၁၉၀၃ခုနှစ်တပေါင်းပွဲ..ရွှေတိဂုံဘုရားသို့ကျားတက်ခြင်းနှင့်စိတ်ဝင်စားဖွယ်ရာဖြစ်ရပ်

chityimhtooNovember 1, 20131min20515

994950_1411993472362607_559359768_n

ရွှေတိဂုံဘုရားသို့ကျားတက်ခြင်းနှင့်စိတ်ဝင်စားဖွယ်ရာလူဝင်စား

၁၉၂၅ခုနှစ်လောက်မှစ၍ဘီးလင်းမြို့နယ်အတွင်းမှာ ဓနုတောင်ဦးထွန်းအေး ဟူသောအမည်ကိုလူတိုင်းသိခဲ့သည် ။ သူ့ကျင့်စဉ်မှာ ဓမ္မောဟုအဆက်မပြတ်ရွတ်ဆိုနေရလေသည် ။ မျက်လုံးကိုမှိတ်၍ငြိမ်သက်စွာ ကျင့်နေရင်း သမာဓိအားကောင်းလာလျှင်မိမိဘယ်ဘဝမှလာသည် ကိုသိကြသည် ။ တစ်ချို့ကနွားကျွဲဘဝမှလာသည်  တစ်ချို့ကယောက်ကျားဘဝမှ မိန်းမဘဝသို့ကူးပြောင်းလာသည် အစရှိသဖြင့်ပြောလာကြသည် ။

ဤသို့အားထုတ်ရင်းဓမ္မောဟူသောအသံနားကိုနားဝမှာထင်ရှားစွာကြားလာရ၏၏အတိတ်ဘဝကတိုက်တွန်းလာသံကိုပါထပ်မံ၍ကြားရလာသည် ။  ကျိုက်ထီးရိုးစေတီတော်ကြီး၏ တောင်အောက်ကမ်းပါးစောင်း၊ တောအုပ်တောင်တန်းများနှင့် ထူထပ်ညို့မှောင်နေသည် ့ တောန994950_1411993472362607_559359768_nက်အတွင်းတစ်နေရာမှတစ်နေရာ၊  တော်အုပ်တစ်ခုမှတစ်ခုသို့ တစ်ကောင်နှင့်တစ်ကောင်မှီတွယ်လျက် တစ်ခါတလေကျားဖိုကြီးသွားရာလမ်းသို့ကျားမကလေးကအပြေးလိုက်လျက်သွားနေကြသည် ့မြင်ကွင်းတစ်ခုဖျောက်ခနဲ့ပျောက်ကွယ်သွားသည် ။ ထို့နောက်မြင်ရသည် ကားမြင်ကွင်းအသစ်။ ရွှေတိဂုံစေတီတော်ကြီးတည်ရှိရာကုန်းမြင့်ကိုနောက်ခံလျက်တောအပ်တောတန်းများထူပြောနေသည် ့တောတွင်းတစ်နေရာ ဤနေရာမှာလည်းကျားဖိုနှင့်ကျားမတို့သည်  မခွဲမခွဲချစ်ကြင်နာစွာဖြင့်အတူသွားနေကြသည် ကိုမြင်နေရ၏။ သူတို့သည် သားကောင်ရှာထွက်ရင်းနယ်ကျွံလာသလော၊ သို့တည်းမဟုတ်တောပြောင်းထွက်လာကြလေသလား။ ကြည့်မြင်နေရင်းမှပင် ကိုထွန်း၏မနောစိတ်ကလေးမှာအတွေးပေါ်လာသည် ။ တိရစာ္ဆန်ဗေဒကျွမ်းကျင်လေ့လာသူများ၏အဆိုတွင်ကျားတို့သည်  အစာမစားရေမသောက်ဘဲ မိုင်တစ်ရာ့ငါးဆယ်ခရီးကိုသွားနိုင်သည် ဟုဆိုသည် ။  နောက်ထပ်မြင်ကွင်းတစ်ခုသို့ပြောင်းသွားပြန်၏။ တောင်ကုန်းများချိုင့်ဝှမ်းများနှင့်အတက်အဆင်းများလှသည် ့နေရာတောအုပ်ငယ်တစ်ခု၊ လေတိုက်နှုန်းကပြင်းထန်နေလေသည် ။ ကျားမကမြေပြင်ပေါ်ဝပ်လိုက်သည် ။ ရှေ့လက်နှစ်ဖက်အပေါ်ဦးခေါင်းတင်ကာမြေပြင်ပေါ်မားမားစွင့်စွင့်ရပ်နေသည် ့ကျားဖိုကိုမော့ကြည့်လျက်ကျားဖိုကကျားမ၏ဦးခေါင်းကိုပွတ်တိုက်ပေးလျက်ရှိသည် ကိုကျားမသည် ငြိမ်သက်လျက်ရှိသည် ။

