နောင်တမဲ့သောတွယ်ငြိခြင်း အပိုင်း (၂)

သူကေလးOctober 28, 20131min2698

အပိုင်း (၂)

 

အံ့ဩဖွယ်ရာပင် ကျွန်မ ဆုတောင်းတို့ပြည့်ပါသည်။ ဒါပေမယ့် ထင်မှတ်မထားစွာနဲ့ သူဟာ အဲဒီနေ့က

 

Business Talk မှာပြောမယ့် ကုမ္ပဏီပိုင်ရှင် ၃ဦးထဲက

 

တစ်ဦးဖြစ်လို့နေသည်။ ပြန်တွေ့ခွင့်ရဖို့ မျှော်လင့်မိသော်လည်း သူ့ကို

 

အဲဒီလို အောင်မြင်နေတဲ့ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်မထား။

 

သူပြောတဲ့ စွန့်ဦးတီထွင်မှုအကြောင်းတွေ၊ လုပ်ငန်းအကြောင်းတွေ နားထောင်ရတဲ့ အရသာကို ကျွန်မ ဘာနှင့်မှ မလဲနိုင်။

 

သူ့စကားတွေသေချာနားထောင်မိတော့မှ သူဟာ တော်တော်လေးစားအထင်ကြီးစရာကောင်းတဲ့

 

လူတော်တစ်ယောက်ဆိုတာ ပိုသေချာလို့သွားသည်။

 

ဘယ်အရာက စေခိုင်းခဲ့သလဲဆိုတာ ကျွန်မအဖြေမရှာချင် ရှင့်ကို ရှင်အဖြစ်ပဲ ကျွန်မစွဲလမ်းမိသွားခဲ့တာပဲ ဦးသားမောင်။

 

ဒါပေမယ့် သေချာတာက ရှင်ဟာ လေးစားဖွယ်ရာလူတစ်ယောက်မဟုတ်လည်း

 

ကျွန်မ ရူးသွပ်မှုကို ရပ်တန့်လို့ရတော့မှာမဟုတ်ဘူး။

 

အဆိုတော် ချမ်းချမ်းဆိုထားတဲ့ “ထူးဆန်းတဲ့အချစ်” ဆိုတဲ့သီချင်းရဲ့ အဓိပ္ပါယ်ကို အခုမှပဲ

 

သဘောပေါက်သလိုလို သူ့အသံကိုနားထောင်ရင်း

 

သူ့မျက်နှာကိုငေးကြည့်ရင်း သဘောကျတဲ့စိတ်တွေ၊ အချစ်စိတ်တွေ တဖွားဖွားဖြစ်တည်လာတာအံ့ဩဖု့ိတော့ကောင်းလှပါသည်။

 

ခေတ်လူငယ်ပီသစွာနေခဲ့သော်လည်း ဒီလိုကိစ္စမျိုးမှာတော့ ကျွန်မဘက်ကစတင်မိတ်ဆက်ဖို့ဆိုတာ သိပ်တော့မလွယ်လှ။

 

မိန်းမတို့ကုန္ဓြေရွှေပေးလို့မရဟူသော စကားပုံကိုလက်ကိုင်ထားကျင့်သုံးနေတဲ့မိန်းကလေးမျိုးမဟုတ်ပေမယ့်

 

ကျွန်မဘက်ကစပြီး သူ့ကိုစကားစပြောဖို့ရာ လုံးဝမဖြစ်သင့်ဟု ဦးနှောက်ကရော နှလုံးသားကပါ ဆုံးဖြတ်ထားပြီးသား။

 

ရေစက်ဆိုတာတကယ်ရှိရင်တော့ တစ်ခေါက်တစ်ခါပြန်တွေ့အုံးမှာပါလို့ ခပ်ရေးရေးလေးမျှော်လင့်ရင်းနဲ့ပဲ

 

အိမ်ပြန်ဖို့တွေးလိုက်ရတော့သည်။ အဲလိုနဲ့ နောက်အပြန်အလှည့်မှာ ကျွန်မနှင့်သူ ပက်ပင်းတိုးပါတော့သည်။

 

ဒါကိုပဲ ကျွန်မက ရေစက်လို့ ဇွတ်မှိတ်ယုံပစ်တော့တာပင်။

 

ုလက်ထဲမှာဖိုင်တစ်ခုကိုငုံဖတ်ရင်း လက်ကိုင်ဖုန်းကိုတစ်ဖက်မှကိုင်ကာ လျှောက်လာတဲ့သူ့ကို

 

မမြင်ဘဲ ကျွန်မကဝင်တိုက်မိတော့တယ်။

 

ပထမဆုံးသတိထားမိတာက နှာခေါင်းထဲအတင်းတိုးဝှေ့ဝင်လာတဲ့ အကောင်းစားရေမွှေးနံ့။

 

