ဈေးက ပေးတဲ့ အနုပညာ

ムラカミOctober 28, 20133min20014

ရွာ့ သုခုမရဲ့ မှော်အောင်ထားသူ ဟိုဦးလေး ရဲ့ ဈေး ဆိုတဲ့ ပိုစ့်ထဲက ပန်းချီ၂ကား အနက်မှ ၁ကားကို ခပ်တည်တည် နဲ့ မြင်တာ လျောက် ရွှီးပါ့မယ်ခည..

 

(အော်… အားယားနေ တုန်းမို့ …ရှိသမျှ အလုပ်တွေက ထွက်ပြေးရင်း.. ဟိုဟာလျှောက်ကြည့် ဒီဟာလျှောက်ဖတ်ရင်း အုံးနှောက် ဘတ်လဘိုင်ဖြစ်တုန်းရေးထားတာမို့

သီးခံ ဖတ်ရှု ဝါ … ကျော်ဖတ်ကြပါကုန်)

 

 

မူရင်းပုံ က သည်ပုံပါခည …အဲ …. အူးလေးက ဆွဲပီးသား ပုံကို  စကင်ဖတ် ထည့်ထားတာလား ..ဒါတ်သေရိုက်ပီး တင်တာလားတော့ မသိပေမယ့်

အရောင်တွေ အလင်းအမှောင်တွေကတော့ အော်ရီရျင်ဒယ် နဲ့ ထပ်တူမဟုတ်တောင် အနီးစပ်ဆုံး ထင်ဟပ်မယ် လို့ ယူဆပြီး

 

အောက်က စာတွေကို ခပ်တည်တည်နဲ့ ကြည့်ဖြီး မှန်း တီး ပြီး သကာလ ဘလိုင်းရွှီး ခွင့်ပြုပါ…

thitblurrymarket+18by26

 

 

 

Histogram ဖော်ကြည့်ထားတာခည ..shades, shadows, highlights… စတဲ့ အလင်းအမှောင်တွေရဲ့ ညီညွှတ်ပြေပြစ်မှုကို တွေ့ရသဗျ…

အဲ.. ပုံက ညှက်နေလို့ခည ..ပုံထွားထွား တင်ပေးရင် ပိုတောင် ပြောနိုင်လိမ့်မလားပဲ ….. အရောင်တွေ လိုက်ထောက်ကြည့်မိတာတော့ အပူအအေး ကို

 

သမအောင် ..နောက်ပီး (သမအောင်ဆိုသည်မှာ … အရောင်ပြေပြစ်မှု တခုတည်း မဟုတ်ဘဲ …context နှင့် synergy ဖြစ်မှုကိုပါဆိုလိုပါသည်)

 

ပြောချင်တာက ဂလိုပါဗျာ.. (ကျော်လည်း ပညာရပ်ဆိုင်ရာ စကားလုံးတွေ မသိတော့ အရပ်သုံးစကား မလှပဂျင်နေမယ်… ပြောဘရဇီ … )

 

အရောင်ပြေပြစ်ရင်ပြီးရော … ရှုခင်း ရဲ့ သဘာဝကျမှုကို ကင်းလွတ်သွားအောင် ဆွဲထားတာမိုး … (vice visa)  ပတ်ဝန်းကျင် သဘာဝကျမှု သာပဒါန  အရောင်ကိစ္စ …

ဟာမိုနီဖြစ်မဖြစ် ထည့်မစဉ်းစားထား …စတဲ့ အစွန်း တွေ လွတ်တယ်လို့ ပြောပါရဇီ..

 

(အောက်မှာ အသေးစိတ်ဆက်လာပါ့မယ်)

 

 

curves

 

 

level

 

histogram,  tonal curves  နဲ့ levels တွေအကြောင်း တော့ ဂလောက်နဲ့ပဲ ကျော်ချခွင့် ပြုပါခည..