ထို့နောက်မြင်ရသည် ကားကျားဖိုကြီးကကျားမအနားမှလွှားခနဲခုန်ကျော်သွားသည် ။ သူခုန်ကျော်ထွက်သွားရာလမ်းမှာလွင်ပြင်ငယ်တစ်ခုကိုလည်းတစ်ခါတစ်ရံတွေ့ရသည် ။ လမ်းကြားများထဲသို့ကျားဖိုကြီးသည်  ကြောင်တစ်ကောင်သို့ဝပ်တွားလျက်သွားသည် ။ ဘာမျှမကြာလိုက်ပါ ကျားဖိုကြီးသည်  သွေးစက်စက်ကျနေသောနွားတစ်ကောင်ကိုဇက်မှကိုက်ချီဆွဲလျက်သစ်ပင်များအကြိုအကြားကိုဖြတ်ကာလွှားခနဲခုန်ထွက်လာသည် ။  နွားသေကောင်ကိုလူတို့နှင့်ဝေးရာမှာအားပါးတရကိုက်ဝါးမျိုနေစဉ်မှာပဲကြောက်မက်ဖွယ်အသံများထွက်ပေါ်လာကာကျားကြီးသည် လေထဲသို့သူ့ကိုယ်လုံးကြီးမြောက်တက်သွားသည်  မြေပြင်ပေါ်သို့ပြန်ကျလာသောအခါအသက်ဝိညာဉ်ကင်းမဲ့နေရှာပြီ သူ့အနားသို့ရောက်လာသူများက ကုလားစစ်သားသုံးယောက်၊ သေနတ်ကိုမြေကြီးပေါ်ကိုထောက်ကာကျားကြီးတကယ်ပင်သေသည် ၊ မသေသည် ကိုဝိုင်းပြီးစစ်ဆေးသည် ။  ဘယ်လိုမြင်ကွင်းများပါလဲ။ သူနှင့်ပတ်သတ်နေပါလျှင်ကျားဖိုကြီးသည် သူကိုယ်တိုင်ဖြစ်နေပါလိမ့်မည်။ ဒါဖြင့်ကျားမလေးဘယ်ရောက်သွားပါသနည်း။ အားလုံးဝေဝါးနေသည်  ဤအမြင်အားလုံးကိုကြည်လင်သွားစေရန်အတွက်သူအားထုတ်ရပါမည်။ ကျားမကလေးကိုလည်းမတွေ့တွေ့အောင်သူရှာပါမည်။ ကိုထွန်းအေးသည်  ဤမြင်ကွင်းအားလုံးကိုသူ့မျက်စိထဲမှမထွက်နိုင်တိုင်းကျားမကလေးကိုပဲသနားစိတ်ဝင်နေတော့၏။ အစာရှာထွက်သွားသည် ့ကျားဖိုကြီးပြန်အလာကိုဆာလောင်မွတ်သိပ်စွာဖြင့်ကျားမကလေးသည် မည်မျှမျှော်နေရှာမည်နည်း တွေးရင်းပင် သူ့ရင်မှာဖိုလာရသည်  ။ တစ်ကြိမ်တစ်ခါမျှမခံစားမတွေ့ကြုံဖူးသည် ကဝေဒနာများသူ့ခန္တာကိုယ်ထဲတွင်ခိုအောင်းနေကြပါပြီလားဟုပထမဆုံးအကြိမ်အဖြစ်သူ့ကိုယ်ကိုဆန်းစစ်မိ၏အံ့ဩစိတ်များဝင်လာ၏။  ထို့နောက်ဓမ္မော၊ ဓမ္မောဓမ္မောဟုအဆက်မပြတ်အာရုံပြုလိုက်သည် နှင့်အာရုံသည်  ဧကောဓမ္မောတစ်ခုတည်းအပေါ်မှာပဲစူးစိုက်တည်ငြိမ်လျက်ရှိသွားသောအခါမှာကျားဖိုကြီးမှာကိုထွန်းအေးဖြစ်နေသည် ။ ကျားဘဝ၊ ကျားခန္တာချုပ်ငြိမ်းသွားသည် ့အခိုက်အတန့်မှာပဲအသိစိတ်ကလေးသည်  တရုတ်အမျိုးသားများနေထိုင်ကြသည် ့ယာခင်းကြီးတစ်ခုအတွင်းရှိခတက်ပင်ကြီးပေါ်သို့ရောက်သွားသည် ။ သူ့မှာခန္တာလည်းမရှိပါ။ ရုပ်ဝတ္တုအားဖြင့်လည်း သူ့မှာကိုယ်သည်  လုံးလုံးကြီးလား ရှည်ရှည်ကြီးလားဟုမမြင်ရပါ။ ဒါပေသည် ့ သူ့ကိုယ်မှအပ အားလုံးကိုသူမြင်နေရသည်  ကြားနေရသည် ၊  ဆန်းလွန်းသည် ့အဖြစ်ပါတကား။ တစ်နေ့ယာခင်းထဲရှိအိမ်မှာ လူတွေအမြောက်အမြားရောက်နေသည် ကို သူမြင်ရသည် ။ အဝတ်အစားသစ်များဝတ်ဆင်ကာထိုယာထဲရှိအိမ်ထဲသို့သွားကြလာကြသည် ကိုမြင်ရသောအခါသူသည် လည်းထိုနေရာသို့သွားချင်စိတ်များပေါ်လာသည် ။ သွားချင်လိုက်တာဟုစိတ်ကတောင့်တလိုက်သည် ့အချိန်မှာပဲ ထိုအိမ်ထဲသို့ သူရောက်သွားသည် ။ ဆွမ်းအလှူပြီး၍ဘုန်းကြီးများတရားဟောနေသည် ကိုတရားနာနေကြသည် ့ယောက်ကျားတစ်ယောက်နှင့်မိန်းမတစ်ယောက်အကြားသူဝင်ထိုင်လိုက်စဉ်မှာပဲသာဓုခေါ်သံများကြားလိုက်ရပြီးသူဘာကိုမျှသတိမရတော့ပေ။ သူစကားပြောတတ်သည် ့အချိန်မှစ၍အိမ်နီးချင်းများက သူ့ကိုထွန်းအေးနင်ဘယ်ကလာတာလဲ ဟုမေးလျှင် တောထဲကဟုသူဖြေတတ်၍ အိမ်နီးချင်းများကခဏခဏ သူ့ကိုနင်ဘယ်ကလာတာလဲဟုမေးကြစကြသည် ။ ပျောက်ကွယ်သွားသောကြင်ဖော်ဟောင်း ကျားမကလေးကိုဦးထွန်းအေး၏အာရုံမှာပြန်လည်တွေ့မြင်ရသော နေ့သည်  သထုံအရေးပိုင်ကဦးထွန်းအေးကိုတွေ့လိုသည် ဟုမှတ်မှတ်ရရ ပြောပြပါသည် ။ သထုံသည် ဘီလင်းနှင့်မဝေးလှပါ။ ကြားဘူတာငါးခုလောက်သာရှိပါသည် ။ ထို့ကြောင့် ဦးထွန်းအေးသည်  သထုံမှနေ့ချင်းပြန်လာပြီးဓနုတောင်ပေါ်သို့ညတွင်းချင်းတက်သည် ။ တောင်ပေါ်ရောက်သောအခါ သန်ခေါင်နားနီးနေပြီ။ ထို့ကြောင့်တောင်ပေါ်ရောက်၍အိပ်ရာထဲခေါင်းချသည် နှင့် မောလွန်းသောကြောင့်ချက်ချင်းအိပ်ပျော်သွားသည် ။ အိမ်မက်ထဲတွင်ကျားမလေးသူ့အနားရောက်လာသည် ။ သူ့ဘေးမှာခွေလှဲအိပ်သည် ။ ဝမ်းသာစွာဖြင့်ကျားမလေးကိုသူအသာအယာပွတ်သတ်ပေးတော့ကျားမကလေးသည်  ဟိန်းသံပေးသည် ။ သူလက်ကိုရုတ်လိုက်စဉ် ကျားမလေးသည်  သူ့အနားမှာလွှားခနဲထွက်သွားသည် အဝေးတစ်နေရာရောက်မှလည်ပြန်လှည့်ကြည့်သည် ။ သူကလည်းမျက်ခြည်အပျက်မခံဘဲ ကျားမကလေးသွားရာနောက်သို့လိုက်သည် ။ ရွာကလေးတစ်ရွာကွမ်းသီးပင်များနှင့် အုပ်အုပ်ဆိုင်းဆိုင်းညို့ညို့မှောင်နေသည် ့ရွာကလေး၊ ရွာကလေး၏ကုန်းမြင့်ကမူပေါ်မှာကစေတီတစ်ဆူနှင့်ဘုန်းကြီးကျောင်းတစ်ကျောင်း ၊ ဘုန်းကြီးကျောင်းနှင့်ဝါးနှစ်ပြန်လောက်ဝေးမည်ဟုထင်ရသည် ့တစ်နေရာမှာကားအုတ်စီရေတွင်းကြီးနှစ်တွင်း၊  ရေတွင်းတစ်တွင်းမှာကမောင်းတက်တပ်ထားသည် ။ ကျန်သောတစ်တွင်းမှာကား မောင်းတက်မရှိ။  ရန်ကုန်မှမောင်လမြိုင်သို့သွားသည် ့ဤလမ်းမကြီးကိုဦးထွန်းအေးမှတ်မိနေပါသည် ။ လမ်းမကြီးဘေးရှိကျေးရွာများကိုလည်းသိနေပါသည် ။ ဤရွာများကိုဦးထွန်းအေးသိနေသည်  သူနှင့်အတူ တရားလာရောက်အားထုတ်ဖူးသူများ ဤကျေးရွာအနှံ့မှာရှိနေပါသည် ။ ထို့ကြောင့်ဦးထွန်းအေးသည်  သူရောက်နေသည် ့ရွာသည် ပန်းကုန်းရွာဖြစ်နေသည် ကိုချက်ချင်းသိလိုက်၏။ ပန်းကုန်းရွာအဝင်လမ်းမှာ ကျားမကလေးရပ်လိုက်သည်  သူ့ကိုပဲစောင့်နေသလို ခြေစံရပ်ပြီးလှည့်ကြည့်လိုက်သည် ။ ခဏကြာမှအမျိုးသမီးတစ်ယောက်လမ်းလျှောက်သွားသလိုမျိုးဖြည်းဖြည်းလေးဆက်၍လျှောက်သည် ။ ဝါးဘိုးဝါးရုံကြီးများ ခြံထဲမှာစီတန်းစွာပေါက်နေကြသည် ့အိမ်ခြေမြင့်တစ်လုံးရှေ့သို့ရောက်သွားသောအခါမှာလှေကားထစ်များအပေါ်ကျားမကလေးလှမ်းတက်သွားသည် ။ လှေကားသုံးထစ်မှကျော်သွားသည် နှင့် ကျားမကလေးပျောက်သွားသည် ။ ကျားမကလေးနေရာမှာမိန်းကလေးတစ်ယောက်ပေါ်လာသည် ။ သွယ်နွဲ့ပါးလျားသောကိုယ်ဟန်ရှိသည် ့မိန်းကလေးများ၏မျက်နှာကားထူးခြားစွာညှိုးနွမ်းလှပါကလား။

အမေညကအိမ်မက်ထဲမှာကျားကြီးကိုတွေ့ရပြန်ပြီသူကသူနဲ့အတူလိုက်ခဲ့ပါလို့ပန်းခြံကိုခေါ်တယ်လေ။ ဆန်ဝိုင်းဆပ်ပြာ စပါးလုံးရွေးနေရာမှကောက်ခါငင်ခါပြောလိုက်သည် ့ သမီးစကားကြောင့်အမေက ဟင်ဆိုပြီးသူ့သမီးကိုလည်းပြန်ကြည့်သည် ။ အမေ့ရင်ထဲမှာလည်းထိတ်လန့်သွားသည် ။ သူ့သမီးဒီကြားကိုအိမ်မက်မမက်တာကြာပါပြီ ခုမှဒီကျားကဘယ်ကထပ်ပေါ်လာပြန်ရတာလဲ…