Mont Blanc လား Bvalgari လား Hugo Boss လား။

 

တစ်ခုခုတော့ဖြစ်လိမ့်မည်။ ဪ သူဌေးတွေများ ရေမွှေးရနံ့နဲ့တင် မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပုံရတယ်။

 

ထိုအချိန်ထိပင် သူဟာ ကျွန်မဟာ သူ့ကို ဦးသားမောင် မှန်းမသိသေးပါ။

 

ကိုယ်မှားသည်မို့ တောင်းပန်ဖို့ ထိုသူကိုဖျတ်ခနဲမော့ကြည့်မိတော့မှ

 

ဝါးးးးးးး အနက်ရောင်တောက်တောက် မျက်ဝန်းရဲ့အကြည့်စူးစူးတွေက လူကိုဖမ်းစားနိုင်လွန်းသည်။

 

ရုတ်တရက် “ဆော်ရီး” ပြောဖို့ပင်မေ့သွားရသည်အထိ။

 

သတိဝင်လာမှသူ့ကို “ကန်တော့နော် ဦးသားမောင် ကျွန်မရုတ်တရက်နောက်ပြန်လှည့်လိုက်မိလို့ပါ

 

တောင်းပန်ပါတယ်” ဟု ခပ်သွက်သွက်ဖြေရှင်းရတော့တယ်။

 

ကျွန်မက သူ့နာမည်ကိုသိနေတော့ သူက ဘယ်လိုလဲဟူသော မျက်လုံးနဲ့တစ်ချက်ကြည့်လာသည်။

 

နောက်မှ ကျွန်မက သူတို့ဟောပြောပွဲလာတဲ့သူမှန်းသိသွားပုံရတယ်။

 

သူက “never mind” ဟု ခပ်တိုးတိုးပြန်ပြောကာ ရှေ့ဆက်သွားဖို့ ဟန်ပြင်သည်။ အဲဒီမှာမှ ပြဿနာကစတော့သည်။

 

သူ့အကျီတွင် တပ်ထားသော ရွှေကြယ်သီးတစ်လုံးတွင်

 

ကျွန်မရဲ့ ဆံနွယ်တို့က မဆင်မခြင်ငြိနေကြောင်းသိလိုက်ရတယ်။ အော် ကျွန်မတင်ရှင့်ကိုကြွေတာမဟုတ်ဘူး

 

ကျွန်မဆံပင်တွေကတောင် ရှင့်ကိုငြိနေပါရောလား။ သူကဖုန်းကိုခပ်မြန်မြန်ချရင်း ကျွန်မဆံပင်တွေကိုရှင်းပေးဖို့ပြင်သည်။

 

ဒါပေမယ့် သူ့လက်တစ်ဖက်တွင် ဖိုင်ကကိုင်ထားသေးတာမို့ ထင်သလောက်အရာမတွင်။

 

ကျွန်မရဲ့ဆံပင်က ဆံလုံးတအားသေးပြီး ဖွာနေတတ်တာကြောင့် ကျွန်မလည်းအမြဲစိတ်ညစ်ခဲ့ရတာ။

 

သူ့ကိုကူပြီး ကျွန်မဆံပင်တွေဖြုတ်ပေးဖို့ ခေါင်းငုံ့တော့

 

သူ့နဖူးနဲ့ ကျွန်မနဖူးတို့ ထိပ်တိုက်တွေ့ပြန်သည်။ ဒါကို နပဖူးစာလို့ ကျွန်မကလည်း ယူဆပစ်လိုက်တော့တာတယ်။

 

သူနဲ့ကျွန်မ နဖူးတွေ့ ဒူးတွေ့နဲ့ပင် ကျွန်မဆံပင်များကို ၅မိနစ်လောက်ရှင်းယူလိုက်ရတယ်။

 

ဆံပင်တွေရှင်းရင်း စိတ်ညစ်ညစ်နဲ့ ရယ်လိုက်ကြရင်းနဲ့

 

ရင်းနှီးမှုတစ်မျိုးရလိုက်သလိုပင်။ ကျွန်မစိတ်ထဲမှာ သူနဲ့ခုလို နီးနီးကပ်ကပ်ရှိနေရတာကို စိတ်ထဲမှာ နွေးထွေးနေမိတယ်။

 

သူကပြန်ဖို့နှုတ်အဆက်မှာ သူ့ရဲ့ visiting card လေးပေးသွားတယ်။ အကူအညီလိုရင် ဆက်သွယ်လိုက်ပါတဲ့။

 

ကျွန်မဘက်က ဖုန်းနံပါတ်ပြန်ပေးလိုက်ချင်ပေမယ့် ကိုယ်ကသူ့လို Business Man မဟုတ်တော့ ကတ်တွေဘာတွေမရှိချေ။

 

