ဟက်ပီးဝမ်း မော်ရင်ဟို က ဖာနန်ဒိုတောရက်စ် ကို ဒီလို ညှစ်ထုတ် တယ်….

Mahar MyanmarOctober 28, 201311min1545

 

 

ဟက်ပီးဝမ်း မော်ရင်ဟို က ဖာနန်ဒိုတောရက်စ် ကို ဒီလို   ညှစ်ထုတ်  တယ်….

( ဆီလျော်အောင်  ဘာသာ ပြန်ဆိုထားခြင်းသာ  ဖြစ်ပါသည် )

 

ပရီးမီးယားလိဂ် ရဲ့  အိုင်ကွန် နည်းပြကြီး   ဆာအဲလက်စ် ဖာဂူဆန် ရဲ့  ယခု  ဟော့  နေတဲ့  စာအုပ်သစ်  မှာ   “  ရှေ့တန်း တိုက်စစ်မှူး  တောရက်စ် ဟာ  အလွန်တရာ ဉာဏ်နီ ဉာဏ်နက်  များလှသော  မကောင်းဆိုးဝါး ဝင်ပူးနေသော  တိုက်စစ်မှူး တစ်ဦး  ပါလို့  ”  ချီးမွန်းခန်း  ဖွင့်ထားပါတယ် ။  ဒါ ကို   မော်ရင်ညို ကလည်း သဘောတူ ပြီး  ထောက်ခံ ပါတယ်  ။  ( ဒါကလည်း  အရင် အသင်းဟောင်းတွေတုန်း က  ခြေစွမ်း  ကို  ဆရာကြီး  တွေ က  ဆိုလိုတာ  ထင်ပါရဲ့  နော်  )  ။

ဟက်ပီးဝမ်း မော်ရင်ညို  ဆိုတာကလည်း   ဖာဂူဆန် ကြီး  လို  ပဲ  သူ ပိုင်ဆိုင်တဲ့  ကစား  သမား  တွေ  ရဲ့  ခြေစွမ်း ခြေစ  တွေ ကို  ဘယ်လို   ဖေါ်ကျူး ရမယ်  ဆိုတဲ့  အသိ အမြင်  မှော်အောင်  ထားတာ  ပဲ  မဟုတ်  လား..။

ပြီးခဲ့တဲ့  လ   တော့တင်ဟမ် ဟော့စပါး နဲ့ အဝေးကွင်း  ပွဲစဉ်  မှာ  တောရက်စ် ဟာ  စပါး နောက်ခံလူ  ဂျန် ဗန်တိုဂျင်  အပေါ်  ပြစ်ဒဏ် ကျူးလွန် မိခဲ့ပါ  တယ်…။    အဲဒီ  အချိန်  ကွင်းစည်းဘေး က  နည်းပြ မော်ရင် က  တောရက်စ်  ကို  ခေါ် ပြီး  နား  ကို  တိုး တိုး  လေး  ကပ်ပြော တာ  မြင်  လိုက် ကြမှာ  ပါ  ။

Word in your ear Jose Mourinho speaks to Torres after his sending off for a foul on Tottenham's Jan Vertonghen

Word in your ear: Jose Mourinho speaks to Torres after his sending off for a foul on Tottenham’s Jan Vertonghen

 

ဒီလို  ပြောဆိုခံ ရပြီး  နောက်  တိုက်စစ်မှူး  ရဲ့  နှုတ်ခန်း  မှာ  အပြုံး  တစ်ခု  ကို  လည်း  ခဏတာ   မြင်  တွေ့  လိုက်ရပါ  တယ်။

article-2473973-185E521A00000578-400_634x451

Do you think Happy One squeeze the actual Torres from him by this way ?    Har  .. Ha

 

ပွဲစဉ်  အပြီး  မှာ  တော့  မော်ရင်ညို က  တောရက်စ်ကို  ဘာပြောခဲ့ သလဲ ဆိုတာ  ဒီလို  ပြန်ရှင်း ပြပါတယ်    “လေထဲမှာ  အခွင့်အရေးဆတူ  ဘောလုံးယှဉ် လု  ပြီးချိန် မှာ ဗန်တိုဂျင်  တစ်ဦးတည်း သာ  ဟန်ဆောင် လှဲချသူ  ဖြစ်ကြောင်း  တောရက်စ်  ကို အသိပေး လိုက်တာ သာ  ဖြစ်ပါ  တယ်   တဲ့  ။   ”

