သရဲခြောက်သောစင်ကာပူ။ ။

chityimhtooOctober 30, 20131min23513

ghost_council_of_orzhova_by_velinov-d5moyq4

စင်ကာပူနိုင်ငံ၏ခောတ်သစ်မြို့ပြအဆောက်အဦးများသည်မရေမတွက်နိုင်သောသုသာန်သချုင်္ ိင်းများကိုဖျက်ပြီး ထိုသချုင်္ ိင်းမြေများပေါ်တွင် အသစ်ထပ်မံတည်ဆောက်ထားခြင်းဖြစ်သည်။

သို့ဖြစ် …လူနေတိုက်တာအိမ်ရာများတွင် တစ္ဆေခြောက်လှန့်မှူ့ပေါများသည်။မာရက်လင်နာစစ်( MAREK LENACIK) သည်ဒေသဆိုင်ရာ တစ္ဆေ၊ဝိညာဉ် စသည့်ပရလောကစုံစမ်းလေ့လာရေးအဖွဲ့( local ghost investigation team) နှင့်အတူ စင်ကာပူနိုင်ငံရှိတစ္ဆေအခြောက်ဆုံး နေရာများသို့ လေ့လာခရီးထွက်ခဲ့လေသည်။

စင်ကာပူုနိုင်ငံရှိမိုးထိမြင့်မားသည့် မိုးပျံတိုက်များသည် သချင်္ ိုင်းသုသာန်များကိုဖျက်ကာထိုနေရာများပေါ်မှထပ်မံဆောက်လုပ်ထားသောကြောင့်တစ္ဆေခြောက်လှန့်မှူ့ပေါများလှသည်။

လူနေတိုက်တာအိမ်များတွင်မျက်နှာစိမ်းတို့၏ မျက်နှာများကိုအတွေ့ရများလာသဖြင့်…တစ္ဆေခြောက်လှန့်သည်ဟူသော သတင်းသည်ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာသည်။

စင်ကာပူဘူတာရုံများတွင် Bishan Metro Station သည်စင်ကာပူနိုင်ငံရှိဘူတာရုံများအနက် တစ္ဆေအခြောက်ဆုံးဘူတာရုံဖြစ်သည်။

ထိုသို့ဆိုရခြင်းမှာ ၎င်းဘူတာရု့သည် …တရုတ်သချင်္ု ိင်း( Chinese cemetery) ဟောင်းပေါ်တွင်တည်ဆောက်ထားသောကြောင့်ဖြစ်ပါသည်။စင်ကာပူနိုင်ငံသားတို့သည် ထိုဘူတာရုံတွင်းသို့ဝင် ၍ ရထားစီးကြသောအခါ ရထားတွဲများပေါ်တွင်တစ္ဆေတို့ကိုတွေ့မြင်ရတတ်ကြောင်းကိုမကြာခဏပြောဆိုတတ်ကြသည်။

စင်ကာပူနိုင်ငံတွင်တစ္ဆေခြောက်သည်ဟုယုံကြည်သူများသည် တရုတ်သင်္ချိုင်းများ၏ထူးခြားသည့်အင်္ဂါရပ်များကိုအထူးအလေးပေး ၍ပြောဆိုလေ့ရှိကြသည်။

၎င်းသုသာန်များ၏အင်္ဂါရပ်တစ်ချက်မှာ အုတ်ဂူတို့ သည်နေရာတကျမရှိခြင်းဖြစ်သည်။အုပ်ဂူအချို့သည် တောင်ကုန်းများပေါ်မှာ၊အချို့သည် မြေပြန့်မှာ၊အုပ်ဂူအချို့သည် ကွင်းပြင်ထီးထီး၊ အချို့မှာသစ်ပင်အောက်စသည်ဖြင့်..နေရာစုစုစည်းစည်စနစ်တကျမရှိခြင်းဖြစ်သည်။

အစိုးရ၏အမိန့်အရ မြှုပ်နှံထားသည့်အလောင်းများကိုပြန်လည်တူးဖေါ်ရသည့်အခါ တွေ့ရှိရသည့်မွမ်းမံခြယ်သမှူ့အပြည့်ရှိသောချမ်းသာကြွယ်ဝသည်များ၏အုပ်ဂူများသည်လည်း…နေရာအနေအထားကစဉ့်ကလျားပင်ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ဥပဒေအရကွယ်လွန်သူ၏အလောင်းကိုအုပ်ဂူသွင်း ၍ထားလျှင် နှစ်(၄၀)ထက်ပိုပြီးမြှုပ်နှံထားခြင်းမပြုရပေ။နှစ်၄ဝပြည့်အုပ်ဂူများကိုပြန်လည်တူးဖော် ၍ရရှိလာသည့်မြေနေရာတွင် နောက်ထပ်ကွယ်လွန်သူများကိုမြှုပ်နှံခြင်း သို့မဟုတ် လူနေရန်တိုက်တာအိမ်ရာသစ်များဆောက်လုပ်ခြင်းတို့ပြုလုပ်ကြသည်။ထို့ကြောင့်စင်ကာပူနိုင်ငံသည်တစ္ဆေသရဲခြောက်သည်ဟုကြော်ကြားသောနိုင်ငံဖြစ်သည်။
Credit to:https://www.facebook.com/onlinetasay