(ဆက်ပြောဆိုရင်လည်း ရွှီးစရာ စကားလုံးက အတော် ချို့တဲ့ နေလို့ပါ… ဟီး ရှက်ထှာ)

 

 

 

တတိယအပိုင်းကတော့ ဟောဒိ နေရာခည ….

အလျားလိုက် ၃ပိုင်းပိုင်းလိုက်တယ်ဗျို့ …

 

အပေါ် ၄ပုံတပုံ airy ဖြစ်တဲ့ open space လို့ မြင်မိတယ်ဗျို့ .. အဲ့သည်မှာ လေဟာပြင်ကို အပြာအနုတွေ နဲ့ မှုန်းထားလေရဲ့

အောက်ပိုင်း ၄ပုံ ၁ပုံ က ခြေထောက်တွေ base တွေကို ပြနေသဗျ.. ထူပြစ်ပြစ် shades တွေ အမှောင်တွေ အရင့်တွေနဲ့ ဖွဲ့သဗျ…

အလယ်ပိုင်းက ၄ပုံ ၂ပုံသော နောကတော့ ဆြာသမား အဓိက အသေးစိတ် ချယ်မှုန်းထားတဲ့ နေရာတွေခည …ဒါက ပန်းချီကားရဲ့ eye catch ခေါ်မယ့်နေရာကလားဗျာ..

 

ဆက်ဆွဲရရင်ဖြင့်

ဒေါင်လိုက်လည်း ၃ပုံပုံထားသဗျ…

ဘယ်ခြမ်းက ဈေးတန်း ဖြစ်ပြီး ညာခြမ်းက ဈေးလမ်း ခည …

အလျားလိုက်နဲ့ ဒေါင်လိုက် ရဲ့ အလယ်တည့်တည့် ဗဟိုချက်မှာ ခေါင်းပေါင်းဖြူနဲ့ အထုပ်ဆန်းကြီးကို အဟုတ်ထမ်းထားတဲ့

ဇာတ်လိုက်ကျော်က ခန့်ခန့်ကြီးနေရာယူလို့နေပါတော့တယ်… (နောင်မှ သူ့အကြောင်းပြန်လာပါဦးမယ်ဗျ..)

 

ဒီလို အကွက်တွေ ခွဲကြည့်မိတာ လည်း အကြောင်းရှိသဗျ…ဟိုအူးလေးက  ဒဗင်ချီ ကြီးတို့ အမျိုးဆိုတော့ composition ကို

အဲ့သလို ကွက်တိ အံကိုက် ချပြထားပါကြောင်း …. helix တွေ golden ratio တွေ ..အဲ့လူကြီး ကို သင်ခိုင်းရမယ်ဗျို့ …

ဈေး ခေါင်မိုး ဒေါက်တိုင်တွေ ရဲ့ တည်နေရာ က လည်း ဒီအချိုးတွေကို ထောက်ခံနေသဗျ..

 

အဲ အဲ့… ကျန်တော့မလို့ …

 

အကွက် ၉ ကွက်ထဲက ဘယ်ဘက် အောက်ထောင့်က အကွက်ကို ကြည့်ပါဗျို့ …

ပန်းခြင်းကလေး တွေ့ရမယ်.. အဲ့ပန်းခြင်းကို အသေးစိတ်မှုန်းထားလေရဲ့…အဲ့သည့်ကနေ ဝေးသွားတဲ့ တူရူ ဈေးဗန်းတွေကတော့

စုတ်ချက် ကြမ်းကြမ်းနဲ့ ခပ်သော့သော့ ရေးထားသဗျ…

အဲ့သည့်ဦးလေး ပျင်းလို့ ဟိုဘက်ဈေးသည်တွေကို မုန်းလို့ ခပ်သွက်သွက်ရေးထားတာမဟုတ်ဘူးခည..