ဒါဟာ ရိုးရှင်းလှတဲ့   နည်းပြ  တစ်ယောက်  ရဲ့  ကစားကွက်  ကလေး ပါဘဲ ။  အဲဒီ  စကား  လေး တစ်ခွန်း ဟာ ဒီဖြစ်စဉ်  မှာ  တော့  တောရက်စ် ဟာ  မတရား ခံရသူ  တစ်ယောက်ဖြစ်ပြီး   သူရဲ့  နည်းပြ  က  ပါ  သူ့ဘက်မှာ  ရှိနေကြောင်းကို    အခိုင် အမာ  ယုံကြည်သွားစေပါတယ်..။ (  ဒီတော့  ဆရာ က  မြှောက်ပေး  အဲလေ ဆရာ က  ထောက်ပံ့  ပေးလိုက်တော့  .  အဲဒီ  ပွဲမှာ  နှစ်ဝါ တစ်နီ  နဲ့  အထုတ်ခံ  ရသော်ငြား  တောရက်စ်  တစ်ယောက်  အရင် ခြေစွမ်း  တွေ  ထုတ်ပြီး  စပါး နောက်တန်း  ကို  အလုပ်ရှုပ်စေ  ခဲ့ တာ  တော့ သေချာ  ခဲ့ ပါတယ် ။  )

article-2473973-18E17CB700000578-342_634x374Back on track Fernando Torres has returned to form with some impressive goal scoring displays

နောက် ရက်အနည်းငယ်အကြာ  မှာတော့..  မော်ရင်ညို ဟာ    တိုက်စစ်မှုး တောရက်စ်  ရဲ့  စပါး နဲ့  ပွဲ က စိတ် ဒါဏ်ရာ ကို   ပြေပျောက်  စေပြီး   စတူအာဘူခါရက်စ် နဲ့  ပွဲမှာ  ယုံယုံ ကြည်ကြည် ထုတ်သုံး ပြပြီး  သက်သေပြ လိုက်ပါတယ် ။  ( ဒါပေမယ့် အဲဒီပွဲ  ပထမပိုင်း  အစပိုင်းလောက် ( ၁၁) မိနစ် မှာ ပဲ  တောရက်စ် ဒါဏ်ရာ  ရလို့  အီတိုး  နဲ့  လူစားလဲ  လိုက်ရပါတယ်  )

မော်ရင်ညို စတမ်းဖို့ဒ်ဘရစ်ချ် ဆီ ရောက်ပြီ အလုံးစုံ  တာဝန် မယူသေးခင် ချယ်လ်ဆီး အဝတ်လဲ ခန်းမှာ တောရက်စ် ကို    “   မင်းသာ  ငါ့အတွက် ကောင်းကောင်း  ကစားပေး ပါ    ၊ ငါ လည်း  မင်းအတွက်  ဖြစ်စေရမယ်  ”  ဆိုပြီး  ပြောဆိုခဲ့ဘူး  ပါတယ် ။

ဂျွန်တယ်ရီ က  ပြီးခဲ့တဲ့  အပါတ်တွင်း      က   သူ  ဟာ  ဟက်ပီးဝမ်း အတွက် သူ့ရဲ့လက်ကျန်  သက်တမ်း  ကို ဆက်ကစား  ပေး နေဦး မှာ  ပါတဲ့..။ ဖရန့်လမ်းပတ် ကလည်း ဒီသဘော  ပြောပြပါတယ် ။  အက်ရှလေကိုးလ်  ကလည်း  လွန်ခဲ့တဲ့  (၇) နှစ်ကျော် ကတည်း  က စပါယ်ရှယ်ဝမ်း  နဲ့  လက်အောက် မှာ  ကစားချင်  လို့  အာဆင်နယ် ကနေ  ပြောင်းရွှေ့လာခဲ့တာ  ဖြစ်ကြောင်း  ပြောပါတယ်  ။

article-0-18E9D3E400000578-310_634x428

At the double: Fernando Torres scored a brace against Schalke to put Chelsea top of their group
ကစားသမား  အများစု  ဟာ  မော်ရင်ညို လက်အောက်  မှာ  သူတို့  ရဲ့ ပုံစံကောင်း  ခြေစွမ်း  ကောင်း တွေ  နဲ့  ပျော်ရွှင်  ကြရမယ်  လို့    ယုံကြည်  ထား  ကြတာ  ပါ ။   အဲဒီလို  ခြေစွမ်းကောင်း ပြသ  နိုင်ရင်  အရံခုံ ဆိုတာ