တော်ထဲမှာလေဂူကြီးထဲမှာလေ သူကသမီးအတွက်အစာရှာထွက်မယ်ဆိုပြီးထွက်သွားတာပြန်မလာတော့ဘူး..သမီးမှာဘယ်ကိုသွားရမှန်းမသိဘူးကြောက်လည်းကြောက်တော့အဲ့ဒီဂူကြီးထဲမှာ အကြာကြီးနေခဲ့ရတယ် နောက်တော့ သိပ်ဆာလောင်လာတာနဲ့ဂူကြီးထဲကထွက်လာပြီး သွားမိသွားရာ မှောင်ကြီးထဲမှာထွက်သွားလိုက်တာ စားစရာလည်းမတွေ့တော့ မီးရောင်မြင်နေရတဲ့ဆီကိုထွက်သွားမိတယ်..အဲ့ဒီမှာသမီး..သမီး.. မပန်းခြုံသည် ဝမ်းနည်းကြီးစွာဖြင့် ရှိုက်ငင်သံတဝက်နှင့်ပြောဆိုနေသည် မှာ အမေ့အတွက်ရင်နာဖွယ်ရာဖြစ်နေပါသည် ။ သမီးဘာတွေပြောနေပါလိမ့်။ သူလည်းဘာကိုမှနားမလည် သမီးသည် စိတ်မှကောင်းရဲ့လား ဒါမှမဟုတ်အမှောင့်ပရောဂများဝင်နေလို့လား… သမီးပန်းခြုံဘာတွေပြောနေတာလည်းသမီးရယ်..အိမ်မက်ပဲမက်ချင်ရာမက်မှာပေါ့ ဘာဖြစ်လို့ငိုနေရတာလည်း တိတ်တိတ်ဟုချော့နေမိပြန်တော့ ပန်းခြုံကအမေ့ကိုငေးစိုက်ပြီး အမေမသိပါဘူး အဲ့ဒီတုန်းကသူပစ်သမီး…မီးရောင်ရှိတဲ့ဆီကိုသွားမိတော့လူတွေကအများကြီး အဲ့ဒီ့လူတွေကိုကြောက်ပြီးမှောင်ရိပ်ရှိတဲ့ဆီကိုသွားရင်းက ဘုရားကြီးတစ်ဆူအနားကိုရောက်သွားတယ် ဘုရားကအကြီးကြီးပဲ..အဲ့ဒီ့ဘုရားကြီးမှာဝါးလုံးတွေဟိုးအမြင့်ကြီးအထိထောင်ထားတယ်..သမီးလည်းလူတွေကိုကြောက်တာနဲ့ဝါးလုံးတွေပေါ်ကုတ်တက်သွားလိုက်တာ အမြင့်ကြီးကိုရောက်သွားတယ်။ မပန်းခြုံသည်  အိပ်ပျော်နေရင်းကယောင်ကမ်း ပြောပြနေသလိုမျိုးမဟုတ်ဘဲ သူ့အတိတ်ဘဝဟောင်းကိုဝမ်းနည်းနာကြည်းစွာဖြင့် ပြောနေတာပါလားဟာအမေသည် တဖြည်းဖြည်းနားလည်လာသည် ့အခါမှာသမီးကိုမျက်ရည်သုတ်ပေးပြီး..ပြီးခဲ့တာတွေ မေ့ပစ်လိုက်ပါ မိန်းကလေးရယ်ဟုနှစ်သိမ့်ပေးလိုက်သည် ။ အစားမစာရတာကြာတော့ဆာလိုက်တာ အမေရယ်တစ်ကိုယ်လုံးကိုနုံးခွေနေတယ်..ဘုရားကြီးပေါ်ရောက်သွားတော့မောမောနဲ့ အိပ်ပျော်သွားတယ်နိုးလာတော့မိုးလင်းနေပြီ ကိုယ့်ကိုသူများတွေ မြင်တွေ့သွားမှာကြောက်လို့ မလှုပ်ရဲဘူး အောက်ကလူသံတွေကိုကြားပြီး..ကြောက်လွန်းလို့ဝပ်နေရတယ်..ကြောက်လွန်းလို့ဆာတာကိုလည်းသတိမရတော့ဘူး အဲ့သလိုပုန်းနေရင်း ဝပ်နေရင်းဘုရားပေါ်မှာဘယ်နှစ်ရက်တောင်ကြာသွားမှန်းကိုမသိဘူးသတိမရတော့ဘူး။ အဲ့သလိုနေရင်းနဲ့လူတွေကသမီးကိုတစ်နေ့မှာမြင်သွားကြတယ် ဘုရားပေါ်မှာကျားကြီး ကျားကြီးလို့အော်ကြတာကိုသမီးကြားနေတယ်..ကြောက်လွန်းလို့ ခေါင်းကိုပါဝှက်ပြီးဝပ်နေတယ် လုံးလုံးကိုမလှုပ်ရဲဘူး..အဲ့သလိုမလှုပ်ဘဲနေတာတောင်လူတွေကသမီးကိုမြင်ကြပြီး ဘာနဲ့ပစ်လိုက်ကြတယ်မသိဘူးအမေရယ် ..အများကြီးပဲ ပစ်လိုက်ကြတာ သမီးလည်းအဲ့ဒီမှာသူ့ကိုလည်းသတိရတာ စိတ်လည်းနာတယ်..ဝေဒနာကိုလူးလှိမ့်ခံရတဲ့အကြားကသူ့ကိုပဲမြင်ယောင်မိပြီး ဘာကိုမှသတိမရတော့ဘူး..

ခုတော့သူ့သမီးပန်းခြံသည်  သူ၏အတိတ်ဘဝဟောင်းကို ဆွေးမြေ့နာကြည်းစွာနှင့် ပြောပြသမျှအားလုံးသည် ဘုရားကြီးပေါ်မှာသေနတ်ဒဏ်ရာများစွာတို့ဖြင့် သေဆုံးသွားရရှာသောကျားမလေးအဖြစ်နဲ့ တစ်ထပ်တည်းပါပဲလား ဟုတ်ပါပြီသမီးကိုမွေးတုန်းကလည်း ဝမ်းဆွဲအမေညှာက..ဟဲ့နင့်သမီးရင်ဝတည့်တည့်မှာအမှတ်ကြီးပါလာတယ် ဘဝဟောင်းကဝင်စားတာလားမသိဘူး…ဟုပြောဖူးသည် ။  ကိုထွန်းအေးသည်  အိမ်မက်ထဲမှအတိုင်းပန်းကုန်းရွာသို့ရောက်အောင်သွားသည်  ထို့နောက်သူကြီးကိုအကူအညီတောင်းရသည် ။ ကိုထွန်းအေးပြောတဲ့အတိုင်းဆို ရွာမြောက်ပိုင်းက ပန်းခြုံကလေး ဖြစ်နိုင်တယ်။ ဒီမိန်းကလေးက တစ်ဦးတည်းသောသမီးဆိုပေမဲ့ တယ်ပြီးလိမ်မာရေားခြားရှိတယ် အနေအထိုင်လည်းတော်တယ်။ ဒီမိန်းကလေးနဲ့ပတ်သတ်ပြီးထူးထူးဆန်းဆန်းကြားဖူးတာက ရွှေတိဂုံဘုရားကြီးကိုသွားဖူးရင်း ရွှေတိဂုံဘိုးဘိုးကြီးဆီမှာဆုတောင်းလို့ရလာတယ်ပြောသံကြားတယ်။ ထို့နောက်ကိုထွန်းအေးမပန်းခြုံတို့အိမ်သို့သွားသောအခါ …သူကြီးနဲ့ကျုပ်သူ့မိဘတွေနဲ့တွေ့ပြီး ဘဝဘဝကပါလာရတဲ့ ရေစက်အရှိန်အဟုန်ကြောင့်သူ့ကိုတွေ့ချင်ပြီးလာခဲ့ရပါတယ် တွေ့ပါရစေဆိုတော့သူ့အမေကခွင့်ပြုခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက ကျုပ်နာမည်လည်းမကြားချင်ဘူး မကြည့်ချင်ဘူး ..ခုမှလာပြီးမဟုတ်တာပြောမနေနဲ့ ..ပစ်တုန်းကပစ်ထားပြီး အစာငတ်ရေငတ် ထားခဲ့တယ် စိတ်နာတယ် ဟုပြောပြီးငိုယိုကာအခန်းထဲမှထွက်မတွေ့ခဲ့ပေ။ သူအစာရှာထွက်တုန်းပစ်သတ်ခံခဲ့ရတာပါပြောသော်လည်းတွေ့ခွင့်မရခဲ့ပေ။ ထို့နောက်ဆယ်ရက်လောက်ကြာသောအခါ တွေ့ခွင့်ရခဲ့ပြီးသူကြီးလင်မယားမှကိုထွန်းအေးနှင့်မပန်းခြုံတို့ကို စေ့စပ်တောင်းရမ်းလက်ထပ်ပေးခဲ့ပါတယ်။ မပန်းခြံရောကိုထွန်းအေးရောနှစ်ယောက်စလုံးမှာ ထမင်းစားတဲ့အရွယ်ကစပြီး ဘာအသားမှမစားကြပါ။ အံ့ဩစရာကောင်းတာက သားစိမ်းစားတဲ့ ကျားဘဝကနေပြီးလူဖြစ်လာရပေမဲ့ နှစ်ယောက်စလုံးသက်သက်လွတ်စားကြတာ ထူးဆန်းလှပါသည် ။ ဦးထွန်းအေးမှာမပန်းခြုံကို ဓနုတ်တောင်ပေါ်သို့ခေါ်သွားခဲ့ပါသည် ။ မပန်းခြုံမှာတောတောင်ရေမြေ လွင်ပြင်ကျယ်များကိုပိုပြီးသဘောကြပါသည် ။ ၁၉၄ရ ခုနှစ်မှ ဦးထွန်းအေးဆုံးပါးသွားခဲ့ပြီး မပန်းခြံမှာလည်းသူကွယ်လွန်ပြီးမကြာမီကွယ်လွန်သွားသည် ။ ဦးထွန်းအေးနှင့်မပန်းခြုံတွင်သားနှစ်ယောက်မျိုးဆက်ကျန်ခဲ့ပါသည် ။

