ဂန့်ဂေါမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲ၊လက်ဝယ်ထားဖြန့်ဖြူးရောင်းချသူအားဖမ်းဆီး

Hlaing Zar ChiOctober 28, 20131min470

   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မြောက်ခရမ်းရွာနေ ဦးကြည်ထွန်း၏နေအိမ်အား အောက်တိုဘာ(၂၆)ရက်နေ့ည(၇)နာရီ (၁၅)မိနစ်ချိန်ကသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဝရမ်းအမှတ်(၂/၂၀၁၃)ဖြင့် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေစခန်းမှ ဒုရဲအုပ် အောင်ကျော်စိုးနှင့်အဖွဲ့ဝင်ရောက်ရှာဖွေခဲ့ရာ ဦးကြည်ထွန်းဝတ်ဆင်ထားသည့် အကျင်္ ီအိပ်ကပ်အတွင်းမှ (၁)လက်မခွဲခန့်ရှည် သောအအေးပိုက်အနီရောင်းဖြင့်ထည့်လျှက် ဘိန်းဖြူဟုယူဆရသောအဖြူရောင်အမှုန့်(ဝ.၁၃၆ဝ၉)ဂရမ်နှင့်ဘိန်းဖြူအမှုန့်များ ထည့်ရန်ပြင်ဆင်ထားသေား (၁)လက်မခန့်ရှိ အအေးပိုက်အနီရောင်(၅)ချောင်း၊နေအိမ်အိပ်ခန်းခေါင်းရင်း တွင်ထားသော သေတ္တာ အတွင်းမှ တစ်နေ့တာရောင်းရငွေကျပ်(၂၉၁၈၀)တို့အားသိမ်းဆည်းရမိခဲ့သဖြင့်အဆိုပါမူးယစ်ဆေးဝါးသုံးစွဲလက်ဝယ် ထားရှိဖြန့်ဖြူရောင်းချသူ ကြည်ထွန်အား ဂန့်ဂေါမြို့နယ်၊ကန်နယ်မြေရဲစခန်းမှ မူး/စိတ်(ပ)၂/၂၀၁၃၊ မူးယစ်၁၅/၁၆(ဂ) ဖြင့်အရေး ယူထားကြောင်းသိရှိရသည်။