သူတို့ နဲ့  မသက်ဆိုင်ဘူး ဆိုတာ  ကို  အားလုံး က  သဘောပေါက်ထားကြပါတယ် ။ ( နာမည် ကြီးတာ  စီနီယာ ကျတာ  ကို  ဟက်ပီးဝမ်း  က  ဂရုစိုက်တတ်သူ  မဟုတ်  ကြောင်း  ကောင်းကောင်း  သဘောပေါက်  ထား  ကြပုံ ပါ )  ။   ကဲ.  တောရက်စ်  ကကော  မော်ရင်ညို ရဲ့ လုပ်ဆောင်မှု တွေ ကို  ဘယ်လို  များ  တုန့်ပြန်  ခဲ့ ပါသလဲ  ။

တောရက်စ်က   ဒီလို တဲ့  ..ဒီလို  “   မော်ရင် ဟိုက  ချယ်လ်ဆီး ကို ပြန်လာဖို့  သေချာသလောက်ရှိနေချိန်မှာ   ကျွန်တော့်  ခြေစွမ်း ကို  နှစ်သက်ကြောင်း  ပြောဘူး ပါတယ်  ၊ အဲဒီလိုပဲ  အားလုံး ရဲ့ခြေစွမ်း ကိုလည်း   သူ နှစ်သက်ပါ  သတဲ့  ”   “  သူ ဟာ  အလုပ်ကို  ကြိုးစား ပြီး  အလုပ်နဲ့  သက်သေ ပြတတ်သူ  ကို  ကြိုက်နှစ်သက် မှန်း  ကျွန်တော်  ကောင်းကောင်း သိပါ  တယ်  ”

 

 

ရှော့ကယ်လ်  နဲ့  နှစ်ဂိုး  သွင်း  ခြေစွမ်း ပြသ ပြီး  နောက်မှာ  တော့  တိုက်စစ်မှူး တောရက်စ် က  “   ပင်ပန်း ပါစေ  အလုပ် ကို  ကြိုးစား  နေတာ  ဟာ  အရာအားလုံး ..  အောင်မြင်မှု အားလုံး ကို  ပိုင်ဆိုင်ရမှာ  ပါ ။   ဒါပေမယ့်  တစ်ခါတစ်လေ  အချိန် များစွာ  ကြာတတ် ပေမယ့်  နောက်ဆုံးတော့  အောင်မြင်မှု ကို  သင်   ဆုပ်ကိုင်နိုင်မှာ  ပါ ။ ကျွန်တော်  အရမ်းကို  ပျော်ရွှင်နေပြီး  နောက်ပွဲတွေ  မှာ  လည်း  ဂိုးတွေ  ဆက်တိုက်သွင်းမယ်ဆိိုတာ ကို  ယုံကြည်ထား  ပါတယ် “    တဲ့  ။

ဒီလို တောရက်စ် အစစ်  ပြန်ရဖို့ ဆိုတာ  သိပ်ကို  ကြာလွန်းခဲ့ပါတယ် ။ ပြီးခဲ့တဲ့  ဒီဇင်ဘာ ..  သူ့ရဲ့  လီဗာပူးလ်  ဆရာ ဘင်နီတက်  ရောက်ပြီး ချိန် မှာ  တော့    (၆) ပွဲမှာ  (၇) ဂိုး သွင်း တဲ့အထိ  ခြေစွမ်း ပြခဲ့ပါသေးတယ် ။ အဲဒီ မတိုင်ခင်  တော့  ယုံကြည်စိတ် ကင်းမဲ့တဲ့  အချိန်  ဆိုတာတွေ  လည်း  ရှိခဲ့ ဘူး  ပါတယ်  ။

