မိုးစက်ဝိုင်

WowOctober 30, 20131min28623

Miss.U

တကယ်တော့ မိုးစက်ဝိုင်ကို ပုဂ္ဂိုလ်ရေးအရ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး… လူမျိုးခွဲခြားဖို့လား… ဟေးးး ဝေလာဝေး.. တော်တော်ကိုယ့်အနွံအတာခံတဲ့ တရုတ်သူငယ်ချင်းတွေရှိသလို ဘင်္ဂါလီ ထဲမလဲ သူငယ်ချင်းရှိပါတယ်…. တဇွတ်ထိုး တစ်ဇောက်ကန်းစိတ် ရှိပေမဲ့ ကိုယ်သွားလည်ရင် သောက်ဆမ်းတို့ ငါးငရုပ်သီးချက်တို့ မစားပဲ မပြန်ရအောင်ချက်ကျွေးတဲ့ ရခိုင်သူငယ်ချင်းလဲရှိပါတယ်…

ပြောချင်တာကတော့ Nothing personal… ပါ…

ဒါပေသိ….

ပြောရရင် သူဟာ မြန်မာကို ကို ကိုယ်စားပြုပြိုင်နေတာ လို့ မခံစားရပဲ… ခရိုနီတစ်စုနဲ့ မြန်မာသာမန်လူတန်းစားတို့ ကြားက Symbol လို့မြင်ပါတယ်…..

ဖိုးလပြည့်နဲ့ ကိစ္စပေါ်ပြီးတဲ့နောက်… ဖေ့ဘုတ်မှာ ပလူပျံအောင် သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်ရေးကြတဲ့ အထဲမှ ဘယ်သူဘာပြောပြော မိုးစက်ဝိုင်တို့ က စင်ပေါ်ကပါ။

ဘယ်မှာတွေ့နိုင်သလဲ ဆိုရင် နိုင်ငံပိုင် သတင်းစာတွေမှာ စာမျက်နှာပြည့် နေ့တိုင်းနီးပါး သူမအတွက် ဂုဏ်ယူကြောင်းအလှည့်ကျ ကြော်ငြာပေးနေတဲ့ ခရိုနီတွေပါ….

ခရိုနီတွေဘက်က…. ဒင်းတို့ကများ တသက်လုံးမော်မကျိခဲ့ဘူးတဲ့ ငါတို့ကို တူနိုင်မယ် မထင်ကြနဲ့ ကိုးဆယ်ဆကွာလိမ့်မယ် ဆိုပြီးညှိုးတာကို ဘယ်မှာ အထင်အရှားတွေ့နိုင်လဲဆိုရင် ရှရုသွားတော့ သာမန်ဆိုရင် အနေအထိုင် ဆင်ခြင်သင့်တဲ့အချိန်မှာ မိုးစက်ဝိုင်က ဗိုလ်တစ်စုနဲ့ ပျော်ပျော်ပါးပါး ဘူ့ဂုစိုက်ရမလဲ စတိုင်မျိုး တွေ့ရမှာပါ……

မြန်မာသာမန်လူတန်စားဘက်ကကော… တစ်သက်လုံး အော့နှလုံးနာ မုံးခဲ့ရတဲ့အမုန်းတွေက မိုးစက်ဝိုင်ပေါ်ပုံချ တာပါ…. မိုးစက်ဝိုင်ဘက်က ကျိရင် မတရားဘူးလို့ ဆိုနိုင်ပေမဲ့… ဒီနေရာမှာတော့ အနော့်ချိန်ခွင် တစ်ခြမ်းစောင်းပါရစေ….

