မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ပဇီကျေးရွာကွက်သစ်တွင် အောက်တိုဘာလ(၂၄)ရက်နေ့ညနေ(၅)နာရီ(၃၀)မိနစ်ချိန်က ရဲဘက်ပြေးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ရဲအုပ်အောင်သွင် နှင့်အဖွဲ့သက်သေများနှင့် အတူသွားရောက် ဖမ်းဆီးခဲ့ ရာ ချစ်ဝမ်း၊အသက်(၃၇)နှစ်၊ပဇီကျေးရွာကွက်သစ် ငဖဲမြို့နယ်နေသူအားဖမ်းဆီးရမိပြီး  စစ်မေးခဲ့ရာ သည် မင်းဘူးမြို့မရဲစခန်းမှ မယ(ပ) ၁/၂၀၀၁၊မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်း လဲစေသော ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀/၂၁ ဖြင့်ထောင်(၅)နှစ်ကျခံရပြီး ကရင်ပြည်နယ်၊ မြိုင်ကလေးဝန်ဆောင်လုပ်သားအဖြစ်ရဲဘက်စခန်းသို့ပါသွားရာမှ ထွက်ပြေးလာသူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိ ရ၍ ချစ်ဝမ်း အား အရေးယူပေးပါရန် ရဲအုပ်အောင်သွင် မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း မှ (ပ)၁၁၆/၂၀၁၃၊ပုဒ်မ ၂၂၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သက်ဆိုင်ရာရဲမှတ်တမ်းအရ သိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..