……၁၉၀၃ခုနှစ် မတ်လ၂ရက် ၁၂၆၄ခုနှစ်တပေါင်းလဆန်း၅ရက်နေ့တွင် ရွှေတိဂုံဘုရားကြီးပေါ်သို့ကျားတက်သည် ဆိုသောမှတ်တမ်းကိုတွေ့ရပါသည် ။ တပေါင်းပွဲတော်ကြီးကျင်းပနေချိန်ဖြစ်သောကြောင့်ရွှေတိဂံစေတီတော်ကြီးမှာ ဘုရားဖူးလာကြသူများဖြင့်အလွန်စည်ကားနေသောအချိန်ဖြစ်ပါသည် ။ မြန်မာနိုင်ငံဘုရင်ခံနှင့်ဟံသာဝတီသာသနာပိုင်ဆရာတော်ကြီး တို့ကကြီးကြပ်ကာ ရွှေပြားသင်္ကန်းကပ်လှူပူဇော်မည့်အစီအစဉ်ရှိသောကြောင့်ငြမ်းများဆင်ထားချိန်လည်းဖြစ်သည် ။ ထိုအခါခေါင်းလောင်းပုံအနားစွန်တွင် ဝပ်နေသည် ့ကျားတစ်ကောင်ကိုဘုရားဖူးများကထီးတော်ကိုမော်၍ဖူးကြသောအခါမြင်လိုက်ရ၍ အော်ဟစ်ကြသည် ။ နံနက်စောစောနေထွက်ချိန်ဖြစ်၍ဖြစ်နေသောကြောင့်ကျားကိုရုတ်တရုတ်မမြင်ကြ။ နေရောင်နှင့်ဘုရားကြီး၏ရွှေရောင်များဟပ်ကာ ကျားပုံသဏ္ဍန်ကိုမပေါ်တပေါဖြစ်နေသည် ။ ထို့ကြောင့်လူအုပ်ကြီးသည်  သူ့ထက်ငါ တိုးဝှေ့ကြည့်ရှူကာဆူညံလျက်ရှိသည်  ထိုအချိန်မှာပင် ဘုရားလူကြီးများနှင့် အင်္ဂလိပ်စစ်ဗိုလ်ကြီးတစ်ဦးရောက်လာသည် ။ သူ့လက်ထဲမှာ နှစ်လုံးပူးသေနတ်တစ်လက် ပါလာသည် ။ ထို့နောက်မှန်ပြောင်းဖြင့်ကြည့်သောအခါကျားမှာ တစ်ကောင်လုံးမမြင်ရ။ ကျော်ပြင်နောက်ခြေနှစ်ဖက်နှင့် အမြီးကိုသာတွေ့ရသည် ။ ကျားကိုချက်ကောင်းမိအောင်ပစ်ချနိုင်မှသာ မဟုတ်လျင် ကျားသည် ဘုရားပေါ်မှခုန်ဆင်းကုဘုရားဖူးပရိတ်သတ်များကိုရန်ပြုမှာစိုးရိမ်ရသည် ဟုဆိုကာ ရိုင်ဖယ်သေနတ်ကိုင်စစ်သားဆယ်ဦးကိုခေါ်ယူပြီးလျင် သေနတ်သမားများကို ငါးဦးစီနေရာခွဲစေပြီးမှကျားရှိသောနေရာကိုတစ်ပြိုင်တည်းပစ်ကြစေသည် ။ ကျားသည် ကြောက်စိတ်ဖြင့် သူ၏ကိုယ်ထည်ကြီးကိုလုံးဝထွေးဝပ်ထားသောကြောင့်သေနတ်ကျည်ဆန်များသည်  သူ့ကိုလုံးဝမထိမှန်ဘဲ ကျားဝပ်နေသည် ့အုပ်ခံအစွန်းများကိုသာ ထိမိကုန်၏။ ထို့ကြောင့်ရိုင်ဖယ်ကိုင်စစ်သားများသည်  နောက်ထပ်နေရာရွှေ့ပြောင်းယူကာပစ်ရန်စီစဉ်နေကြခိုက်ကျားသည် ရုတ်တရက်ဦးခေါင်းပိုင်းထောင်ကာအောက်သို့ငုံ့ကြည့်စဉ် ကပ္ပတိန် ဂျင်းနင်းပစ်လိုက်သည် ့ ကျည်ဆန်ဖြင့် ရင်အုပ်၊ ပခုံးနှစ်ဖက် နှင့်အမြီးကိုထိသွားလေသည် ။ ကျားတစ်ကိုယ်လုံးဒဏ်ရာကြောင့်အလူးအလဲခံရသည် မှာ နာရီဝက်ခံကြာ၏။ ကျားမှာအသက်မသေဘဲညည်းညူနေသောကြောင့်ရင်ဝတည့်တည့်သို့ကပ်ကာနောက်ထပ်တစ်ချက်ပစ်လိုက်မှငြိမ်သက်သွားတော့၏။ ကျားမှာအမဖြစ်ကာ ငယ်ရှာသေးသည် ကိုတွေ့ရပြီး ၈ပေခန့်ရှိသည် ။ ကျားအမြီးကိုသေနတ်မှန်သွားသောကြောင့်ကျားမှာအမြီးမပါလာ။ အုတ်ခံအစွန်းငြမ်းမှာငြိကာအမြီးတန်းလန်းကျန်ခဲ့သည် ကိုနောက်မှတက်ယူကြသည် ။ ကျားသည် ဘုရားမတက်မီပုဇွန်တောင်အမဲသတ်ရုံအနီးရှိအိမ်များသို့ရောက်ရှိသွားသည် ့ခြေရာများကိုတွေ့ရသည် ။ ကကိ္ကုင်းရေကူးကန်ဘက်ရှိနွားခြံထဲမှာနွားတစ်ကောင်ကို ဆွဲယူစားသွားသည် ကိုသိရ၏။ ဤမှတ်တမ်းများကိုကြည့်လျှင်ကျားသည်  တစ်ကောင်းတည်းဖြစ်နေသည် ။ သို့ရာတွင် ဦးထွန်းအေးပြောပြချက်အရ ကျားဖိုနှင့်ကျားမကွဲသွားကြသည်  ။ ဘယ်လောက်မှကြာကြာကွဲသွားသည် ဟုမပြောပြ။ ကျားဖိုကနွားဆွဲစားရင်း သေနတ်ပစ်ခံရသည် ဟုသာပြောပြ၏။ ထို့ကြောင့်ဦးထွန်းအေး၏ဇနီးမပန်းခြုံမှာရင်ဝမှာ ဒဏ်ရာအမှတ်တစ်ခုပါလာသည် ဖြစ်သည် ။