Depth of Field သဘောအရ အနီးက ဈေးဘန်းက focusပြတ်နေပြီး ဝေးသွားလေလေ ဝါးသွားလေလေ သဘောကို ပြထားတာဗျ…

Focal plane သဘောတရားအရ ဈေးဝယ်သူအမျိုးသားကြီးလည်း focus ပြတ်ထင်နေတာတွေ့ရမယ်ဗျ…

ဝေးသွားလေ ဝါးသွားလေ ဆိုတာကိုလည်း တူရူ လမ်းကြောင်းတွေအရ မြင်ရမယ် ဆိုပါတော့..

 

rule3

 

 

 

တူရူ ဆိုလို့ပါဗျာ… တူရူ ၃-၄ခု လောက်မြင်မိတာပဲ … (ကျန်ရင်ပြောပါဗျာ..)

 

ဘယ်ဘက်အောက်က စပြောပါရဇီင်္ … ဈေးဗန်းတွေရဲ့ တူရူ ကို မြင်ရသဗျ.. တဖြည်းဖြည်း စုတ်ချက်ကြမ်းသွား ဝါးသွားတာလေ…

 

အဲ .. သူနဲ့ အပရိုင်(အပြိုင်) ဈေးသည်တန်းကလည်း ထုနည်းလည်းကောင်းရယ်…

 

ဘယ်ဘက်အပေါ်ကတော့ ဈေးတန်းခေါင်မိုးထင်ရဲ့ …အရောင်မှိုင်းမှိုင်း ရင့်ရင့်နဲ့ သူလည်း တူရူ သွားတာပဲဗျ…

 

နောက်ဆုံး တူရူကတော့ ပန်းချီကားရဲ့ အလျားလိုက် အပေါ်ပိုင်း၃ပုံ၁ပုံ မှာ လူတွေနဲ့ ကွယ်နေမယ့်

ဈေးလျှောက်လမ်း တူရူ ခည …ပန်းချီဆြာ ဖွက်ထားတဲ့ စိန်တပွင့်ပေါ့ …. ဆြာသမားက လမ်းကို ဘယ်လိုမှုန်းသလဲဆိုတော့

နောက်ဂျွန်းပစ်တဲ့နည်း နဲ့ မှုန်းသဗျ.. (ခွက်ဒစ် တူ ဟို ဒဇိုင်နာ)

 

ဈေးတန်းတွေလျှောက်ဖူးတဲ့ ကြည့်ရှုသူရဲ့ သိစိတ်. .. ပုံဖော်မှု အရ သည်နေရာမှာ လျောက်လမ်းရှိမယ်ဆိုတာ သိသေျ..

လမ်းပုံကိုထည့်မဆွဲဘဲ ..လမ်းဘေးတဖက်တချက်စီက ဈေးဝယ်တွေ(လူတွေရဲ့) ခန္ဒာကိုယ် ဦးခေါင်း အကြီးအသေး အနီးအဝေးနဲ့

လားရာတွေအရ …ဒီ တူရူအရပ်ကို ဆြာသမား မြှုပ်ထည့်ထားတယ် မြင်မိပါကြောင်း….

 

Ways

 

နည်းနည်း ပုံကို ဖျက်ဆီးထားတာပါဗျို့ … တခုခုတွေ့ရမယ်မှတ်လို့ …

 

အဟုတ်ပဲ တခုခုတွေ့လိုက်ရတယ်ဗျ… ဘာတုန်းဆိုတော့ ..အနီရောင်လေ….

အနီရောင်တွေ …ဟုတ်ပါ့ …. အနီရောင်တွေရှိတဲ့ နေရာတွေကို လိုင်း လိုက်ဆွဲကြည့်ပြီး ပန်းချီကားရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကုန်ဖုံးကွယ်ကြည့်လိုက်တော့

လားလား..

အနီကို diagonal ထည့်ဆွဲထားတာကိုး ဗျ…ဒါကလည်း အလကား သက်သက်တော့ မဟုတ်နိုင်ဘူး ..

