ဆိုင်ရှင် သူ့ ကို အမေဟုခေါ်ရမယ်လို့  ပြောလာသည်..

မထင်မှတ်ခဲ့ သောစကားကိုကြားရတော့ အရမ်းဝမ်းသာမိသည်….။ အားလုံးပြောဆိုပြီးမှ ခင်မက ပန်းချီဆုရမယ့်အကြောင်းပြောပြတော့ အမားကရယ်နေသည်။ မသိမသာနဲ့ အမားကိုစိုက်ကြည့်မိတော့ အသက်၅၀ကျော်အရွယ်ဆိုပေမယ့် အပြုံးများနှင့် ကြည်လင် အေးမြလှသည်

နဖူးဆံစပနှင့် နားသယ်စဘေးဘက်တွေမှာဆံပင်ဖြူလေးများနှင့် ခန့် သည်..
နောက်တော့ အမား၏ သားသမီးတွေ ရောက်လာပြီး အမားက မိတ်ဆက်ပေးသည်

ကိုဘာဘူ၊ ကိုဝင်းနိုင်၊ မိုးမိုး(ရွယ်တူ) ၊နှင့်အငယ်မလေးတိုးတိုး အားလုံးက မောင်နှမ အရင်းလို ဆက်ဆံကြပါတယ်….

ကိုဝင်းနိုင်ဆို တခါထဲ အိမ်ပြန်သွားပြီး သူ့ အ၀တ်အစားတွေ ယူလာပြီး ရေချိုးပြီး ဒါတွေ လဲဝတ် ရော့ယူထားတဲ့ ..။ ဂျင်း အကောင်းစားတွေ။

ခင်မကလည်း ပျော်နေသည် ။ နောက် ပြန်မယ် နောက်တော့ လာလည်မယ်ဟုနုတ်ဆက်သည်..၊ကိုအိတေကလည်းနုတ်ဆက်သည်ဆိုင်ကို လာလည်ဘို့ ၊အမြဲ ၀င်ထွက်ဘို့ ခေါ်သည်
နွေးထွေးလိုက်ကြတာ…….
အဲဒီညက စတိုခန်းလေးထဲမှာ အိပ်ရတာဒါတောင် အစောကြီးမအိပ်ရပါဘူးအမားရဲ့ မောင် ကိုပေါက်က စကားပြောရအောင်ဆိုပြီး ဆိုင်မှာ လက်ဘက်သုပ်တွေ စားရင်း ညနက်သည်အထိ ပြောနေကြတာပေါ့…….
နောက်နေ့ အိပ်ယာက ၉နာရီလောက်မှနိုးတော့ ဆိုင်ကို သွားတာပေါ့…..။ တခုတော့ရှိတယ်ဗျ၅နှစ်လောက်လုပ်လာတဲ့  စားပွဲထိုးအကိုတစ်ယောက်က ကျနော့်ကို မကြည်မလင်နဲ့ ကိုယ်ကနုတ်ဆက်လဲ သူစကားမပြောပါဘူး။ ကျနော်အခြေအနေကို နားလည်ပေးနိုင်ပါတယ်..။ သူလဲ လူဘဲလေ။ နေရတာကလဲ သူနဲ့ တစ်ခန်းမှာ ၂ယောက်ပါ
ဆိုင်ကို စားပွဲထိုးစလုပ်တော့ ကိုဝင်းနိုင်နဲ့ အမားက ကြည့်ထားဦးနားနားနေနေလုပ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်က သေချာမှတ်သားပြီး ၀ိုင်းလုပ်ပါတယ်
ကျနော်က စားသောက်သူတစ်ယောက် ကမုန့် ချပေးပါဟေ့….ဆေးလိပ်ဟေ့….ပိုက်ဆံရှင်းမယ်ဟေ့….
ခေါ်သံကြားရင် ကျနော်သွားတာပေါ့….သူတို့ က ဘာပြောတယ်မှတ်လဲ…..
ဟာညီလေး မလုပ်ပါနဲ့ စားပွဲထိုး လာပါလိမ့်မယ်နေပါ”တဲ့ ။။ 
ကျနော်က ကျနော်စားပွဲထိုးပါဆိုတော့…..ကောင်တာဘက်လှည့်ပြီး “ ကိုဝင်းနိုင်ညီက နောက်တတ်တယ်နော်” တဲ့ ..
ကျနော်စဉ်းစားတယ်..ဘာမှားနေလဲပေါ့
တဟစ်ယောက်လဲ မဟုတ် ၊ လာသောက်သူတွေက အပြောများလာတော့ဦးပေါက်ကို ပြောရတာပေါ့.
ကျနော်သွားရင် သူတို့ က နေပါစေဘဲ ပြောနေတယ်ဦးပေါက်….ဘာဖြစ်လို့ လဲမေးတော့ ဦးပေါက်က ကျနော့်ကို ကြည့်ပြီး….ရယ်ပါတယ်….နောက်မှ

