အခြေအနေတွေကို မထိန်းနိင်တဲ့ အခါ

khunmyomyatAugust 5, 20101min480

3 မိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်ပေးပါ။

စိတ်ဆင်းရဲစရာတွေ အမြဲလိုလို ကြုံတွေ့နိင်တာမျိုးတွေကတော့

၁ ။ ကမ္ဘာကြီးကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ ဆုံးဖြက်ချက်မျိုး ရှိနေမယ်ဆိုရင်
၂ ။ လူတိုင်း ဘယ်လို ပြုမှုသင့်တယ်လို့ ဥပဒေသတွေ ချမှတ်ထားမယ်ဆိုရင်

ကမ္ဘာကြီးက ခင်ဗျားချမှတ်ထားတဲ့ ဥပဒေသတွေကို မလိုက်နာတဲ့အခါ ခင်ဗျားစိတ်ဆိုးပြီး စိတ်မချမ်းမသာဖြစ်ပြီ…

သူငယ်ချင်းတွေက ကိုယ့်အပေါ် အပြန်အလှန် ရှိသင့်တယ်
လေယာဉ်ပျံတွေ အချိန်မှန် ဆိုက်သင့်တယ်
လူတိုင်း ရိုးသားသင့်တယ်

ယောကျင်္ားဖြစ်သူက ဒါမှမဟုတ် မိန်းမဖြစ်သူက ၊ ရည်းစားဖြစ်သူက ကိုယ့်မွေးနေ့ကို သတိရသင့်တယ်လို့ ခင်ဗျား မျှော်လင့်ထားတယ် ။

ဒီလိုမျိုး မျှော်လင့်ချက်တွေက ကျိုးကြောင်းဆီလျော်ညီပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်အလိုမကျတာတို့ ၊ စိတ်ပျက်တာတို့ ဖြစ်တက်ပါတယ်။

ဒီစိတ်မချမ်းသာမှုမျိုးတွေ မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတော့ တောင်းဆိုချက်တွေ သိပ်မများပါစေနဲ့။ အဲဒီအစား ရွေးချယ်မှုတွေပဲ ထားရှိလိုက်ပါ။ အခြေအနေတွေဟာ ကိုယ်တက်နိင်စွမ်း မရှိတဲ့အခါ ကိုယ့်ဘာသာ မေးကြည့်ပါ။ ငါ့အနေနဲ့ အေ ကို ရွေးချယ်တယ်။ အကယ်၍များ ဘီ ဖြစ်လာခဲ့ရင် ၊ ဒါလည်း အိုကေပါတယ်လေ ဆိုတဲ့ စိတ်မျိုး ၊ လက်ခံတက်တဲ့ အကျင့်မျိုး ခင်ဗျားဆီမှာ လေ့ကျင့်ထားမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှု ပိုရလာမယ်။

လူတွေ ယဉ်ကျေးသိမ်မွေ့ဖို့ ခင်ဗျား မျှော်လင့်ထားတယ်။
ဒါပေမယ့် မျှော်လင့်ထားသလို မဟုတ်ဘဲ ရိုင်းစိုင်းခဲ့ရင် ခင်ဗျားရဲ့ တစ်နေ့တာ ပျက်စီးမသွားပါဘူး။

နေပူဖို့ မျှော်လင့်ထားတယ်။ မိုးရွာရင်လည်း ကိစ္စမရှိဘူး မဟုတ်လား။

ဒါကြောင့် အခြေအနေကို လက်ခံတဲ့ ပျော့ပျောင်းတဲ့စိတ်ကို လေ့ကျင့်ပေးသင့်ပါတယ်။ စိတ်ပျော်ရွှင်ဖို့ ကျွန်ုပ်တို့အားလုံးက

၁ ။ ကမ္ဘာကြီးကို ပြောင်းလဲမလား
၂ ။ ကျွန်ုပ်တို့ အတွေးအခေါ်ကို ပြောင်းလဲမလား

ဒီလိုဆို ခင်ဗျားအနေနဲ့ ဒုတိယကို ရွေးလိုက်တာက ပိုလွယ်ကူပါလိမ့်မယ်။