ငိုသံ

alinsettOctober 31, 20131min22328

“ ငိုသံ ´´

 

_______________________

 

အစိုးမရတဲ့ မိုးစက်တွေ

ခပ်တိုးတိုးရွာစေဖို ့. . .

ကောင်းကင်ကို မော့အကြည့်မှာ . . .

ကြယ်တွေ. . .

ခုန်ချလို့ ကောင်းတုန်း ။

 

______________________

 

မကြာသေးပါဘူးကွယ်. . .

ကံစေရာ လမ်းကလေးထဲ

မရဲတရဲပေါ့. . . . .

ကိုယ်လျှောက်ခဲ့တယ် ။

တကိုယ်ကောင်းဆန်တဲ့ ရာသီနဲ့အတူပေါ့ ။

 

_____________________

 

လာစေချင်တဲ့သူ မလာဘူး

မလာစေချင်တဲ့ . . .

ဘယ်သံ ညာသံ

မိုးသံ လေသံ

မြေသံ ရေသံ

ထန်ထန်ထူးထူးနဲ့ . . .

သေအံ့မူးမူးကိုယ့်ဆီကိုမှ

လာတယ်. . .။

 

_____________________

 

နားခါးတယ်ကွယ်။

ကိုယ်ပြောတဲ့စကားတွေ. . .

နှုတ်မလုံခြင်း ခြေရာခွက်တွေထဲမှ

ခ ရ ရှာတယ် ။

ရစ်သမ်ပျောက်ဆုံး. . . .

ကဗျာကိုယ်လုံးတီးတွေ လည်း

မဖတ်ချင်တော့ဘူး ။

 

_____________________

 

တုံးတုံးတိတိ မနက်ဖြန်တွေမှာ

ခရမ်းရောင်နုနု အမုန်းတစ်ခုကို ပိုက်ရင်း

အမှန်တရားရဲ့ နိဂုံးကို ရှာချင်တယ် ။

မနေ့ကတွေ . . .အတွက်ပေါ့ ။

 

______________________

 

စမ်းတဝါးဝါး. . . .

ပိုပြီးတော့ စမ်းတဝါးဝါး. . . .

ဟားတိုက်နေတဲ့ အိပ်မက်ဆိုးတွေကြားမှာ

ထားရာမနေရဲ . . .စေရာမသွားဝံ့။

လူဖြစ်ရတာ . . . နာ နေတယ် ။

ကံခေ လွန်းတယ်ပေါ့ ။

 

______________________

 

လာခဲ့ပါလို ့. . .

လက်တစ်ဖက်ထဲနဲ့ခေါ်ချင်တယ်. . .

ကျန်တဲ့ လက်တစ်ဖက်က

ဒဏ်ရာကို ဖိထားရလို ့ ။

လာခဲ့ပါ . . .

ညှီနံ ့တထောင်းထောင်းထနေတဲ့

အလေအလွင့်တစ်ကောင်ရဲ့

မပြောပလောက်တဲ့ ရှုံးနိမ့်မှ ုဆီ. . . .

 

_____________________

 

လာခဲ့ပါ။

ရေချမ်းတစ်ခွက်

ဆီမီးတစ်ဖက်နဲ့

လာခဲ့ပါ ။

 

 

______________________

 

လာခဲ့ပါ. . .

ဘာရယ်တော့လည်း မဟုတ်ပါဘူး . . .

ကိုယ် မရှိတော့မယ့်အချိန်မရောက်ခင်လေး

ခပ်အေးအေး တစ်ချက်လောက်

ပြုံးပစ်လိုက်ချင်လို ့ . . . .

