PRO ဟုခေါ်သည်…

ဒါဟာ ကော်ဖီခွက် တစ်ခွက်မဟုတ်ပါ…

ထိုကဲ့သို့ပင်… ဒီအရာသည် အပူအအေးထိန်းဓာတ်ဗူးတစ်လုံးလဲမဟုတ်ပါ…

Processor တို့တွင် အလုပ်လုပ်သော Core 4 ခုပါဝင်သည့် Processor Quad-Core များနှင့် ကွန်ပျူတာထုတ်လုပ်သူများ ကြွေးကြော်နေကြချိန်တွင်…

Processor Core 12 ပါဝင်သည့် ကွန်ပျူတာတစ်လုံးကို ဈေးကွက်တွင်ပေါ်ပေါက်လာမည်ဟု… အိပ်မက်မက်မိပါသလား…

ထလော့ကမ္ဘာ… အို…ကမ္ဘာကြီး…

သူဟာ ကော်ဖီခွက် တစ်ခွက်မဟုတ်ပါ…

ထိုကဲ့သို့ပင်… သူသည် အပူအအေးထိန်းဓာတ်ဗူးတစ်လုံးဟုမခေါ်ဆိုနိုင်ပါ…

သူ့ကို Pro ဟုခေါ်ဆိုပေသည်…အတိအကျထပ်ဆိုရသော်… သူသည် Apple ၏ Mac Pro ဖြစ်ပေတော့သည်…

သူသည်...

သူသည်…

 

 

အိပ်ပျော်နေသောသူများကို လှုပ်နှိုးလိုက်သူကတော့ ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကပြည်ထောင်စုမှ ပန်းသီးကွန်ပျူတာကုမ္ပဏီပဲဖြစ်ပါတယ်…

Mobile တွေ ခေတ်စားလာတဲ့အချိန်မှာ ဘာလို့များ Desktop ကွန်ပျူတာကိုသုံးကြပါလိမ့်မလဲ…

အဖြေကတော့ ရှင်းပါတယ်… Laptop ရဲ့ Performance နဲ့ Desktop ရဲ့ Performance အတူတူဖြစ်လာတဲ့အချိန်မှာ… လူတိုင်းဟာ Desktop ကိုပစ်ပြီးတော့

Laptop ဘက်ကို ကူးသွားပါတော့တယ်… ဒါပေမယ့် Laptop ဟာ Desktop ရဲ့ ၁၀၀% Replacement မဖြစ်နိုင်ဘူးဆိုတာအသေအချာပါပဲ…

Desktop ကို ၁၀၀%  Replacement လုပ်နိုင်တဲ့ Laptop တွေဟာ အလေးချိန်များတယ်… အပူများတယ်… ပန်ကာတွေရဲ့ဆူညံသံများတယ်…

အပူချိန်များတဲ့ Laptop တစ်လုံးဟာ ပျက်ဆီးဖို့ ပိုမြန်ဆန်တယ်ဆိုတာ သိကြမှာပါ… ဒါဆိုရင်… Mac Pro ဆိုတာကရော…

Pro ဆိုတဲ့စာလုံးဟာ Professional ဆိုတဲ့စာလုံးကနေဆင်းသက်လာမှန်းလူတိုင်းသိကြပါတယ်…

အဲဒီတော့ ပန်းသီးက သူ့ရဲ့ Mac Pro ကို Professional ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်သူတွေ၊ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေ၊ တေးဂီတဖန်တီးသူ

Professional တွေအတွက် ရည်ရွယ်ပါတယ်…

အဲဒီလိုပဲ Professional တွေဟာ ဝင်ငွေကောင်းကြတယ်… သူတို့ရဲ့ဖန်တီးမှုကို တန်ဖိုးထားကြတယ်… ရူးသွပ်ကြတယ်…