အခုပါတ်  ပွဲစဉ် (၉)  တနင်္ဂနွေ ည  မှာ  မန်ချက်စတာစီးတီး  နဲ့  တွေ့ဆုံဖို့  အတွက်  ရှေ့ပြေး စမ်းသပ်ချက်တွေ  ကတော့  တိုက်စစ်မှူး  အတွက်  ကောင်းမွန်တဲ့အခြေအနေတစ်ခု  ဖြစ်ပေါ်နေပါပြီ ။  ဒါပေမယ့် တစ်ချို့ကစားသမား တွေအတွက်တော့  မော်ရင်ညို ရဲ့ နည်းစနစ် နဲ့  အံဝင်အောင်သူတို့ ရဲ့ အကောင်းဆုံးပုံစံတွေ ရရှိအောင်  အတင်းသွပ်သွင်း မောင်းနှင်ခံ ရနိုင်  ပါတယ်  ။

မော်ရင်ဟို ကိုင်တွယ် ပြီး သမိုင်းဝင် အောင်မြင် မှု ရခဲ့တဲ့  အင်တာမီလန်တုန်း က ဒီရေဂို မီလီတို ဆိုတာ ဂျီနိုအာ နဲ့ ရီးရဲလ်ဇာရာဂိုဇာ တို့ ကနေ   သူ့ လက်အောက်  ရောက်လာချိန် မှာ  အသက် (၃၀) အရွယ်  ပါ ။  အဲဒီ အချိန် အင်တာ မီလန်က  မော်ရင်ဟိုရဲ့  လက်အောက်မှာ မီလီတိုဟာ ကမ္ဘာ့ ကြောက်စရာအကောင်းဆုံး  တိုက်စစ်မှူး  တွေ  ထဲ  က တစ်ဦးအပါအဝင်  ဖြစ်ခဲ့  ပါတယ် ။

article-2473973-09B58B33000005DC-322_634x413

Change: Mourinho concerted Diego Milito (above) from an average to exceptional striker to win the Champions League
အဲဒီ အင်တာမီလန် ရဲ့ ဖလားသုံးလုံး ရာဇဝင် မှာ မီလီတို ဟာ ရိုးမား  နဲ့  အီတလီ ဖလားဗိုလ်လု ပွဲမှာ  ဂိုးသွင်းပြီး ဆုဖလား ရယူနိုင်ခဲ့ သလို  ၊  ဆီယင်နာ နဲ့  ပွဲ  မှာလည်း  ဂိုးသွင်း ပြီး  စီးရီးအေ အမှတ်ပေးဖလား  ကို  သေချာစေခဲ့  ပါတယ် ။  အဲဒီနောက်  ရာသီပိတ်  ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဘိုင်ယန်  ကို  ဂိုးသွင်း အလဲထိုး  ခဲ့တာ  ကလည်း  ဒီ  အသက် (၃၀) အရွယ် မီလီတို  ပဲ  လေ ။  ဒါကြောင့်  လည်း မီလီတို က  သူ့ဘဝ  မှာ မော်ရင်ညို ကို  ထာဝရ ကျေးဇူးတင် နေတော့  မှာ  ပါ  တဲ့  ။

 

ကစား သမား  တွေရဲ့ မိမိ ကိုယ်ကို  ယုံကြည်မှု  ဆို တာ ဂိုးသွင်းဖို့  ဝေဖန်ဆွေးနွေး အကြံပြုချက် တွေ  ကနေ ဘယ်တော့ မှ  သွေဖယ် မသွားဘူး ဆိုတာ  အခု လို..  တောရက်စ်  က  တောရက်စ်  ကို  ပြန်မြင်လာရတာ  က  သိနိုင်  ပါတယ် ။ တောရက်စ်  ရဲ့   စိတ်ဓါတ် ကြံ့ခိုင်မှု  ၊ တာဝန် သိတတ်မှု ၊ လိုက်ပါဆောင်ရွက်တတ်မှုတွေ က ဒီလို အမှောင်ဖုံး ည တွေ ကို ကျော်ဖြတ်  အခြေအနေကောင်း  တွေ   ဖန်တီးလာ  နိုင်ခဲ့တာပါ ။ အခုဆို  သူဟာ အရင်ကထက်  ပိုထက်မြက်လာသလို ဂိုးသွင်း ဖို့ ကို လည်း ပို  ပြီး  သေချာ  လာပါ  တယ် ။

 