ဒီအတိုင်းကြီး ဖုန်းနံပါတ်ပေးမယ် လိုက်မှတ်ဆိုရအာင်လည်း သူကကိုယ့်ဖုန်းကိုမတောင်း။

 

ခပ်ညစ်ညစ်နဲ့ သူပေးတဲ့ကတ်လေးကိုယူရင်း “ဟုတ်ကဲ့” ဟုသာ ပြောဖြစ်ခဲ့တယ်။

 

ထိုနေ့က ကျွန်မရဲ့ဆံပင်မှာ သူ့ရေမွှေးနံ့ခပ်သင်းသင်းလေးစွဲကျန်ရစ်ခဲ့သည်။

 

လူကအိုက်စပ်စပ်ခံစားနေရပေမယ့်လည်း သူ့ရေမွှေးနံ့ပျောက်သွားမှာစိုးကာ

 

ခေါင်းမလျှော်ဖြစ်ခဲ့။ သူနဲ့ဆုံဖြစ်ခဲ့တဲ့အကြောင်းကို အစက ပန်းကိုပြောပြမည်ဟု ရည်ရွယ်သော်လည်း

 

သူ့အပေါ်ထားတဲ့ခံစားချက်တို့ တစ်ယောက်ယောက်အား ဖွင့်ပြောပြလိုက်လျှင် ပေါ့ပျက်ပျက်ဖြစ်သွားမှာစိုးသည့်အလား

 

မပြောပဲနေအုံးမည် ဟု ဆုံးဖြတ်လိုက်သည်။

 

ရှင်နဲ့ ပက်သက်တဲ့ ကျွန်မနှလုံးသားကို ဘယ်သူမှမသိအောင် ကျွန်မ တိတ်တိတ်လေးသိမ်းဆည်းထားတယ်။

 

ကျွန်မရှင့်ကို အရမ်းချစ်မိသွားတယ်။ ဒါကို ရှင်တစ်ယောက်ကလွဲ ဘယ်သူမှမသိစေရဘူး ဦးသားမောင်။

 

အဲဒီညက ဘုရားရှိခိုးတော့ တစ်ခါမှမတောင်းဖူးသော “ဆု” ဆိုတာကိုတောင်းဖြစ်ခဲ့တယ်။

 

“တပည့်တော်မ သူ့အပေါ်ထားသော မေတ္တာတရားစစ်မှန်ခဲ့ပါလျှင် သူနှင့် နောက်တစ်ကြိမ်ထပ်ဆုံရပါစေသား” ။

 

========================================================

 

အပိုင်း (၃) မျှော် …..

8 comments

  • KZ

    October 28, 2013 at 12:43 pm

    ဟယ်။
    ရေမွှေးတွေက လိုချင်စရာ။

    မတော်တဆ ၃ ခါတွေ့ရင် ဖူးစာဆိုလား ဘာလားးးးး

    😀

    • သူကလေး

      October 28, 2013 at 2:20 pm

      အဟက် အာ့ပဲနော် အာ့ပဲနော် .. ဖူးစာရှင်က အလိုလိုတွေ့လာတာ 😀

  • sorrow weaver

    October 28, 2013 at 12:59 pm

    ခုခိခုခိ… hugo boss ..EDT လေးကတော့ကြွေဆင်နော်…ကျန်တဲ့နှစ်ခုကတော့ မသုံးဖူးလို့မသိ….
    ဇတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းလာပြီ…စောင့်ဖတ်နေတယ်နော်

  • သူကလေး

    October 28, 2013 at 2:21 pm

    ဟုတ်ကဲ့ဂျာ ကျေးဇူးများကြီးတင်ပါတယ် စိတ်ဝင်စားပြီး စောင့်ဖတ်တဲ့အတွက် 😛

  • Mr. MarGa

    October 28, 2013 at 4:01 pm

    သားမောင်…တဲ့
    အဲဒီနာမည်ကို စိတ်ဝင်စားတယ်
    သိချင်ရင် ပြခန်းမှာ သွားဖတ် :mrgreenn:

    • သူကလေး

      October 28, 2013 at 6:05 pm

      အမ် ဘာာာာာမှလဲမဆိုင်ပု

  • kyeemite

    October 28, 2013 at 4:16 pm

    ကောင်းလိုက်တဲ့အယူအဆ… :mrgreenn:
    “သူ့နဖူးနဲ့ ကျွန်မနဖူးတို့ ထိပ်တိုက်တွေ့ပြန်သည်။ ဒါကို နဖူးစာလို့ ကျွန်မကလည်း ယူဆပစ်လိုက်တော့တာတယ်။”
    ဆက်ဖတ်ဖို့စောင့်နေတယ်နော…

  • သူကလေး

    October 28, 2013 at 6:09 pm

    ကောင်းရမယ်လေ
    ဘယ်သူပြောတာမှတ်လို့ သူကလေးပြောတာပဲဟာာာာ

Leave a Reply