စဉ်းစားကြစေလိုပါတယ် ( ၆၃ ) ( တတို့ နှစ်တို့ )

Foreign ResidentOctober 30, 20133min20618

စဉ်းစားကြစေလိုပါတယ် ( ၆၃ ) ( တတို့ နှစ်တို့ )

 

ထုံးစံ အတိုင်းပါပဲ ၊ အဘ ရဲ့ ဒီ Post ကတော့ ၊

မ Padonmar ရဲ့ Post ” ကကြီးအကြောင်း တတို့ နှစ်တို့ (၁) KATRI ” ထဲမှာ ၊

Ma Ma ရဲ့ Comment လေးကို အကြောင်း ပြန်ရင်း ၊

အကြောင်း ပြန်ချက်ဟာ အရမ်း ရှည်လျားသွားတာ နှင့် ၊

Post ကြီး တစ်ပုဒ် သတ်သတ် ရေးတင်လိုက်ရတော့တာပါပဲ ။

 

အဲဒီတော့ မ Padonmar ရဲ့ ” ကကြီးအကြောင်း တတို့နှစ်တို့ ” နှင့် ၊

တွဲဖတ်မှ ဇတ်ရည်လည်မယ် ။

 

Foreign Resident says:

” ဘာပဲ လုပ်ချင်ချင် ပိုက်ဆံ ကတော့ အဓိက ပါဘဲ ။

တိုင်းပြည် က မွဲတော့လည်း ဒီလို ပါဘဲလေ ။

 

အမှန်က မြန်မာနိုင်ငံသားတွေဆီကနေ ၊

အခွန်ငွေတွေကို ( ဆိုက်ကားသမား က အစ ) ၊

တင်းတင်း ကျပ်ကျပ် ကောက်ပစ်ရမှာ “

 

Ma Ma says:

” လမ်းဘေးကွမ်းယာဆိုင်တို့ ဆိုက်ကားသမားတို့ဆီက ကောက်လို့

ဘယ်လောက်ရမှာလဲ အဘရယ်။

 

ရလောက်အောင်ကောက်ရင်လည်း မြေနိမ့်ရာလှံစိုက်သလို

အခွန် မဟုတ်ပဲ ဝန် ဖြစ်သွားမှာပေါ့ “

 

မှန်တာပြောရရင် ၊ တမင် ရွဲ့ပြောလိုက်တာပါ မမ ရေ ။

ကွမ်းယာဆိုင်တို့ ၊ ဆိုက်ကားသမားတို့ ဆီက ကောက်လို့ ၊

ဘယ်လောက်မှ ရမှာ မဟုတ်ဘူး ဆိုတာ သိပါတယ် ။

 

လူတွေက သူတို့ လိုချင်တာတွေပဲ သိပြီး ၊

တိုင်းပြည်ကို အခွန်ဆောင်ဖို့ / ပေးဆပ်ဖို့ကျတော့ ၊

တစ်ခွန်းမှ မပြောကြဘဲ မေ့နေကြလို့ ရွဲ့ပြောလိုက်တာပါ ။

 

အခု ၊ ကျနော် မြင်နေရတာကတော့ ၊ မြန်မာနိုင်ငံသားတွေက ၊

 

၁ ။

တိုင်းပြည်မှာ သယံဇာတ လဲ ပြောပလောက်အောင် မရှိ ( တော့ ) တဲ့ ၊

မွဲပြာကျနေတဲ့ ဖွတ်ကျား နိုင်ငံတော်ကြီး ပါလား ဆိုတာကို မေ့နေကြတယ် ။

( ဒါမှမဟုတ်လဲ ၊ မေ့ချင်ယောင် ၊ မသိချင်ယောင် ဆောင်နေကြတယ် )

 

အခု တိုင်းပြည်ကြီးမှာ တိုင်းသူပြည်သားတွေ မှီခိုစားရလောက်အောင် ၊

လောက်လောက်လားလား သယံဇာတ ဘာများ ရှိနေသေးလို့တုန်း ။

ရှိတာတွေက ၊ ဟိုဟာ တို့စိ တို့စိ ၊ ဒီဟာ တို့စိ တို့စိ ၊ ဒါလောက်ပဲ ရှိတာ ။

 

မွဲသလားတော့ မမေးနှင့် ၊

သမ္မတ ကိုယ်တိုင် ၃ လ တစ်ခါလောက် မှန်မှန်လေး ကမာ္ဘပတ်ပြီး ၊

အရင် အကြွေးလေးတွေကိုတော့ လျှော်ပေးကြပါ ခညာာာာာ ။

အကြွေးသစ်လေးတွေလဲ ထပ်ချပေးကြပါဦး ခညာာာာာ နှင့် ၊

ခေတ်သစ် သူတောင်းစား လက်သစ် လိုက်လုပ်နေရတဲ့ တိုင်းပြည် ။

 