ဘယ်ခိုင်းရဲမလဲ ကွာ…..မင်းဝတ်စားထားတာလဲ ပြန်ကြည့်ပါဦးကွာတဲ့..
အဲဒီကျမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတာကိုဝင်းနိုင် ဆင်ပေးထားတာလေ…….
ရှပ်လက်ရှည်အဖြူနဲ့  စတိုင်လ်ဘောင်းဘီ အနက်ရောင်နဲ့  ရှုးဘိနပ် အနက်နဲ့ ….။ ခေသူမဟုတ် ဖြစ်နေတာ..
ကိုဝင်းနိုင်ကလဲမရဘူး ၀တ်ကိုဝတ်ရမယ်တဲ့ ….
၂ရက် ၃ရက်က ခိုင်းမယ့်လူ ခေါ်မယ့်လူကို မရှိဘူး….နောက်မှ ဆရာလေးက ( ဆိုင်ပိုင်ရှင် ဦးတင်ရွှေပါ….ဆရာလေး လို့ ခေါ်မှ 
ကြိုက်တာသဘောကောင်းတယ်ကျနော့်ဆို အားကြီးစ”တယ်) ၀င်ဆုံးဖြတ်ပေးတာ….။ ၀တ်ချင်ရင် ညဘက် ကိုဝင်းနိုင်တို့ ကိုဘာဘူတို့ နဲ့  အပြင်တွေ ဘာတွေ ထွက်မှဝတ်ဆိုင်မှာ စားပွဲထိုးလိုဝတ်တဲ့ 
အဲဒါနဲ့ ဘဲ ဆိုင်က အခန်းတူနေတဲ့ အကိုကြီး ပုဆိုးဟောင်းအကျီဟောင်းကို ၀ယ်ဝတ်ရပါတယ်..လူတွေများရယ်ဘို့ ကောင်းတယ်ဗျာ….အဲလိုလဲ အ၀တ်အစားလဲလိုက်ရောခေါ်ခိုင်းလိုက်ကြတာဗျာလက်တောင်မလည်ဘူး….
(
ဒါကျနော့်ဘ၀အတွက်တော့ လူတန်းစားတစ်ခုဘက်ကနေ ခံစားမှု အသစ်တစ်ခုကို မြင်ခွင့်ရခဲ့တာပါ)…..ကျနော်ပျော်ပါတယ်။
နောက်ပြသနာက ကျနော်က စကားတိုးတိုး ပြောတတ်တာ