“ရွှေတိဂုံဘုရားမှာကျားတက်တယ်ငါးရက်ကြာ” ဟူသောသီချင်းများပေါ်လာသလို ဘုရားအထက်၊ ကျားတက်ဟူသော စကားများလည်းပေါ်လာပေသည် ။
Credit to:ကြည်ဦး…

https://www.facebook.com/onlinetasay

15 comments

  • San Hla Gyi

    November 1, 2013 at 10:54 pm

    ကို chityimhtoo ရေ
    ပို့စ်ကလေး မဆိုးပေမယ့် အားပေးတာ နည်းနေသေးတယ် ထင်တယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားပို့စ်က ဒီဆိုက်ဒ်ရဲ့ အနေအထားအရ ရှေးရိုးစွဲတို့ ဘာတို့ထဲကို ဝင်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေးတာ မဆိုးပါဘူး။ ခင်ဗျား သီချင်းက ကျန်သေးတယ်။ ကျနော် ငယ်ငယ်တုန်းက ကျနော့်အဘိုးက ဆိုပြဖူးတယ်။
    “ရွှေတိဂုံဘုရားမှာ ကျားတတ်တာ ငါးရက်ကြာသဗျ”
    “ဂေါရာတွေဝိုင်း သေနတ်နဲ့ပစ် ကျားစင်းစင်းသေ” ဆိုပဲ။
    ကျနော် ဒီအကြောင်းကို သိပေမယ့် ဒီကျားလူဝင်စားဇတ်လမ်းကို အခုမှ ကြားဖူးတယ်။
    ခင်ဗျား စိတ်ဝင်စားမယ် ထင်လို့ ပြောကြည့်မယ်။ လွန်ခဲ့တဲ့ ၁၉၇ဝ နဲ့ ၁၉၈ဝ ကြားလောက်က မြန်မာပြည်မှာ ကြို့ပင်ကောက် လေချွန်နတ်ဆိုတာ အတော် ခေတ်စားခဲ့တယ်ဗျ။ တော်တော် မှန်တယ်ဆိုပဲ။ သူက သေသူတွေ ဘယ်ဘဝ ရောက်နေသလည်းဆိုတာ လိုက်ကြည့်ပေးတာ။ စလုပ်တုန်းကတော့ လက်သည် မပေါ်တဲ့ လူသတ်မှုတွေ ဘာတွေပါ လိုက်ပြီး အဲဒီ သေသွားတဲ့လူကို ခေါ်ပြီး သူ့ကို ဘယ်သူသတ်တယ် ဆိုတာ ပြောခိုင်းတယ်။ မှန်တယ်တဲ့ဗျ။ တရားခံတွေ ချက်ချင်း မိတာပဲတဲ့။ နောက်တော့ အဲဒါက ရန်ငြိုးတွေ ဘာတွေ ဖြစ်လာလို့ နောက်ပိုင်း မလုပ်တော့ပဲ ရိုးရိုးသေတဲ့ လူတွေပဲ လိုက်ကြည့်ပေးတော့တယ်တဲ့။ အဲဒီတုန်းက အတော် နာမည်ကြီးခဲ့တယ်။ သူ့ကို ယုံလောက်စရာ အချက်တွေလည်း ရှိတယ် ဆိုပဲဗျ။
    သူက ညဘက်ကျမှ မေးလို့ရတယ်။ မေးရင်လည်း ဟိုဘက်နံရံကို ကန့်လန့်ကာ အမည်းကြီး ကာထားတယ်ပေါ့ဗျာ။ မေးမဲ့လူက သေသွားတဲ့လူရဲ့ နာမည်နဲ့ သူ့ကို မြှပ်တဲ့ သင်းချိုင်းနေရာ ပြောပြရတယ်။ တော်စပ်ပုံလည်း ပြောပြရတယ်တဲ့။ အဲဒီလို ပြောလိုက်တာနဲ့ ရွှီကနဲဆို ကောင်းကင်ကို လေချွန်သံကြီး တတ်သွားပြီး အချိန်တခုလောက်ကြာရင် ရွှီဆိုပြီး အသံပေးပြီး ပြန်ဝင်လာတယ်တဲ့။ အဲဒီမှာ သေတဲ့လူဟာ အခု ဘယ်မှာ ဖြစ်နေပြီဆိုပြီး တိတိကျကျကို ပြောတယ်တဲ့ဗျ။
    အဲဒီတုန်းက နာမည်ကြီး ဇာတ်မင်းသားကြီးတယောက် ဘီလူး ဖြစ်သွားတာတို့ (တကယ်တော့ ဘီလူးက ကရင်း ဆုံးသွားရှာတာ) နောက်တယောက် ဝက်ကြီး ဖြစ်သွားတာတို့ ပေါ့ဗျာ။
    ဒါတော့ စိတ်ဝင်စားမယ် ထင်လို့ ပြောကြည့်တာပါ။ အထူးအဆန်းပေါ့ဗျာ။

    • kai

      November 1, 2013 at 11:22 pm

      အဲဒီလေချွန်နတ်ကို (အဲဒီတုံးက)မျက်မှန်တင်ဦးထောက်လှမ်းရေးက ဓါတ်ပုံခိုးရိုက်ပြီးမှတ်တမ်းတင်ဖူးတယ်တဲ့..။
      .. မျောက်လိုလိုလူဝံလိုလိုအကောင်ကြီးက ဝင်ထွက်နေတယ်မိတယ် ဆိုတာပဲ..။

      မြန်မာပြည်မယ်.. အခုလိုစုတ်ပြတ်သတ်နေတဲ့ရုပ်ရှင်တွေ ရိုက်မယ့်အစား အဲလို တကယ့်ဇတ်လမ်းတွေ မြေလှန်ပြန်ရှာ.. သမိုင်းလိုက်ပြီးရိုက်သင့်တယ်..။

      • မဟာရာဇာ အံစာတုံး

        November 2, 2013 at 12:31 am

        ကျုပ် …
        ဒါရိုက်တာဂျီး ဖစ်တဲ့အခါ …
        အိုက်လိုဟာတွေ ရိုက်မယ် …
        အပီအပြင် ရိုက်မှာ ပြောတာနော် …
        အာပလာ ရိုက်မှာ မဟုတ်ဘူးးး
        အိန်းဂျီးချွတ်ထားတဲ့ လူဗလံလေးတွေကို ဂျွန်းစစ်သည်နေရာထားပြီး မရိုက်ဘူးးးး
        :mrgreen:

  • padonmar

    November 2, 2013 at 2:30 am

    စိတ်ဝင်စားပါတယ်။
    လေချွန်နတ်မေးပေးတဲ့ အဖွားကြီးက ပြိတ္တာတမျိုး(သရဲပေါ့)မွေးပြီး အဲသလို မေးလို့ရတာပြောကြတယ်။1995 လောက်မှာ သွားကြည့်မယ်လုပ်တော့ မရှိတော့ဘူးကြားတာပဲ။

  • San Hla Gyi

    November 2, 2013 at 8:52 am

    ဒါက ဒီလိုပါ ဒေါက်တာရေ ကျနော် အဲဒီကိစ္စကို စိတ်ဝင်စားလို့ ကြို့ပင်ကောက်မြို့ပေါက် တဦးကို မေးကြည့်ဖူးတယ်။ တကယ်တော့ အဲဒီ လေချွန်နတ်က အဲဒီ အဖွားကြီးရဲ့ ယောကျာင်္း သူ့အဖိုးကြီးပေါ့။ အဖိုးကြီးက သူ့အဖွားကြီးကို မသေခင်တုန်းက သူက သေရင်တောင် သူ့မိန်းမကို လုပ်ကျွေးမယ်လို့ ကတိပေးခဲ့တယ်တဲ့။ အဖွားကြီးနာမည်က ဒေါ်ကျင်တဲ့။ ကျနော် တွေးကြည့်တာတော့ အဲဒီအစွဲနဲ့ သေတော့ အတော်လေး တန်ခိုးရှိတဲ့ နတ်သရဲ တမျိုး သွားဖြစ်တယ်နဲ့ တူပါတယ်ဗျာ။ အဲဒါ သူ့မိန်းမကို အဲဒီလို လူတွေဆီက ပိုက်ဆံယူပြီးတော့ သူက လိုက်ကြည့်ပေးတာပေါ့။
    လိုက်ကြည့်ပေးလို့ ရတယ် ဆိုပေမယ့် တခါတလေ သေသူဟာ သူ့ထက် အဆင့်နိမ့်တဲ့ ပြိတ္တာလိုမျိုး ဖြစ်နေတယ်ဆိုရင် သူက ခေါ်တောင် လာသေးတယ်ဆိုပဲ။ ခေါ်လာပြီး ကာယကံရှင် မိသားစုကို ဒီမှာ နင်တို့ သားသမီး ခေါ်လာပြီ စကားပြောလိုက်ဦးဆိုပြီး ပြောခိုင်းဆိုပဲ။ အဲဒါမျိုးကို မိသားစု အတွင်းရေးတွေ မေးကြည့်တော့လည်း မှန်တယ်တဲ့။ ကြည့်လို့ ရတယ် ဆိုပေမယ့် လူတိုင်းတော့ မဟုတ်ဘူးတဲ့။ လူ့ဘုံ
    တိရ စ္ဆာန်ဘုံ ပြိတ္တာဘုံရောက်နေသူတွေကိုပဲ အဓိက ကြည့်လို့ ရတယ်တဲ့။ တချို့ကျတော့ လိုက်ကြည့်လို့ မရဘူးဆိုပဲ။ သိပ်မြင့်တဲ့ အထက်နတ်ပြည်တို့ ငရဲပြည်တို့ ရောက်သွားသူတွေ နေမှာပေါ့ဗျာ။
    နောက်တော့ သူက အဲဒါမျိုး မလုပ်ချင်တော့ဘူးတဲ့။ ကျနော် တွေးကြည့်ရတာတော့ သူတို့ လောကဆိုတာလည်း ကိုယ်လိုသလို သွားချင်တိုင်း သွားလို့မရပဲ အထက်လူတွေဆီ ခွင့်တိုင်ပြီးမှ သွားလို့ရတာနဲ့ တူပါတယ်။ သူက သွားချင်သလို သွားနေတော့ အထက်ကို report တွေဘာတွေ ပြန်တတ်သွားတယ်နဲ့ တူပါတယ်။
    အဲဒီနောက်ပိုင်း အဖွားကြီး ခေါ်ရင် မယ်ကျင် ငါ့ကို မခေါ်နဲ့တော့ ငါမလာတော့ဘူးဆိုပြီး ပြောသတဲ့။ အဖွားကြီးက မရမက ခေါ်တော့ မယ်ကျင် ငါမခေါ်ပါနဲ့လို့ ပြောတာ နင်နားမလည်ဘူးလား ငါဒေါသထွက်ရင် နင်သေလိမ့်မယ်ဆိုပြီး အသံနက်ကြီးနဲ့ ပြန်ပြောဆိုပဲ။ အဲဒီနောက်ပိုင်း အဖွားကြီး ဆုံးသွားတော့ အဲဒီကိစ္စ မေးလို့မရတော့ဘူး။ တချို့က အဖွားကြီးကို အဲဒီနတ်က သေအောင် လုပ်သွားတယ်လို့တောင် ပြောကြတယ်။