စပါးနဲ့  ပွဲ ( အနီကဒ် မတိုင်ခင် )  နဲ့  ရှော်ကယ်လ်  နဲ့  ပွဲ  တို့  မှာ   တောရက်စ် ရဲ့  အံ့အားသင့်ဖွယ်ရာ ခြေစွမ်း နဲ့  ယုံကြည်မှု တွေ ကို  ပြန်လည် မြင်တွေ့ ရတာဟာ  နောက်ပွဲစဉ် တွေ ယှဉ်ပြိုင်  ဂိုးသွင်း ဖို့  ၊ အခွင့်အရေး  တွေ ဖန်တီး ဖို့   အတွက်  သူ့ကို  ပိုမို  နှစ်သက်ကြည်နူး  ရဲဝံ့ စေခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လ  က  ပေါင် သန်း ၅ဝ တန်  တိုက်စစ်မှူး  ရဲ့  တန်ကြေး က  ထိုက်တန် ရဲ့လား  ဆိုတဲ့ တောင်းဆိုမှု  မေးခွန်း တွေ  အပေါ်မှာတော့  မော်ရင်ညို တစ်ယောက်  အတန်အသင့်  နှုတ်ဆိတ် နေခဲ့ပေမယ့် တောရက်စ် ရဲ့ ခြေစွမ်း  ကို  တော့   အသုံးချ  ရနိုင်  ကြောင်း  သူ အသိအမှတ်  ပြုခဲ့  ပါတယ် ။

article-2473973-18EA0FD100000578-992_634x481

 

တောရက်စ်ကတော့  ယခု  သူဟာ ကြပ်သတ် ရှုတ်ထွေးနေတဲ့  နောက်တန်းတွေကြား  ပြိုင်ဘက်တွေ  ကြားမှာ သူ့ရဲ့ အကောင်းဆုံး  တွေ   ဟာ ရောက်မလာ  သေးပါဘူး  တဲ့  ။   ဒါပေမယ့်  သူ  ဟာ    ပြိုင်ဘက်  နောက်တန်းရဲ့ နောက်  ကွက်လပ်တွေ ကြား  က  ဂိုးသွင်း ယူမယ့်  အန္တရာယ် တိုက်စစ်မှူး တစ်ဦး ဖြစ် နေပါပြီ  တဲ့။

 

တောရက်စ် ဟာ ချယ်လ်ဆီး ကို  ၂၀၁၁ နွေရာသီ အပြောင်းကာလ မှာ  ချယ်လ်ဆီး နဲ့   စတင်ခဲ့တာပါ ။  ပရီးမီးယားပွဲတွေ မှာ  ဂိုးပေါက်ပျောက်တတ် ပေမယ့် ဥရောပ ပွဲတွေ မှာ  တော့ ၂၀၁၂-၁၃  ရာသီ  (၉) ဂိုးသွင်းခဲ့ပါတယ် ။  အခု ၂၀၁၃ အတွက်  ဂိုးတွေ ကကော  ဘယ်လိုကြောင့် ဆင်ခြင်သုံးသပ် မလဲ ။

 

Date Club Comp
2013/2014 Chelsea PRL 349 7 3 4 1 4 1 2 1 0
2012/2013 Chelsea PRL 2569 36 28 8 6 10 8 5 1 0
2011/2012 Chelsea PRL 1902 32 20 12 5 15 6 4 0 1
2010/2011 Chelsea PRL 762 14 8 6 4 6 1 1 0 0
2010/2011 Liverpool PRL 1895 23 22 1 5 1 9 6 0 0
2009/2010 Liverpool PRL 1713 22 20 2 10 1 18 5 0 0
2008/2009 Liverpool PRL 1734 24 20 4 9 5 14 1 0 0
2007/2008 Liverpool PRL 2541 33 29 4 13 5 24 5 0 0
2006/2007 Atlético Madrid PRD 3084 36 36 0 7 0 14 5 1 0
2005/2006 Atlético Madrid PRD 3193 36 36 0 6 0 13 9 0 0
2004/2005 Atlético Madrid PRD 90 1 1 0 0 0 1 0 0 0
Total 19832 264 223 41 66 47 109 43 3 1

 

 

 

