စင်ကာပူနိုင်ငံ၏ကြောက်စရာအကောင်းဆုံးဆေးရုံ

chityimhtooOctober 29, 20131min1556

ကြောက်စရာအကောင်းဆုံးဆေးရုံ။ ။

(SPI)အဖွဲ့သည်စင်ကာပူနိုင်ငံရှိတစ္ဆေအခြောက်ဆုံးနေရာဟုနာမည်ဆိုးဖြင့်ကျော်ကြားသည့်…ချန်ဂီဆေးရုံဟောင်း (The old changi hospital) သို့လေ့လာရန် သွားရောက်ခဲ့ကြသည်။လမ်းခရီးတွင် ချန်ဂီကမ်းခြေကိုဖြတ်ကျော်ခဲ့ကြသည်။အဆိုပါချန်ဂီကမ်းခြေသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း…ဂျပန်တို့ကလူအစုလိုက်အပြုံလိုက် ကိုသတ်ဖြတ်ခဲ့သည့်ကမ်းခြေဖြစ်သည်။ထိုသို့အကြောင်းရင်းအခြေခံရှိသည့်ချန်ဂီကမ်းခြေသည် တစ္ဆေခြောက်သည်ဟုနာမည်ကျော်ကြားခဲ့ပါသည်။

သတင်းစကားတွေကြားခဲ့ ကြရတာကတော့ အဲ့ဒီ့တုန်းကနှိပ်စက်ခံပြီးသေသွားကြသူတွေရဲ့ ဝိညာဉ်တွေ ၊ တစ္ဆေတွေ၊သဲသောင်ကမ်းခြေမှာပြေးလွှားအော်ဟစ်နေကြတာ အများကြီးပါဘဲ။ပြီးတော့ဂါဝန်ဝတ်စုံဖြူဝတ်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို သစ်ပင်ပေါ်ထိုင်နေတာတွေ့မိကြသေးတယ်။

ထိုအကြောင်းအရာများမှာ…အဓိကဆွဲဆောင်ချက်သို့ မရောက်မှီကြိုတင်စိတ်ဝင်စားစေရန် နှိုတ်မြိန်ဆေးကျွေးသည့်သဘောသာဖြစ်ပေသည်။

အနှစ်၇ဝကာလကြာခဲ့စဉ်က သမိုင်းကြောင်းတွင်မူချန်ဂီ ဆေးရုံဟောင်းသည် ဒုတိယကမ္ဘာစစ်၏ကြောက်မက်ဖွယ်ရာ အနိဌာရုံမြင်ကွင်းများနှင့် ပြည့်နှက်နေသည့်နေရာတစ်ခုဖြစ်ခဲ့သည်။

ထိုစဉ်ကစင်ကာပူနိုင်ငံကျရှူံးပြီး ဂျပန်စစ်သားများစွာက ဖမ်းဆီးကာရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှင်းပမ်းခံခဲ့ရသည့်အကျဉ်းသားများသည် ထိုဆေးရုံပေ ါ်တွင်သေဆုံးခဲ့ကြသည်။

ကံဆိုးလှစွာသေဆုံးကြရသူများ၏ ဝိညာဉ်များ တစ္ဆေများသည်ထိုနေရာတွင်ရှိခဲ့ကြသည်။ချန်ဂီဆေးရံဟောင်းကို ၁၉၉ရ ခုနှစ်တွင် ပိတ်ခဲ့သည်။ထိုအချိန်တွင် အသုံးမပြုတော့သည့်အဆောက်အဦးများသည် ပျက်စီးယိုယွင်းစပြုလာသည်။ အဆောက်အဦးနံရံများ ကြမ်းခင်းများနှင့် အမိုးများလည်း ပြို ပျက်စပြုလာသည်။ဆေးရုံနံရံများ ပေါ်တွင် မကောင်းသောအတိတ်နမိတ်ကိုရည်ညွှန်းကာ လက်ဆော့ပြီးရေးခြစ်ထားသည့် စာများကိုတွေ့ရသည်။

