မန်းရေနံမြေတံတား ချောင်းရေတိုက်စားမှုကြောင့်တံတားသံတိုင်(၁)တိုင်နိမ့်ဆင်းသွားသဖြင့်(၃)တန်အထက်ကားများဖြတ်သန်း သွားလာမှုမပြု

Hlaing Zar ChiOctober 30, 20131min470

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့်မန်းကျိုးကျေးရွာသို့ကူးသည့် မန်းရေနံမြေမှဆောက်လုပ်ထားသော အလျား(၃၆၀)ပေ၊အကျယ်(၁၄)ပေ(၆)လက်မရှိ တံတားခံနိုင်ဝန် တန်(၄၀)ရှိ သံဘေလီ တံတား သည် အောက်တိုဘာ(၂၉)ရက် နေ့နံနက်(၈)နာရီချိန်ကမန်းချောင်းရေတိုး၍ ရေစီးသန်ပြီးချောင်းရေတိုက်စားမှုကြောင့် တံတားသံတိုင်(၇)တိုင်ရှိသည့်အနက် တောင်ဘက်အစွန် ဆုံး သံဘောင်တိုင်မှာ တဖြည်းဖြည်း နိမ့်ဆင်း သွားပြီး တံတားကြမ်းခင်းနှင့်(၁၀)ပေခန့်ကွာဟသွားခဲ့သည်၊ အဆိုပါတံတားမှာပျက်စီးမှုမရှိဘဲကြံ့ခိုင်မှုအားနည်းသွားသဖြင့် (၃)တန်အထက်ကားများဖြစ်သန်းခွင့်ပိတ်ပင်ထားပြီး လူ၊စက်ဘီး နှင့် ဆိုင်ကယ်များသာဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ၎င်းတံတားအား မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးမြင့်ဆွေနှင့် အဖွဲ့မှပြန်လည်ပြုပြင်ဆောင်ရွက်လျှက်ရှိပြီး တံတားပေါ်ဖြတ်သန်းသွားလာသူများအား အန္တရာယ်မဖြစ်စေရေးအတွက် မန်းရေနံ မြေရဲစခန်းမှဒုရဲတပ်ဖွဲ့ဝင်များ၊မန်းကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်စိမ့်အဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေကြောင်းသိရှိ ရသည်။