အဲဒီတော့သူများက လ္ဘက်ရည်မှာရင် ဆရာလေး အဖျော်ခုံထိပြေးပြောရတာ

အဲဒါဆို ဆရာလေးက နားကို လက်လေးကာပြီး …“.အင်း ပြော တိုးတိုးပြောဘေးလူတွေ ကြားသွားမယ်ဒါအရေးကြီးတယ်…”လို့ စပါတယ်။ 
နောက်တော့ ကျနော့်ကို ဘာမှမလုပ်နဲ့ ဟိုးဆိုင်ထောင့်ကနေ….ငါ့ အဖျော်ခုံကို မင်းပြောချင်တာ လှမ်းပြီးအော်ပြော….
ငါကကြားရင် အကြောင်းပြန်မယ်တဲ့ ..ကြည့်ပါဦး။ လူတွေရှုပ်နေချိန် ဆိုင်လူကျချိန်ဆို ထိုင်ပြီးအော်ရတယ်….
ဆရာလေး ပေါ့ကျဝမ်း။
ချိုစိမ့်ဝမ်း…..တူးတီးဝမ်းကော်..ပဲနံတစ်..
မလိုင်စားမယ်အို..စုံနေတာဘဲ
ကြာတော့ မောလာတာပေါ့….ဆရာလေးအော်ရတာ မောပြီဆို….
ဆရာလေးက လ္ဘက်ရည်ဖျော်တိုက်ပါတယ်။ အမားကတော့ကြည့်ပြီးရီလိုက်တာမျက်ရည်ပါထွက်တယ်
နောက်ပြသနာက လ္ဘက်ရည်မှာရင် တစ်ခွက်ပါကျနော်သွားပို့ ရင် ဟိုရောက်တော့ တစ်ဝက်ဘဲ ရှိတော့တာလက်တွေတုန်ပြီး ဖိတ်ကျတာလေ..
နောက်တော့ အမားက ညဘက် ဆိုင်သိမ်းပြီးရင် ကျနော့်ကို အတူနေခိုင်းပြီး လ္ဘက်ရည်ခွက်တွေမှာ ရေထည့်ပြီး စားပွဲတွေကြားမှာ လူးလားခေါက်ပြန် သွားခိုင်းပါတယ်။ အဓိက..က ဟန်ချက်ကိုနားမလည်တာပါ..
နောက် ၃ည လောက်ကျင့်တဲ့ အခါ လက်တစ်ဖက်မှာလ္ဘက်ရည်၃ ခွက်နဲ့ ပေါင်း၆ခွက်ကို နိမ့်မြင့် ဝေ့၀ိုက်ပြီး….အမြန်သွားလာနိုင်ပါတယ်
ဆရာလေးမသိအောင် ခိုးသင်ပေးတာ
ဂျက်လီ ရဲ့ ထိုက်ချိမာစတာကားကို ကြည့်ရတော့ အဲဒီပုံတွေ မျက်စိထဲ ပြန်မြင်ယောင်ပြီး အမားကို သတိရတယ်….( ဇာတ်မင်းသား ဘ၀မှာ မြန်မာအက ကကွက် အသစ်စဉ်းစားလိုက်ရင် အမားလေ့ကျင့်ခိုင်းတဲ့ ကိုယ်အချိန်အဆ

အနေအထားကို ပြန်ပြီး တွေးပါတယ်…….
တစ်ကယ်တော့ ကျနော့်ရဲ့ စားပွဲထိုး ထိုက်ချိဆရာက အမားပါ..
၎ရက်မြောက်ပြီးတော့ ဆရာလေးတောင်ချီးကျူးပါတယ်ချီးကျူးစကားကလဲ လှတယ်
အေးမင်းမှာ စားပွဲထိုးပါရမီ ပါတယ်ကွ” တဲ့.။။ ဖြစ်နိုင်ပါတယ် သူ့ စကားက။
တော်ရုံလူ မခံနိုင်ပါဘူး….စားပွဲထိုးတစ်ယောက်ဟာ တစ်နေ့ ကို ဘယ်နှစ်မိုင် လမ်းလျှောက်သလဲ ဆိုတာ ၊လုပ်ဘူးမှ သိမှာ၊
ကျနော်က ပိုပင်ပန်းပါတယ်….အမားသားသမီးတွေက ညဆို ပျောက်ကုန်ပြီဆရာလေးက အိပ်ပြီ..ဆိုင်သိမ်းရတာ အမား တစ်ယောက်ထဲ။ ဟိုစားပွဲထိုးကဗျာတစ်ကယ်ဘဲ နေနိုင်တယ်အချိန်၁ မိနစ် ကျော်လို့ တောင် မရဘူး….ဆိုင်မှာ လူဘယ်လောက်ကျနေပါစေကောက်ပြန်သွားတာ..
ကိုယ်ကတော့ ကိုယ့်အမေအရွယ်ဖြစ်နေတော့ မနေရက်ဘူးအမားကိုဝိုင်းလုပ်ပေးတာ
အမားက ညတိုင်ဆို မလိုင်ချက်တာအကြာကြီးဘဲကျနော့်ကို လျှို့ ဝှက်နည်းတွေပါ သေချာပြောပြပြီးမလိုင်ချက်သင်ပေးတာ
(
အဲဒီ ထဲက ကျနော် မလိုင်မစားတော့တာဟဲဟဲ၊ နောက်မှ နည်းပေးမယ်)
မနက် ၄း၀၀ အိပ်ယာထ အလုပ်ဆင်း၁၂နာရီနားနေ့ ၁း၀၀နာရီကနေ အလုပ်ပြန်ဆင်း တာ ည ၁၀ ဆိုင်ပိတ် အမားနဲ့ ဆိုင်ထဲမှာ ဆိုင်သိမ်း မနက်အတွက်လုပ် ည ၂း၃၀မှာ ပြန်အိပ်မနက် ၄း၀၀ ပြန်ထ။
ဒါကြောင့်ပင်ပန်းတယ်လို့ ပြောတာပါ….