၆၆၆-ဘုရားဝတ်ပြုခန်းမနှောက်ယှက်ပါနှင့်

ကျွန်ုပ်တို့ သင့်ကိုစောင့်ကြိုနေကြတယ် စသည်ဖြင့်ရေးခြစ်ထားသည်ကိုတွေ့ရှိရသည်။

နေရာတော်တော်များများ မှာ ဧည့်သည်များကလတ်ဆတ်သည့်အစားအသောက်များကို လှုပ်ရှားသွားလာနေကြသည့်တစ္ဆေများစားသောက်နိုင်ကြရန်ချန်ထားလေ့ရှိကြသည်။

တစ်ချို့အခန်းငယ်လေးများမှာ အသံလုံပြီး ထူထဲသည့်အခန်းနံရံပေါ်မှာ ကြေးဝါလက်သည်းများဖြင့်ကုတ်ခြစ်ထားသည့်လက်သည်းရာများကိုတွေ့မြင်ကြရသည်။အဲ့ဒါကတော့ဂျပန်တွေကဖမ်းမိထားတဲ့သူတွေကိုနှိပ်စက်ညှင်းပမ်းခဲ့တဲ့အခန်းတွေပါဘဲ။

ထိုချန်ဂီဆေးရုံနှင့်မလှမ်းမကမ်းတွင် (small holiday resort) တစ်ခုရှိသည် ။

ထိုတည်းခိုခန်းကို သုံးလေးညတည်းခိုကြမည့် ဧည့်သည်တွေလာကြပါတယ်၊ ဒါပေမယ့် နေဝင်ရီတရောအချိန်ကို ကျော်လွန်သွားတာနဲ့ မကြာခင် အခန်းကို ပြန်အပ်ကြတော့တာပါပဲ၊ သူတို့တွေအဲ့ဒီ့နောက်ထပ်ဘယ်တော့မှ လာမတည်းကြတော့ပါဘူး။

ဒါကတော့တိုးတက်လှပါတယ်ဆိုတဲ့စင်ကာပူနိုင်ငံရဲ့ မည်သူမျှညင်းဆန်လို့မရသောစိတ်နယ်လွန်ဖြစ်ရပ်များဘဲဖြစ်ပါသည်။

sg

https://www.facebook.com/onlinetasay
ဖေ့ဘုတ်တစ္ဆေမှကူးယူဖော်ပြပါသည်။

6 comments

  • မင်းခန့်ကျော်

    October 29, 2013 at 10:38 am

    666 ဆိုတာ

    မကောင်းဆိုးရွား စာတန် ရဲ့ အမှတ် တံဆိပ်ပါ။

  • Wow

    October 29, 2013 at 10:49 am

    ပုံတွေလဲ သေချာမမြင်ရဝူး 🙁

    • no non negative

      October 29, 2013 at 11:53 am

      If you not see clearly, ask KZ to go and take photo.
      Later she can share photo and experience 🙂 hehe

      • KZ

        October 29, 2013 at 6:04 pm

        ရတယ်။
        သွားပေးမယ်။
        နိုနို ပါ လိုက်ခဲ့။

        :mrgreen:

  • TNA

    October 29, 2013 at 5:10 pm

    ချင်ကျားပူမှာ သရဲတွေသောင်းကျန်းလွန်းလို့ ဒို့ရွာသားကြီးတစ်ယောက်တောင် ဘုန်းကြီးပင့် သရဲအနှင်ကောင်းလို့ သူပါနှင်ချခံရတော့မလိုဖြစ်သေးဆိုပဲ။ :mrgreen:

  • ဦးကျောက်ခဲ

    October 30, 2013 at 5:22 am

    ဟီ ဟိ ကျောက်စ်ကတော့ ကိုယ်တွေ့မို့ ချန်ဂီဆေးရုံဟောင်းကို ရှောင်ပါ၏…
    ဒါပေသည့် ရုံသွင်းပြချင်တဲ့ တဂျီးမင်းကို စပွန်ဆာပေးချင်လိုက်တာ…
    ရေခဲတိုက် အဟောင်းရှေ့မှာ မလေးရှား မလေး ၂ယောက်ကို စောင့်ပေးပါလို့…
    😀

Leave a Reply