အဲဒီတော့လဲ ၊ မဟာ ဂုဏ်သိက္ခာကြီး ကတော့ ရှိလာသလား မမေးနှင့် ။

စင်္ကာပူလို ၊ ဇီးရွက်လောက် ကျယ်တဲ့ တိုင်းပြည် ကိုသွားတာ ၊

သူတို့ သမ္မတ မအားသေးလို့ ဆိုပြီး ( အမှန်က ဂရုကို မစိုက်လို့ပါ ) ၊

ကိုယ့် သမ္မတ ကို အခန်းလွတ် တစ်ခုမှာ ငုတ်တုတ်လေး ထိုင် စောင့်ခိုင်းထားတယ် ။

ကျနော်လဲ ကမာ္ဘပါတ်လာတာကြာပြီ ၊ ဒီလို Diplomatic Protocol မျိုးက ရှားပါ့ ၊ ရှယ်ဘဲ ။

 

ကိုယ့် အခြေအနေ ကိုယ်သိကြစမ်းပါ ။

 

၂ ။

လိုချင်လိုက်တာကတော့ ၊ ဒိတ်ဒိတ်ကျဲ ဩဇီ အမေရိကန် Standard ၊

ဩဇီ အမေရိကန် တွေက သူတို့ နိုင်ငံတွေကို ၊ ဒီလို အခြေအနေ ရောက်အောင် ၊

ဘယ်လို အတွေးအခေါ် အပြုအမူ တွေ နှင့် တည်ဆောက်ခဲ့ကြတယ် ဆိုတာတော့ မတွေးဘူး ။

 

ကျနော်က ဩဇီ အမေရိကန် တွေ ရဲ့ တွေးခေါ်ပုံတွေကို ပြောပြတော့လည်း လက်မခံချင်ဘူး ။

ထစ်ခနဲဆို ၊ ကုလား သတ်မယ် ၊ မွတ်ဆလင် သတ်မယ် ၊ ဝ သတ်မယ် ဆိုတဲ့ ၊

အစွန်းရောက် ဗမာ လူမျိုးကြီး ဝါဒ တွေ နှင့် ။ ရအုံးမယ် ၊ ရအုံးမယ် ။

 

၃ ။

မွဲပြာကျနေတဲ့ ဖွတ်ကျား နိုင်ငံတော်ကြီး ကို စတင် ပြုပြင် တည်ဆောက်ကြပါမယ် ဆိုပြီး ၊

ငါတို့ လက်ရှိ တိုင်းသူပြည်သားတွေက ၊ နောက် Generation တွေ အတွက် ၊

ငါတို့ရဲ့ လက်ရှိ ဘဝ ကို ၊ အနစ်နာခံပြီး ပေးဆပ် ကြမလားဆိုတော့ ၊ မဟုတ်ဘူး ။

နဲနဲလေး ၊ မကျေနပ်တာနှင့်ကို ဆန္ဒ ပြ မယ် ဆိုတာချည်းပဲ ။

 

ဂျပန် ဝန်ကြီးချုပ် ပြောခဲ့တဲ့ ၊ ဒီလို ဂျပန် နိုင်ငံကြီး တိုးတက်လာခဲ့ရတာ ၊

ဂျပန် အမျိုးသမီးထုကြီးရဲ့ ခြေသလုံး တုတ်ကြီးများကို ကျေးဇူးတင်ရပါမယ် တဲ့ ။

 

ဂျပန် တွေ ၊ ဂျာမန် တွေ ၊ ဒုတိယ ကမာ္ဘစစ် အပြီး ၊ ပြာပုံထဲက သူတို့ နိုင်ငံကို ၊

ရှေးလူတွေက အနစ်နာခံပြီး ကျားကုတ် ကျားခဲ တည်ဆောက်ပေးခဲ့တာ ကိုတော့ အတုမယူချင်ဘူး ။

 

ရပါလိမ့်မယ် ။ နင်တို့ ရွှေပြည်တော်ကြီး ။ ပြည်တွင်းစစ်တွေပဲ အများကြီး ရလိမ့်မယ် ။

 

ဒီနေ့ပဲ Face Book မှာ Status တစ်ခုတွေ့တယ် ။

ဖတ်ပြီးတော့ သေချာ စဉ်းစားကြည့် ။

 

Hla Moe

12 hours ago via mobile ·

 

” ဒီနေ့ ညနေ ကျုပ်မိတ်ဆွေနဲ့ တွေ့တဲ့အခါ ပြောစကားပါ

သူ့စက်ရုံ ပိတ်သိမ်းဖို့ ဆုံးဖြတ် လိုက်ပြီ တဲ့

သူက စက်မှုဇုန်ထဲမှာ အလုပ်သမား ၇ဝ လောက်နဲ့လည်ပတ်နေတဲ့

အလတ်စား ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးပါ

 

