ဒီစာအုပ် / ကျွန်တော့်ကို … လက်ဆောင်ပေးတာ…ဘယ်သူလဲ….ဆိုတော့… ( အဟိအဟိ )

alinsettOctober 29, 20131min14914

ကျွန်တော် ..နဲ ့ လက်ဆောင်..ဆိုတာနဲ ့က သိပ်တော့မစိမ်းပါဘူး ။

ကျွန်တော်ရခဲ့ဖူးတဲ ့..လက်ဆောင်တွေ ရယ်…

ကျွန်တော် ပေးခဲ့ဖူးတဲ ့ လက်ဆောင်တွေ ရယ်… အချိုး ချ ကြည့်ရင်လည်း…

ကျွန်တော့်ဘဝ ရဲ ့ လက်ဆောင် ဆိုတာနဲ ့…   စာအုပ်လက်ဆောင် ဆိုတာက…ပိုပြီး.မစိမ်းပါဘူး ။

—————————–

ကျွန်တော်က… ပေးတဲ ့ လက်ဆောင်ဆိုတာဟာ..များသောအားဖြင့်..

ဖတ်စေချင်တဲ ့…. .ကောင်းနိုးရာရာ..စာအုပ်ကလေးတွေ ပဲ..ဖြစ်နေတတ်ပြီး…

ကျွန်တော် ရတဲ ့လက်ဆောင်တွေထဲမှာလည်း.. ( စာရူးပေရူးလေးအတွက်. .. ) စာအုပ်လက်ဆောင်လေးတွေ..မကြာခဏ ရပါရဲ ့။

 

ကျွန်တော်ကလည်း.. စာအုပ်များ လက်ဆောင် အဖြစ်ရလိုက်ပြီဆိုရင်…

တခြားလက်ဆောင်ပစ္စည်းတွေထက်…  မက်မောတွယ်တာပြီး..

အဲဒီစာအုပ်ကလေးကို..  .. မြတ်နိုး … တန်ဖိုးထား လို ့မဆုံးပါဘူုး  ။

ကျွန်တော့် ဘဝအတွက်..တော့.. ကျွန်တော်ရလိုက်တဲ ့..  လက်ဆောင် စာအုပ်ကလေးတွေ ရယ်…

ပေးတဲ ့..မိတ်ဆွေတွေ ရယ်..ဟာဖြင့်…..

ဘယ်တော့မှ မေ့ထားလို ့မရတဲ ့… တန်ဖိုးထားစရာတွေ သာဖြစ်ပါတယ်  ။

—————————————-

 

မကြာသေးခင်က..ရလိုက်တဲ ့…

မွေးနေ့လက်ဆောင်တွေထဲက…

စာအုပ်ကလေးတစ်အုပ် ကို..ဒီနေ့ဖတ်ပြီး ပါပြီ ။

ဖတ်ပြီင်္းသွားတော့….

( ကျွန်တော့် 26နှစ်မြောက်မွေ းနေ ့မှာ….  )  စာအုပ်လက်ဆောင်ပေးတဲ ့.. မိတ်ဆွေကိုလည်း…ကျေးဇူးပိုတင်..ပိုခင်မင်သွားတယ် ။

အဲဒီစာအုပ်ကလေးကိုလည်း..

စာချစ်သူ ဂဇက်မိတ်ဆွေတွေကို..ဖတ်စေချင်မိပါတယ်  ။

(( အဲ…. မဖတ်ရသေးသူတွေကိုပြောတာပါ..။ ))

ဖတ်ပြိီင်္းသွားတဲ ့သူတွေလည်း.. ရှိမှာပေါ့ ။

မဖတ်မိသေးသူတွေ.. ဖတ်မိစေဖို ့.. အဲဒီ စာအုပ်ကလေးကို.. ညွှန်းချင်ပါတယ်  ။

————————————–

 

စာအုပ်က…  အခုမှ ထွက်တာတော့မဟုတ်ပါဘူး ။

2008 /ဖေဖော်ဝါရီလ ကထည်းက ထွက်ထားတာပါ ။

စာအုပ်တန်ဖိုးက… 1500 ကျပ်ပါပဲ ။ ဈေးနှုန်းသင့်တော်ပါတယ်  ။

စာမျက်နှာ.. 145 မျက်နှာပါ ပါတယ် ။

စိတ်ကူးချိုချိုစာအုပ်တိုက်က… ထုတ်ထားတာပါ ။

စာရေးသူကတော့………

နေဇင်လတ်  ဖြစ်ပါတယ် ။

 