  • chityimhtoo

    November 2, 2013 at 10:51 am

    ဟုတ်တယ် ကျွန်တော်ကိုယ်တိုင်လည်း ကြည်ဦးစာအုပ်ထဲကဒီအကြောင်းအရာလေးကို စိတ်ဝင်တစားနဲ့စာအုပ်မချဘဲဖတ်နေမိတယ်။ကျွန်တော်တို့ငယ်ငယ်ကတည်းကလည်းကြားဖူးတယ်။ဒါပေမဲ့မနေ့ကကြည့်တော့ ကွန်မန့်တစ်ခုမှမတွေ့ရတော့ အော် ငါတစ်ယောက်တည်း စိတ်ဝင်စားမိတာလားမသိဘူးဆိုဘူးစိတ်မကောင်းဖြစ်မိတယ်။ခုလိုမျိုးစိတ်နယ်လွန်ဖြစ်ရပ်တို့လူဝင်စားတို့ဆိုတာ ကျွန်တော်တို့နိုင်ငံတင်မဟုတ်ပါဘူးတိုးတက်တဲ့နိုင်ငံတော်တော်များများမှာလည်း စာအုပ်တွေအများကြီးပါ။ကျွန်တော ်တို့ဗုဒ္ဓဘာသာဆိုတာ သံသရာအတွက်ခုအတွက်တင်သာမကဘူး ကြိုးစားအားထုတ်တဲ့ဘာသာပါ။လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ သံသရာဆိုတာရှိလာတာပါဘဲ။ယုံတယ် တို့မယုံဘူးတို့ဘယ်လိုဘဲ အငြင်းပွားပွား တစ်ကယ့်လက်တွေ့မှာဖြစ်ပျက်နေတာတွေကိုတော့ဘယ်သူမှငြင်းဆန်လို့မရပါဘူး။

    • San Hla Gyi

      November 2, 2013 at 6:02 pm

      အင်း ဆောင်းပါးရှင်ရေ ကျနော်က ခင်ဗျား ကြည်ဦးစာအုပ်ထဲက ကောက်နုတ် တင်ပြထားတယ် ဆိုတာ မေ့နေတယ်။ ကြည်ဦးက အဲဒါမျိုးတွေ ရေးလေ့ ရှိတယ်ဗျ။ စိတ်မဝင်စားလို့တော့ ဟုတ်မယ် မထင်ပါဘူး။ များသောအားဖြင့် တချို့က ဒီလိုမျိုးစာဆို ဆွေးနွေးရမှာ လက်တွန့်တတ်တယ်ဗျ။ စာက ရှေ့ဘဝ နောက်ဘဝတွေ ပါနေတာကိုး။ အများအားဖြင့် လူတွေ ဆွေးနွေးတတ်တာက ပြဿနာ ဖြေရှင်းနည်းတို့ တိုးတတ်တဲ့ အတွေးအခေါ်တို့ ဘာတို့ကို လုပ်ချင်တယ်ဗျ။ ဘာလို့လည်းဆိုတော့ ဒီလို ရှေးဘဝ နောက်ဘဝ ကိစ္စမျိုး ပြောမိရင် ကိုယ့်ကို လူတွေက ခေတ်နောက်ပြန်ဆွဲတယ် ထင်မှာလည်း စိုးတာ ပါမှာပေါ့ဗျာ။
      အမှန်တော့ ကျနော်လည်း ဒီကိစ္စမျိုးကို စဉ်းစားပါတယ်။ ဘာသာရေးနဲ့လည်း နွယ်လာနိုင်လို့ပေါ့။ ပြောချင်စိတ်လည်း သိပ်မရှိလို့ပါ။ ခုတော့ ဆောင်းပါးရှင်က ဗုဒ္ဓဘာသာ အကြောင်းလေးလည်း နည်းနည်း ပြောလို့ ထည့်ပြောလိုက်ပါ့မယ်။
      ဒါမျိုးက မြတ်စွာဘုရား လက်ထက်တော် ကတည်းက ရှိခဲ့ပါတယ်။ သေတဲ့ လူတွေရဲ့ လားရာကို ကြည့်ပေးတဲ့ အရှင်ဝင်္ဂ ီသ ဆိုတာ ရှိခဲ့ဖူးတယ်။ သူက အဲဒီတုန်းကတော့ ပုဏ္ဏားပေါ့။ သူက သူ့ပညာနဲ့ မန္တာန်စုတ်ပြီး သေတဲ့လူရဲ့ ခေါင်းခွံကို ခေါက်ပြီး ကြည့်လိုက်တာနဲ့ သေသူဟာ ဘယ်ဘဝ ရောက်နေသလည်း ဆိုတာ ပြောနိုင်တယ်။ သူကတော့ ပိုတောင် သာသေးတယ်။ နတ်ပြည်တို့ ငရဲတို့ ရောက်နေတဲ့ လူတွေကိုပါ မှန်အောင် ကြည့်ပေးနိုင်တယ်။ သူ့ကျတော့ မြတ်စွာဘုရားရှင် ကိုယ်တိုင် ချေချွတ်ရတယ်။ နောက်တော့ သူလည်း ရဟန္တာ ဖြစ်သွားတယ်။ အဲဒီတုန်းက သူကြည့်တာ မှန်တယ်လို့တောင် ဘုရားက ချီးကျူးဖူးသေးတယ်။
      အမှန်တော့ မြတ်စွာဘုရားက ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကိုထား ဆိုတာက အတိတ်ဆိုတာလည်း ပြီးသွားပြီ သင်ခန်းစာ ယူရုံကလွဲလို့ ဘာမှ လုပ်လို့ မရတော့ဘူး။ အနာဂတ် ဆိုတာက မလာသေးဘူး။ အဲဒီတော့ ပြီးသွားတဲ့ အတိတ်နဲ့ မရောက်သေးတဲ့ အနာဂတ်ကို လှမ်းပြီး ကြည့်နေရင် ပုထုဇဉ်တွေဆို လမ်းမှားသွားမှာစိုးလို့ ပြောခဲ့တာ။ အဲဒါကို မယူတတ်တဲ့ လူကျတော့ ဘုရားက ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကိုထားဆိုတော့ အတိတ်နဲ့ အနာဂတ်ဆိုတာ မရှိဘူးလို့ ပြောတာထင်တယ် ဆိုပြီး လမ်းမှားကို ရောက်သွားတတ်တယ်ဗျ။ အဲဒီမှာ သူတို့ ပစ်စုတ်ပန်ဝါဒီ ဖြစ်ပြီး အတိတ်ဘဝတို့ အနာဂတ်တို့ မရှိပါဘူးတွေ ဘာတွေ ဖြစ်လာတာပဲ။ မယူတတ်ရင် မိစ္ဆာဉာဏ်ဝင်ပြီး ဒုက္ခဖြစ်တတ်တယ်။
      ဆောင်းပါးရှင် စဉ်းစားကြည့်လေ။ ကျနော်လည်း ပြန်ကြည့်လို့ ရမယ်ဆိုရင် ကျနော့် အတိတ်ဘဝကို ပြန်ကြည့်တယ်ပဲ ဆိုပါတော့။ ဥပမာပေါ့ဗျာ တကယ့်ကို ဘုန်းကြီးတဲ့ ဘုရင်ကြီး ဖြစ်ခဲ့တယ် ဆိုပါတော့။ ဟာ ငါကွ ငါလိုလူ ဒီလောကမှာ ရှိသေးရဲ့လားဆိုပြီး မာနဝင်ပြီ။ တရားကျင့်မယ့် လူဆိုရင်တော့ အဲဒီစိတ်ဝင်တာနဲ့ ရှေ့တတ်ဖို့ ခက်ပြီ။ အဲဒီလို မဟုတ်ပဲ နိမ့်ကျတဲ့ဘဝ ဖြစ်ခဲ့တယ်ဆိုလည်း အော် ငါ့မှာ ဒီလောက် အဖြစ်ဆိုးခဲ့ပါလားဆိုပြီးတော့ သောကဖြစ်ပြီ။ အဲဒီကျရင်လည်း ရှေ့သွားဖို့ ခက်ပြီ။ ကိုယ့်ကို သူများက အဲဒီတုန်းက သတ်ဖြတ်သွားတယ် ဆိုရင်လည်း သောကရော ဒေါသရော ဝင်ပြီ။ အဲဒါဆိုလည်း သွားပြီ။
      အဲဒါကြောင့် မြတ်စွာဘုရားက သူ့တရားကို အမြင့်ဆုံးအဆင့် နိဗ္ဗာန်အထိ ရောက်အောင် ကျင့်မယ့် ရဟန်းတော်တွေကို ကိလေသာ မကင်းသေးပဲ အတိတ်တွေ အနာဂတ်တွေကို လှမ်းမကြည့်ခိုင်းတာပါ ဆောင်းပါးရှင်ရယ်။ ဒါလေးကတော့ အကျဉ်းချုပ်လေးပါ။
      အမှန်တော့ ဒီထက် ကျယ်တာက အများကြီးပဲ။ ဒီလောက်ပဲ ပြောတော့မယ်။