အရောင်သဘောအရ စပြီး ဖြီးရရင် …အနီဆိုတာ တောက်ပတဲ့အရောင် မျက်လုံးကို ထင်းကနဲ လင်းကနဲ ဆွဲဆောင်နိုင်တဲ့အရောင်ဗျာ…

နောက်တခု အရောင်ခံစားသိမှုအရပြောရရင် အနီဆိုတာ ..ပူပြင်းတယ် သောက ရမ္မက် တောက်လောင်မှု ဒါတွေကို ပေးတယ်ဗျ…

ဈေးတန်း ဈေးဝယ် ဈေးသည် ကြားက ဆန္ဒ ရမ္မက် ရုန်းကန်မှု ဒါတွေကို ကြွလာစေတဲ့အရောင်လို့ မြင်မိသေးရဲ့…

နောက်ဆုံးဗျာ.. တောဈေးတန်းရဲ့ တောဈေးဝယ်တွေရဲ့ (အဝတ်)အရောင်ရွေးချယ်မှု အရ အရောင်ရင့်ရင့် တောက်တောက် တွေကို သုံးလေ့ရှိတဲ့သဘော

သဘာဝကျမှု ကို ပါလှစ်ကနဲမြင်ရသဗျ… (မြို့ ဈေးဆိုရင်တော့ ဘိုဆန်သဟဲ့ဆိုပြီး အဝတ် အသုံးအဆောင် စတာတွေကို နံ့သာရောင်လေးတွေ အရောင်ဖျောလေးတွေ သုံးလေ့

ရှိပေမယ့် တောဖက်ရှင် နယ် ဒီဇိုင်း ကာလာပရက်ဖရန့်င်စ်ကတော့ ရဲကနဲ ဗြဲကနေ ပေါ့လေ ဆိုတာကို အမိရအ ပြသွားသေးရဲ့)

 

(စကားချပ်။ ။ ဦးဖိုးကျား ရဲ့ မိတဆိုး ရှင်ပြုကို ရှု)

 

 

reds

 

အဲ့ဒါနဲ့ မကလိရ မနေနိုင်တဲ့ ကျော်က … ဂလောက်ဖြစ်လှတဲ့ အနီရောင် ဖျောက်ကြည့်သကွာ ဆိုပြီး red channel ကို color mixer ထဲသွားပြီး တလိုင်း လုံး ဖျောက်ကြည့်

မိပါတယ်… … အဲ့သည့်မှာ အောက်ကပုံ ဖြစ်သွားတယ်ခည ….

 

အဝါ နဲ့ အပြာ hue အပြင်းအပျော့တွေချည်း ကျန်ခဲ့တာကလား … အနီမပါတော့ ဘာထပ် တွေ့ရသလဲဆိုတော့ အဝါနဲ့ အပြာ စပ်ကျသွားပြီး ပန်းချီကားတခုစလုံးကို

ခြုံကြည့်မိတဲ့အကျိ… အဲ့လေ.. အကြည့်မှာ စိမ်းဖန့်ဖန့် နဲ့ ခပ်မှိုင်းမှိုင်း ဖြစ်သွားတာကို တွေ့ရသဗျ… အနီမပါရင် ရသ ပျက်သွားမှာကို ပြောပါတယ်..

(ဗဂျီဆြာ ဝှက်ထည့်ထားတဲ့ အစိမ်းရောင်  က တအား အားကောင်းသွားတာကိုး)

နောက်တနည်း အဝါတွေကိုလည်း လိုက်ကြည့်မိလိုက်တော့ အနီလိုပဲ diagonal ဆန်ဆန် ဖြည့်ထားတာတွေ့ရသဗျ… ပန်းချီကား ကို မှိုင်းမသွားလေအောင်

အပြာနဲ့ အဝါ ကို တိုက်ရိုက်မထိစေဘဲ ..ကြားက အနီခံလို့ မျှချေဖြစ်အောင် ဆွဲထားတယ်လို့ ခံစားမိသဗျား…

 

No Red

 

၁.  လွယ်အိတ်ရှေ့ချ အဘိုးအို..