အဲဒီအတွက်… Mac Pro ဟာ တန်ဖိုးမြင့်ပါတယ်… အနိမ့်ဆုံး Quad-Core ကို ဒေါ်လာ ၂၉၉၉ နဲ့ရောင်းမယ်လို့ ကြေငြာထားပါတယ်…

ဒီဈေးနဲ့ရော တန်ပါရဲ့လား…

 

အရင်ဆုံး Processing Power အကြောင်းကို ပြောပြပါ့မယ်…

12 Core

 

 

 

 

 

 

 

 

 

 

 

 

 

Mac Pro ကို အများဆုံး 12 Core ပါတဲ့ Processor တပ်ဆင်အသုံးပြုနိုင်ပါသတဲ့…

သုံးထားတဲ့ Processor ကတော့ Intel ကထုတ်တဲ့ Xenon E5 အမျိုးအစား Processor ကို သုံးပါတယ်…

ဒါဟာ အလတ်စား ရုံးတစ်ခုရဲ့ လုံလောက်တဲ့ Server အမျိုးအစား Processor ပါ…

အနိမ့်ဆုံး 3.5 GHz 6-Core Processor မှာ L3 Cache 12MB နဲ့

အလတ်တန်းစား 3.0 GHz 8-Core Processor မှာ L3 Cache 25 MB

အပျံစား 2.7GHz 12-Core Processor မှာ L3 Cache 30MB ပါမယ်ဆိုတော့… Hardware Spec သွားရည်ကျသူများအတွက်

အသဲခိုက်စေမယ့် Specification ပါပဲ…

 

ကဲ… တပ်ဆင်ထားတဲ့ Memory ဘက်ကို လှည့်ကြည့်ရအောင်ဗျား…

Memory

 

 

 

 

 

 

 

 

 

 

 

Memory အားဖြင့် DDR3 ECC Memory ကိုသုံးထားပြီးတော့ Bus Speed အနေနဲ့  1866MHz ရှိတာမို့ Performance
အတွက် အထူးတလည်ပြောစရာမလိုအောင်ပါပဲ…

အမြင့်ဆုံး 16GB လေးချောင်းစိုက်ပြီး 64GB ပမာဏအထိသုံးနိုင်တာကတော့ လက်ရှိကွန်ပျူတာဈေးကွက်ရဲ့ အကြီးမားဆုံး

ချပြမှုတစ်ခုပါပဲ…

ကျွန်တော့် တစ်ဦးထည်းအမြင်အရ 64GB ဆိုတဲ့ပမာဏဟာ နောက်ထပ် (၂)နှစ်လောက်အထိ Upgrade လုပ်စရာမလိုလောက်တဲ့

လုံလောက်သော ပမာဏလို့ ဆိုချင်ပါတယ်… လုပ်ငန်းလိုအပ်ချက်အရဆိုတာတော့ ရှိကောင်းရှိမှာပါ… တစ်ကိုယ်ရည်သုံးအတွက်တော့…

လုံလောက်တယ်ဆိုတာထက်ကို ပိုနေပါသေးတယ်…

GPU

 

 

 

 

 

 

 

 

 

 

 

 

 

 

Dual GPU စနစ်က အကောင်းဆုံးသောပုံရိပ်တွေကို ထုတ်ပေးနိုင်ပြီး 3GB DDR5 Graphic Memory ကို သုံးထားတာမို့…

ဂိမ်းစနစ်အတွက်ရော… Photoshop အတွက်… Video Editing အတွက် သေချာလုံလောက်တဲ့ပမာဏပါ…

ဒီနေရာမှာ 4K Resolution (4000 Pixel) ထောက်ပံပေးတဲ့ Display Port (၄)ခုနဲ့  Thunderbolt နည်းပညာသုံး

What is Thunderbolt?

What is 4K Resolution?