      • kai

        November 3, 2013 at 1:28 am

        ”တစ်ပါးသော လောက ရှိသလောဟု (သင်) ငါ့ကို မေးသော် တစ်ပါးသော လောကရှိ၏ဟု ငါအယူရှိခဲ့လျှင် တစ်ပါးသော လောကရှိ၏ဟု သင့်အား ငါဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါမယူ။

        တစ်ပါးသော လောက မရှိပါသလော။

        တစ်ပါးသော လောက ရှိလည်းရှိ မရှိလည်း မရှိသလော။

        တစ်ပါးသော လောက ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။

        (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိကုန်သလော။

        (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ မရှိကုန်သလော။

        (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိလည်းရှိ မရှိလည်း မရှိကုန်သလော။

        (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်ကုန်သလော။

        သတ္တဝါသည် သေပြီးနောက်၌ ရှိသလော။

        သတ္တဝါသည် သေပြီးနောက်၌ မရှိသလော။

        သတ္တဝါသည် သေပြီးနောက်၌ ရှိလည်းရှိ မရှိလည်း မရှိသလော။

        သတ္တဝါသည် သေပြီးနောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလောဟု (သင်) ငါ့ကိုမေးသော် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုငါ အယူရှိခဲ့လျှင် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုသင့်အား ငါ ဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါ မယူ၊ အခြားသို့ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟု လည်း ငါမယူ”ဟု ပြောဆိုပါသည်။

        • San Hla Gyi

          November 3, 2013 at 7:41 am

          အော် လက်စသတ်တော့ ပစ်စုတ်ပန်ဝါဒီ သူ့ခမျာ ဒီစာပိုဒ်ကလေးကို နားမလည် ရှာသေးပဲကိုး။

  • surmi

    November 2, 2013 at 3:58 pm

    ၁၆​ခေါက်​ရှိပြီ..
    စိတ်​ဝင်​စားလို့ဝင်​ဖတ်​​နေတာ…

  • alinsett

    November 2, 2013 at 8:44 pm

    နှစ်ခေါက် ရှိပြီ..။

    ဒီလိုဇာတ်လမ်းတွေ စိတ်ဝင်စားလို ့တော့မဟုတ်ဘူး .။

    စာတွေ က… ပူးလွန်းနေလို ့.. မနည်းပြူးပြဲ ဖတ်တာ..
    ပထမအခေါက်က စာမဆုံးခင်… မျက်ကြောကိုက်လာလို ့..
    အခုနောက်တစ်ခေါက် ဝင်ဖတ်တာ..
    အဟီး..