သူပြောတာက

အခု လျပ်စစ် အသုံးပြုခက နှစ်ဆ တက်လာတယ်

အလုပ်သမား ကလည်း လစာ တိုးတောင်းတယ်

အခွန် ကလည်း ပိုပြီးဆောင်လာရတယ်

ကုန်ကြမ်းဝယ်ဖို့လည်းခက်

ကုန်ချောရောင်းဖို့ကလည်း တရုတ်ကလာတဲ့ပစ္စည်းကို မယှဉ်နိုင်

ကြော်ညာခကလည်း သုံးဆတက်သွားတော့

ခေါင်းရှုပ်မခံချင်တော့ဘူးတဲ့ ရှိတဲ့ ငွေလေး ပြန်စုဆောင်းပြီး

မြေအရောင်းအဝယ်လုပ်တာက အမြတ်က ဆယ်ဆသေချာတယ်တဲ့

ဒီတော့ မြေဘဲအရောင်းအဝယ်လုပ်တော့မယ် တဲ့ “

 

သူတို့တွေတင်မကဘူး ။ အဘ မိတ်ဆွေ လုပ်ငန်းရှင်တွေလဲ ဘဝ ပျက်တော့မယ် ။

 

ခပ်ရှင်းရှင်းပဲ ပြောလိုက်မယ် ။

ဘေးနားမှာ အိမ်နီးချင်း တရုတ်ပြည်ကြီး ရှိနေတာ ၊

ကောင်းတာကော ၊ ဆိုးတာကော ( ၂ ) ခုလုံး ရှိနေတယ် ။

 

၁ ။ ကောင်းတာက ၊ ကိုယ်ကသာ လုပ်တတ် ကိုင်တတ် ရင် ၊

ကိုယ် ဘာရောင်းရောင်း ဝယ်မယ့် ဈေးကွက် အကြီးကြီး က ၊

ကိုယ့် အိမ် တံစက်မြိတ် မှာတင် ရှိနေတာပဲ ။

 

၂ ။ အေး ၊ ဆိုးတာကတော့ ၊

ကိုယ့်မှာ အရည်အချင်း နှင့် လုံ့လ ဝီရိယ မရှိရင် ၊

ကမာ္ဘမှာ ဘယ်သူမှ မယှဉ်နိုင်လောက်အောင် အစွမ်းထက်နေတဲ့ ၊

ကိုယ့်ကို နောက်ကောက်ချပစ်မဲ့ လုပ်သား ပြိုင်ဘက်ကြီးက စောင့်နေတာဘဲ ။

 

ကျနော် မြင်မိ သိမိ သလောက် ကတော့ ၊

တရုတ်ပြည် လုပ်သားထုကြီးလောက် ၊ မြန်မာ လုပ်သားထုကြီးက ၊

အလုပ်ကို ပက်ပက်စက်စက် အပင်ပန်းခံပြီး မလုပ်နိုင်ဘူး ထင်တယ် ။

( ပိုက်ဆံကိုသာ လွယ်လွယ် မြန်မြန် လိုချင်နေကြတယ် )

အဲဒီဟာက ရေရှည်မှာ ပြဿနာ ရှိလာလိမ့်မယ် ။

 

မယှဉ်နိုင်ရင်တော့ ၊ သာမီးလေးတွေပဲ Export လုပ်ကြပေတော့ ။ ဟီ ဟိ ။

ဒါအတွက် ဝယ်မယ့်သူ Buyer ကတော့ မပူနှင့် ၊

တရုတ် ၊ ကုလား ၊ ယိုးဒယား က Welcome ဘဲ ။

 

စာကြွင်း ။

အမြင်မှားမှာ စိုးလို့ ပြောရအုန်းမယ် ။

ကျနော် ဒီစာကို မြန်မာ နိုင်ငံသား တစ်ယောက် အနေနှင့် ရေးလိုက်တာ ။

 

ဩဇီ မှာ သွားနေရတာက ၊ ဩဇီ နိုင်ငံသူ နှင့် လက်ထပ်ထားလို့သာ သွားနေနေရတာ ၊

လက်ရှိမှာ ၊ ဩဇီ မှာနေတဲ့အချိန် နှင့် မြန်မာပြည် မှာနေတဲ့အချိန် ယှဉ်ရင် ၊

မြန်မာပြည် မှာနေတဲ့အချိန် ကတောင် ပိုများအုန်းမယ် ။

 