Display Port (၆)ခုအထိ ပါဝင်တာကြောင့် Multi Display သုံးဖို့ အဆင်သင့်ဖြစ်နေပါပြီ… Multimedia သမားတွေအတွက်တော့

ရှယ်ပေါ့ဗျာ… HDMI 1.4 Port လဲ ပါပါသေးဗျာ…

Interface

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Network Connection အတွက်ကတော့ Gigabit Ethernet အတွက် (၂)ပေါက်…

Wireless

 

 

 

 

 

 

 

 

 

 

 

 

Bluetooth နဲ့ Wifi 802.11ac တို့ပါဝင်လို့ စိတ်ပူစရာမရှိတော့ဘူးပေါ့… ဘာလာလာဒေါင်းတယ်ဆိုရလိမ့်မဗျ…

Interface 2

 

 

 

 

 

ဒီနေရာမှာ ပန်းသီးရဲ့ ဒီဇိုင်းကို မဖြစ်မနေချီးကျူးရပါလိမ့်မယ်…

ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေမှာ အပူချိန်လျော့ကျအောင် Heat Sink တွေ Fan တွေအများကြီးသုံးရပါတယ်…

Desktop တွေမှာဆိုရင် Power Supply, Processor, Graphic Card တွေက ပန်ကာတွေရဲ့အသံတွေကြောင့် အလွန်တရာဆူညံပါတယ်…

ဒါကို ပန်းသီးရဲ့ ဒီဇိုင်းအရ…

Heat Sink

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒီလိုအပူချိန်ကို လျော့ချပေးပြီး ထိပ်ကနေ ပန်တာတစ်လုံးထဲသုံးခြင်းအားဖြင့် ဆူညံသံကို များစွာလျော့ချပေးလိုက်ပါတယ်…

Only One FAN

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒါဟာ ငြင်းမရတဲ့ ပန်းသီးရဲ့ ဒီဇိုင်းကောင်းမွန်မှုပါ…

လူတွေမှာ Fashion အရေးကြီးသလို ထုတ်ကုန်တစ်ခုမှာလဲ Design အရေးကြီးပါတယ်…

ဒီဇိုင်းဆိုတာ အမြင်လှရုံ… ပုံစံဆန်းရုံတင်မဟုတ်ဘဲ…

ပိုမိုအသုံးတည့်မှု… ကိုင်တွယ်ရလွယ်ကူမှု… ပျက်ဆီးမှုလျော့ကျခြင်း… နဲ့ နေရာဒေသအံဝင်ဂွင်ကျဖြစ်မှုစတဲ့ အကျိုးကျေးဇူးတွေပါရှိတာပါ…

အဲဒီတော့… ပန်းသီးဒီဇိုင်းကောင်းမှုဟာ လှပမှုသီးသန့်မဟုတ်ဘူးဆိုတာ လက်ခံရမှာပါ…

အခုပြောပြသွားတဲ့ Apple Mac Pro ကို ပန်းသီးရဲ့ OS X Mavericks version 10.9 နဲ့ အသုံးပြုမှာပါတဲ့…

OS X Mavericks version 10.9 ဟာဆိုရင် Apple Store မှာ Free Download လုပ် ခွင့်ရှိသလို… ၂၀၀၉ ခုနှစ်ကစတင်ထုတ်လုပ်တဲ့

ကွန်ပျူတာတွေကနေ နောက်ဆုံး ၂၀၁၄ထွက် Apple Computer အားလုံးအတွက် အခမဲ့ရမယ်လို့ ဆိုပါတယ်…

အဲဒီ OS X Mavericks version 10.9 မှာ အရင်တုန်းက ဝယ်ယူသုံးစွဲရတဲ့ iPhoto, iMovie, GarageBand, Pages, Numbers, Keynote

စတာတွေကို Built-in အဖြစ်ထည့်သွင်းပေးမယ်လို့ ဆိုတာဟာဖြင့် ပန်းသီးချစ်သူတွေအတွက် အထူးဝမ်းမြောက်စရာပါ…