“ အခု  နောက်ဆုံး  တစ်ချို့ ပွဲစဉ်တွေ အပေါ် မှာ အခြေခံ  ကြည့်ရရင်  အသင်း တွေ  ဟာ ခံစစ်တွေ  အလွန်ကောင်းမွန် ပါတယ် ။  ဒါကြောင့်  နေရာလွတ် တွေ  ရှာဖွေ ရရှိ ဖို့  တန်ပြန် တိုက်စစ်  ကို  အားပြု ကစားရတာမျိုးလည်း  ရှိကြောင်း ”   တောရက်စ် က  ဖွင့်ဟခဲ့ပါတယ် ။

မော်ရင်ညို ကတော့ အမြန် ပေး တိုက်ရိုက် စနစ် ကို  အမြဲ နှစ်သက်တတ် ပေမယ့် ခံစစ်  ကို  လည်း လုံခြုံအောင် ကွက်ပြည့် တည်ဆောက်ရင်း   ပွဲစဉ် တွေ အပေါ် သုံးသပ် ချဉ်းကပ် တတ်သူ တစ်ဦး၊  အလုပ် ကို  စူးစူးစိုက်စိုက် လုပ်ဆောင် တတ်သူ  တစ်ဦး  ဖြစ်  နေလျက်ပါ  ဘဲ ။

ဒီလို မော်ရင်ညို ရဲ့  နည်းဗျူဟာ ပုံစံ  တွေ က တောရက်စ် ပဟေဠိ အတွက်  အဖြေ  ဖြစ် နေပြီ လား ။

ဒါမှ မဟုတ်  ဒါဟာ  သိပ်ကို  ရိုးရှင်း  ပါသလား ။    ဒီလိုဆို  မော်ရင်ညို  တစ်ယောက်   ကမ္ဘာ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးတွေ  ထဲ က  တစ်ယောက်ဖြစ်လာမယ့်  မကောင်းဆိုးဝါး တစ်ကောင် ကို  လှုပ်နှိုး  နိုင်ပြီ….  လား  ။

မော်ရင်ညို သာ  တောရက်စ် ကို  ပြန် ခေါ်လာနိုင်ပြီ  ဆိုရင်  တော့.  ရိုမန်အေဗရာမိုဗစ်ချ်  အတွက်  ငွေကြေး အတော်များများ  ဆုံးရှုံးမှု  ကို  ကာကွယ်ထိန်းသိမ်းပြီး သား  ဖြစ်သွား  နိုင်ပါတယ်  ။

c21c41

 

 

 

 

 

 

(  အခု  မန်စီးတီး  နဲ့  ပွဲ  က ပြီးသွားပါ   ပြီ      ၂  း  ၁  ဆိုတဲ့  အဖြေ  တစ်ခု  မော်ရင်ညို  ထုဆစ်  နိုင်ခဲ့ပြီ  ။  ဘယ်သူ  က  အဓိက  ဇာတ်  ကောင်  လဲ  ?   Man of the Match   ဆုရ  တိုက်စစ်မှူး  တောရက်စ်  ပဲ  ဖြစ်ပါတယ်  ။  အကောင်းဆုံး  အခွင့်အရေး တစ်ခု  လွဲချော်  ခဲ့လို့  သံသယ  ဝင်သွားတဲ့  ပရိတ်  သတ်  တွေ  အတွက်  တောရက်စ်  ဟာ  တောရက်စ်  ပါဘဲ  ။   သိပ်မကြာမီ  မှာ  ပဲ  တစ်ဂိုး ဖန်တီး  ပြပြီး  အကြွေးပြန် ဆပ်  သွား  လိုက်တယ်  ။  ပြီး တော့  မှော် ဝင်လာတဲ့  ခြေ  နဲ့  မန်စီးတီး  နောက်တန်း ကို  အလုပ် ရှုပ်စေခဲ့  တာ  တောရက်စ်  ပဲ  လေ ။ ပွဲပြီး ခါနီး  မှာ  တော့  ..သူ့  အပြော  တိုင်း  ပြောရရင်  နောက်တန်းတွေ  ရဲ့ နေရာ လွတ်တွေကြား  မှာ  တော့  သူ  ဟာ အန္တရာယ် ရှိ ဆဲ  ပဲ ဆိုတာ  ကို  လှလှပပ  သက်သေ  ပြသွား  ခဲ့  ပါတယ် ။ ကဲ..   မကောင်းဆိုးဝါး  တစ်ကောင်  ကို တော့ဖြင့်  မော်ရင် ညိုလှုပ်  နှိုး  လိုက်ပါပြီ  ..။   )

