ghost_council_of_orzhova_by_velinov-d5moyq4

စင်ကာပူနိုင်ငံ၏ခောတ်သစ်မြို့ပြအဆောက်အဦးများသည်မရေမတွက်နိုင်သောသုသာန်သချုင်္ ိင်းများကိုဖျက်ပြီး ထိုသချုင်္ ိင်းမြေများပေါ်တွင် အသစ်ထပ်မံတည်ဆောက်ထားခြင်းဖြစ်သည်။

သို့ဖြစ် …လူနေတိုက်တာအိမ်ရာများတွင် တစ္ဆေခြောက်လှန့်မှူ့ပေါများသည်။မာရက်လင်နာစစ်( MAREK LENACIK) သည်ဒေသဆိုင်ရာ တစ္ဆေ၊ဝိညာဉ် စသည့်ပရလောကစုံစမ်းလေ့လာရေးအဖွဲ့( local ghost investigation team) နှင့်အတူ စင်ကာပူနိုင်ငံရှိတစ္ဆေအခြောက်ဆုံး နေရာများသို့ လေ့လာခရီးထွက်ခဲ့လေသည်။

စင်ကာပူုနိုင်ငံရှိမိုးထိမြင့်မားသည့် မိုးပျံတိုက်များသည် သချင်္ ိုင်းသုသာန်များကိုဖျက်ကာထိုနေရာများပေါ်မှထပ်မံဆောက်လုပ်ထားသောကြောင့်တစ္ဆေခြောက်လှန့်မှူ့ပေါများလှသည်။

လူနေတိုက်တာအိမ်များတွင်မျက်နှာစိမ်းတို့၏ မျက်နှာများကိုအတွေ့ရများလာသဖြင့်…တစ္ဆေခြောက်လှန့်သည်ဟူသော သတင်းသည်ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာသည်။

စင်ကာပူဘူတာရုံများတွင် Bishan Metro Station သည်စင်ကာပူနိုင်ငံရှိဘူတာရုံများအနက် တစ္ဆေအခြောက်ဆုံးဘူတာရုံဖြစ်သည်။

ထိုသို့ဆိုရခြင်းမှာ ၎င်းဘူတာရု့သည် …တရုတ်သချင်္ု ိင်း( Chinese cemetery) ဟောင်းပေါ်တွင်တည်ဆောက်ထားသောကြောင့်ဖြစ်ပါသည်။စင်ကာပူနိုင်ငံသားတို့သည် ထိုဘူတာရုံတွင်းသို့ဝင် ၍ ရထားစီးကြသောအခါ ရထားတွဲများပေါ်တွင်တစ္ဆေတို့ကိုတွေ့မြင်ရတတ်ကြောင်းကိုမကြာခဏပြောဆိုတတ်ကြသည်။

စင်ကာပူနိုင်ငံတွင်တစ္ဆေခြောက်သည်ဟုယုံကြည်သူများသည် တရုတ်သင်္ချိုင်းများ၏ထူးခြားသည့်အင်္ဂါရပ်များကိုအထူးအလေးပေး ၍ပြောဆိုလေ့ရှိကြသည်။

၎င်းသုသာန်များ၏အင်္ဂါရပ်တစ်ချက်မှာ အုတ်ဂူတို့ သည်နေရာတကျမရှိခြင်းဖြစ်သည်။အုပ်ဂူအချို့သည် တောင်ကုန်းများပေါ်မှာ၊အချို့သည် မြေပြန့်မှာ၊အုပ်ဂူအချို့သည် ကွင်းပြင်ထီးထီး၊ အချို့မှာသစ်ပင်အောက်စသည်ဖြင့်..နေရာစုစုစည်းစည်စနစ်တကျမရှိခြင်းဖြစ်သည်။

အစိုးရ၏အမိန့်အရ မြှုပ်နှံထားသည့်အလောင်းများကိုပြန်လည်တူးဖေါ်ရသည့်အခါ တွေ့ရှိရသည့်မွမ်းမံခြယ်သမှူ့အပြည့်ရှိသောချမ်းသာကြွယ်ဝသည်များ၏အုပ်ဂူများသည်လည်း…နေရာအနေအထားကစဉ့်ကလျားပင်ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ဥပဒေအရကွယ်လွန်သူ၏အလောင်းကိုအုပ်ဂူသွင်း ၍ထားလျှင် နှစ်(၄၀)ထက်ပိုပြီးမြှုပ်နှံထားခြင်းမပြုရပေ။နှစ်၄ဝပြည့်အုပ်ဂူများကိုပြန်လည်တူးဖော် ၍ရရှိလာသည့်မြေနေရာတွင် နောက်ထပ်ကွယ်လွန်သူများကိုမြှုပ်နှံခြင်း သို့မဟုတ် လူနေရန်တိုက်တာအိမ်ရာသစ်များဆောက်လုပ်ခြင်းတို့ပြုလုပ်ကြသည်။ထို့ကြောင့်စင်ကာပူနိုင်ငံသည်တစ္ဆေသရဲခြောက်သည်ဟုကြော်ကြားသောနိုင်ငံဖြစ်သည်။
Credit to:https://www.facebook.com/onlinetasay

About chityimhtoo

has written 77 post in this Website..