13 comments

  • KZ

    October 30, 2013 at 12:08 pm

    ဟယ်။
    လာပြန်ပြီ စင်ကာပူ တရဲ။
    အဟိ။
    ကျောက် ရေ ကျောက်။
    အနော့ကို ဟောင်ကောင် ကို ခေါ်ပါ။ အလုပ်ရှာပေးပါ။
    ထမင်းကို လပေးနဲ့ ချက်ကျွေးပါ။
    ဒမာ ချင်ကာပူမှာ မနေရဲလော့ဘူးးးး
    တရဲ ကြောက်လို့။

    😀

  • chityimhtoo

    October 30, 2013 at 12:13 pm

    ပြောရင်းဆိုရင်းနဲ့တောင် နံရံပေါ်မှာ မျက်လုံးကြီးဒွေကြည့်နေသလိုဘဲနော်…:P

  • မဟာရာဇာ အံစာတုံး

    October 30, 2013 at 12:31 pm

    သရဲ တစ္ဆေကို မယုံကြည်တဲ့ ဒို့သဂျီး
    စင်ကာပူ မရောက်ဖူးဘူး ဆိုတာ အခုမှ ဘောပေါက်တော့တယ် …

    ဒီဂမှာ .. စင်ကာပူ နေသူများးး
    အိုက်ဒီ နေရာတွေကို သွားပါ …
    တစ္ဆေတွေကို ဘီဒီယို ရိုက်ဘာ …
    ပီးယင် … ရွာထဲ တင်ပေးဂျဘာ …
    အိုက်ဒါ … လာပေါဒါ …

  • TNA

    October 30, 2013 at 3:47 pm

    ကေဇီ တကောင်လောက်ရှာပြီး အထောက်အထားနှင့်တကွတင်ပြဇေလိုဘာဂျောင်း

    • KZ

      October 30, 2013 at 4:02 pm

      တရဲ ဆိုတာ အချစ်လိုပဲ ကံနိမ့်တဲ့ခါမှ တွေ့ရတာပါ။
      ကိုယ့် ကံမြင့်နေခဲ့သလား သဲရယ်။

      :chit:

      • TNA

        October 30, 2013 at 5:28 pm

        ဘုရား အချစ်ချိုဒါ ကန်နိမ့်မှတွေ့သဒဲ့လား ချွေးမွလေးရယ်။ ဟောဒဂ ယောခမွဂျီးတောင်ပေါ်မှာ ကန်တူးပေးဘာ့မယ် :mrgreen:

  • Mr. MarGa

    October 30, 2013 at 3:49 pm

    အော်…ဒီလိုလားး
    ဒါဆိုရင် တို့သဂျီး
    ရုံသွင်းဖို့ သွားခေါ်သင့်တယ်
    ဆိုးဘူး နော့
    ဘီလီယံ ဘစ်ဇနက် ပဲ

  • kai

    October 30, 2013 at 3:55 pm

    သီဟပူရမှာ.. လနဲ့ချီနေဖူးပါတယ်ကွယ်…
    ဆိုတော့..
    သရဲက.. ဖမ်းခိုင်းစားမှာကြောက်လို့လား…. ဥူ့ထက်ဆိုးနေလို့လားမသိ…။
    ထွက်ကို… မျက်နှာမပြခဲ့.. :mrgreen:

    • Wow

      October 31, 2013 at 8:50 am

      တရဲတောင် လန့်ရတဲ့ ဒဂျီး… ဒါနဲ့ ချန်ဂီဆေးရုံးဟောင်းကို သွားခဲ့ရောပေါ့ :kwi:

  • alinsett

    October 30, 2013 at 4:58 pm

    သရဲ ခြောက်တယ်ဆိုတာ
    သရဲ ငါး တာ မဟုတ်လို ့
    🙂

  • cobra

    October 30, 2013 at 7:54 pm

    တွေ ့ချင်လိုက်တာ အဲ့ရဲရဲကြီးတွေကို
    တွေ ့လို့ကတော့ ၃လုံးဂဏန်း တောင်းလိုက်မယ်
    ဟဲ…ဟဲ………

  • အရိပ်စစ်

    October 31, 2013 at 6:32 pm

    တကယ်တော့
    သရဲတွေက
    သနားစရာလေးတွေပါနော

Leave a Reply