ဥယျာဉ်မှုး၏ လွမ်းပုံပြင်

ပျိုးမိခဲ့တဲ့ ပန်းကလေး

တဖြည်းဖြည်း အလှဝင်

ရချင်သူတွေများ

ပျားပိတုန်းက အကွက်ချောင်း

အပေါင်းပေါင်းသော အန္တရာယ်

ရှိလို့ရယ် မလာရအောင်

ကြံဆောင်ရ ဥယျာဉ်မှုးကောင်း

ရေလောင်းလို့ ပေါင်းသင်

ဆောင်းအဝင် နှင်းတွေကြား

နားဖို့ရယ်ဝေး

အို   ပန်းကလေးရေ

ထူးခြားစေတဲ့ သူ့အသွင်

မြင်သူတိုင်းကငေး

လှသွေးလည်းကြွယ်

ချစ်စဘွယ်ဟန်များ

အံ့အားသင့်စေ လူတိုင်းလေ

ထိုသို့သောအခြေ

ချူလိုသူတွေက များလာ

ခမျာသော ဥယျာဉ်မှုး

ခူးပိုင်ခွင့်ရယ် မရှိ

ကြည့်လျက်နှင့် အသည်းနာ

မတားသာ ဒီဘဝ

မညီမျှတဲ့ သည်အခြေ

သည်းကြွေလို့ လူပမ်း

အပူလမ်းက ဝေဒနာ

ဘယ်သူလာလို့ သိမလဲလေ ။

4a

12 comments

  • alinsett

    October 30, 2013 at 8:36 pm

    ဥယျာဉ်မှုးတွေ ရဲ ့ ဘဝ…ဆိုတာ..
    အိုက်လိုပါပဲ..လေ…..နော်…

  • kai

    October 30, 2013 at 11:46 pm

    ပြောလို့သာပြော ရောချရရင်ဖြင့်
    ပန်းလည်းလေ သဘာဝပေမို့
    ပန်းလျှနွမ်းကျရမယ့်ဖြစ်
    အရင်းစစ်တော့အနိစ္စ
    ဒုက္ခမများချင် ဥယျာဉ်မှုးတောထွက်။ ။

    • Myo Thant

      October 31, 2013 at 1:12 pm

      ရက်စက်လိုက်တာ သဂျီးရာ
      ဘယ့်နှယ် တောထွက်ခိုင်းရသတုန်းဗျာ

  • ကျော်စွာခေါင်

    October 31, 2013 at 1:05 am

    ကိုသန် ့ရေ
    ကဗျာလာဖတ်တယ်ဗျ..။
    ဥယာဉ်မှုးတိုင်း ပင်ပန်းတာချည့်ဘဲ…ရင်လဲမောပါတယ်..။
    နောက်ဆုံး ပြုစုပျိုးထောင်တဲ့ ဥယာဉ်မှုးကို ရင်ဝဆောင့်ကန်ပြီး ကျေးစွပ်တော့ ပိုခံစားရသေးတယ်..။

    • Myo Thant

      October 31, 2013 at 1:14 pm

      ရင်ဝကို မကန်ပေမယ့်
      အချိန်တန်တော့လည်း တစ်လမ်းစီပဲလေ ၊

  • ဗုံဗုံ

    October 31, 2013 at 12:57 pm

    တုံးခုလို့မှ လှမ်းမရရင်..
    အမြစ်ကနှုတ်ပစ်မှတ်..
    မှတ်ထားကွယ်….ငါဟာ…အဲလေ..ယောင်ကုန်ပြီ
    ယောက်ခမဂျီး…. :mrgreen:

  • KZ

    October 31, 2013 at 12:59 pm

    အိုဂျာ!

    ဥရင်မူး ပန်းမခူးရ ဘူပြောဒုန်းးးးး
    ဒမာ ဥညိုးးးးး
    ဘာမှ ရှေးစကားတွေ လိုက်နာမနေနဲ့။
    ကိုယ် က ပျိုးမှ တော့ ပန်ချင်လို့ပဲ။
    ဘယ်သူခူးတာကို မှ ရင်နာနာနဲ့ စောင့်မကြည့်နဲ့။
    😀

  • sorrow weaver

    October 31, 2013 at 1:05 pm

    အလိုလေး..ပန်းတပွင့်ဖစ်လာရင် ….ဥယျာဉ်မှုးအနေနဲ့က …ပထမဆုံးအခွင့်အရေးရရှိသူပါပဲဗျာ….ပိုင်ဆိုင်ဖို့ထိုက်တန်ပါတယ်…အဟိဟိ မြှောက်ပေးတာ

    • Myo Thant

      October 31, 2013 at 1:21 pm

      ကဲ လာတော့ ပင့်နေကြပြီ
      KZ နဲ့ sorrow ရေ
      ဟုတ်တယ် ၊ အမှန်ပဲ ၊
      ကိုယ်ပျိုးတဲ့ပန်း ကိုယ်လှမ်းတာ ဘာဖြစ်သေးလဲ ၊
      ဒါပေမယ့် ပန်းက ပါသွားပြီထင်တယ် ၊ အို မရဘူး
      ( ရွှေမန်းတင်မောင်၏ ရွဲကုန်သည် ပြဇာတ်မှ လေသံဖြင့် )
      မပေး ပေး ပေးပေး ငါ့ပန်းပြန်ပေး
      မပေး ပေး ပေးပေး ငါ့ပန်းပြန်ပေး
      မပေး ပေး ပေးပေး ငါ့ပန်းပြန်ပေး 🙂

  • kyeemite

    October 31, 2013 at 1:24 pm

    ဥယျာဉ်မှုးတစ်ယောက်ရဲ့ ခံစားချက်ကိုနားလည်ပါတယ်လေ…
    ဒါပေမဲ့လည်းပန်းဆိုတာမျိုးက မခူးပဲထားလည်းတစ်နေ့ အလိုလိုကြွေမှာမှလား 🙁

    • Myo Thant

      October 31, 2013 at 1:42 pm

      ဟုတ်တယ် ကိုမိုက် ၊

      ကျနော်လည်း ဥယျာဉ်မှုးမိုက် လုပ်လိုက်ရမယ်ထင်တယ် 🙂

  • အရိပ်စစ်

    October 31, 2013 at 5:28 pm

    အဲဒီပန်းကလေးတွေကို မပိုင်လိုက်ရပေမယ့်
    မုန်းလည်း မမုန်းရက်ကြဘူးတဲ့ ဗျားးးး

Leave a Reply