—————————————————

 

စာအုပ် အမည်ကတော့…

လူတော်လား ၊လူကောင်းလား….  ဖြစ်ပါတယ် ။

 

—————————————————

 

စာရေးသူရဲ ့ အတွေးအမြင်တွေကို..  လှလှပပဖွဲ ့ရေးသားတင်ပြထားတဲ ့… လေ့လာသင့်တဲ ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ် ။

ခေါင်းစဉ်လေးတွေ ခွဲပြီး  တစ်ကန့်စီ… တစ်ကန့်စီ ရေးသားတင်ပြထားတာပါတယ်  ။

စာအုပ်ထဲမှာပါဝင်ထားတဲ ့.. အကြောင်းအရာတွေ ရဲ ့ခေါင်းစဉ်တွေကတော့…

1 ။   ။   ထားတတ်လျှင်တန်ဖိုး ။

2 ။  ။ ရိုသေ ၊လေးစား ၊ ချစ်ခင် ၊ကိုးကွယ် ။

3 ။  ။ လီစင်လုံး သို ့မဟုတ် စင်ကာပူ၏အနာဂတ်ကြယ်ပွင့်

4 ။  ။ သိပြီးမတတ်၊ တတ်ပြီးမသိ ။

5 ။  ။ ပြောကောင်းတိုင်း ၊ အကောင်းမပြော ။

6 ။  ။ ကံစွမ်းသူလား ၊ ဉာဏ် စွမ်းသူလား ။

7 ။  ။ မသိတာပိုခက်တယ် ။

8 ။  ။ ဆန္ဒလွန် ။

9 ။  ။ လူတော်လား ၊ လူကောင်းလား ။

10 ။  ။ ဘရိန်းပိန်း ။

11 ။  ။ အတော်လွန်သူနှင့် …အလွန်တော်သူ..။

12 ။  ။ အချိန် ။

13 ။  ။  ပိုး ။

14 ။  ။ နမ်းပါများလို ့ ပြယ်ရရင်…

15 ။  ။ တော်ရမှာရှော် ၊ ရှော်ရမှာတော် ။

16 ။  ။ ပြောသလိုလုပ် ၊ လုပ်သလိ်ုပြောသည် ။

17 ။  ။ အမြင်မှန် ၊ အမှန်မြင် ။

18 ။  ။ ပူထရာဂျာရာ ။

19 ။  ။ တစ်ခါတုန်းက အိပ်မက် ။

20 ။  ။ဪ ..ဪ….။

21 ။  ။ ကျေနပ်ဖို ့ပဲ လိုတယ် ။

22 ။  ။ အကြွေးဆိုတာ

 

 

——————-

 

အဲဒီလိုခေါင်းစဉ်လေးတွေ..ခွဲပြီး..စာရေးသူရဲ ့ အတွေး .. အမြင်တွေကို.. တင်ပြထားပါတယ် ။

ဖတ်ကြည့်စေချင်တဲ ့ စာအုပ်လေးတစ်အုပ်ပါ ။

ကျွန်တော်ကတော့…..

နံပါတ် 11 / စာမျက်နှာ 67  က..

အတော်လွန်သူနှင့် … အလွန်တော်သူများဆိုတဲ ့…ဆောင်းပါးလေးကို..

တော်တော် သဘောကျပါတယ် ။

တခြား ဆောင်းပါးလေးတွေကလည်း… တမျိုးစီ ကောင်းမွန်သပ်ရပ်ပါတယ် ။

———————-

 

000004

 

 

 

 

 

 

 

 

 

 

 

 

——————————————————————————–

 

 

ဒီ စာအုပ်ကလေးကို… လက်ဆောင် ပေးလာတဲ ့… ကျွန်တော့်မိတ်ဆွေကတော့…

ဒီရွာနဲ ့ မစိမ်းတဲ ့..သူတစ်ယောက်ပါပဲ ။

သူ ့ပုံလေးသာပြလိုက်ရင်…    သိမှာပါ ။

 

 

ဒီ...စာအုပ်လက်ဆောင်ကို ...သူပေးတာ....။
ဒီ…စာအုပ်လက်ဆောင်ကို …သူပေးတာ….။

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆံပင်ပြာပြာနဲ ့… အားရပါးရ ကနေတဲ ့ (  ရွာသူ လား…. ရွာ သားလား..မသိ.. )