ဩဇီ နိုင်ငံသား ခံချင်ရင် အချိန်မရွေး ခံ လို့ရနေပေမယ့် ၊

အခုထက်ထိတော့ ကျနော် မြန်မာ နိုင်ငံသား ဘဲ ( နောင်တော့ မသိ ) ။

( နို့မို့ရင် ဩဇီ ကနေ ရေးနေတယ် ၊ ဩဇီ ကနေ ရေးနေတယ် ပြောလွန်းလို့ )

( မြန်မာ နိုင်ငံသား က ၊ မြန်မာ နိုင်ငံထဲကနေ ၊ မြန်မာ Connection အစုတ်ကို သုံးပြီး ရေးနေတာ )

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

18 comments

  • မင်းခန့်ကျော်

    October 30, 2013 at 2:48 pm

    တိုင်းပြည်တိုးတတ်ကြီးပွားစေချင်ရင်

    1.တိုင်းပြည် အချုုပ်အခြာ အာဏာကို ကျတော်လက်ထဲအပ်ပါ။

    2.တိုင်းပြည် အချုုပ်အခြာ အာဏာကို ကျတော်လက်ထဲအပ်ပါ။

    3.တိုင်းပြည် အချုုပ်အခြာ အာဏာကို ကျတော်လက်ထဲအပ်ပါ။

    ဒါလေးတခုပါဘဲ အဘ ရေ :mrgreen:

  • Mr. MarGa

    October 30, 2013 at 3:26 pm

    တစ်တို့ နှစ်တို့
    ဘဖောက
    တစ်တို့ နှစ်တို့ မဟုတ်ဘူး
    တစ်လုံးတစ်ခဲ ပြောသွားတာပဲ…..
    အမှန်တွေ ပြောတာ များတော့လည်း
    ခံရခက်ပေမယ့် ဘာမှ ပြန်မပြောနိုင်ဘူး ပေါ့ဗျာ
    ဘယ်သူတွေ ဘယ်လို ဆက် ဆွေးနွေးမလဲ ကြည့်လိုက်ဦးမယ်ဗျာ

  • TNA

    October 30, 2013 at 3:40 pm

    အင်း ဒီဘဝမှာဘာကိုမှမမျှော်လင့်တော့ဘာဘူးအဘရေ။ ကိုယ့်နောင်မျိုးဆက်ကလေးကိုပဲ ဘာအကောင်း ဆုံးလဲဆိုတာစဉ်းစားတော့မယ်။ ဒီတိုင်းပြည်မှာတော့ ဒီ့ထက်ပိုပြီးဘာကိုမှမမျှော်လင့်မိပေမဲ့ ဒီ့ထက်ပိုမဆိုး ဖို့တော့ဆုတောင်းမိပါတယ်။ နေရင်းနေရင်းစိတ်ဓါတ်တွေတွင်းတူးပြီးကျနေသမို့ သူတို့အုပ်ချုပ်ပုံ အရည်အချင်းမဲ့ပုံတွေကို မဝေဖန်လိုတော့ဘာဘူးအဘရေ 😥

  • kai

    October 30, 2013 at 4:03 pm

    ဘာသာရေး…ဟေ့…
    ဘာသာရေး…
    အဲဒီကစပြင်မှရမှာ…

    စနစ်ကြောင့်မဟုတ်…. စနစ်ကြောင့်မဟုတ်… :mrgreen:

  • KZ

    October 30, 2013 at 4:07 pm

    ဒါက တစ်တို့ ၂ တို့ ကတော့ဘူး ဘဖော။
    ရေးပုံအရ မိုက်တိုင်စန် လက်သီး ၁ ချက် ၂ ချက်လောက် ရှိသွားပြီ။
    အမှန်တော့ ရှုပ်ရှက်ခတ်နေကြလို့ပါ။
    စစ် နဲ့ ပတ်သက်တဲ့ (သွယ်ဝိုက်/တိုက်ရိုက်) တဲ့ အစိုးရ ဆင်းပေးရင်ကို အိုကေပြီ။
    သူတို့ကလွဲရင် ကျန်တဲ့သူ အကုန် ယုံကြည်မှုပေးလို့ရတယ်။
    အဆုံး ပြောလိုက်တာပါ။

    • ကထူးဆန်း

      October 30, 2013 at 4:21 pm

      သူတို့က လွဲရင် ကျန်တဲ့သူ ဆိုတော့
      တကယ်ဘဲ ယုံလို့ ပုံအပ်တော့မလား KZ ..

