စစ်သည်များအတွက် Iron Man ဝတ်စုံအား ထုတ်လုပ်တော့မည့် အမေရိကန်ကြည်းတပ်

Mr WorldWideOctober 29, 20131min1796

အမေရိကန်ကြည်းတပ်အနေဖြင့် ှုမသည Iron Manဝတ်စုံကဲ့သို့ ၎င်းတို့၏ စစ်သည်များအတွက် သမားရိုးကျ ဝတ်စုံထက် ခုခံအားကောင်းပြီး ခံနိုင်ရည်ပိုရှိစေမည့် ပြည့်စုံကောင်းမွန်သော ဝတ်စုံထုတ်လုပ်နိုင်ရန် အစီအစဉ်များ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့်  အစိုးရ၏ သုတေသနအဖွဲ့များ၊ နည်းပညာစက်ရုံများနှင့် တက္ကသိုလ်များအား ဖိတ်ခေါ်၍ Iron Man ဝတ်စုံတည်ဆောက်မှုတွင် ပါဝင်ကြရန်ကြည်း တပ်အနေဖြင့် နှိုးဆော်ထားသည်။

rionman
လက်ရှိ Tactical Assault Light Operator Suit (Talos) ဝတ်စုံအား အဆင့်မြင့်အလွှာများဖြင့် ပြုလုပ်ထားသော်လည်း ၎င်းတွင် အာရုံခံစနစ်များတပ်ဆင်ရန် လိုအပ်နေပါသေးသည်။ ထို့ကြောင့် ၎င်းဝတ်စုံ အား Google Glass ကဲ့သို့ ကွန်ပျူတာနှင့်ချိတ်ဆက်နိုင်သော ကွန်ရက်စနစ်များရှိရန် လုပ်ဆောင်မည်ဟု စစ်ဘက်မှ ဆိုသည်။
ခန္ဓာကိုယ်၏ အပူချိန်၊ နှလုံးခုန်နှုန်း နှင့် ရေပမာဏတို့အား စောင့်ကြည့်နိုင်ရန်အတွက် ဝတ်စုံတွင် အာရုံခံစနစ်များ လိုအပ်ပေသည်။ ထို့အပြင် ခြေထောက်နှင့်လက်များအတွက် လှုပ်ရှားမှုနှင့်ကြံ့ခိုင်မှုအားကောင်း စေရန်အတွက် ဟိုက်ဒရောလစ်စနစ်များကိုလည်း တပ်ဆင်မည်ဟု သိရပါသည်။
ကြည်းတပ်မှ မည်သည့်စက်ရုံမဆို၎င်းဝတ်စုံအား ဖန်တီးခွင့်ရှိသည်ဟု ဆိုသည်။ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ဒီဇိုင်းထုတ်လုပ်မှုတွင် ပါဝင်မည်ဖြစ်ပြီး လက်ရှိတွင်လည်း ၎င်းတက္ကသိုလ်မှ အရည် ကျည်ကာဝတ်စုံအား ထုတ်လုပ်လျက်ရှိပါသည်။ Iron Man ဝတ်စုံအား သုံးနှစ်အတွင်း ထုတ်လုပ်အသုံးပြုနိုင်ရန် ရည်မှန်းထားသည်ဟုလည်း သိရပါသည်။
Source:www.bbc.co.uk

6 comments

  • kyeemite

    October 29, 2013 at 1:29 pm

    သူများနိုင်ငံတွေများအားကျစရာကြီးဗျာ…
    မြန်မာစစ်သားတွေများသနားပါတယ်..
    ကိုယ့်ဝတ်စုံ ကိုယ် မင်္ဂလာဒုံဈေးက ဝယ်ဝတ်နေရတယ် 🙁

  • Mr WorldWide

    October 29, 2013 at 2:00 pm

    ဟုတ်ပ့ါ..မကျောချင်ဘူးရယ်

  • ရွှေမိုးတိမ်

    October 29, 2013 at 2:07 pm

    wow မိုက်ထှာာာ
    ခုနတောင် ထမင်းစားရင်း iron man 2 ကြည့်ခဲ့သေးတယ် ။ အားရစရာကြီးပေါ့နော် ။

  • Mr. MarGa

    October 30, 2013 at 4:34 pm

    တဖြည်းဖြည်းနဲ့
    စစ်တိုက်ရာမှာ ပို အဆင်ပြေ ချောမွေ့ဖို့ နည်းလမ်းတွေ ရှာလာကြတယ်။
    လူတွေကို ပိုပြီး အန္တရာယ်ကင်းအောင် ဂရုစိုက်လာကြတယ်။
    ဒီပုံအတိုင်းဆို
    စစ်ပွဲတွေ နည်းဖို့ကတော့ မဝေးတော့ဘူးထင်တာပဲ
    အဲ..ဖြစ်ပြီဆိုလည်း ပြာကျဖို့ များနေတယ်။

  • alinsett

    October 30, 2013 at 7:53 pm

    ဝတ်ချင်လိုက်တာ..
    အိုက် ဝတ်စုံကြီး..။

  • kai

    October 30, 2013 at 11:28 pm

    စစ်သားတွေအလုပ်ပြုတ်ကိန်းပဲ..။
    ဒီပုံအတိုင်းဆို… အရေအတွက်ထက်..အရည်အချင်းကို တင်တော့မယ်ထင်တယ်..

Leave a Reply