဇေနဲ့ဘာအေ။ 😥

    • alinsett

      October 28, 2013 at 5:06 pm

      အန်တီသဲ
      မူးတွားတယ်ဆိုတော့
      အမူးပြေရင် စပ်ပြပါနော်
      အဟိ

      🙂

  • Mahar Myanmar

    October 29, 2013 at 10:20 am

    တီး သွား ပဟ…ရည်းစား မရှိ တာ အပြစ် လာ း ကွယ်..
    ( ဟုတ်ပါဘူး နော်) ညံ့တာ. ဟီးဟီး
    စာဖတ် ပြီး ဦး နှောက် လည် သွား လို့…
    အမျိုး တောင် မေ့ သွား ပြီ..

    • alinsett

      October 29, 2013 at 2:36 pm

      ညံ ့လို ့ ရီးဇားမရတာမဟုတ်ပါဘူးကွယ်..။
      တော်လွန်းလို ့…မရတာပါ ။
      ရတာတွေကျတော့.. မလိုချင်ဘူးလေ..။

      🙂

  • မဟာရာဇာ အံစာတုံး

    October 29, 2013 at 4:26 pm

    သားဒေါ်လေး မာဂ ..
    ဒက်ဒီ ခမည်းဒေါ် ညောင်းဒယ်ကွယ် ..
    ခြေသလုံးကို လာနှိပ်ပေးစမ်း ….

    • alinsett

      October 29, 2013 at 4:42 pm

      ကဲ အမျိးတွေတော့ တော်သွားပြီ။
      စပ်ရတာတော့
      အတော်လက်ပေါက်ကပ်တဲ့ အမျိုးတွေ
      အဟိ

      🙂

Leave a Reply