      ဟိုးလွန်ခဲ့သော နှစ် နှစ်ဆယ်မတိုင်မီ ဦးနေဝင်း လက်ထက် ကထဲ က ပြောနေကြတဲ့ စကားတစ်ခု ..
      မြန်မာပြည် ကြီး ကောင်းစားအောင်ဆိုရင် ၅ နှစ်အထက် လူတွေ အကုန်သတ်မှ ရမှာဆိုတာလေး
      အခုတော့ နှစ်နှစ် အထက်လောက်ကို သတ်မှ ရတော့မယ် .. :harr:

      • KZ

        October 30, 2013 at 6:55 pm

        နို့မို့
        ဘောင်းဘီချွတ်ပြ။
        ချိတ်ထမီ ဝတ်ပြ
        ၂ ကိုယ်ခွဲကားရိုက်ပြ
        လူတစ်ယောက်တည်းက နေ ခု အစိုးရနဲ့ အရင် အစိုးရ လို့ ခွဲပြောလိုပြော။
        အမျိုးမျိုးမျက်လှည့်ပြလွန်းလို့ သူတို့နဲ့ကို ကင်းကင်းဖြစ်တဲ့ အစိုးရကို လိုချင်လှပါပြီ။
        😀

  • Ma Ma

    October 30, 2013 at 4:25 pm

    တူဖြစ်တဲ့အခါ ထု
    ပေဖြစ်တဲ့အခါ ခံ ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။

    ကိုယ့်ကို ဖိနှိပ်ချု ုပ်ခြယ်ပြီး မလှုပ်နိုင်အောင် ကိုင်တွယ်တဲ့အချိန်မှာ ကြက်ကလေး ငှက်ကလေးလို လုပ်ချင်သလို လုပ်တာကို ခံတယ်။

    အဲ- ကိုယ်က တူဖြစ်ပြီဆိုတဲ့အခါကျတော့ မျှ၏ မမျှ၏ မှန်၏ မမှန်၏ မစဉ်းစားပဲ တွေ့ကရာလိုက်ထုနေတတ်တဲ့ မြန်မာပြည်ထဲမှာ နေထိုင်ကြတဲ့ လူအများစုရဲ့ (ကိုယ်တိုင်လည်း မလွတ်ပါ) မရင့်ကျက်တဲ့ စိတ်တွေကို အများကြီး ပြ ု ပြင်ဖို့လိုနေပါသေးတယ်။

    ပြီးခဲ့တဲ့ရက်က တီဗွီအစီအစဉ်တစ်ခုမှာ လက်ပံတောင်းတောင်ကိစ္စ ဖြေရှင်းပေးနေတဲ့ အစီအစဉ် တပိုင်းတစ ကြည့်လိုက်ရတယ်။

    လူကြီး (ဘာရာထူးမှန်းသေချာမသိပါ) နဲ့ အဖွဲ့က ရှေက ကုလားထိုင်မှာ ထိုင်တယ်။
    အဲဒီက ဒေသခံ (ထင်တာပဲ) ရွာသူတွေက (ရိုင်းရို်င်းပြောရရင်) ငါးစိမ်းသည် ရန်တွေ့သလို အာပေါင်အာရင်းသန်သန် လက်သီးလက်မောင်းတန်းပြီး ပြောဆိုနေလိုက်ကြတာ….
    ဟိုးးးးတုန်းက လူကြီးခရီးစဉ်မှာ လက်အုပ်ကလေးချီ သွားကလေးဖြဲနေခဲ့ကြရတာကို မေ့နေကြပုံပဲ။ 😥

  • Foreign Resident

    October 30, 2013 at 7:19 pm

    TNA says:
    ” ဒီတိုင်းပြည်မှာတော့ ဒီ့ထက်ပိုပြီးဘာကိုမှမမျှော်လင့်မိပေမဲ့
    ဒီ့ထက်ပိုမဆိုး ဖို့တော့ဆုတောင်းမိပါတယ် ”

    Ma Ma says:
    ” အဲဒီက ဒေသခံ (ထင်တာပဲ) ရွာသူတွေက (ရိုင်းရို်င်းပြောရရင်)
    ငါးစိမ်းသည် ရန်တွေ့သလို အာပေါင်အာရင်းသန်သန်
    လက်သီးလက်မောင်းတန်းပြီး ပြောဆိုနေလိုက်ကြတာ ”

    အဘ က အမေစု ကို အပြည့်အဝ ထောက်ခံသူပါ ။
    အရင် ကတော့ ၊ စစ် အစိုးရ ကို တော်တော် ဆဲဆိုခဲ့သူပါ ။

    ဒါပေမယ့် ၊ အခုအချိန်မှာတော့ ၊
    ဦးသိန်းစိန် အစိုးရ နှင့် တပ်မတော် လည်း လမ်းမှန်ကို ဦးတည်နေပြီလို့ ထင်ပါတယ် ။
    ဦးသိန်းစိန် အစိုးရ နှင့် တပ်မတော် ဦးဆောင်ရင် ဒီမိုကရေစီ ရဖို့ နဲနဲ နှေးမယ် ။
    အမေစု ဦးဆောင်ရင် ဒီမိုကရေစီ ရဖို့ နဲနဲ မြန်မယ် ။
    ဘာပဲပြောပြော ဦးတည်ချက်ကတော့ မှန်နေပြီလို့ ထင်မိနေပါတယ် ။