နောက်ပန်းချီဆွဲရာကနေ လူသိသွားပြီး သူငယ်ချင်းတွေ ထပ်ရလာပါတယ်ကဗျာတွေ ရေး လက်လှည့် ဖယောင်းနဲ့ စာအုပ်ထုတ်ပါတယ်….။ ကဗျာရေးဖော် အခင်ဆုံးသူငယ်ချင်းက အားစိုက် လို့ ခေါ်ပါတယ် တရုပ်မျိုးနွယ်ပါဘဲ..။ တော်တော်ခင်တာ။
ပန်းချီရေး၊ ကဗျာရေးနဲ့  လူလဲ ပိန်လာပါတယ်
ဆိုင်မှာလည်း ညနေတိုင်ဆို လ္ဘက်ရည်ဆိုင်တိုင်တဲ့ မိန်းကလေးတွေများလာတာ

ညနေတိုင်ဆို လ္ဘက်ရည်လာသောက်ရင်း အော်တိုရေးခိုင်း၊ ကဗျာတိုရေးခိုင်းနဲ့ ။
ဆရာလေးက နားလည်ပေးပါတယ်သူကတော့ ပြောတယ်
တို့ ကသာတော့ ရာဇ၀င်ပျက်ပြီ”တဲ့ စ”တာပါ။
ကြားရက်လေးတွေမှာ ခင်မ လာခေါ်ပြီး သူ့ အိမ်မှာ ထမင်း ဖိတ်ကျွေးပါတယ်
သူက တစ်ဦးတည်းသောသမီးပါသူ့ မိဘတွေက တော်တော်ချစ်တာအရမ်းလဲ အေးဆေးကြတယ်
အိမ်သွားလည်မှ ခင်မကို ကျနော် အံ့သြလေးစားရတော့တာ……
ထမင်းစားပြီးတော့မှ ဧည့်ခန်းထဲ ခေါ်သွားပြီး စန္ဒယားတီးပြတာစုံတောမြိုင်သီချင်းကို ကိုယ်တိုင်ဆိုတီးတာ
နောက်စောင်းတီးတတ်တယ်ဗျ….။ အဲဒါ ကျနော့်ရဲ့ သူငယ်ချင်းခင်မ ပေါ့
သူကိုယ်တိုင်အနုပညာသမားမို့ ကျနော့်ကို ကူညီပေးခဲ့ တာပါဆုခွဲတာကတော့ လူငယ်စိတ်ကိုး….
နောက် ညီငယ်လေးတစ်ယောက် ကျနော့်ဆီမှာ ပန်းချီ လေ့လာ သင်ယူဘူးပါတယ်ကျနော်ကတော့ ညီအကို သဘောနဲ့ ဘဲ လိုအပ်တာ သင်ပြပေးခဲ့ တာပါ….ဆရာ သဘောမဟုတ်ပါဘူးသူက ကာတွန်းရေးတဲ့  ညိုကိုနိုင်( ကသာ) ပါဘဲ..
…………..
အဲဒီဘ၀လေးမှာဘဲ ပျော်နေရာကနေ ၅ လလောက်နေတော့အိမ်က သတင်းကြားပြီး အတင်းလာခေါ်တော့

