မနှင်းဖြူ၏ ပုလဲတစ်လုံး ရေမြုပ်သွားခြင်း

ပရိတ်သတ်ကြီးကို အသိပေးကြေငြာအပ်ပါတယ် ရှန်

မနှင်းဖြူတစ်ယောက် ပုလဲတစ်လုံး ကောက်ရပြီးနောက် …

ဇာတ်လမ်း မဆက်နိုင်ဖြစ်နေရတာ..ပြောရမယ်ဆို အားနာပါတယ်

မနှင်းဖြူလေး ပြည်တော်ပြန်ဖို့အရေး .. အရှုပ်ထုတ် ..အဲလေ..ပစ္စည်းထုပ်များ ပြင်ရဆင်ရ

နောက် … ရှင်းရလင်းရ … ဒီကြားထဲ ထရန်စဖော်မာ စက်ရုပ်တွေကိုက်လိုက်တာ..တစ်နေကုန် .

တီဗီရှေ့က မထနိုင်ဖြစ်နေပြီး ဇာတ်လမ်းမဆက်နိုင်ဖြစ်နေတာပါ..

နောက်..ရုံးက ကွန်ပျူတာများက အင်တာနက်သုံးမရတဲ့အခြေအနေ ၂ပါတ်နီးပါးကြာသွားသဖြင့် ..

ပုလဲတစ်လုံးမှာ ဆန့်ငင်ဆန့်ငင်နဲ့ မြန်မာဇာတ်ကားထဲမှ ဇာတ်ကောင် အသက်ထွက်သလို

တော်တော်နဲ့ မဆက်နိုင်ဖြစ်နေပါတယ်…

ဇာတ်လမ်းအဆက်ကို အားပေးနေသူများ ကို အား ..အားကြီးနာမိပါတယ်..

ဒါပေမယ့် စိတ်မပျက်ပါနဲ့…… မနှင်းဖြူလေး..ဇာတ်လမ်းကိုရေးသားထားသည် မှာ ခုဆိုရင် တစ်ပိုင်း

စာမကရောက်နေပါပြီ။ ဒါပေမယ့်..ဇာတ်လမ်းအပြီးထိပဲ တင်မယ်လို့ စဉ်းစားနေပါသဖြင့် ရေးပြီး

သမျှကို မတင်ဖြစ်သေးတာပါ .. ပြည်တော်မပြန်ခင်မှာ အပြီးတင်ပါမယ်လို့ အသိပေးပါတယ်ဗျို့ ..

:mrgreen:

 

 

9 comments

  • sorrow weaver

    October 28, 2013 at 2:55 pm

    အညို ..ခီညားပြောတော့ ပြီးပြီဆို…အဟိဟိ …အလွတ်ဝင်ဆေးထိုးတာ ….

  • Mr. MarGa

    October 28, 2013 at 3:05 pm

    ဪ…
    သတိတော့ ရသေးသားး
    အဲဒီဇာတ်လမ်း ဆက်မှ ဆက်ပါ့မလားလို့ တွေးနေတာ
    ကြည့်ရတာ နေ့မီး ညမီးနဲ့ ချတော့မယ်ထင့်
    မီသလောက် ဖတ်ပေးပါမယ်နော့

  • TNA

    October 28, 2013 at 4:42 pm

    အားရပါးရဖတ်ရပီမှတ်တာ။ မကြာမှီလာမည်မျှော်ဆိုပီး ဆန့်ငင်ဆန့်ငင်လုပ်တွားဒါဂိုး။ လူဇိုး

  • ရွှေမိုးတိမ်

    October 28, 2013 at 4:52 pm

    မနှင်းဖြူလေးရေ …. ပုလဲတစ်လုံးကောက်ရတဲ့ ပို့စ်လေးကိုလည်း ပြန်ရှာဖတ်ပါဦးမည် ။ အသစ်တင်မှာကိုလည်း စောင့်နေပါမည် 🙂

  • KZ

    October 28, 2013 at 5:17 pm

    ပုလဲလုံး က ဘယ်နားမြုတ်သွားတုန်းးးးးး
    လှေနံဒါးထစ်ပြီး မှတ်ထားလိုက်မယ်။
    လာလေ့ရော။
    ပြီးမှ လာဆယ်တော့မယ်။
    😀

    မြန်မြန်ရေးပေးနော်…

  • Ma Ma

    October 29, 2013 at 10:38 am

    ပုလဲလုံး ရေမြုပ်တယ်ဆိုတော့………
    ကျောက်ခဲရေပေါ်ဆိုတဲ့ စကားတောင်ရှိသေးတာပဲ……
    ပုလဲလုံးရေပေါ်ဖို့ မျှော်လို့ရသေးတယ်။ 😀

  • kyeemite

    October 29, 2013 at 11:07 am

    စောင့်ဖတ်နေတယ်ဗျို့…ညန်ညန်လေးလုပ်ပါ 😀

  • ဗုံဗုံ

    October 29, 2013 at 11:24 am

    ညန်ညန်နော်..မုန့်လည်းဝယ်ခဲ့အုံးနော်.. :hee:

  • alinsett

    October 29, 2013 at 2:18 pm

    မျှော်နေပါမည်… မနှင်းဆီ…
    အဲ..မနှင်းဖြူ…

Leave a Reply