မိုးမင်းသား ( ခေါ်  ) မာမီမိုး…..   ပေးတာဖြစ်ပါတယ်…ခင်ညားးးးး။

 

🙂

 

🙂

 

——————————————————

 

 

 

 

 

🙂

 

🙂

 

အလင်းဆက်

 

 

14 comments

  • ဗုံဗုံ

    October 29, 2013 at 3:23 pm

    အိမ်း..ဒါဆိုလည်း ပြီးတာဘဲကွယ်..

    :mrgreen:

    • alinsett

      October 29, 2013 at 4:36 pm

      ဗုံဂျီး လန့်သွားတာများ

      အဟိ အဟိ

      🙂

  • kyeemite

    October 29, 2013 at 3:55 pm

    ခေါင်းစဉ်လေးတွေတော့ တော်တော် သဘောကျပါတယ် ။ကြုံမှဝယ်ဖတ်လိုက်အုံးမယ်အလက်ဆင်းရေ

    • alinsett

      October 29, 2013 at 4:38 pm

      ဦးကြီးရေ
      အဲဒီ စာအုပ်ကို စီးတီးမတ်ထဲက
      စာအုပ်ဆိုင်တွေမှာ ခပ်လွယ်လွယ် ဝယ်လို့ရပါတယ်နော့
      🙂

  • မဟာရာဇာ အံစာတုံး

    October 29, 2013 at 4:01 pm

    နင် ဖတ်ပီးဘီဆိုဒေါ့ဂါ ..
    ငါ့ကို ငှားကွာ …
    ဒဂယ် ဖတ်စေဂျင်ယင် ငှားပေါ့ကွာ ..

    • alinsett

      October 29, 2013 at 4:39 pm

      တစ်ရက်ငှားခ
      200 ကျပ်

      :kwi:

      ဒေါ်ဖွားမေဂျီး ငှားမယ်
      ဖတ်မလား

  • TNA

    October 29, 2013 at 5:01 pm

    ဆိုင်ရောက်ရင်ဝယ်ဖတ်လိုက်အုံးမအေ့။ အခုလောလောဆယ်တော့ ကဘုန်းကျော်စာအုပ်ဖတ်နေသတော့။

    • alinsett

      October 30, 2013 at 1:35 pm

      အန်တီသဲ
      ဖတ်ဖြစ်အောင် ဖတ်နော်

      တကယ်ကောင်းတဲ့စာအုပ်လေးပါ

  • KZ

    October 29, 2013 at 6:36 pm

    ကို ဘမောင် ရေးတဲ့ စာအုပ်ပေါ့နော်။
    😀
    ဆရာနေဇင်လတ် ဆောင်းပါးတွေတော့ ကြိုက်တာပဲ၊
    စာအုပ်တော့ မဖတ်ဖူးဘူးးးးး

    • alinsett

      October 30, 2013 at 7:13 am

      ဟုတ်ပါ့
      ဘမောင် ရဲ့အတွေးတွေပေါ့
      :kwi:

  • Ma Ma

    October 30, 2013 at 8:29 am

    ပါမောက္ခချု ုပ်ဆရာတော် ဟောထားတဲ့ တရားတော်တွေထဲက
    -လူ့အဆင့်အတန်းကို လူရဲ့ အကျင့်စရိုက်နဲ့ပဲ တိုင်းတယ်ဆိုတာရယ်
    -လူရယ်လို့ ဖြစ်လာရင် တော်တာရယ် ကောင်းတာရယ် ဆိုတဲ့ အရည်အချင်း နှစ်ရပ်လုံး ပြည့်စုံဖို့လိုတယ်ဆိုတာလေး သဘောကျလို့ မှတ်မိနေတာ။

    အလင်းဆက်ရဲ့ စာညွှန်းလေးတွေလည်း သဘောကျတယ်။ 🙂

  • wine chit

    October 30, 2013 at 10:34 am

    လမ်းညွှန်ပေးတဲ့အတွက်ကျေးဇူးပါ

    • alinsett

      October 30, 2013 at 1:55 pm

      အသစ်ကလေး ထင်ပါ့

      🙂

      ကြိုဇိုဘာဒယ် ခည

Leave a Reply