 

မျက်နှာကျ ကို အတိအကျ မမြင်ရပေမယ့် ခါးကုန်းနေတာ ကိုကြည့်ရုံနဲ့ အသက် ကြီးမယ် မှန်းမိတယ်ဗျ.. နောက်ပြီး

လွယ်အိတ်ကို ရှေ့ချလွယ်ထားတာ…. ငယ်ရွယ်သူတွေက လွယ်အိတ်ကို လွယ်အိတ်လို ဘေးချလွယ်လေ့ရှိသဗျ..

အသက်ရလာရင်တော့ ပုခုံးတဖက်တည်းဟာ လွယ်အိတ် အလေးချိန် တဖက်စောင်းနင်း ဒဏ်ကို မခံရစေဖို့

လွယ်အိတ်ကို ရှေ့ချ လွယ်တတ်တယ်လို့ သိထားပါတယ်… (ခါးနာတတ်ရင် ခါးကုန်းရင် ပိုဆိုး)

ဆိုလိုသည်မှာ ကုန်းနေတဲ့ခါးနဲ့ လှမ်းမယ့်ခြေလှမ်း အားယူမှု စတာတွေကို weight balance သဘောတရားနဲ့ လွယ်အိတ်ရှေ့ချလွယ်တတ်တာကို

ဆြာခေါင် မိအောင်ဆွဲထားသဗျ..

 

 

1

၂. ပန်းသည် နဲ့ ကလေးမ

၂ကတော့ ကလေးမလေးရဲ့ မျက်နှာပါ…  ကလေးမလေး ဖြစ်တယ် ငယ်တယ်… အဲ… သူမ မျက်နှာတူရူက ပန်းဈေးဗန်းဆီကို …

ကလေး ဆိုတာက စ ဆွဲပါ့မယ်.. ကလေးဆိုတာ စူးစမ်းတယ် စပ်စုတယ်.. တခုခုဆို လူကြီးထက် ရှေ့ကပြေးကြည့် ထိတွေ့ကြည့်တတ်တယ်..

ကလေးမလေးမျက်နှာက ခပ်ဝေးဝေးကဈေးဗန်းကိုကြည့်နေတာမိုး မဟုတ်ဘဲ သူစိတ်ဝင်စားတဲ့ဈေးဗန်း(အရာ) နဲ့အနီးဆုံးသွားပြီး ငေးကြည့်နေတာခည..

စိတ်ဝင်စားတဲ့အရာ ဆိုလို့ အထက်က စကား ပြန်ကောက်ရရင် … မိန်းကလေး နဲ့ ပန်းဗန်း ဗျာ… ကွက်တိ…

 

ဒီနေရာမှာ ကျန် လူတွေရဲ့ ကိုယ်နေဟန်ထားနဲ့ မျက်နှာတို့ရဲ့ လားရာကို အပေါ်မှာ ပြောခဲ့တဲ့ တူရူ လမ်းတွေနဲ့ ပြန်ချိန်ထိုးကြည့်ရင်

လျောက်မယ့် လူ လှမ်းမယ့်လူရဲ့ မျက်နှာလားရာ နဲ့ တူရူအရပ်တွေ …တွေးဆတဲ့လူ ဝယ်မယ့်လူ ရဲ့ မျက်နှာ လားရာနဲ့ ဈေးဘန်း ဈေးတန်းတွေ ..