 

မဟာမြန်မာ

 

You fight for me and I’ll fight for you! How Mourinho has got Torres firing again

By Matt Lawton

PUBLISHED: 21:31 GMT, 23 October 2013 | UPDATED: 21:31 GMT, 23 October 2013

(http://www.dailymail.co.uk/sport/football/article-2473973/How-Chelsea-boss-Jose-Mourinho-got-Fernando-Torres-firing-again.html?ITO=1490&ns_mchannel=rss&ns_campaign=1490 )

 

5 comments

  • KZ

    October 28, 2013 at 5:11 pm

    ဘောလုံးကိုတော့ နားလည်ဘာဘူးးးး
    မဟာ ပို့(စ) မို့ ဝင်မန့်သွားတာ။

    😀

    • Mahar Myanmar

      October 29, 2013 at 9:05 am

      ကျေးဇူးပါ ဂျီးတော်..
      လက်ဝဲသုန္ဒရ အဖေါ် ကောင်း လို့
      မဲဇာ လိုက် သွား ပြီး ..တောလည် နေပါ တယ်…
      အခု ပို့စ် တောင် အပြေး ကလေး လာ တင်ရပါတယ်..
      အင်တာနက် မဲဇာ ကို ရောက်လာရင် တော့ ..
      မောင် ဆီ ကို အမြဲ လာဖြစ်မျာ ပါ

  • MAUNG

    October 29, 2013 at 8:31 am

    တစ်ကယ် ကို ပြည့်ပြည့် စုံစုံ သုံးသပ် ပြသွား တာကျေးဇူး ပါဗျာ။
    ပွဲ ကို ရီပလေး ဘဲပြန်ကြည့်ရတယ် ။ နို့ပေမဲ့ ဒီပွဲ မှာ တောကြက် အကွက်တွေ ကိုခိုက် လွန်းလို့ ကောင်းတဲ့နေရာ လေးတွေ ကို သုံး လေးခေါက်ပြန် ရစ်ကြည့်မိ တယ်။ စပယ်ရှယ် ဝမ်း ဟက်ပီး တာလဲ မပြောနဲ့ လေ၊ လန်ထွက် နေတယ် ။

  • Mahar Myanmar

    October 29, 2013 at 9:16 am

    ချယ်လ်ဆီးပွဲ ဆို မလွတ်တမ်း ကြည့်ဖြစ်တယ် ဗျ…
    အခု ထိ တော့ ကစား ကွက် က အသင်းငယ်တွေ လောက်တောင် မလှပသေးဘူး..
    ဥရောပ မှာ ဆိုရင်တော့ ဘိုးတော် နှစ်ကောင် ဘာကာ ဘိုင်ယန် ကို မယှဉ် နိုင်လောက်ဘူး..
    မော်ကြီးရဲ့အောက်မှာတဖြည်းဖြည်း နဲ့ အသင်း က မှန်လာတာ တော့ သေချာပါတယ်..
    တောကြက် က စပါး နဲ့ က စလို့ အတော် သိသာ လာ တာ ပါ.. ရှော့ကဲလ် ပွဲမှာ တော့
    အပျံစား ပါပဲ…တကယ့် တိုက်စစ်မှူး ..

  • မဟာရာဇာ အံစာတုံး

    October 29, 2013 at 4:34 pm

    မော်ရင်ဟို လက်အောက်မှာ
    တောရက် တစ်ကျော့ပြန်လာမယ် ထင်တယ် …
    ဘာလို့ဒုန်းဆိုဒေါ့ဂါ ..
    နောက်ပိုင်း တောရက် ခြေစွမ်းတွေ အတော်ကောင်းလာဒယ် …
    အယင်ဂဒေါ့ ဂိုးသမား မရှိဒဲ့ဂိုးတောင် ချော်အောင် ကန်မိအောင် ယုံကြည်မှု ကင်းမဲ့ဂဲ့ဒယ် …
    ဘာဖစ်ဖစ် အားပေးနေဘာဒယ် …

Leave a Reply