HIV ပိုးကိုခြေထောက်လိမ်းခရင်မ်ဖြင့်သတ်နိုင်ပြီ

Mr WorldWideOctober 29, 20131min1445

လူအဖွဲ့အစည်းအပေါ်တွင် ကောင်းမွန်စွာထောက်ပံ့မှုပေးနိုင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ Ciclopirox လိမ်းဆေးကို အသုံးပြုခြင်းဖြင့် HIV ပိုးများအား ချေမှုန်းသုတ်သင်နိုင်စွမ်းရှိပြီး ၎င်းပိုးအား နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာမှုမရှိအောင် တားဆီးနိုင်စွမ်းရှိသည်။
ယခုနည်းပညာကို လေ့လာနေသော Rutgers New Jersey Medical School မှ ပြောကြားချက်အရ ” Ciclopirox သည် ခေတ်စားနေသော နောက်ဆုံးပေါ် ခုခံကာကွယ်ဆေးများနှင့် မတူညီသော်လည်း HIV ပိုးအား တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိပြီး ရောဂါပိုးနောင်ထပ်ပြန်ပေါ်မလာအောင် ပိုးကို ချုပ်နှောင်ထားနိုင်သည် ” ဟု ဆိုသည်။
ထို့အပြင် အဆိုပါအဖွဲ့မှ အခြားသောသုတေသနသမားများအနေဖြင့် Ciclopirox အား လူသားများ အတွက် ခြေထောက်လိမ်းဆေးခရင်မ်အဖြစ် အသုံးပြုနိုင်သည်ကို သက်သေပြခဲ့ပြီး FDA (Food and Drug Administration) နှင့်Europa ၏ EMA (Europen Medicine Agency) တို့မှလည်း ၎င်းကို ထောက်ခံခဲ့ ပါသည်။

 

သုတေသနပြုလုပ်သူများက ”အစွမ်းထက်သောဆေးဝါးများဖြင့် HIV ပိုးကို တိုက်ခိုက်ကုသမည်ဆိုပါက ပိုးအနေဖြင့် အသက်ဆက်ရှင်သန်နိုင်သော်လည်း ယခုဆေးအနေဖြင့် HIV ပိုးရှိနေသော ဆဲလ်အား မိမိကိုယ်ကို သက်သေနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိသည်” ဟု ဆိုသည်။
Ciclopirox ကိုအသုံးပြု၍ လူတို့အပေါ်တွင် HIV ကုသရန် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်သည်ဟု ဆိုသည်။  FDA မှ အသိအမှတ်ပြုထားသည့် အခြားသော HIV ကုသနိုင်သည့် ဆေးဝါးတစ်မျိုးမှာ Deferiprone ဖြစ်သည်။ ၎င်းသည် Ciclopirox နှင့် မတူညီဘဲ စနစ်တကျအသုံးပြုရသော ဆေးဖြစ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုထက်ပိုကာ အကျိုးသက်ရောက်မှုရှိပါသည်။

Source:www.news.cnet.com

5 comments

  • kyeemite

    October 29, 2013 at 1:31 pm

    ဗဟုသုတရပါတယ်..သိပ်တော့နားမလည်ဘူး…

  • e tone

    October 29, 2013 at 2:42 pm

    ကျွန်မ သိသလောက်က HIV ပိုးက လူ့သွေးနဲ့ လိင်အင်္ဂါ က ထွက်တဲ့ အရည်တွေမှာပေါက်ဖွားရှင်သန် ကူးစက်နိုင်တယ်လို့ သိထားပါတယ် ။ ပိုးရှိသူရဲ့ မျက်ရည်တို့ နှပ်ချေးတို့ ချွေးတို့ထဲမှာလည်း ပါကောင်းပါနိုင်ပေမယ့် … လူနောက်တစ်ဦးကို ကူးစက်နိုင်တဲ့ ပမာဏလောက် အဲ့ဒီ အရည်တွေမှာ မရှိတာကြောင့် … ယေဘုယျအားဖြင့် အဲ့အရည်တွေကနေ မကူးစက်ဘူးလို့လည်း သိရပြီး တိရိစာ္ဆန်ကနေ တဆင့် မကူး နိုင်ဘူးလို့လည်း ဖတ်ဖူးခဲ့ပါတယ် …ပိုးက ကိုယ်ခန္ဓာပြင်ပမှာလည်း အချိန်ကြာကြာ အသက်မရှင်နိုင်ဘူးလို့လည်း ဖတ်ထားခဲ့ဖူးပါတယ် ။ (အမှတ်မှားနေလျှင် ပြင်ပေးပါ)

    ကမာ္ဘကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီးထဲက HIV/AIDS ဖြစ်စေတဲ့ ပိုးကို တားဆီးနိုင်တယ် ထပ်မပေါက်ဖွားအောင်လည်း ထိန်းနိုင်တယ်ဆိုတဲ့ ဆေးတမျိုး တိုးလာတဲ့ သတင်းက ကြိုဆိုစရာပါပဲ ။ ဒါပေမယ့်လိမ်းဆေးကို သွေးထဲမှာ ရှိတဲ့ပိုး အတွက် သုံးမယ်ဆို … ဘယ်လိုများ သုံးမလဲ လို့ … သိချင်စိတ်ပြင်းပြမိပါတယ် … ။

    • alinsett

      October 29, 2013 at 3:05 pm

      ကျွန်တော် သိထားတာလည်း.. မမတုံ အတိုင်းပါပဲ. ။
      မေးချင်တာလေးကလည်း..မမတုံ အတိုင်းပါပဲ.. ။

  • GARFIELD

    October 29, 2013 at 3:12 pm

    အိုင်တွေ့တိုင်း ခြေဆေး… ပြီးရင် ခြေထောက်လိမ်းဆေးလိမ်းလိုက်ရင်ပြီးပြီလား… ခိ

  • Mr WorldWide

    October 29, 2013 at 3:23 pm

    good questions..me too want to know how they defeat to HIV with Ciclopirox?

Leave a Reply