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၃ ဒီဇင်ဘာမှာ ဈေးကွက်တင်တော့မယ့်… Apple Mac Pro ကို ရင်ခုန်စောင့်စားကြပါစို့…

 

ကျွန်တော်အခါအခွင့်သင့်မယ့်အချိန်မှာ Apple ရဲ့ Mac OS X Mavericks version 10.9 အကြောင်းကို ဆက်လက်ရေးသားပါဦးမယ်…

အခုလို အချိန်လုရေးလိုက်ရတာမို့ Presentation အမှားအယွင်းများရှိမယ်ဆိုရင်ဖြင့် ကျွန်တော့အားခွင့်လွှတ်စေချင်ပါကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်၊ ၂၀၁၃

 

 

12 comments

  • TNA

    October 31, 2013 at 9:18 pm

    ပညာခန်းတွေမို့ဖတ်ရှု့မှတ်သားသွာပါတယ်။ ဟီဟိ အတော်နားလည်အောင်နှစ်ခါတော့ဖတ်သွားတယ် ဖက်ဖက်ကက်ရေ။

  • inz@ghi

    October 31, 2013 at 9:40 pm

    မဲတူ ကိုများဗျာ.

    ကတ္တရာပုံးဒီဇိုင်းလားး.
    ငိငိ.

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 12:32 am

    ညှစ်ကိုဂျီးးး
    အက်ပဲ ထုတ်ကုန်တွေအကြောင်း
    များများ ရေးပေးဘာဂျာ …
    ကျော်က အိုက်ဒါတွေနဲ့ ပတ်သက်လာရင်
    နားဝေးလွန်းလို့ဂျ ….
    အက်ပဲ ထုတ်ကုန်တွေဆို သုံးကို သုံးဖူးဘူးရယ် …

  • MAUNG

    November 1, 2013 at 5:19 am

    တစ်ကယ် ကို ပြည့်ပြည့်စုံစုံ ပြောပြ ပေးလို့ ကျေးဇူး ဗျာ…
    လိုချင် လိုက်တာမှ လက်ကိုယား နေတာဘဲ၊ လျှာရှည် ပြီး Aleinware ကြီး သွားဝယ်တာ မှားပြီ ထင့်

  • kyeemite

    November 1, 2013 at 9:14 am

    မှန်တာကိုပွင့်လင်းစွာဝန်ခံရရင်..လိုက်မမှီဘူးဗျာ…
    ဗဟုသုတအဖြစ်လောက်ပဲ မနဲနားလည်အောင်ဖတ်သွားပါတယ်…
    အိုင်တီ ဆြာတွေအတွက်တော့ ဆောင်းပါးကောင်းတစ်ပုဒ်ပါလေ..
    ခင်တဲ့
    ကြီးမိုက်။ 🙂

  • KZ

    November 1, 2013 at 9:20 am

    နည်းပညာလည်း မမှီ၊
    နောက်ဆုံးပေါ် ပစ္စည်းတွေလည်း မမှီ၊
    ဈေးနှုန်းတွေလည်း မမှီ၊

    မှီလို့ရတဲ့ ဘေးနားက အုတ်နံရံလေး မှီနေတာကောင်းပါတယ်လေ။
    :mrgreenn:

  • နေတိုး

    November 1, 2013 at 1:45 pm

    အဲ့ ထွက်မဲ့ဟာက ဒက်စတော့လား လက်ပ်တော့လား
    ဟုတ်ရင်ဟုတ်ပေါ့ မဟုတ်ရင်တော့
    လောဘီလုပ်ပီး ရေးတဲ့သူဆီ ကျွတ်ကျွတ်အိပ်မဲ၂လုံး ရောက်လာပီမှတ်

    စောနေတိုး

  • Mr. MarGa

    November 1, 2013 at 2:24 pm

    ဒီ ပန်းသီးကတော့
    လုပ်ချလိုက်ပြန်ပြီ
    စိတ်ချ၊ မကြာဘူး နောက်က လိုက်လာကြလိမ့်မယ်။
    ဒီလိုနဲ့ပဲ…
    ဟိုမရောက် ဒီမရောက်များ တစ်ခေတ် ဆန်းကြဦးမပေါ့လေ…..