သူငယ်ချင်းတွေ ငိုတယ်
အမားဆို ငိုလိုက်တာမင်းငါ့ကို သံယောဇဉ်ဖြစ်အောင်လာလုပ်တယ်ဆိုပြီး ပြောပြောငိုတာကျနော်လဲ ငိုတာပါဘဲ
ကျန်တဲ့ ကိုဝင်းနိုင်တို့ ဆို ပြန်မယ့်နေ့ က ရှောင်နေကြတာ။မောင်နှမတွေ အားလုံးပါဘဲ
ဦးပေါက်က “ မင်း နောက်တစ်ခါ သံယောဇဉ်တွယ်အောင် လာမလုပ်ပါနဲ့ တော့ကွာသွားတော့”တဲ့ ..
ကျနော် ရင်ထဲမှာလဲ ငိုနေပါတယ် အပြင်မှာလဲ ငိုမိပါတယ်..
ရှင်ကြီးဝမ်းမှာ ခင်မင်ကြတဲ့ သူငယ်ချင်းတွေ ရှိပါတယ်
အခု သူတို့ က ကျနော့် ဘ၀အမှန်ကို ဘာမှ မသိဘဲ ရှင်ငယ်ဝမ်းမှာ ၀င်စားခဲ့ တဲ့  စားပွဲထိုးလေးကို ခင်ကြတဲ့ သူငယ်ချင်းတွေကို ကျနော် ပိုပြီး ခင်တွယ်မိပါတယ်….
ကျနော်ခင်တဲ့ ဖုန်တွေနဲ့ ညစ်ပတ်နေတဲ့ အိမ်ပြေးလေးရဲ့ ပထမဆုံးသူငယ်ချင်းကတော့၊ သတင်းကြားပေမယ့် လုံးဝ လာမတွေ့ တော့ပါဘူး….

……………………………….

……………………………………………………………..
ကသာမြို့ ထွက်တဲ့ အထိ စက်ဘီးလေးနဲ့ များ ရောက်လာမလားလို့ မျှော်မိခဲ့ ပေမယ်……
ခင်မ ရောက်မလာခဲ့ ပါဘူး…….
ခင်မရယ် ငါက နင်ခင်တဲ့ စားပွဲထိုးလေးပါ…..ငါ့ အသိုင်းအ၀ိုင်းကို နင်ဘာလို့ ကြည့်ခဲ့ တာလဲ
နင့်ရဲ့ စားပွဲထိုးလေးကိုဘဲ နင်ခင်ပါဟာ….
ခင်မတို့ ရေ

ငါဘယ် ဘ၀ရောက်ရောက် ၊ ဘ၀ အခြေ ဘယ်လောက်မြင့်မြင့် နင့်နာမည်ကို တွေးမိတာနဲ့ ငါက စားပွဲထိုးလေးပါ
ငါနင့်ကို လွမ်းတယ်
နင့်ကို တွေ့ ချင်တယ် ခင်မရယ်…….
ငါကော်ဖီ နေ့ တိုင်းသောက်ပါတယ်….မသေခင်ထိ သောက်မှာပါ
အဲဒီ ကော်ဖီထဲမှာ နင်ရှိတယ် ခင်မရေ….

တို့ တွေ ပြန်ဆုံတဲ့အခါ ပန်းချီပြိုင်ပွဲ တစ်ခုလောက် ကြုံရင် ကောင်းမယ်

နင်က ၀င်ကြေးပေး။။

စားပွဲထိုးလေးက ပန်းချီဆွဲ….ပေါ့..

 

 

ကျော်စွာခေါင်

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။