မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမြေတွင်မီးလောင်မှုဖြစ်ပွား

Thiha Phone MoOctober 28, 20131min770

        မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အုတ်ပုံကျေးရွာရှိ  ဒဟတ်ပင်ရေနံမြေ(MOGE)ဘောလုံးကွင်း၏အနောက်ဘက် (၁)မိုင်ခန့်အကွာရှိ ဦးထွန်းကြည်၏ယာခင်းအတွင်း တွင် အောက်တိုဘာ(၂၇)ရက်နေ ့နံနက်(၄)နာရီ(၃၀)မိနစ်ချိန်ကမီးလောင်မှု ဖြစ်ပွားခဲ့သည်။  ဖြစ်စဉ်မှာ အဆိုပါယာခင်း အတွင်းရှိ မင်းမင်း၊မင်းဘူးမြို့နေသူပိုင်ရေနံတွင်း ၌ ရေနံခပ်လုပ်သား အန်မင်းဇော်  အောင်လံမြို့နေသူသည်ရေနံခပ်နေ စဉ် ရေနံခပ်ခွက်သံကိုင်းနှင့်ရေနံတွင်းသံပိုက်တို့ပွတ်တိုက်မိခဲ့သဖြင့်မီးစတင်လောင်ကျွမ်းခဲ့ သည်ဆို၏ အဆိုပါမီးလောင်မှုကြောင့်အနီးနားရှိ ရေနံကျင်းများပါမီးကူးစက်လောင်ကျွမ်း ခဲ့ရာ ရေနံကျင်း(၈) ကျင်း၊ကလပ် ခုံ(၈)ခုံ၊  ရေနံစိမ်းပေပါ(၂၄)လုံး စုပေါင်းခန့်မှန်တန်ဘိုး (၅၂)သိန်းခန့်မီလောင်ဆုံးရှုံးခဲ့သဖြင့် ပေါ့ဆစွာရေနံခပ်သူ အန်မင်းဇော် အား မင်းလှမြို့မရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။