မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ရှိ နတ်မောက်-ပျော်ဘွယ်ကားလမ်းနှင့် နတ်မောက်-ရေနံချောင်းကားလမ်ဘေး ပေ(၂၀၀၀)ခန့်အကွာရှိ နတ်မောက်-မရိုးတောလှည်းလမ်းဘေး ကန်လည်ကွင်း အမှတ်(၅၁၁) ဦးနေအောင်၊ဈေးသာရွာနေသူ၏ ယာခင်းအတွင်းရှိ ပြည်-ဆားခါးသဘာဝဓါတ်ငွေ့ပိုက်လိုင်းမှခွဲယူထားသည့် မကွေး-နတ်မောက်-ပျော်ဘွယ် -တောင်ကြီး  ပြည်တွင်းသုံး (၁၄)လက်မသဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် အောက်တိုဘာ(၂၇)ရက်နေ့ညနေ(၄)နာရီချိန်ကပိုက်လိုင်းပေါက် ထွက်၍ဓါတ်ငွေ့များ အမြင့်(၄)ပေခန့်အထိပန်းထွက်နေသဖြင့် မီးဘေးအန္တရာယ်စိုးရိမ်ရသဖြင့် ဓါတ်ငွေ့ပိုက်လိုင်းအနီး ရှိ  ဈေးသာရွာ  နှင့် မရိုးတောရွာ မှရွာသူရွာသားများအား အဆိုပါဓါတ်ငွေ့ပိုက်လိုင်းအနီးသို့မသွားကြရန်တားမြစ်ထားကြောင်းနှင့် အဆိုပါနေရာအား မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် နတ်မောက်မြို့မရဲစခန်းမှ လုံခြုံရေးဆောင်ရွက်နေကြောင်းသိရှိရသည်။

About Thiha Phone Mo

Thiha Phone Mo has written 23 post in this Website..