ဈာန်…

အရိပ္စစ္October 30, 20131min1235
ရေစက်တဲ့

ပန်းချီကားတစ်ချပ်ပေါ်ကရောင်စုံအစက်အပျောက်လေးတွေ

အလွမ်းတွေဖရိုဖရဲနဲ့

ကြိုးစားချယ်သလိုက်ပုံများ

လေညှင်းလေးတွေတောင်လန့်ပြေးသွားတယ်

ကံကြမ္မာမှတ်တမ်းမှာတော့

ကမ္ဘာဘယ်လောက်ခြားခြား

မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ

အနည်းဆုံးတော့

ခြေစုံရပ်ပြီး

လက်ဆွဲနှုတ်ဆက်ရုံလေး

တစ်ခဏပဲဟုတ်ဟုတ်

ထာဝရပဲဟုတ်ဟုတ်

ချစ်ချစ်မုန်းမုန်း

လွင့်မျောရုံသက်သက်

အဲဒီပန်းချီကားထဲမှာပဲ

ကိုယ့်အရိပ်ကိုပြန်တွေ့လိုက်တယ်

တစ်ကနေပြန်စလို့မရတော့ပေမယ့်

အရည်ပျော်ကျနေတဲ့ရေခဲမြစ်တစ်စင်းအောက်မှာ

စုတ်ချက်တွေကမရပ်သေးဘူး….။

                                                          အရိပ်စစ်

5 comments

  • ဗုံဗုံ

    October 30, 2013 at 9:11 am

    တစ်ခဏပဲဟုတ်ဟုတ်

    ထာဝရပဲဟုတ်ဟုတ်
    ချစ်ချစ်မုန်းမုန်း
    လွင့်မျောရုံသက်သက်
    အဲဒီပန်းချီကားထဲမှာပဲ
    ကိုယ့်အရိပ်ကိုပြန်တွေ့လိုက်တယ်
    တစ်ကနေပြန်စလို့မရတော့ပေမယ့်
    အရည်ပျော်ကျနေတဲ့ရေခဲမြစ်တစ်စင်းအောက်မှာ
    စုတ်ချက်တွေကမရပ်သေးဘူး….။
    ဗြဲ..ဗြဲ… လုပ်ပြန်ပြီ.. :byee:

    • အရိပ်စစ်

      October 31, 2013 at 5:53 pm

      ဒီတစ်ခါ
      နာ့ဗုံးယေး အတွက်
      ရှည်ရှည် ရေးပေးထားဒါနော်….

  • alinsett

    October 30, 2013 at 4:52 pm

    အလွမ်းတွေ ဖရိုဖရဲ ဆိုတဲ့
    တင်စားချက်လေး
    သဘောကျတယ်ဗျာ

    ကျွန်တော်လည်းအခု ဖရိုဖရဲ
    နည်းနည်းဖြစ်နေတယ်။

    မရပ်သေးပါဘူး

    :kwi:

  • အရိပ်စစ်

    October 31, 2013 at 5:56 pm

    နောက်တော့
    တူ့ အလိုလို ရပ်သွားမှာပေါ့နော…

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 12:46 am

    အလွမ်းထဲ ဈာန်ဝင်နေရင်တော့
    အလွမ်း ကမ္ဘာမှာ ဝဲဝဲလည်နေတော့မပေါ့ …
    ပြောသာ ပြောရတာ …
    ကျုပ်ကလည်း လေနုအေးလေးတစ်ချက် ဝေ့ဝိုက် တိုက်ခတ်လိုက်ရင်တောင်မှ
    လွမ်းတတ်တဲ့ လူ ….
    လွမ်းချင်ဘူးဗျာ … လွမ်းချင်ဘူးးးးး
    လွမ်းတာ များရင် မျက်ရည်တွေပါ ခမ်းသွားတတ်လို့ ….
    ပေါရင်းနဲ့ ငိုဂျင်လာဘီ .. အဟင့် .. ဟီးးးး ရွှတ် .. ဖတ် …
    (ငါ့ နှပ်ချေးဘက် အလင်းဆက် နဖူးမှာ ကပ်)

Leave a Reply