    ဒါကြောင့် ဦးသိန်းစိန် အစိုးရ နှင့် တပ်မတော် ကို မဆဲချင် / မဆဲရက်တော့ပါဘူး ။

    အခု ၊ အဘ ထင်နေတာကတော့ ၊ ပြည်သူတွေဖက်ကလည်း ၊
    ဒီမိုကရေစီ နှင့် ထိုက်တန်ကြောင်း နဲနဲ ပြသင့်နေပြီလို့ ထင်နေမိပါတယ် ။
    ( တိုင်ပြည်က တောင်းဆိုနေတာ / လိုအပ်နေတာ က လူတိုင်းဆီက အနစ်နာခံမှု ရယ်ပါ )

    အပေါ်မှာ Ma Ma ရေးခဲ့သလိုပဲ ၊ လူကြီးတွေကို ၊
    ငါးစိမ်းသည် ရန်တွေ့သလို လုပ်နေတာကိုလဲ မကြိုက်ပါဘူး ။
    ( သေနတ်ရှိတဲ့သူတွေ စိတ်ဆိုး ကုန်ရင် ဘာဖြစ်တတ်တယ် ဆိုတာကို ၊
    သူတို့တွေ မေ့ကုန်ကြပြီ ထင်ပါတယ် )

    ကထူးဆန်း says:
    ” သူတို့က လွဲရင် ကျန်တဲ့သူ ဆိုတော့
    တကယ်ဘဲ ယုံလို့ ပုံအပ်တော့မလား KZ ”

    KZ ရေ ၊ အဘ လဲ ကထူးဆန်း လိုပါဘဲ ။
    သူတို့ ( အစိမ်းဝတ်တွေ ) က လွဲရင် ကျန်တဲ့သူ မှန်သမျှကိုတော့ မယုံနိုင်ပါဘူးကွယ် ။
    အစိမ်းဝတ်တွေ ထဲမှာလည်း သုံးလို့ရတဲ့သူတွေ အများကြီး ရှိသေးသလို ၊
    ဒီဖက်မှာလည်း အမေစု နှင့် လက်တစ်ဆုပ်စာ လူ နဲနဲ ကလွဲရင် ၊
    အများစုက ( ကိုယ့်လောက်တောင် ) Capacity မပြည့်တာကို တွေ့နေရတယ် ။

    သူတို့ ဒီမိုဘက်သားတွေရဲ့ ကိုယ်ကျိုးစွန့်ခဲ့မှုတွေကို လေးစားပေမယ် ။
    တိုင်းပြည် ကို ခေါင်းဆောင်ဖို့ဆိုရင်တော့ ကိုယ်ကျိုးစွန့်တာ တစ်ခုတည်းနှင့် မရဘူးလေ ။

    • KZ

      October 30, 2013 at 7:38 pm

      အဲ။
      ကျနော်လွဲနေတာပဲဖြစ်ပါစေ။
      ခု ဘစိန်တို့ သွားတဲ့လမ်းကြောင်းက အမေစု သက်တမ်းကို အချိန် ဖြုန်းဖို့ သွားနေတဲ့ အယောင်ပြလမ်းကြောင်းလို့ပဲ မြင်တယ်။
      သူတို့ လူတွေ စစ်ခုံရုံး ဆိုတာ မရောက်အောင်၊ စာဖတ်သူကြီး အေးအေးအနားယူလို့ ရအောင် ကာပေးထားတဲ့ အဖွဲ့ပဲဟာ။

      ထားပါလေ။
      ကျနော်ပြောဖူးပါတယ်။
      ကျနော် အပါအဝင် ကျနော်တို့ လူများဟာ ဒီမိုကရေစီဆိုတာကြီးနဲ့ မတန်သေးပါဘူးးးး။
      ဒါပေမဲ့ အခု အရပ်သားယောင် စစ်အစိုးရဟာလည်း ပြည်သူကို ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်တဲ့ အစိုးရမဟုတ်တာတော့ သေချာလွန်းလို့ လုံးဝ အလိုမရှိကြောင်း အဆုံးပြောတာပါ။

      • TNA

        October 31, 2013 at 9:45 pm

        ကေဇီကိုထောက်ခံဘာဂျောင်း

    • Foreign Resident

      October 31, 2013 at 4:26 am

      KZ says:
      ” ခု ဘစိန်တို့ သွားတဲ့လမ်းကြောင်းက အမေစု သက်တမ်းကို အချိန် ဖြုန်းဖို့
      သွားနေတဲ့ အယောင်ပြလမ်းကြောင်းလို့ပဲ မြင်တယ်။
      သူတို့ လူတွေ စစ်ခုံရုံး ဆိုတာ မရောက်အောင်၊
      စာဖတ်သူကြီး အေးအေးအနားယူလို့ ရအောင် ကာပေးထားတဲ့ အဖွဲ့ပဲဟာ ”