 

ဒါတွေ ဟာမိုနီဖြစ်နေတာ တွေ့သေးသဗျို့ …. (ဒီလူကြီးကို ပိုလေးစားလာပြီ)

 

2

 

၃. လွယ်အိတ်ထုံးနဲ့ ဈေးဝယ်တယောက်

 

လူရွှင်တော်တွေ ပြောသလိုပေါ့ လွယ်အိတ် ဆိုတဲ့ သတ္တဝါက ဘေးကနေ တယ် ကန့်လန့် ကန့်လန့် နိုင်တာကလား …(မားသံကို အကွက်ဝင်လို့ သမတာမဟုတ်)

စဉ်းစားကြည့်ဗျာ . .သွားလေရာအရပ်ကို ဘေးကနေပြီးလိုက်နေတာ .. ဟိုလူကြီး ရဲ့ လွယ်အိတ်ကိုပဲ ကြည့် ….ထည့်ထားတာက အပြည့်အသိပ်…

လေးလည်း လေးမယ့်ပုံ …ဆိုတော့ ..သူသည်သာ လွယ်အိတ်ကို မထုံးထားရင် လွယ်အိတ်အလေးကြီးက သူလမ်းလျှောက်တဲ့အခါဘယ်ဘက်ပေါင် အပြင်ဘက်ကို

တဘတ်ဘတ် နဲ့ ပြေးပြေးရိုက်နေမှာ ခည …သည်တော့ သူလမ်းလျှောက်ရလွယ်အောင် လွယ်အိတ်ကြိုးကို တိုသွားအောင် ထုံးထားရရှာတယ်…

ဟိုဆြာကလည်း ဒါကို မြင်ဖြစ်အောင်မြင်ပြီး ဆွဲထားလေရဲ့ …. အော်..

သူလမ်းလျှောက်တော့မယ်လို့ ဘာလို့ ပြောနိုင်သလဲဆိုတော့ သူ့ကိုယ်နေဟန်ထားနဲ့ မျက်နှာ လားရာကြောင့် လို့ ပြောရမယ်ဗျာ..

ပိုပြောရရင် ..လွယ်အိတ် ဝိတ်ကြောင့် လေးနေ အောက်ကျနေရမယ့် ဘယ်ပုခုံးက မြင့်နေတဲ့ အခိုက်အတန့်ကို ဆွဲထားတာမို့…

လွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆွဲရင်း ညာခြေ စလှမ်းဖို့ ပြင်နေတဲ့ ကိုယ်နေဟန်ထားလို့ ဆိုနိုင်မယ် ထင့်.. .(အထင်)

 

3

 

 

 

၄. သစ်ပင်

တီတကားလုံးရဲ့ ထင်ထင်ရှားရှားမြင်ရသော တခုတည်းသော လူလုပ်မဟုတ်တဲ့ (သဘာဝဖြစ်ပစ္စည်း) သစ်ပင်ပါပဲ…

ဟုတ်တာပေါ့ … လမ်းဘေးမြေစိုက်ဈေး တဖက်တချက်မှာ သစ်ပင်ရှိတာ သဘာဝ ကျသပေါ့ ….အဲ…. သစ်ရွက်သစ်ခက်တွေကို

အစိမ်းရောင် နဲ့ ကျကျနန မှုန်းထားသေးလေရဲ့….(ပန်းချီကားရဲ့ အခြားနေရာတွေမှာ အစိမ်းစစ်စစ် မမြင်ရဘူးလေ..)

ဒါကိုက သမ မျှတ နေတဲ့သဘော.. ထည့်ထားတဲ့ (သစ်ပင်ရှိနေတဲ့ နေရာကလည်း) ဈေးလမ်းတဖက် လမ်းဘေးဝဲယာ ..composition အရလည်း

ဘယ်ဘက်အောက်ထောင့်က ပြစ်ပြစ်နှစ်နှစ် အရောင်ရင့်တွေကို ညာဘက်အပေါ်တဝိုက်မှာ airy အပြာနု နဲ့ သစ်ခက် အစိမ်းတွေဖြည့်ပြီး

ဟန်ချက်ထိန်းညှိထားတာလို့ မြင်ပါသေးရဲ့ဗျိုး…

 

4

ပုံသေးလို့ သော်လည်းကောင်း ကျော် မျက် စိမွဲလို့သော်လည်းကောင်း တလွဲပြောခြင်းဖြင့်သော်လည်းကောင်း ဒေါင်လိုက်ပြေးတဲ့ စုတ်ချက်တွေ အတော်များများ