  • GARFIELD

    November 1, 2013 at 5:12 pm

    အစ်မသဲရေ…
    ကိုစိတ်ဝင်စားတဲ့ ကွန်ပျူတာတစ်လုံးအကြောင်းကို အပေါ့ပါးဆုံးနည်းပညာစကားတွေအနဲဆုံးရေးတာပါ…
    သို့ပေမယ့် နည်းပညာပို့စ်ဆိုရင် စိတ်ဝင်စားမှုနည်းကြလွန်းလို့ စိတ်သိပ်မကောင်း…
    လာရောက်အားပေးတဲ့အတွက်… ကျေးကျေးပါနော…

    ဂီဂီရေ…
    နည်းပညာပိုစ့်တွေမှာ ရန်မဖြစ်ရတာကြာလို့ ရန်စသပေါ့…
    ဂျော်နီရဲ့ ဒီဇိုင်းကို အဲ့လိုပြောရက်သလားကွယ်…

    အံဇာကြီးရေ…
    ပန်းသီးကို မသုံးပါနဲ့…
    သုံးပြီးရင် ပြန်မခွာနိုင်လို့ ဒီအတိုင်းပဲနေ

    ကိုမောင်ရေ…
    အေလီယန်ဝဲကို ဂိမ်းအတွက် ကျွန်တော်ခိုက်ပါတယ်…
    အဓိကပြသနာက ပေါ့တေးဘယ်လ်မဖြစ်တာ…
    ပါဖောမန့် အရမ်းကောင်းပေမယ့် လေးနေတာကို ပြင်သင့်တာပါ…
    အဲ့ဒါကြောင့် ပန်းသီးဒီဇိုင်းကို လက်မလွှတ်နိုင်ဖြစ်နေတာ

    လေးမိုက်ရေ…
    အားပေးတဲ့အတွက် ကျေးကျေးပါနော…

    သယ်ရင်းဆွိရေ…
    ဒေါ်လာ ၃၉၉၉ ဆိုတဲ့ ကီးဘုတ်မပါ… မောက်စ်မပါ… ဒစ်စပလေးမပါဈေးကိုတော့ဖြင့် လန့်လို့နေတယ်…
    ကီးဘုတ် + မောက်စ်ကို ဒေါ်လှ ၂၀ဝ ပေါင်း
    ၂ရ လက်မ ရက်တီနာ ၉၉၉ ဒေါ်လာပေါင်းရင်… ဒေါ်လာ ၄ထောင်ကျော်…
    ဘုရား… ဘုရား… ဘုရား…
    သိန်း (၁၅၀၀) ထီပေါက်ရင်တော့ တစ်လုံးဝယ်မယ်ကွယ်…
    အခုတော့ အိုင်ပက်အဲယားလေးတောင် ခဏ Pause လုပ်ထားရတယ်…ဟိ..

    ကိုနေတိုးရေ…
    Desktop ပါလို့ သေချာပြောထားပါတယ်ဗျာ…
    ဒါထက်စကားမစပ်… အစ်ကို့ရဲ့ အေဗာတာကြီးက မထိတ်သာမလန့်သာရှိလိုက်တာ…
    အဆင်ပြေရင်… လူမြင်ကောင်း… သူမြင်ကောင်းလေးလုပ်ပါဗျာ…
    ဒီနေရာက Porn Site မဟုတ်သလို… ဒေါက်တာချက်ကြီးဆိုဒ်လဲ မဟုတ်ပါဘူး…
    မိုးပြာဦးခိုင်ဆိုဒ်ပါခင်ဗျ…

