မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်အောက်တိုဘာ(၂၈)ရက်နေ့ညနေပိုင်းက အမျိုးသားတစ်ဦးနွားလှည်းပိ သေဆုံးမှုဖြစ်ပွားကြောင်းသတင်းရရှိသည်။ဖြစ်စဉ်မှာ မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာနေ ဦးမောင်ဆန်းနှင့် ၏ သမီးဖြစ် သူမအေးယုနိုင်တို့သည် အဆိုပါနေ့နေ့လည်(၃)နာရီချိန်က ရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာရှိယာခင်းမှနွားစာပြောင်းပင် များအားရိတ်ယူရန် အတွက်နွားလှည်းဖြင့်ထွက်သွား ခဲ့ကြောင်း ညနေပိုင်းတွင် သမီးဖြစ်သူ မအေးယုနိုင် မှာနွားစာရိတ်နေစဉ် ဖခင်ဖြစ်သူအော်သံကြား၍သွားရောက်ကြည့်ရှုရာ ဦးမောင်ဆန်းသည်ရိတ်သိမ်းပြီးေ သာနွားစာထုံးများကိုလှည်းပေါ်တင်ရန်အ တွက် နွားလှည်းအား(၈)ပေခန့်မြင့်သည့်ချောင်းဘေး ကမ်းပါးယံမှယာခင်းထဲသို့မောင်းနှင်၍ဆင်းလိုက်စဉ်လည်းတိမ်းမှောက် သွားကာ ဦးမောင်ဆန်း၏ကိုယ်ပေါ်သို့လှည်းပိပြီး ယာဘက်နားထင် အထက်(၁)လက်မ ခန့်ပေါက်ပြဲဒဏ်ရာ၊ဝဲဘက်တံတောင် ဆစ်ကျိုး၊ ဝဲ/ယာ နံရိုးများကျိုးခဲ့ပြီး ဝါးကြီးအိုင် တိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့စဉ်လမ်း၌သေဆုံးသွားခဲ့ကြောင်းအဆိုပါဖြစ် စဉ်အား မြို့သစ်မြို့နယ်၊ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ (ပ) ၉/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..