      KZ ရေ ။ အဘ အထင်တော့ ။

      ၁ ။
      အမေစု သက်တမ်းကို အချိန် ဖြုန်းဖို့ ဆိုတာတော့ မဟုတ်လောက်ဘူး ။
      အခု ဒီ အတိုင်းသာ ဆက်သွားရင် ၊ ၂၀၁၅ ကျရင် ၊ အမေစုက ၊
      တိုက်ရိုက် ( သူ ကိုယ်တိုင် သမ္မတ ဖြစ်ပြီး ) သော်၎င်း ၊
      သွယ်ဝိုက် ( သူ့ပါတီ NLD က အစိုးရဖွဲ့ပြီး ) သော်၎င်း ၊ အာဏာ ရမှာဘဲလေ ။

      ၂ ။
      အဓိက ကတော့ ၊
      စာဖတ်နေသူကြီး ၊ ဗိုလ်ချုပ်တွေ နှင့် တပ်မတော် ( အရင်လူတွေ ) ကို ၊
      နောက်ကြောင်းပြန် အာဏာသက်ရောက်စေပြီး တရားစွဲလို့ မရအောင် ၊
      အခြေခံ ဥပဒေ ကိုယ်တိုင် က ရယ် ၊
      စစ်တပ် ကိုယ်စားလှယ် ၂၅ % ရယ် နှင့် တားထားတာပါ ။

      ( အဘ သဘောကတော့ ဖြစ်ပြီးခဲ့သမျှတွေကို ခွင့်လွှတ် / ကျေအေးပါတယ် )
      ( ခွင့်မလွှတ်လို့လဲ မ ရဘူးလေ ။ သူတို့က သေနတ်ကြီးတွေ နှင့် ။ ဟီ ဟိ )

      အဘ အထင် ( လောလောဆယ် ) အခြေခံ ဥပဒေ ကို ပြင်ယုံပဲ ခွင့်ပြုလိမ့်မယ် ထင်တယ် ။
      အခြေခံ ဥပဒေ ကို ( လောလောဆယ် ) အသစ်တော့ အဆွဲခံမယ် မထင်ဘူး ။

  • lele kyi

    October 30, 2013 at 8:39 pm

    မတူတဲ့ အမြင်နဲ့ ဝင်ပြောမယ်။ ဟုတ်တယ် ဦးဖေါပြောသလို ကျမလည်း အမြဲစဉ်းစားတယ် တရုပ်ပြည်ကို ထုတ်ကုန်ပြန်ပို့ဖို့။ ဒါမှမဟုတ် သွင်းကုန်အစားထိုးပြည်တွင်း အရည်အသွေးပြည့် ကုန်ပစည်းထုတ်ချင်တာရယ်။ ပိုက်ပိုက်ရှိဘူးရယ်။ အဲ့ဒီ ငွေစီးကြောင်းကိုပိတ်ချင်တယ်။ ဒါပေမဲ့ မျိုးချစ်စိတ်ပြည့်ဝတဲ့သူတွေနေထိုင်သောတိုင်းပြည်ဆိုတော့ သကြားလုံးက အစ ပြည်ပတင်သွင်းတာကလား။ ငါးပါးသီလ ကလည်း အာဂုံအောင်ဖို့ပါ လူရှိန်တာပေါ့။ ငရဲကြီးရှစ်ထပ်က ကလေးတွေကိုခြောက်ဖို့ပုံပြင်တွေလေ။ ကြားပါများလို့ကြောက်တောင်ကြောက်တော့ဘူး။ နတ်ပြည်တက်ပြီး ဦးမာဃနဲ့စစ်တိုက်ဦးမှပါလေ။ သတိရသွားပြီ။ ဟိ

    • Mr. MarGa

      October 30, 2013 at 8:44 pm

      အင်း စစ်တိုက်မယ် ဆိုတော့
      အသူရာ မျိုးနွယ်ပေါ့လေ

    • Foreign Resident

      October 31, 2013 at 4:34 am

      lele kyi says:
      ” ဟုတ်တယ် ဦးဖေါပြောသလို ကျမလည်း အမြဲစဉ်းစားတယ်
      တရုပ်ပြည်ကို ထုတ်ကုန် ပြန်ပို့ဖို့ ”

      ကြိုးစားရင် မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး ။
      ကိုယ့် အပိုင် တစ်လိုင်းကိုတော့ သီးသန့် ရွေးထုတ်ရမှာပေါ့ ။