    သကြားရေ…
    ပန်းသီးက လုပ်လိုက်ရင် နောက်ကလိုက်ကြတာ တန်းလို့…
    ဒါပေမယ့် ဒီဒီဇိုင်းကို သူတို့ မူပိုင်ခွင့်တင်ထားကြလိမ့်မယ်…
    တော်ရုံကူးချဖို့တော့မဖြစ်နိုင်ဘူး…
    ပန်းသီးမှာ အမြဲတမ်းရာဇဝင်ရှိတယ်ဗျ…
    ရှေ့ကနေ အမြဲတမ်း နည်းပညာတော်လှန်ရေးတွေလုပ်ပါတယ်…
    သူ့ဒီဇိုင်တွေ… သူ့ရဲ့ သုံးစွဲသူအပေါ် လွှမ်းမိုးနိုင်တဲ့ဗီဇတွေကြောင့် တခြားထုတ်လုပ်သူတွေက
    နောက်ကလိုက်ပြီး ထုတ်လုပ်ကြတာပါ…
    iMac လို All in One PC တွေ
    iPad လို Tablet တွေ
    iPhone လို Smart Phone တွေ
    Macbook Air လိုမျိုး Ultrabook တွေ အဲဒါတွေက သာဓကရှိပါတယ်…
    ဒါပေမယ့် PC Platform မှာ Desktop တွေ ကျဆုံးနေချိန်မို့… Mac Pro နောက်လိုက်ပါ့မလား…
    စဉ်းစားစရာဖြစ်နေပါတယ်…
    အဲဒီလိုပဲ Software ရှားပါးမှုနဲ့ Network အားနည်းချက်ကြောင့် အရမ်းကောင်းပြီး နောက်ကောက်ကျခဲ့တဲ့
    OSX ရဲ့ အားနည်းချက်… အားသာချက်တွေကို ပြုပြင်ထားတဲ့ OSX 10.9 ကိုတော့ဖြင့် စောင့်ကြည့်ရမှာပါပဲ…
    အခုနောက်ပိုင်း ပန်းသီးအတွက် ဂိမ်းအလန်းစားတွေထွက်လာတာတွေ့နေရပါပြီ…
    အဲ့ဒီအားနည်းချက်တွေကို ပြုပြင်ထားပြီး အကောင်းဆုံး Mobile OS ဖြစ်နေတဲ့ iOS ကို နမူနာယူပြီးတော့
    အကောင်းဆုံး OS ပြန်ဖြစ်မယ်ထင်ပါတယ်ခင်ဗျား…
    ကွန်ပျူတာသမားတွေ ဆက်လက်ပြီးဆွေးနွေးကြပါဦး…
    အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • kai

    November 1, 2013 at 11:29 pm

    ဗီဒီယိုဖြတ်ရင်တော့ ရှယ်နေမှာပဲ…
    ဒါပေမယ့်..ပန်းသီးသပိတ်မှောက်ပြီး.. နေသူမို့..ပန်းသီးမစားတာတောင် တော်တေ်ာကြာပြီ..
    ..
    ကရဲစည်ရေ..
    အာဗာတာလေးပြင်ပါဗျ..
    ရုပ်ဆိုးပါတယ်..။ :buu:

  • alinsett

    November 3, 2013 at 9:51 pm

    နည်းပညာ ဗဟုသုတလေးတွေ..ကို..
    စောင့်မျှော်ဖတ်ရှု လျက်ပါ..
    ချစ်သော…
    ကကြောင်ဝတုတ်ရေ…

    :kwi:

  • mingaung

    November 11, 2013 at 2:46 pm

    အေးဗျာ ခင်ဗျားပြောသလိုပါပဲ ပန်းသီးရဲ့ဒီဇို်င်းခံယူချက်ကိုတော့ ကြိုက်တယ်ဗျာ ၊ နောင်တစ်ချိန် ပန်းသီးက DSLR လုပ်ရောင်းရင် ကောင်းမှာ ပဲလို့ စိတ်ကူးယဉ်မိသား…..။

Leave a Reply