မခင်တွယ်သူကြီးသို့

သူကိုယ့်ကို မခင်တွယ်မှန်းလည်းသိပါရဲ့…

ကိုယ့်ဆီကနေ အကြောင်းမရှိ အကြောင်းရှာပြီး

ဝေးဝေး ထွက်ပြေးသွားချင်နေမှန်းလည်း သိပါရဲ့…

ကိုယ်နဲ့ တစ်လတာ အတူနေဖို့တောင်စိတ်မကူးတာလည်း သိပါရဲ့…

ကိုယ့် လိုအင်တွေကို လစ်လျူရှုတတ်မှန်းလည်း သိပါရဲ့…

ကိုယ် က သူ့ကို ချစ်ရသလောက် သူကကိုယ့်ကို ပြန်မခင်တွယ်နိုင်တာကိုလည်း သေသေချာချာ သိပါရဲ့ နဲ့….

 

ကိုယ်ကတော့

သူ့ကိုမျှော်ပါတယ် ။

သူ့ကိုအရမ်းချစ်ပါတယ်။

သူနဲ့တွေ့ရမယ့် နေ့တွေဆို အရမ်းပျော်ပါတယ်။

သူကို ကိုယ့်နားကနေထွက်မသွားစေချင်ဘူး။

ကိုယ်နဲ့ ရက်ပေါင်းသုံးဆယ်လောက် ပြည့်ပြည့်ဝဝ အတူနေပေးရင်းကို ကျေနပ်ပါတယ်။

ဒါပေမယ့် …. ဒါပေမယ့် ပေါ့လေ…

သူကတော့ နေ့မြင်ညပျောက်တဲ့ နေမင်းကြီးလို

ညထွက် နေ့ဝင် တဲ့ လမင်းကြီးလို………..

ကိုယ့်အပေါ် ရက်စက်နိုင်လွန်းတယ်….

အဲ့  သူ… သူ… သူ.. ဆိုတာ

ဘယ်တူလဲဆိုတော့

ကနေ့ ထုတ် ၊ နက်ဖြန်ခါ ကုန်မယ့်

လစာ ပေ့ါကွယ် ။

🙁

16 comments

  • KZ

    October 31, 2013 at 11:15 am

    သူ က ဒီတိုင်းထားရင် ကြာကြာမနေလို့။
    တစ်ခုခုနဲ့ လဲ စားထားလိုက်တယ်။
    အဖတ်တင်တယ်လေ။

    😀

    • ရွှေမိုးတိမ်

      October 31, 2013 at 2:07 pm

      တမီးလဲ အဖတ်တင်ဂျင်ဒယ် 🙂

  • ဗုံဗုံ

    October 31, 2013 at 12:33 pm

    ဒို့ကတော့..သူ့ကိုမမြင်ချင်လို့
    ရွှေနန်းတော်၊ စိန်နန်းတော်၊ပုလဲနန်းတော်၊မန်းလေးနန်းတော်..
    အဲ…ဟုတ်ပေါင်…အဲ့ဒီနေရာတွေစိတ်မချလို့… မုန့်ဆိုင်မှာဘဲသွားထားတယ်.. :mrgreen:

    • ရွှေမိုးတိမ်

      October 31, 2013 at 2:08 pm

      အနော် က ပုံစံပြောင်းပြီး ဗိုက်ထဲမှာ စုဒယ် … ဗိုက်ကလေးကိုဖောင်းလို့ ဟိဟိ

  • sorrow weaver

    October 31, 2013 at 1:17 pm

    လစာထုတ်ပြီး တစ်ရက် တင်တဲ့ စတေးတပ်က ….လစာထုတ်ပြီ ..ဟန်နီ….
    နောက်နှစ်ရက်မှာတင်တဲ့ စတေးတပ်က …လစာကုန်ပြီ …ဟန်နီ…
    အဟိဟိ …

  • kyeemite

    October 31, 2013 at 3:32 pm

    ဒီနေ့ ပေးဒေး…အဲ..အဲ..ပြေးဒေး(ကြွေးရှင်တွေလိုက်လို့) 😀

  • no non negative

    October 31, 2013 at 4:40 pm

    နောက် ထက် ခု နစ် ရက် စောင့် ရ အုံး မယ် 🙁
    ရွှေမိုးတိမ်ရေ အဖတ်တင်ဂျင် ရင် ဒီ ကို လှမ်းပို့ လိုက်
    သိမ်း ထား ပေး မယ် hehe

  • အရိပ်စစ်

    October 31, 2013 at 5:12 pm

    တိမီးက ဗိုက်ထဲမှာ စုဘူး
    မြေဂျီးထဲမှာ စုထားဒါ….ခ်ခ်

    • ရွှေမိုးတိမ်

      November 1, 2013 at 9:53 am

      စုဘူးကြီးတော်တော် များနေလောက်ပြီ ခွိ 😀

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 12:40 am

    ဂနေ့ထုတ်
    နက်ဖြန် ကုန် … ဆိုဒေါ့ဂါ …
    ဘာဒုန်းးး
    အိပ်ရောက်ဒါနဲ့ ချက်ချင်း အပ်ရဒါဂို ပေါဒါရားးးး

    • ရွှေမိုးတိမ်

      November 1, 2013 at 9:50 am

      မေ့ကိုကန်တော့တာလဲ အကုန်မဟုတ်ပါဘူး ။ ဒါပေသိ ဟိုဟာပေးရ ဒီဟာပေးရ ဟိုဟာဝယ် ဒီဟာလုပ် နဲ့ ရှုပ် …. ပြီးတော့ ကုန် … ပလုံ 🙁

  • ကျော်စွာခေါင်

    November 1, 2013 at 3:53 am

    ဒီမှာကတော့ ဘဏ်ကဒ်စနစ်သုံးတော့ ပိုဆိုးသေး…။
    ပိုက်ဆံကို မမြင်ရတာ…
    တခါတလေ…ထုတ်ကြည့်မှ ပိုက်ဆံ မြင်ရတာ…
    သူ မခင်တွယ်တာတော့ ပြောမနေပါနဲ ့တော့…။

  • alinsett

    November 1, 2013 at 11:55 am

    သူ လာမယ့် နေ့
    မျှော်ရတာလည်း အမော

    🙂

  • Mr. MarGa

    November 1, 2013 at 2:03 pm

    လစာ…လစာ
    တစ်လ တစ်ခါ အခက်ကြုံရတဲ့ လစာ…
    ကဲ… အခုပဲ ကြည့်
    လက်ထဲမှာ ၂၄ နာရီတောင်ပြည့်အောင် မနေချင်ဘူး
    တာ့တာ ပြသွားပြီ
    🙁

  • Wow

    November 1, 2013 at 4:08 pm

    လခ တစ်လ နှစ်ခါထုတ်ရအောင် ဆန်ဒ ပြဂျမလေ… :mrgreen:

Leave a Reply