တွံတေးသွား…တောလား…

Kaung Kin PyarOctober 31, 20131min19410

ကောင်းကင်ပြာ Payroll Date နီးနေလို့ လိုင်းပေါ်မတက်ဖြစ်တာနဲ့ ရွာထဲမရောက်ဖြစ်ပါ…။ ခဏတက်လိုက်ပြန်တော့လဲ Connection မချေငံမှုကြောင့် ခုလောက်ကြာသွားရလို့ ရွာသူ၊ ရွာသားအပေါင်းကို တောင်းပန်ပါတယ်လို့ အရင်ပြော ချင်ပါတယ်..။

ကောင်းကင်ပြာ နောက်ဆုံးတင်ခဲ့တဲ့ Post လေးကို အကောင်အထည်ဖော်ချင်တာပါ….။ တွံတေးမင်္ဂလာ ပရဟိတ မိဘမဲ့ကျောင်းက ခလေးတွေကို အဝတ်အစားလေးတွေ လှူကြဖို့ တင်ခဲ့ဖူးပါတယ်…။ တချို့ ရွာသူ၊ ရွာသားတွေလဲ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်..။ မဖတ်ဖြစ်ခဲ့တဲ့ ရွာသူ၊ ရွာသားတွေကိုလဲ ကောင်းကင်ပြာ ရွာသူ၊ ရွာသားတစ်ဖွဲ့ အတူသွားကြပြီး ကလေးတွေနဲ့ ခဏလောက်ဖြစ်ဖြစ် ရှိပေးရအောင်ပါလို့…ဖိတ်ခေါ်ချင်ပါတယ်။

သွားမယ့်ခရီးစဉ်က ဒလဆိပ်ကမ်းကနေ ဟိုဘက်ကို သင်္ဘောနဲ့ကူးပြီး အဲ့ဒီဘက်ကနေလဲ ဒိုင်နာလိုကားမျိုးကို အပြတ် ငှားလိုက်လို့ ရပါတယ်…။ လွန်ခဲ့တဲ့ တစ်နှစ်သွားတုန်းကတော့မနက် ၉နာရီကနေ ညနေ ၃နာရီထိကို ၂၀,၀၀ဝ လောက်တော့ ပေးရပါတယ်..။ အဲ့ဒီတုန်းက လူများတော့ တစ်ယောက် တစ်ထောင်လောက်ပဲ ကျတာပါ..။ လှိုင်သာယာဘက်ကနေလဲ သွားလို့တော့ ရပါတယ်..။ ဒါတော့ ကား သီးသန့် ငှားရလိမ့်မယ် ထင်ပါတယ်..။

ခု ကောင်းကင်ပြာ အဓိကပြောချင်တာကတော့ ကောင်းကင်ပြာသွားချင်တဲ့ ရက်ပါ။

ကောင်းကင်ပြာ (10.November) တနင်္ဂနွေနေ့ ကို ရွေးထားပါတယ်..။ ကိုအမတ်မင်းကိုပြောကြည့်တော့ ဒါဇင်ပလပ်စ် အလှူရှိတာကြောင့် ဒုတိယအပတ် အဲ့ဒီရက်က ပိုအဆင်ပြေလိမ့်မယ်လို့လဲ အကြံပေးပါတယ်..။ ဒါကြောင့် ကောင်းကင်ပြာ တို့ ဂေဇက်အဖွဲ့ တွံတေးကျောင်းကို နောက်တစ်ခေါက် ချီတက်ရအောင်ပါလို့…..။ ရန်ကုန်ရှိ ရွာသူ၊ ရွာသားအားလုံး မြင်တွေ့ရဖို့ မျှော်လင့်ရင်း………….

 

ကောင်းကင်ပြာ

 

10 comments

  • Myo Thant

    October 31, 2013 at 2:23 pm

    ကဲ ၁ဝရက်နေ့တဲ့ ၊
    ကားက သူငယ်ချင်း တောင်းအေ့စ် တစ်စီးရှိပါတယ် ၊
    မနှစ်က ရုံးအဖွဲ့တွေ အဲဒီကားနဲ့ပဲ သွားကြတာပါ ၊
    မနက် ၆ ခွဲလောက်ကနေ ညနေစောင်းအထိပါပဲ ၊
    တွံတေး ရွှေဆံတော်တောင် သွားလိုက်ပါသေးတယ် ၊
    ကျန်တဲ့သူတွေ ပြောကြပါဦးနော့ ၊

  • TNA

    October 31, 2013 at 2:32 pm

    အဝတ်အစားတွေစုထားပါမည်။ ဆက်သွယ်ရမည့်သူကိုသိချင်ပါတယ်။ တနေကုန်ဆိုတော့ လိုက်ဖို့ကတော့ မဖြစ်နိုင်လို့ မလိုက်နိုင်တာဝမ်းနည်းမိပါတယ်။

  • KZ

    October 31, 2013 at 2:38 pm

    အမတ်မင်းဆီမှာ ပေးပြီးကြောင်းးးးး

    🙂

  • kyeemite

    October 31, 2013 at 3:22 pm

    ကောင်းကင်ပြာရေ…စုလို့ရသလောက် ကိုမျိုးသန့်ကတဆင့် ပို့ပေးပါမယ်နော.. 🙂

  • Phoe Thitsar

    October 31, 2013 at 5:15 pm

    ရွာသားများအားလုုံး ဘယ်သူတွေလိုက်နိုင်မယ်ဆိုတာ စာရင်းလေးသိရရင် ပိုအဆင်ပြေမယ်ထင်တယ်ခင်ဗျ ဘယ်နှစ်ယောက်ဆိုတာသိရင် ကားအတွက်စီစဉ်ရတာ ပိုလွယ်မယ်ထင်တယ်ခင်ဗျ
    သွားရမယ့် ရက်နီးမှ အကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်လည်း မတတ်နိုင်ဘူးလေ ဒါကတော့ ချွင်းချက်ပေါ့ဗျာ
    ကောင်းကင်ပြာရေ ဆရာလုပ်တယ်လို့မထင်ပါနဲ့ဗျာ အကြံပေးတာပါ…ဟိဟိ

  • အရိပ်စစ်

    October 31, 2013 at 5:59 pm

    ပျော်စရာဂျီးနေမှာနော

  • alinsett

    October 31, 2013 at 8:30 pm

    ပျော်စရာ..
    ကြည်နူးစရာ…
    သာဓုခေါ်စရာ…

  • Myo Thant

    November 1, 2013 at 8:32 am

    လိုက်မယ့်သူများ ဒီမှာဖြစ်ဖြစ် ဖေ့စ်ဘုတ် ဂဇက်ဂရုမှာဖြစ်ဖြစ်

    စာရင်းလေး တို့ပေးရင် ကောင်းမယ်ထင်ပါတယ် ၊

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 9:40 am

    ကျော်လည်း လိုက်ချင်ဘာဒယ် …
    ဒါမယ့် …
    ခြေထောက်က အောင့်အောင့်နေရို့မို့
    ကုန်းပိုးပီး ခေါ်မယ့်သူချိရင် လိုက်ချင်ဒယ် … ဟီးးဟီးး
    နောက်ဒါ …

    • may july

      November 1, 2013 at 2:06 pm

      တို့ ထားလိုက်ပီနော် ..

Leave a Reply