 

______________________

 

 

 

______________________

 

 

အလင်းဆက်

 

30 / 10 / 2013

 

 

 

 

 

 

 

 

28 comments

  • မင်းခိုက်စိုးစန် နဲ့ တာရာမင်းဝေ အတော်ကြိုက်ပုံရတယ်
    ကဗျာထဲမှာ သူတို့ရဲ့ ရေးဟန်မျိုးတွေ အများကြီးတွေ့ရတယ်..
    အဟိ.. ဟုတ်လားမသိ.ရမ်းတုတ်သည်.. :mrgreen:

    • alinsett

      October 31, 2013 at 1:45 pm

      တာရာမင်းဝေရဲ့ ကဗျာ နဲ့ ရေးဟန်ကိုလည်းအားကျဖူးတယ်
      တာရာမင်းဝေ အားကျတဲ့ ဆရာကြီးတွေရဲ ့ရေးဟန်နဲ့ကဗျာကိုလည်း
      အားကျဖူးတယ်။

      အားကျရင်းခံစား
      ခံစားရင်းရေးဖွဲ့တော့
      ဒီလို ဒီလို ဟန် ဖြစ်သွားတယ်

      :kwi:

  • ဗုံဗုံ

    October 31, 2013 at 9:11 am

    ဟယ်..နီ့ ငိုသံက တစ်မျိုးပါလား ဝက် ရဲ့
    နာ့ ငိုသံကတော့ ဒါမိုး..ဒါမိုး
    ဗြဲ… ဗြဲ.. :byee: :byee:

    • alinsett

      October 31, 2013 at 1:43 pm

      ဗြဲ ဗြဲ နဲ
      အညာသူလေသံနဲ့

      🙂

  • sorrow weaver

    October 31, 2013 at 9:16 am

    အတော်မိုက်သဗျာ ..ဒီကဗျာ …ကယ်ပြောတာ

    • alinsett

      October 31, 2013 at 1:42 pm

      ဂယ် ကြော ဒါ လား အူးဆော

      🙂

    • ဗုံဗုံ

      October 31, 2013 at 12:13 pm

      အို..ဘိုဖြစ်ရတာလဲ
      တိုက်ဆိုင်ပြန်ပြီလား…မွမွဂျီး
      :kwi:

      • KZ

        October 31, 2013 at 12:42 pm

        သိဘူးလေ
        ငို သံ ဆိုလို့ ငို ပြတာ။

        😀

    • alinsett

      October 31, 2013 at 1:42 pm

      မမဂျီး
      ငိုနဲ့ တိတ်တိတ်
      ဘီယာ သောက်လိုက်

      အဟိ

      🙂

  • ရွှေမိုးတိမ်

    October 31, 2013 at 10:11 am

    ကြိုက်ဒယ် ။

  • TNA

    October 31, 2013 at 1:19 pm

    😥 :byee: 😥 :byee: 😥 :byee: 😥 :byee: 😥 :byee: 😥 :byee: 😥 :byee: 😥 :byee:

    • alinsett

      October 31, 2013 at 1:40 pm

      တိန်
      ကျနော့်ထက်တောင် အငိုသန်နေပါလား

      • TNA

        October 31, 2013 at 2:32 pm

        ငိုချက်ရင်လက်နဲ့တို့ဒါဂိုးညီးဂ 😥 :byee:

        • alinsett

          October 31, 2013 at 5:35 pm

          အော်
          တီသဲ ငိုချင်တယ်ဆိုလေ
          သားလည်း ငိုချင်လေပဲ

          😥

          🙂

  • kyeemite

    October 31, 2013 at 3:41 pm

    😥 :byee: တူညားတွေလိုပဲ ဝင်ငိုသွားတယ်ကွာ..ခွိခွိ

    • alinsett

      October 31, 2013 at 5:37 pm

      တိန်
      ဦးကြီးတို့များ ငိုတယ်ဆိုတာတောင်
      ခွိခွိ က ပါသေးတယ်

      အဟိ
      :kwi:

  • အရိပ်စစ်

    October 31, 2013 at 5:09 pm

    လာခဲ့ပါ. . .
    ဘာရယ်တော့လည်း မဟုတ်ပါဘူး . . .
    ကိုယ် မရှိတော့မယ့်အချိန်မရောက်ခင်လေး
    ခပ်အေးအေး တစ်ချက်လောက်
    ပြုံးပစ်လိုက်ချင်လို ့ . . . .

