၂၀၁၃ ခုနှစ် တပ်တွင်း ဒုရဲအုပ်လောင်းဝင်ခွင့်ရေးဖြေစာမေးပွဲ မကွေးမြို့တွင်ကျင်းပ

Hlaing Zar ChiOctober 28, 20131min550

         မကွေးမြို့၊မဲထီးလမ်းရှိ အလက(၂) မြို့မကျောင်းတွင် အောက်တိုဘာ(၂၆)ရက်နေ့နံနက်(၉)နာရီမှနေ့လည်(၁၁)နာရီ ချိန်ထိ ၂၀၁၃ခုနှစ်၊တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့် ရေးဖြေ စာမေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းအဆိုပါစာမေးပွဲအား မကွေးတိုင်း ဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူး ဦးဝင်းကြည်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှအနီးကပ်ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး အဆိုပါ တပ်တွင်းဒုရဲအုပ်လောင်း ဝင်ခွင့်ရေးဖြေ စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အမျိုးသား(၁၇၆)ဦးတို့သည် မြန်မာစာ၊အင်္ဂလိပ်စာ၊အထွေထွေဗဟုသုတဘာသာရပ်တို့အားဖြေဆိုခဲ့ကြကြောင်းသက်ဆိုင်ရာမှသိရသည်။