ကို မြင်ရသဗျ… တူရူတွေကို ပြချင်တာလား ..တော့ မပြောနိုင်ဘူး … ဈေးခေါင်မိုး ထောက်တိုင်တွေမှာ သုံးထားတဲ့ reflect, soft light, highlight တွေက ဒေါင်လိုက်

စုတ်ချက်တွေ ရဲ့ အရောင်အရကော (terminology မသိတာ သည်းခံပါ) stroke အတိုအရှည် အရကော …လေးလေးစားစား ခံစားသွားပါကြောင်းဗျို့ …

 

 

စကားမစပ် …ဘယ်တော့ ပန်းချီသင်တန်းဖွင့်မဲ ..ဟင် အူးလေ…

သများ … စာရင်းပေးဂျင်ယို့ ဘာ….

 

(လွဲတာလေးတွေ သင်ပေးထောက်ပြပါဦးခင်ည)

 

 

ခင်တဲ့ …

(မော်စကိုက ဟိုနန်းတော် တဖြစ်လဲ)

ဂီ

 

P.S Category မှာ ပန်းချီ တို့ drawing တို့ painting တို့ ထည့်မထားသေးတဲ့ မားခိုမ်ကို မီးဒုတ် ဗျာ..

 

14 comments

  • KZ

    October 28, 2013 at 11:43 am

    ဂီ စာ ဖတ်ပြီးမှ ဖတ်လိုက်မှပဲ…….
    ခေါင့် ကို ………….
    ခေါင့် ကို…………….
    အဲ! ပို လေး စား လာသလိုပဲလို့။ :mrgreenn:
    ဘာလို့ ဆို အနော်မှ မတတ်တာကွယ်။

    အနုပညာကို အဲလို နည်းပညာနဲ့ ခံစားပြသွားတဲ့
    ဂီ ကို ………
    ဂီ ကို…………..
    အဲ ! နည်းနည်း အညင်ကတ်တယ်လို့……… :mrgreenn:
    ဘာလို့ ဆို နာ မှ မသိတာကွယ်။

  • surmi

    October 28, 2013 at 11:55 am

    ​ကောင်​းပါ့ဗျာ …
    အဲသလို​လေး အ​သေးစိတ်​ရှင်​းပြ ခံစားပြသွား​တော့
    ကျုပ်​တို့လ်​ို ဘာမှန်​းညာမှန်​းမသိဘဲ ​ကောင်​းတယ်​​ပြောတဲ့​ကောင်​​တွေ နားလည်​သွားတာ​ပေါ့ဗျာ …
    ဆရာကိုယ်​တိုင်​ ထပ်​မံအားဖြည့်​ရင်​​တော့ …
    ပြီးပြည်​့စုံသွားမယ်​ဗျို့ ….
    ဒါမျိုး​လေး​တွေ များများ​မျှော်​​နေပါ့မယ်​ ကိုရင် ဂီ​ရေ…
    အခုမှ ဆရာ​ခေါင်​နဲ့တွဲဖက်​​တွေ့​တော့တယ်​..

  • ဦးကျောက်ခဲ

    October 28, 2013 at 12:03 pm

    ကျောက်စ်ကတော့… ဉာဏ်မမှီဘူးကွယ်
    အခုတောင် နားလည်ချင်ယောင်ဆောင်ပြီးဖတ်တာ…
    အဆုံးရောက်တော့… အစကနေ ပြန်ဖတ်ရတယ်…
    😀

  • ရွှေမိုးတိမ်

    October 28, 2013 at 2:27 pm

    တမီရောပဲ ဦးကျောက်စ် 😀

  • kyeemite

    October 28, 2013 at 3:02 pm

    တကယ်ဆွဲတဲ့ ပန်းချီဆြာ တောင်လက်ဖျားခါသွားလောက်ပါရဲ့..
    အင်း..တူညားဒွေများ တော်ထှာ… 😀