      ဥပမာ ။ ။ ကိုရီးယားတွေ Samsung ဖုန်း နှင့်
      အမေရိကန်တွေ ရဲ့ Apple ၊ i phone ကို ဆော်သလိုပေါ့ ။

      လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဆို ဖြစ်နိုင်မယ်လို့ ဘယ်သူထင်မလဲ ။
      အဲဒီတုန်းကဆို Mobile Phone မှာ Nokia က ဘုရင် ပဲ ။

  • ကိုရင်စည်သူ

    October 31, 2013 at 11:00 am

    အဘဖောရေ.. ဒါတွေ ပြောရင် သဘောတွေပါတာပဲ အဖတ်တင်ပါ့တယ်..
    ကိုယ်တွေကိုက မြန်မာနိုင်ငံသားဖြစ်နေပြီဟာပဲ။
    စီးပွားရေး မကောင်းတာ ဆင်းရဲတာ အချိန်တစ်ခုအတွင်း ချမ်းသာအောင် ပြန်လုပ်လို့ ဆွဲတင်လို့ရပါတယ်။
    အဓိက ပြသနာကတော့ စစ်အာဏာရှင်တွေ ရိုက်ချိုးသွားတဲ့ ပြည်သူတွေရဲ့ စိတ်ဓါတ်က
    အချိန်ဘယ်လောက်ကြာကြာမှ ပြန်မြင့်မားလာနိုင်မယ်ဆိုတာ မသေချာသေးပါဘူး။
    စီးပွားရေးလုပ်ငန်းတွေဆိုတာလဲ တိုးတက်ဖို့ ဆိုတာဝေလာဝေး အခြေလေးမပျက်အောင်
    မျောနေကြတဲ့ ပုံနဲ့ တူပါတယ်။ ကျော့်ဦးလေး အလတ်စားအထည်ချုပ်လုပ်ငန်းရှင်တောင်
    ဘက်စုံကနေ အာရုံနောက်တာတွေများလို့ စက်ရုံကို ဒေဝါလီခံလိုက်ရပါတယ်…။ ။
    သူကပြောသေးတယ်.. ငါ့ဘာသာ အပြင် ဂွင်လေးတွေ လိုက်ရိုက်နေတာမှ ဒီလောက်ခေါင်းမစားပဲ
    တစ်ဂွင်မိ နှစ်လလောက် ကောင်းကောင်းနှပ်နေလို့ရတယ်တဲ့…။ …
    အဘပြောသလိုများ.. တာမီးလေးတွေ မတန်မဆဈေးတွေနဲ့ အိတ်စ်ပို့စ် ဖြစ်ကုန်တော့မှ..
    ကိုရင်တို့ ရင်ကျိုးရချည်ရဲ့ဗျာ.. 😥

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2013 at 11:17 am

    အဆုံးမတော့ စားပေါက်ချောင်တဲ့ကောင်တွေကလည်း
    မချောင်လို့ အော်နေတဲ့ကောင်တွေကို ဖင်ဂေါင်းကျယ်
    စားပေါက်မချောင်တဲ့ကောင်တွေကလည်း
    စားပေါက်ချောင်နေတဲ့ကောင်တွေကို ဖင်ဂေါင်းကျယ်
    ဆိုတော့ကာ
    သေခြာတွေးကျိရင်
    ဖင်ဂေါင်းကျယ်ပြိုင်နေကြတာနဲ့တောင်အတော်တူတာဘဲ
    ဒီတော့
    မိမိတို့ဖင်ဂေါင်းနဲ့ မိမိတို့ လွပ်လပ်စွာကျယ်ကြစေဗျားးးးးးးးးးးးးးးးးးးးးး

  • အဘ ဘုတ်ကလုံ

    November 1, 2013 at 9:23 pm

    အဘ FR.. ရေ.. ဖြစ်နိုင်မယ်ဆိုတော့ အမြန်ဆုံးသာ ဩစီနိုင်ငံသားခံယူလိုက်ပါဒေါ့..
    မြန်မာနိုင်ငံသားဖြစ်ရတာ နည်းတဲ့ ပါရမီတော့ မဟုတ်ဘူး..
    ဒါထက်စမ်းတာတွေ ရှေ့မှာဆက်ဖြစ်ဦးမယ်တော့ အဘဘုတ်မြင်ယောင်နေသေးသပ..။
    တကယ်တော့လေ.. မြန်မာနိုင်ငံသွားနေတာ ဒီမိုကရေစီ ကို မဟုတ်ပါဘူး..
    ဘယ်နိုင်ငံပုံစံနဲ့ သွားနေလဲ.. အဘ အက်အာကြီး တွေးကြည့်မြင်ပါလိမ့်မယ်…
    အနတ္တ.. အနတ္တပေါ့လေ

Leave a Reply