    ( ကဗျာလေး ကြိုက်စ်…)

    • alinsett

      October 31, 2013 at 5:39 pm

      ကျွန်တော့် ကဗျာမပီစာမမည်လေးကို
      ဖတ်ရှု ခံစားပေးတဲ့အတွက်ကျေးဇူးပါနော်

      အရိပ်လည်း
      ကဗျာ ရေး ကောင်းပါတယ်

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 12:21 am

    ကဗျာက ဝတ်ကောင်းစားလှ ဝတ်တယ် ..
    ကဗျာက တစ်ခါတစ်ခါမှာ လုံချည်ပဲ ပါတယ် …
    ကဗျာက တစ်ခါတစ်ခါမှာ အိန်းဂျီးပဲ ပါတယ် …
    ကဗျာက တစ်ခါတစ်ခါမှာ အနွေးထည် ဝတ်တယ် …
    ကဗျာက တစ်ခါတစ်ခါမှာ ထီးဆောင်းထားတတ်တယ် …
    ကဗျာက တစ်ခါတစ်ခါမှာ ကိုယ်လုံးတီး ထီးထီးဂျီး နေပြတတ်သေးတယ် …
    ဒါက … ကဗျာ အမျိုးအစား အချို့ကို ထုတ်ပြဒါ …

    အခု .. နင်က ကိုယ်လုံးတီး ကဗျာတွေ ဖတ်ချင်တော့ဘူးဆိုဒေါ့ကာ …
    အယင်ကတော့ ကိုယ်လုံးတီး ကဗျာတွေပဲ ဖတ်တယ်ပေါ့လေ …
    နှာဘူးဘဲ … ခွိခွိ …

    • alinsett

      November 1, 2013 at 7:46 am

      အကောင်

      နာ ပြောတဲ့ ကိုယ်လုံးတီးကဗျာ ဆိုတာ
      ရစ်သမ်မရှိတဲ့ ကဗျာ ကို ပြောတာ

      နီဂ ဘာဒွေလျှောက်ပြောနေတာဒုန်းဟ

      :kwi:

      နာ ဖတ်ချင်တဲ့ကဗျာ နဲ့ နာရေးချင်တဲ့ကဗျာ
      အတူတူပဲ။
      ဒါပေမယ့်
      နာဖတ်ချင်တာနဲ့ နာ ရေးချင်တာက
      အခုထိ အားရကျေနပ်ရလောက်အောင် မရှိသေးဘူး

      :kwi:

  • ကျော်စွာခေါင်

    November 1, 2013 at 3:48 am

    အလင်းဆက်ရေ။။
    ဒီ ငိုသံကို တော်တော်ကြိုက်မိတယ်… ပုံမှန်အတိုင်း ၂ခေါက်ဖတ်တယ်..ပြီးတော့ စိတ်ကူးပေါက်ပြီး..
    အောက်ဆုံးပိုဒ်ကနေ အပေါ်ဆုံးထိ ပြောင်းပြန် …ပြန်ဖတ်တယ်.. ကောင်းသလားမမေးနဲ ့ …

    • alinsett

      November 1, 2013 at 7:42 am

      ဦးခေါင်ရည်
      အားပေးတဲ့အတွက် ကျေးဇူးပါ
      ဦးခေါင်ပြောတော့မှ
      ကျွန်တော် ဒီကဗျာကို
      အောက်ကနေ အပေါ် ပြန်ဖတ်ကြည့်မိတယ်

      🙂

      ကိုယ့်ကဗျာမို့ကိုယ်ပြောတာ မဟုတ်

      တော်တော် ကောင်းတယ်ဗျ

      :kwi:

  • Mr. MarGa

    November 1, 2013 at 8:45 am

    This must be one of your masterpiece 🙂
    An awesome poem.
    and I like it very much.

    • alinsett

      November 1, 2013 at 10:08 am

      Thank တစ်လုံးပဲ ပြောတတ်တယ်ကွာ
      ဒါပဲ

      :kwi:

Leave a Reply