  • Mr. MarGa

    October 28, 2013 at 3:13 pm

    သုံးခါ ဖတ်လိုက်တယ်
    ပြူးပြဲ ကြည့်သွားတယ်
    နှစ်ယောက်လုံးရဲ့ ပညာကိုလည်း
    ကော်ပီ ကူးချင်သွားတယ် :mrgreenn:

  • TNA

    October 28, 2013 at 4:02 pm

    အနုပညာသမားနှစ်ယောက်ပေါင်းလိုက်တော့ အနုပညာအကြီးကြီးထွက်လာထင်ပါ့။ ဖတ်ရှု့မှတ်သားသွား ပါတယ်။ ကျောက်စ်ပြောဒလိုဘဲ တခါနဲ့နားမလည်လို့ နှစ်ခါပြန်ဖတ်သွားပါတယ်။

    • alinsett

      October 28, 2013 at 5:51 pm

      နှစ်ခါပြန် ဖတ်ကြတာ ခေတ်စားတဲ့ပိုစ့်မို့
      တို့လည်းနှစ်ခါ ဖတ်မယ်
      🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 28, 2013 at 6:38 pm

    အလုပ်မရှိ လအုသန်းရှာဆိုတာ
    ဒင်းလိုလူဖြစ်မယ်
    ဘယ့်နှယ့်
    ဓါတ်ပုံဆို ဓါတ်ပုံပြီးရောပေါ့
    ချဲနေလိုက်တာ
    ပြီးတော့လည်း ဓါတ်ပုံက ဓါတ်ပုံပါဘဲ

  • အရိပ်စစ်

    October 29, 2013 at 6:30 am

    အစကတော့ ပန်းချီကို ရိုးရိုးကြည့်တာပါပဲ
    ရှင်းပြထားတာလေးတွေ တွေ့မှ
    ဪ..ဟုတ်တာပဲ ဆိုပီး
    အဲဂလိုလေးတွေ
    ကြည့်မိသွားတယ်
    နှစ်ယောက်စလုံး တော်ပါတယ်…

  • Ma Ma

    October 29, 2013 at 10:29 am

    ဆရာ့ဆရာ၂ယောက်ရဲ့ ဦးဏှောက်ကိုပဲ ကော်ပီကူးချင်မိတော့တယ်။ 🙂

  • Shwe Ei

    October 29, 2013 at 3:29 pm

    ပညာရပ်တခုချင်းစီနဲ့ပတ်သတ်လို့ လေ့လာကြတော့မယ် အသုံးပြုကြတော့မယ်ဆိုရင် သီအိုရီပိုင်း ပိုင်နိုင်မှုကို skillful ဖြစ်တယ်ခေါ်မလား ပရက်တီကယ်ပိုင်း ပိုင်နိုင်မှုကို skillful ဖြစ်တယ်ခေါ်မလား သိချင်မိတယ် အဟိ 🙂

  • lele kyi

    October 29, 2013 at 8:21 pm

    Management ပိုင်းဆိုရင် သီအိုက အလုပ်ပြီးမြောက်မြန်ဆန်တယ်။ troubleshooting မှာဆိုရင် practical ပိုင်း ပိုင်နိုင်မှု ကအရေးကြီးတယ်။ သူ့နေရာနဲ့သူလို့ထင်ပါတယ်။ အလုပ်ထဲမှာတွေ့ ရတဲ့ အမြင်ပေါ်အခြေခံပြီးပြောကြည့်တာ။ 🙂

  • Shee

    October 31, 2013 at 8:55 am

    ​လေ​​ေးကာျကန်​ဲ့…ရှီး တူတူပဲ..ပြန်​ဖက်​ကြည်​့​လေ နားမလည်​​လေပဲ…တက်​မှမတက်​တာကိုး…..ဟိ…….​တော်​ပါ​ပေတယ်​…​မောင်​….

Leave a Reply