အထူးသတင်း (၁) ။ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ လမ်းဘေးတစ်နေရာတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့
စကားပြောသံကြားရသဖြင့် နားစွင့်ကြည့်ရာ အမျိုးသမီးက”ဂျိုး ရှိလား ” ဟု မေးသဖြင့် အမျိုးသားက
“အောက်မှာ ” ဟု ပြန်ဖြေရာ အမျိုးသမီးက ကြည့်လိုကြောင်း ကမ်းလှမ်းသဖြင့် အမျိုးသားက  လှန်ပြလိုက်စဉ် အမျိုးသမီးက ကိုင်ကြည့်ပြီး
“ဟင်း ပျော့ပျော့ကြီး ” ဟု ပြောလိုက်သံကို ကြားမိသဖြင့် စုံစမ်းကြည့်ရာ ဆီထမင်း ရောင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အထူးသတင်း (၂) ။ ၂၄နာရီတွင် ၁၃နာရီနဲ့ ၅၉မိနစ် လျှစ်စစ်ပျက်တောက်သော်လည်း လျှပ်စစ်ဓါတ်အားဖြန်ဖြူးရေးမှ တာဝန်ရှိသူမှ နိုဝင်ဘာလမှ ဓါတ်အားသုံးစွဲခ တိုးမြင့် ကောက်ခံမည်ဟု ကြော်ငြာ ရာ လှိုင်သာယာစက်မှုဇုန် ဥက္ကဌမှ အထူးကျေးဇူးတင်ရှိခြင်းနှင့် “ကမ္ဘာမှာ ဈေးအကြီးဆုံးဆိုပေမယ့် ကျေးဇူးတင်ရပါတယ်၊ ကိုယ့်ဖာသာကိုယ် ဆိုရင် ၃၀၀ လောက်ကျတယ်” ဟု ၎င်းက ပြောကြားသည်။ “တိုးကောက်မှ ချွေတာရမှန်းသိသွားမယ်”ဟု ၎င်းကပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ တစ်ယူနစ်လျှင် ၂၂ကျပ် အရှုံးခံကာ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး တစ်နှစ်လျှင် ကျပ်၁၈၅ဘီလီယံ ဆုံးရှုံးနေ ကြောင်း သိရသည်။ ပြည်သူများ မီတာခသက်သာရန် ကြောင်ဘောင်သစ်ပါတီမှ သမ္မတလောင်း အူးကြောင်မှ မီတာဘုံးများတွင် မီတာယူနစ်မတက်ဖို့ သံလိုက်ကပ်ထားရန် အထူးမှာကြား ဆော်သြော်ကြောင်းသိရှိရပါသည်။

အထူးသတင်း (၃) ။ ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်း၌ မြန်မာနိုင်ငံအနေဖြင့်အတိုက်အခံပဋိပက္ခပြဿနာများ အဖြစ် များနိုင်မည်ဖြစ်ပြီး နေကြတ်မှုဖြစ်စဉ်တွင် ဗုဒ္ဓဟူးဂြိုလ်လည်း ပါဝင် ပတ်သက်နေသည့်အတွက်ကြောင့် နိုင်ငံ၏ဘဏ္ဍာရေးပိုင်းဆိုင်ရာ၊ အကောက်ခွန်ပိုင်းဆိုင်ရာ၊မီဒီယာ ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ် နိုင်ချေရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံကျောင်းမှ အမှု ဆောင်အရာရှိချုပ် ကဆိုသည်။

နေနဲ့လ အရိပ်ဂြိုလ်၊ရာဟု၊ ဗုဒ္ဓဟူးဂြိုလ်တွေနဲ့အတူ တူရာသီ ထဲမှာ စနေဂြိုလ်ပါ ပူးပေါင်း ပါဝင်နေတာကြောင့် အိမ်၊ ခြံ၊ မြေနဲ့ ပတ်သက်တဲ့အကောက်ခွန် ပိုင်းဆိုင်ရာကိစ်္စရပ်တွေမှာကြီးမား တဲ့ပြဿနာတွေ ပေါ်ပေါက်လာ လိမ့်မယ်”” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၃ရက်၊မြန်မာစံတော်ချိန် ၄ နာရီ ၄၁ စက္ကန့်နှင့် အနောက် လောင်ဂျီကျု ၅၈ ဒီဂရီ ၂၁ မိနစ်၊ မြောက်လတ်္တီကျု ၂၃ ဒီဂရီ၊ ၅ မိနစ်၌ ဖြစ်စဉ်စတင်မည်ဖြစ် ကြောင်း၊ ဖန်လည်ဖြစ်စဉ်မှာ မြန်မာစံတော်ချိန် ၇ နာရီ ၈မိနစ်၊ အနောက်လောင်ဂျီကျု ၁၃ဒီဂရီ ၄၇ မိနစ်၊ မြောက်လတ်္တီကျု ၄ ဒီဂရီ ၂၃ မိနစ်ဖြစ်ကြောင်း၊ယင်း ဖြစ်စဉ်ကို မြင်ကွင်းအကောင်းဆုံး မြင်တွေ့ရမည့်နေရာမှာ ယူဂန္ဓာ နိုင်ငံ ဂုရုမြို့က ည ၉ နာရီ ၅၈ မိနစ်မှ အရှေ့လောင်ဂျီကျု ၃၃ ဒီဂရီ ၅၀ မိနစ်နှင့် တောင်လတ်္တီ ကျု ၀ ဒီဂရီ ၈ မိနစ်မှာ ဖြစ်စဉ် ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။

နေအပြည့်ကြတ်သည့်ဖြစ် စဉ်ကို ၁ မိနစ်နှင့် ၄၀ စက္ကန့် အကြာ မြင်တွေ့ရမည်ဖြစ်ပြီး ဖြစ်စဉ်ကို အမေရိကန်အရှေ့ပိုင်း နှင့် ဥရောပဒေသ၊ အာဖရိက ဒေသနှင့် ယူဂန္ဓာနိုင်ငံတို့တွင်သာ မြင်တွေ့ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ အကောက်ခွန် ဘဏ္ဍာရေး အခက်အခဲများ နေကြတ်မှုကြောင့် မပေါ်ပေါက်စေရန် သမ္မတလောင်း လူထုအူးကြောင်မှ ကျွမ်းကျင်သော သော့ပြင်ကုလားများနှင့်တိုင်ပင်၍ အိမ် ခြံတိုင်း သေချာသော့ခတ်ရန်နှင့် အထူးဘိုးတော်များကို အကောက်ခွန်ဂိတ်တိုင်း တာဝန်ချထားကြောင်း သိရှိရသည်။

News source from : Myanmar online news

About အဘ ဘုတ်ကလုံ

အဘ ဘုတ်ကလုံ has written 8 post in this Website..

ဘုတ်ကလုံငှက်တွေလို အစာမရှိရင် အန်ကျွေးမယ့်.. အဘဘုတ်