အချိန်ကိုက်ပဲ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတစ်ကာခရီးမှာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိမနေပါဘူး။ အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးမှာ လိုအပ်ချက်တွေရှိခဲ့လို့ အခြင်းခြင်း အမုန်းပွားကုန်ကြတာပါ။ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံကနေ လက်လွတ်ထွက်ပြေး၊ ပြောင်းရွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသား အများရှိပါတယ်။ မြန်မာနိုင်ငံသားများလဲနစ်နာမှုတွေ အများကြီးရှိပါတယ်…. စတဲ့ အဓိပါယ်ကို BBC အင်တာ ဗျူးနဲ့ တစ်ခြားမိန့်ခွန်းတွေမှာပြောခဲ့ပါတယ်… တပ်ထွက် အများစုဟာ အဝတ်အစားလဲလိုက်တာသာရှိပြီး စိတ်ထားတွေ ပြောင်းမလာပါဘူးတဲ့….

တစ်ခါလာရွှေဧည့်သည် နှစ်ခါလာငွေဧည့်သည်ဆိုသလို တိုင်းပြည် လက်ရှိ အခြေအနေတွေအရ မျက်နှာငယ်ငယ် နဲ့ အဖြစ်မှန်ကို နိုင်ငံတကာသိအောင် ပြောပြနေတဲ့ ဘွားတော်ကို ကျိပီး စိတ်ထဲ ဘယ်လိုမှ မကောင်းပါ….

အနော့်ချိန်ခွင် ထပ်ပြီး တစ်ဘက် စောင်းပါရစေအူး….. ဒေါ်အောင်ဆန်းစုကြည်လောက် မြန်မာနိုင်ငံကို စေတနာ ထားတဲ့ ခေါင်းဆောင်မျိုး ဆယ်ဆုနှစ် တော်တော်များများ ထပ်မပေါ်နိုင်တော့ပါဘူး….

ဒီလို နိုင်ငံရေးအရေးကြီးနေတဲ့ အချိန်မှာ ခရိုနီတွေကတော့ မိုးစက်ဝိုင်အရေး တို့အရေးဖြစ်နေပါတယ်။

မိုးစက်ဝိုင်အောင်ပွဲရသွားရင် ခရိုနီအောင်ပွဲလို့ပဲ မြင်ပါတယ်….

လူဦးရေ သန်း ၆ဝ ထက်ပိုပြီး မိုးစက်ဝိုင်ကို မချစ်နိုင်ပါဘူး….

ဟတ်ကဲ့ … အနော် တောက်ကျင့် မကောင်းဝူး လူမျိုးရေးခွဲခြားတယ်… မိုးစက်ဝိုင်အပေါ် မနာလိုစိတ်ကြီးတယ်… ပြောလဲ… မှန်တာပေါရရင် တောက်ရေးမစိုက်ပါဝူး… :mrgreen:

သူမဟာ ခရိုနီတွေရဲ့ Symbol ဖြစ်နေတဲ့အတွက် အနော်သူမကို လက်ခုတ်တီးမပေးနိုင်ပါဘူး…..

ဒါပါပဲ…. အလိုမတူသူများ စဆဲလို့ရပါဘီ…. :mrgreen:

23 comments

  • မင်းခန့်ကျော်

    October 30, 2013 at 3:05 pm

    အမလေးဖတ်လို့ကိုး မဝနိုင်ဘူး။
    ဒီပို့စ် ကိုပြောပါတယ်။
    သူငယ်ချင်းသာဆိုရင်

    “ဟေ့ ယောင် လာကွာ လ္ဘက်ရည်တိုက်မယ်

    မုန့်လဲ စား မာဘိုရိုလဲ သောက်”

    ဆိုပြီးကို ဒကာခံလိုက်အုံးမယ်။ :mrgreen:

    • Wow

      October 30, 2013 at 4:35 pm

      အနော် လက်ဘက်ရည်လဲသောက်ပါတယ်… မုန့်လဲစားပါတယ်… လာ… လဗင်းဖက်ပီး လက်ဘက်ရည်ဆိုင် သွားရအောင် :mrgreen:

  • TNA

    October 30, 2013 at 3:27 pm

    မဆဲဘူးရဲဘော် ဆက်လုပ်။ သဘောထားခြင်းထပ်တူထပ်မျှပါ။ အစကတဲက ကြည့်မရလို့ လုံးဝမဗုတ်ခဲ့ဘူး။ အဲဒီသစ်သစ်မြင့်ဆိုင်ကြီးကဲကဲလုပ်နေတာလဲ တောက်ညင်ကပ်နေဒါ။ ဒါပေသိ သူ့ဝေါပေါ်သူရေးသမို့ အသာကြည့်နေတုန်း ဗြုန်းဆို မနက်က အိုက်ဒါဂျီးလဲတွေ့ရော မနေနိုင်လို့ ဝင်မန့်ခဲ့သေး။ ကိုယ့်ဝေါပေါ်လဲ ရှဲလိုက်ပြီး ဆဲလိုက်သေး။ ကြည့်ကိုမရလို့။ ရွှေကျေးကတော်တော် မယ်ဘော်ကကဲကဲတွေပါအေ။ ကြည့်ကိုမရဘာဘူး။

    ” ဗေဒင်မေး ယတြာချေ ဘုရားမှာပွဲထိုး ဘုရားသခင်ဆီမှာဆုတောင်း အာလာဆီမှာတောင်း ဟိန်ဒူဘုရားကျောင်းမှာတောင်း ဘယ်မှာကျန်သေးလဲ အဲနတ်ကနားပွဲပေး”
    လို့ အိုက်လိုလေး သူ့ပိုစ့်မှာအားပေးခဲ့တယ်။ အခုလောက်ဆိုဆဲခံနေရလောက်ပီ။ ပြန်သွားမကြည့်ရသေး ဘူး။ :mrgreen:

    • Wow

      October 30, 2013 at 3:40 pm

      ဂယ်က အသဲလေး ဝေါပေါ်တွေ့လိုက်လို့ ဒီပို့စ် ရေးဖြစ်တာရယ်…. :kwi:

      • TNA

        October 30, 2013 at 3:45 pm

        ပထမ မိုးစက်ဝိုင်ကိုကြည့်မရဘူး။ ဟိုမျောက်ကလေးနဲ့ပေါင်းလို့။ ဒါပေမဲ့ ဒီလောက်တောက်ညင် မကပ်ဘူး။ အိုက်ဒီ သစ်သစ်မြင့်ဆိုင်ကြီး လုပ်မှပဲ ပိုတောက်ညင်ကပ်သွားလို့ လုံးဝလှည့်ကိုမကြည့် တော့ဘူး။ တကတဲ။ ဟိုကနာမည်ကြီးတာထက်သူကပိုနာမည်ကြီးချင်နေဒါ။

  • Mr. MarGa

    October 30, 2013 at 3:39 pm

    အဟက်….
    ခရိုရောင်စုံကိုတော့ မသိဘူး
    ဒါပေမင့်ပေါ့
    ဘယ်အရာမဆို ပုံမှန်ထက်လွန်လာရင်တော့ လက်မခံချင်ဘူး
    အခုလဲ
    သူ့ဟာသူလေး ဖြစ်နေရင်ကို အားပေးနေဦးမှာ
    ဒါပေမယ့် ဒီလို သည်းသည်းလှုပ်တွေ တွေ့တော့
    မျက်စိ နောက်လာတယ်
    ဒါကြောင့်
    ရဲဘော်….ဆက်လုပ်

  • kai

    October 30, 2013 at 4:00 pm

    မိုးစက်ဝိုင်သာ.. စကာတင်၁ဝယောက်ထဲပါနေရင်..
    အင်း..
    မစ်စ်ယူနီဗတ်စ်ရွေးတဲ့အဖွဲ့ကို… တော်တော်အံ့ဩမိမှာပါပဲ..။
    အနိစ္စ… :kwi:

    • Wow

      October 30, 2013 at 4:39 pm

      သူရို့လဲ နိုင်ငံရေးတော့ မျက်ခြေမပြတ်လောက်ဝူးထင်တာပဲ ဒဂျီးရယ် :kwi:

      • kai

        October 30, 2013 at 11:23 pm

        ပြောလို့တော့မရဘူး… ဒေါ်နယ်ထရမ့်က.. အိုဘားမားရှေ့ကနေ မြန်မာပြည်သွားပြချင်နေတာ… ကွိခုကွိခု.. :kwi:

  • KZ

    October 30, 2013 at 4:00 pm

    နာတော့ လှည့်ကိုမကြည့်တာ။
    ခေါင်းထဲကို မထည့်ဘူးးးးးး
    ခုမှ မြန်မာအတွက် မြန်မာဖြစ်ရတာ လက်မထောင် ရတဲ့ အတိုင်းပဲ။
    ဒင်းတို့ဖို့က လက်မထောင်တာမဟုတ်။
    အဲ အင်းးးး…..

    ထားပါ။
    ကိုယ့်တန်ဖိုးထားတဲ့ ကိုယ့် အိုင်ကွန်က သပ်သပ်ရှိပြီးသားပါ။

    • Wow

      October 30, 2013 at 4:57 pm

      ဗီဒိုဇွတ်လမ်းတွေ ထဲကလို အတင်းသဘောထားကြီးချင်ရောင်တော့ ဆောင်မနေနိုင်ဝူးအေ…. နွားပလာတာ ကျွေးသလို… မတန်လို့ပါ.. :kwi:

  • ကထူးဆန်း

    October 30, 2013 at 4:15 pm

    နီ နီ ပြာပြာ
    ဖြူဖြူ မဲမဲ
    လည်ပင်းမှာ Myanmar လို့
    ချိတ်ဆွဲထားသည့် အတွက်
    အားပေးဆဲပါ ဝိုင် …
    :hee:

    • Ma Ma

      October 30, 2013 at 5:00 pm

      အမျိ ုးသားရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်တဲ့ ကထူးဆန်းကို ဗရာဗိုပါ။ 🙂
      အမျိ ုးသမီးရေးတာဝန်ကျမှပဲ ထမ်းဆောင်တော့မယ်။ 😀

  • KZ

    October 30, 2013 at 7:04 pm

    အဟဟ။
    ဝါး တားတားလေးးးးးး
    ရွာထဲ ဝိုင်ကြိုက်သူတွေ များသနော်။
    တို့ မန့်တာတွေ ရဲနေပြီ။
    အင်းးးးးးးးး
    မျိုးချစ်ကြတယ်။
    တယုတ်မျိုးဟေ့ ဒို့ ဘမာ။

    :mrgreen:

    • Wow

      October 31, 2013 at 8:07 am

      နိုင်ငံက အဆင်းရဲဆုံး စာရင်းမှာရှိ၊ နိုင်ငံက လူတစ်စုက အချမ်းသာဆုံးစာရင်းမှာရှိ တဲ့အထဲ မယ်စကြာဝနာ ကို မြန်မာရသွားရင် ဘယ်လိုဂုဏ်ယူရမှန်းမသိပါဝူးအေ…. ခတောင်းကျိုက်တခြား ဟိုသင်းတလွဲဆိုသလို မယ်စကြာဝနာရေးကျ ငတို့အမျိုးသားတွေ တယ် တက်ကြွသဂိုးးးးးး :mrgreen:

      ဘာပဲပေါပေါ ဟိုဝံကျီးပေါသလို တရုတ်ကျေးဇူးဆပ်မကုန်ပါဝူး… ပစ်မှားမိတဲ့ အနော် သေသင့်ပါတယ် :mrgreen:

  • lele kyi

    October 30, 2013 at 7:57 pm

    မိုးစက်ဝိုင် ဟာ မြန်မာနိုင်ငံကိုယ်စားပြုတာပါ။ ခရိုနီ ကို ကိုယ်စားပြုတယ်လို့ မယူဆပါဘူး။ ဒေါ်စု နဲ့လည်း မတူတဲ့ နယ်ပယ်ကပါ။ မိုးစက်ဝိုင် အောင်ပွဲဟာ ခရိုနီ အောင်ပွဲလို့ နားလည်လို့ မရပါဘူး။ သူရမယ်လို့လဲ မထင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပုံရိပ်ကောင်းကောင်းကို သူမ သယ်ဆောင်ပေးမယ်လို့ ယူဆတယ် အကယ်ရွေ့ သူမဟာ လိမ်မာပါးနပ်ပြီး စမတ်ကျကျ နေထိုင်ပြောဆိုနိုင်ခဲ့မယ်ဆိုရင်ပေါ့။ ဒါကြောင့် မို့ အားပေးပါတယ်။ မိုးစက်ဝိုင် မှမဟုတ်ဘူး ဘယ်သူသွားသွားအားပေးမှာပါ။ ဟီးး တယုတ်အားပေးဟုတ်ဘူးနော်။ နည်းနည်းတော့ကြောက်တယ်။

  • alinsett

    October 30, 2013 at 8:00 pm

    တို ့တော့..
    ချစ်သုဝေလောက်..ချစ်ဘူး ။
    🙂

  • မိုးစက်ဝိုင်က တကယ်လည်း တရုတ်တစ်ယောက်ဖြစ်ပါတယ်။
    မြန်မာပြည်မှာ မိုးစက်ဝိုင်လို တရုတ်တွေလည်း အများကြီးဖြစ်ပါတယ်။
    တရုတ်တိုင်း မကောင်းတာမဟုတ်ပါဘူး ..မကောင်းတဲ့သူများခြင်းသာဖြစ်ပါတယ် :mrgreen:
    ဒါပေမယ့် .. ခုဟာက သူက တရုတ်မ ဆိုပြီး မြန်မာပြည်ကိုယ်စားပြုပြီး ဝင်ပြိုင်တာမဟုတ်ပါဘူး
    မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြိုင်တာပါ … ဘယ်လိုအဆက်အသွယ် ဘယ်လိုအရည်အချင်းမျိုးတွေနဲ့ သူ ဒီအဆင့်ရောက်လာတယ်ဆိုတာတော့ စိတ်မဝင်စားသလို နောက်ကြောင်းလည်း မကြည့်ပါဘူး.. ကိုယ်နဲ့ မဆိုင်သလိုပဲ သဘောထားပါတယ်။
    အခု ဖြစ်နေကြတဲ့အနေအထားမှာ မိုးစက်ဝိုင်ကို တရုတ်မဖြစ်လို့ မုန်းကြတာထက် .. ဟိုလူစုနဲ့ ရောနှောတဲ့အတွက် မုန်းကြတာက ပိုများတာပါ.. အားပေးတုန်းကလည်း သူတို့ပဲ ကဲကဲစပ်
    ကဲ့ရဲ့တော့လည်း သူတို့ပဲ ပက်ပက်စက်စက်တွေကို အွန်လိုင်းမှာအများကြီးတွေ့နိုင်ပါတယ်။
    နောက် .. မယ်တွေထဲမှာ ကြည့်မယ်ဆိုရင် သူဟာ miss universe ရနိုင်လောက်တဲ့ အဆင့်မဟုတ်ပေမယ့် တချို့နိုင်ငံက မယ်တွေထက်တော့ အတော်သာလွန်တယ်ဆိုတာတော့ ဝန်ခံရမှာပါ။ ဒါတွေပြောနေလို့ .. ကျွန်တော်က မိုးစက်ဝိုင်ဘက်တော်သားမဟုတ်သလို .. မိုးစက်ဝိုင်မုန်းသူတွေရဲ့ ထောက်ခံသူ ၊ အတိုက်အခံ ဘာတစ်ခုမှကို မဟုတ်တာပါ …
    မိုးစက်ဝိုင်ကို အားပေးသူမဟုတ်သလို ထောက်ခံသူလဲမဟုတ်ပါဘူး .. တစ်ချက်မှ မဲ ကို ကလစ်မနှိပ်သလို ..ဆဲတဲ့ထဲ ကဲ့ရဲ့တဲ့ထဲလဲ မပါ ပါဘူး ……. ကျွန်တော့်မျက်စိထဲကို ရောက်အောင် မဆွဲဆောင်နိုင်တဲ့အတွက် …… မဲ မပေးပါဘူး .. (ခင်ဝင့်ဝါတုန်းကတော့ မျက်စိထဲလှတယ်ထင်တဲ့အတွက် အခါပေါင်း ၃ဝလောက် ကလစ်မိပါတယ် ..)တချို့ မယ်တွေရဲ့ အလှက ပိုဖမ်းစားနို်င်ပေမယ့် ..မြန်မာနိုင်ငံကိုယ်စားပြုပြီး ဝင်ပြိုင်တဲ့သူရှိတဲ့အတွက် ကိုယ့်မဲ တစ်ခုက မြန်မာနိုင်ငံအတွက် အရှုံးမဲစာရင်းထဲပါမှာစိုးတဲ့အတွက် အခြားဘယ်မယ် ကိုမှလဲ မဲမပေးပါဘူး ….. စကားချုပ်လို်က်ရင်တော့ .. အဲဒီအကြောင်းက စာရင်းထဲကို မရှိပါဘူး … ခု ဟိုနေရာလည်း မိုးစက်ဝိုင် ဒီနေရာလည်း မိုးစက်ဝိုင် ခရိုနီ တရုတ်မ ဆိုတာတွေကို တွေ့လို့ ကိုယ့်အတွေးအမြင်ကို ဖော်ထုတ်ခြင်းသာဖြစ်ပါတယ်… ကျွန်တော့်အနေနဲ့ကတော့ နေသာသပ လေညှာကပါပဲ .. အဟိဟိ :mrgreen:

    • Wow

      October 31, 2013 at 10:34 am

      မနှင်းဖြူရယ် မှန်တာပေါရရင် အနော်လဲ တူ့ဂိုစိတ်ထဲကို မရှိတာပါ… နန်းခင်ဇေယျာတုံးကတော့ အားပေးမိတယ်.. ခလေးမလေး လူမှုရေးတွေလုပ်တော့လဲ အော် တိုင်းရင်းသာပီပီ ဖြူစင်တယ်ပေါ့… ခင်ဝင့်ဝါက စပီး နောက်ပိုင်း စိတ်ကို မဝင်စားတာ… ကွယ်… ဒီထက် အရေးကြီးကိစ္စ အများကြီးရှိတာ.. ဆင့်အဝှာ အနာ မလုပ်ချင်ပါဘူး… ဒါပေသိ… ခုက နဲနဲ နိုင်ငံရေးပါလာလို့ :mrgreen:

  • Shee

    October 31, 2013 at 9:44 am

    ကျ​နော်​မျိုးမက​တော့ ​စောင်​့ကြည်​့​နေတယ်​…ဘယ်​အချိန်​ အင်​ဇာဂီ တစ်​​ယောက်​…မိုးစက်​ဝိုင်​ဘလာစီယာနဲ့ချပ်​၂ရပ်​၂ဖြစ်​​နေတဲ့ပုံတင်​ပြိီး ဝိုင်​​လေး လို့ထ​အော်​မဲ့အချိန်​ကို…….

    Ps….အန်​တီဆု ကိုချစ်​တယ်​…ဒါဗြဲ
    မိုးစက်​ဝိုင်​ ကိုလဲအား​ပေးတယ်​…:-D

    • Wow

      October 31, 2013 at 10:36 am

      ကျမ်းမာရေးကောင်းလာတဲ့အချိန် အော်လိမ့်မပေါ့ကွယ်… :kwi:

  • ကိုရင်စည်သူ

    October 31, 2013 at 11:11 am

    အညိုးဒွေကြီးလိုက်ဒါ တိမီးကြီး မမဝေါင်းရယ်..
    သူဂလေး ဘီကီနီလေးတွေ ဝတ်ပြီး ဟပြတော့လည်း
    ကိုရင်တို့လို့ ခရိုနီမဟုတ်တဲ့ ဖရုံစေ့တွေ အသက်ရှည်ပါဒလယ်ကွယ်.. :mrgreen:

Leave a Reply