ဗုံး လုပ်နည်း

ဟုတ်ကဲ့ ဗုံးတလုံးလုပ်ဖို့ အဓိက လိုအပ်တာကတော့

၁ ယမ်း

၂ စနက်တံ

၃ သံတုံး သံစ

၄ နာရီ

၅ ကော်ဗူး

၆ ပလပ်စတစ်ဘူး တို့ဖြစ်ပါတယ်။

———————————————–

၁။ယမ်း

ယမ်းကိုတော့ ကပစကို တင်ဒါသွင်းနေတဲ့ ဦးပိုင်နဲ့ရင်းနှီးတဲ့ ကုမ္ပဏီတွေက ဝယ်ယူနိူင်ပါတယ်။

၂။စနက်တံ

စနက်တံကိုတော့ လက်ပံတောင်း စီမံကိန်းနဲ့ ရွှေတူးတဲ့ တရုတ်တွေဆီက ဝယ်ယူနိူင်ပါတယ်။

၃။သံတုံး သံစ

သံတုံး သံစတွေကိုတော့ အင်းစိန်နား MEC တာယာစက်ရုံရှေ ့ သံရည်ကြိုစက်ရုံကနေ ဝယ်ယူနိူင်ပါတယ်။

၄။နာရီ

နာရီဆို ချယ်ရီဦးဘဲ စိတ်ချရတယ်လို့ ပြောပါရစေ။

၅။ကော်ဗူး

ကော်ဗူးကိုတော့ လက်သင့်ရာ လူကြီးသားသမီး ဆိုင်တွေက အားပေးနိူင်ပါတယ်။

၆။ပလစ်စတစ်ဘူး

ပလပ်စတစ်ဘူးတွေကိုတော့ နှင်းနှင်းခိုင် ကုမ္ပဏီထုတ် VeVeဗူးတွေနဲ့ ပြုလုပ်နိူင်ပါတယ်။

အားလုံးပြည့်စုံသွားရင်တော့ အသင့်အသုံးပြုနိူင်တဲ့ ဗုံးတလုံးရပါပြီ။

အထူးသတိပြုရမှာတော့ ပါမစ်တွေ ဘောက်ချာတွေကို သေချာသိမ်းထားဖို့လိုပါတယ်။

 

သတ္တဝါများကျန်းမာချမ်းသာကြပါစေ …..

အဘရှိရင် အားအမြဲရှိနေတဲ့

စောနေတိုး(ခေတ္တ နေပြည်တော်)

7 comments

  • KZ

    October 30, 2013 at 6:48 pm

    ဗုံး ဖောက်ဖို့သွားရင်လည်း မှတ်ပုံတင် ယူမသွားပါနဲ့။
    တက်ကစီ ငှါးမသွားပါနဲ့။
    တက်ကစီပေါ်မှာ မှတ်ပုံတင်ကျကျန်ခြင်းမှ ကင်းဝေးစေရန်။

    😀

  • alinsett

    October 30, 2013 at 7:50 pm

    ရေပုံး လုပ်နည်းလေး ပေးပါ..။
    ရေပုံးလုပ်နည်းက..ကျွန်တော်တို ့အတွက်.. ပိုအသုံးဝင်ပါတယ် ။.

  • Mr. MarGa

    October 30, 2013 at 7:53 pm

    ဗုံးလုပ်နည်းတင် မပြနဲ့လေဗျာ
    ခွဲနည်းပါပြ
    ပြီးရင် ပြေးနည်းလဲ ပြ
    ဒါမှ အဆင်ပြေမှာပေါ့ :mrgreenn:

  • alinsett

    October 30, 2013 at 7:55 pm

    နာမည်ရယ်..
    ပုံရယ်…
    တောင်းမရက နှိုက်ယူမည် နှိုက်မရက တိုက်ယူမည် ဆိုတဲ ့ စာရယ်..
    ပိုစ့် ရယ်…
    အင်းးး
    တတ်လည်းတတ်နိုင်ပါ့… ။
    ဟွန်းးး

    :kwi:

  • TNA

    October 31, 2013 at 11:42 am

    နေပူတော်ကနေ သဗုန်ထနေဘာဒယ်ဗျို့။ ခွဲမယ့်ခွဲအိုက်နေပူဒေါ်မှာ ခွဲရမဲ့အိမ်တွေပုံလို့။ ကွကိုယ်ခွဲပါလား။ သများဒွေကိုနည်းပေးပြီးခွဲခိုင်းနေသေး :mrgreen:

  • အရိပ်စစ်

    October 31, 2013 at 5:36 pm

    လုပ်ပီးသားဗုံးလေးတွေ အလွယ်ရောင်းတဲ့ နေရာလေးတွေရော
    ထည့်ရေးပေးလို့ မရဘူးလားညင်…….

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 12:23 am

    ရုတ်တရက် ကြည့်လိုက်တော့ …
    ဝစ္စနှစ်လုံးပေါက် ဖြုတ်ပြီး ဗုံး ကို ဗုံ လို့ မြင်လိုက်မိတယ် …
    ဗုံ လုပ်နည်း .. ဆိုလို့ ချိတ်ဝင်စားတွားလို့ ဝင်ကျိဒါ …
    အခု ဗုံး ဆိုဒေါ့လည်း ဗုံးလုပ်နီးကို ကျိတွားဘာဒယ် …

Leave a Reply