မကွေးမြသလွန်ဘုရားပွဲတော်ကြီး ယခုနှစ် နေရာညရောရွာသွန်းခဲ့သည့်မိုးကြောင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် ဆီမီး(၉၀၀၀)ပူဇော်ပွဲ သီတင်းကျွတ်လပြည့်နေ့မှာ ပျက်ခဲ့ရသလို အောက်တိုဘာ(၂၇)ရက်နေ့ ရက်ပြောင်းရွှေ့ခဲ့သော်လည်း ဝမိုးကစဉ်ဆက်မပြတ်ရွာသွန်းနေလို့ပျက်ခဲ့ရပြန်သည် ယခုတော့ဘယ်နေ့ဘယ်ရက် ဆီမီး(၉၀၀၀၀)ပူဇော်ပွဲရက်မသတ်မှတ်နိုင် သေးကြောင်း၊လက်ရှိကပြနေသည့် ပန်ထွာ  အောင်ဆန်းပွင့် ဇတ်ကတော့မကွေးမိုးကြောင့်လူမလာသလိုမိုးမလုံလို့ဇတ်ပွဲပျက်ခဲ့ ရကြောင်း အောက်တိုဘာ(၂၉)ရက်နေ့ ဖိုးချစ်ဇတ်စဝင်မှဘဲ မိုးလေဝသအခြေအနေနှင့်ကံတရား ကိုဘဲကြည့်ရမှာ ဘဲလို့ ဒေသခံ များကပြောသည်။ယခုလိုသမိုင်းဝင်မြသလွန်ဘုရားပွဲတော်ကာလနှစ်(၃၀)အတွင်းမှာ ဆီမီး(၉၀၀၀)ပွဲပျက်ခဲ့ရတာယခုနှစ် ပထမဆုံးဖြစ်တယ်လိုဒေသခံများကပြောကြား သည်။အမြို့မြို့ အနယ်နယ် အရပ်ရပ်မှ ဈေးသည်များကတော့ မကွေးမြသလွန် ဘုရားပွဲတော်ကိုရက်(၂၀)တိုင်တိုင်ကျင်းပသည့်ရက်များတွင်ဟိုယခင်နှစ်များကတော့ယခုလိုရာသီဥတုဖောက်ပြန်တာတို့ အရောင်းအဝယ်ပါး တာတို့ မကြုံခဲ့ရပါဘူးကုန်ကြမ်းပစ္စည်းပြတ်လတ်သည်အထိရောင်းကောင်းခဲ့ပါတယ် ယခုနှစ်ထူးခြားတာက တော့ကမ္ဘာလှည့်နိုင်ငံခြားဧည့်သည်များ ယမန်နှစ်ကထက်ပို၍ဘုရားပွဲတော်အတွင်း လာရောက်လေ့လာမှုများ များလာတယ်လို့ ဈေးရောင်းသူများမှပြောကြားသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..