သူကိုယ့်ကို မခင်တွယ်မှန်းလည်းသိပါရဲ့…

ကိုယ့်ဆီကနေ အကြောင်းမရှိ အကြောင်းရှာပြီး

ဝေးဝေး ထွက်ပြေးသွားချင်နေမှန်းလည်း သိပါရဲ့…

ကိုယ်နဲ့ တစ်လတာ အတူနေဖို့တောင်စိတ်မကူးတာလည်း သိပါရဲ့…

ကိုယ့် လိုအင်တွေကို လစ်လျူရှုတတ်မှန်းလည်း သိပါရဲ့…

ကိုယ် က သူ့ကို ချစ်ရသလောက် သူကကိုယ့်ကို ပြန်မခင်တွယ်နိုင်တာကိုလည်း သေသေချာချာ သိပါရဲ့ နဲ့….

 

ကိုယ်ကတော့

သူ့ကိုမျှော်ပါတယ် ။

သူ့ကိုအရမ်းချစ်ပါတယ်။

သူနဲ့တွေ့ရမယ့် နေ့တွေဆို အရမ်းပျော်ပါတယ်။

သူကို ကိုယ့်နားကနေထွက်မသွားစေချင်ဘူး။

ကိုယ်နဲ့ ရက်ပေါင်းသုံးဆယ်လောက် ပြည့်ပြည့်၀၀ အတူနေပေးရင်းကို ကျေနပ်ပါတယ်။

ဒါပေမယ့် …. ဒါပေမယ့် ပေါ့လေ…

သူကတော့ နေ့မြင်ညပျောက်တဲ့ နေမင်းကြီးလို

ညထွက် နေ့ဝင် တဲ့ လမင်းကြီးလို………..

ကိုယ့်အပေါ် ရက်စက်နိုင်လွန်းတယ်….

အဲ့  သူ… သူ… သူ.. ဆိုတာ

ဘယ်တူလဲဆိုတော့

ကနေ့ ထုတ် ၊ နက်ဖြန်ခါ ကုန်မယ့်

လစာ ပေါ့ကွယ် ။

:-(

About ရွှေမိုးတိမ်

shwe yee has written 18 post in this Website..

Dear all , nice to see you :) I am from Mandalay and I love to read , write and share my feeling with friends.