    🙂

  • ကျော်စွာခေါင်

    November 3, 2013 at 4:39 am

    ကိုရင်ထူးရေ
    ဒီပို ့စ်နဲ ့အတူ ကိုစံလှကြီးနဲ ့သူကြီးတို ့ ကွန်မန် ့တွေက အစ အင်မတန်ကို စိတ်ဝင်စားပါတယ်..။
    ဒီလိုစာတွေက ရှေးဟောင်း အယူအဆပါလို ့ ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၅၀ဝ ကျော်က ဘုရားရှင်ရဲ ့အယူအဆတွေကို ကျနော်တို ့ သင်ယူ လေ့လာ ကျင့်သုံး ကျင့်ကြံနေကြတာပါလေ..။
    ဒီနေ ့ခေတ်မှာ လူတွေက ခေတ်သုံး ပစ္စည်းတွေအပေါ်မှာ သာယာပြီး ဒါတွေ မလိုအပ်ဘူးလို ့ ထင်နေလို ့နေမှာပါ။
    သိပ္ပံပညာက ဒီကိစ္စတွေနဲ ့ပါတ်သက်လာရင် စိတ်နယ်လွန်ဆိုပြီး လုပ်ထည့်လိုက်ရောဘဲ..။
    ဒီလို ဘဝတွေ ဖြစ်ရတဲ့ အကြောင်းဆက်ကိုတော့ ပေါ့ပေါ့တွေးလို ့ မရကောင်းပါဘူး.။
    သေလွန်ပြီး နိဗ္ဗာန်ရောက်သွားရင်တော့ ကိစ္စ မရှိဘူး..နတ်ဗြဟ္မာဖြစ်လည်း မဆိုးသေးဘူး…
    လူဖြစ်ရင်တော့ နတ်ထက်သာတာက တရားကျင့်ကြံနိုင်သေးတယ်…
    အဲဒါတွေ မဟုတ်ဘဲနဲ ့ စိတ်အစွဲအလန်း နဲ ့သေလွန်ခဲ့ရင် ကြုံတွေ ့ရမယ့် အရာတွေက တစ်ကယ် မလွယ်တာပါ..။
    ဒါတွေသိမှ အနေတတ်မယ် အနေတတ်မှ အသေတတ်ပါလိမ့်မယ်..။
    သေခြင်းတရားနဲ ့ကြုံတဲ့အခါ..ကိုယ့်ရဲ ့ရုပ်ကြမ်း ခန္ဓာကနေ နာမ်သိစိတ်က အတွင်းရုပ်နု ခန္ဓာနဲ ့ တွဲပြီး ထွက်သွားတဲ့ခဏမှာ
    အသက်ကြိုး ပြတ်နေတဲ့ နာမ်သိစိတ်ခွာသွားတဲ ့ ရုပ်ကြမ်း ခန္ဓာကို မြင်ရပေမယ့် သနားနည်းစိတ်မဖြစ်ဘူး…နှမြောစိတ်မဖြစ်ဘူး..
    ( လူတွေက အသက်နဲ ့ခန္ဓာ တွဲနေစဉ်မှာတော့ ငါ့ကို ထိကြည့်ပါလား အကြောင်းသိသွားမယ်..ငါ့အသားထိကြည့်ပါလား အသက်ခြင်းလဲပစ်လိုက်မယ်လို ့ပြောနေတာက အနီးစပ်ဆုံး ဥပမာ ပြောရရင် အလကား လာနေရလို ့ အိမ်ရှင် ကျေနပ်အောင် ပြောပေးနေတဲ ့ဧည့်သည်နဲ ့တူနေတယ်) …တစ်ကယ်တန်းကျ သေဆုံး ခန္ဓာကို ပြန်ကြည့်ရတာ လမ်းဘေးမှာ သေနေတဲ ့ခွေးသေကောင်ကို ကြည့်ရသလို ဘာမှ ကို မဖြစ်တာ…။
    အဲဒီအချိန်မှာ အရေးကြီးဆုံးက နာမ်အစွဲစိတ်က ရုပ်နု ခန္ဓာနဲ ့တွဲပြီး ဘယ်သွားရမယ်ဆိုတာကို မသိလို ့ အရမ်းအားငယ်နေတာဘဲ သိတယ်..ကိုယ်သွားရမယ့်နေရာ…ကိုယ်မသိဘူး…ကြောက်စိတ်တွေဘဲ ကြီးစိုးနေတယ်…
    အသံတွေ တိတ်ဆိတ်နေတာကိုက ပိုကြောက်စရာကောင်းတာ…
    အဲဒီအချိန်မှာ ကိုယ့်ကို ကယ်တင်နိုင်တာကတော့ ကိုယ်ပြုဘူးတဲ့ ကောင်းမှုအာရုံ ပါ..ကံ အကျိုးပေးပါ…
    အများဆုံ ဒုက္ခပေးမှာကတော့ စွဲလန်းစိတ်ဘဲ..ဒီရုပ်နုခန္ဓာက သွားမှာ…သူမှီတွယ်ရာလို ့ အားကိုးစိတ်ဝင်နေရင် ငရဲပြည်လဲ လိုက်မှာဘဲ… ဝက်..တို ့နွားတို ့စတဲ့ တိရိစှ ္ဆာန်မိခင်ဆီလဲ သွားဘို ့ဝန်မလေးဘူး…
    အဲဒီအချိန်မှာ ဖြစ်တဲ့ စိတ်က ကြောက်တာရယ် အားငယ်တာရယ်ဘဲ ရှိတာ…
    အဲလိုဖြစ်နေခိုက်မှာ တစ်ချက်လေးဘဲနော်…သတိရလိုက်တာက ဒီရက်ပိုင်းလေးမှာ ဂုဏ်တော်ကိုးပါး ပုတီး စိတ်ခဲ့တာလေးကို
    သတိယလိုက်တဲ့ခဏ အဝါနုနု အလင်းလုံးလေးကို လှမ်းမြင်လိုက်ရတာ… မြင်လိုက်ချိန်မှာ အသိစိတ်မှာ ခွဲခြားနိုင်တဲ့ စိတ်ကလေး ပေါ်လာတာ..ပြုလုပ်ထားတဲ့ ကောင်းမှု ကြောင့်လို ့ ကျနော်ထင်တယ်..
    အဲဒီ အလင်းရောင်က ငါသွားရမယ့် နေရာ…ငါသွားချင်လိုက်တာလို ့စိတ်မှာဖြစ်လိုက်တာနဲ ့…အလင်းနုလေးဆီကနေ အလင်းတန်းတခု ကိုယ့်ဆီရောက်လာတယ် အလင်းလှိုဏ်ခေါင်း သဏ္ဏာန်ပါ….အဲဒီအချိန်မှာမှ ရုပ်နု ခန္ဓာက အလင်းလှိုဏ်ထဲမှာ မျောလွင့်ပြီး သွားရတာ..တော်တော် မောပန်းတယ်… အလင်းလှိုင်းရဲ ့ဘေးမှာကတော့ ပိန်းနေအောင် မှောင်မဲနေတာဘဲ…ကိုယ့်စိတ်မှာ အလင်းတန်းထဲ ရောက်သွားကာမှ ဘေးနားက နီသလိုလို…မဲသလိုလို အရာတွေက ကိုယ်ဆင်းရဲမယ့် နေရာ..လမ်းရွေးမှားစေတဲ့ အရာဆိုတာ သိလိုက်ရတာ….ဒါပေမယ့် အဲဒါတွေက ဘေးကလိုက်နေတာနော်.. အလင်းတန်းက တဆင့် အလင်းရောင် အလုံးထဲမှာ ကိုယ်ဝင်ရောက်သွားမှ ဘေးမြင်ကွင်း လုံးဝမရှိတော့ဘဲ…
    အဝါနုနုတွေနဲ ့ လင်းနေတဲ့ ဘုံတခုကိုရောက်လာတာကို စိတ်က သိလိုက်တာပါဘဲ….။
    နောက်တွေ ့ရတာတွေကတော့ ကျနော် မပြောသင့်ပါဘူး… ကျနော် ကတိတခုပေးပြီးတဲ့နောက် ကိုယ့်ခန္ဓာဆိကို ပြန်လာခဲ့ရတယ်.. မတတ်သာလို ့ ပြန်မပြောရဲလို ့သာ လာရတာနော်.. အသက်မဲ့နေတဲ့ ခန္ဓာကို လုံးဝ မပြန်ချင်တာ…။
    အဲဒီအချိန်ကစပြီး အသိတရားတခုကို ပိုင်ပိုင်နိုင်နိုင် ရခဲ့တာပါ..
    ဘာလို ့ဒီလိုပြောနိုင်လဲ မေးခဲ့ရင် ကျနော် ၈၈ မှာ သေခြင်းတရားကို ကိုယ်တွေ ့ကြုံခဲ့ရတာမို ့ဒီလိုပြောနိုင်တာပါ…
    ကျနော်ဆိုလို ချင်တာက လူဝင်စားတို ့ ဝက်ခွေး အို …ဘဝ အစုံမှာ ဖြစ်ဘို ့ဆိုတာ…
    အသေမတတ်ရင်တော့….မလွယ်ရေးချမလွယ်..ကြောက်စရာကြိီးပါ..။
    ဘုရားရှင်က ပစ္စုပ္ပန်ကိုဘဲ ကြည့်ပါလို ့ ဟောခဲ့တာက ကိုစံလှကြီးနဲ ့သူကြီး ပြောသလိုပါ..။
    မရှိသည်လည်းမဟုတ် …ရှိသည်လည်းမဟုတ်ဆိုတာ…ကိုယ့်အပေါ်မှာ မူတည်ပါတယ်…
    လူ ့ဘဝ မှာ နေတတ်ခဲ့သလား…. သေတတ်လို ့လားလို ့ဘဲ ကိုယ်တိုင်ပြန်မေးရမှာပါ..။
    ရေနစ်မှ ရေကူးသင်လို ့မရပါ..။
    ကိုရင်ထူးရဲ ့ပို ့စ်နဲ ့အပေါ်က အကိုတွေရဲ ့စာကို ဆက်ပြိး ကျနော် ရေးတာ တော်တော် စာရှည်သွားပါပြီ…။
    ကျနော့်စာမှာ လိုအပ်တာရှိရင်လည်း အကိုတော်တွေက ပြောပြပေးပါလို ့ပြောချင်ပါတယ်..။
    ပို ့စ်ထဲက ကျားတွေကတော့….လူ ့ဘဝ လာဖြစ်ပေမယ့်…
    အဝိဇ္ဇာ အမှောင်တွေ ဖုံးနေတဲ့ လူတွေ သေရင်တော့……… …။

  • lele kyi

    November 3, 2013 at 7:57 am

    ပထမဦးဆုံးပြောရရင် ဒီပို့စ်လေးက ကော်ပီပေ့စ် ဖြစ်သင့်တယ်။ တခြားလင့်ခ်ကကူးလာတာဆိုတော့။ တခါတလေ ရှေးဘဝ နောက်ဘဝ ကို ယုံကြည်လွန်းရင် လူသားချင်း စာနာမှုခေါင်းပါးတတ်တယ်။ ထွက်ပေါက်မရှိတဲ့အခါပြောနေကြ လူတစ်ချို့ရဲ့ စကားကြားယောင်မိတယ်။ ဘာတဲ့.ဒီဘဝ မှာ ဒီခန်နာ နဲ့ စံပြီး နောက်ဘဝ နောက်ခန်နာနဲ့ ခံမယ်တဲ့။ ချမ်းသာရင် ဟိုဘဝ က အလှူကြီးပေးခဲ့လို့။ ဆင်းရဲရင် ကပ်စီးနဲခဲ့လို့။ မလှရင် စိတ်ထားယုတ်ညံ့ခဲ့လို့။ လှရင် သဘောမနောကောင်းလွန်းခဲ့လို့။ အဲ့ဒီ အရိပ်တွေကလွတ်စေချင်လို့ ရှေးဘဝ နောက်ဘဝ လိုအပ်တာထက် ပိုမတွေးစေချင်ဘူး။ ဘယ်လို အခက်အခဲပဲလာလာ နောက်ဘဝကို အပစ် မတင်.ရှေးဘဝ ကိုချည်းပဲ မျှော်မကြည့်ဘဲ လက်ရှိ အခက်အခဲကို အကောင်းဆုံးဖြေရှင်းရမယ်လို့ ခံယူထားပါတယ်။ အဲ့လို ရှေ့နောက် စဉ်းစားလွန်းရင် လက်ရှိ ကိုယ်ရင်ဆိုင်နေရတဲ့. အချိန်ကိုလစ်လျှုရှုမိတတ်တယ်။ ဟီးးလူကြီးတွေဆွေးနွေးပွဲကို ဝင်ရှုပ်ပါသည်။ ကိုယ့် ခံယူချက်ပါ။ အမှန်ဆို ကျမလည်း လူဝင်စားပဲ။ လက်မောင်းမှာမဲနက်နေတဲ့တိတိကျကျမှတ်ထားတဲ့ အမှတ်ကြီးရှိတယ်။ မေမေ လည်းပြောဘူးတယ် အိမ်မက် မက်တယ်ဘာညာပေါ့။ တခါတလေ အနိုင်ယူပြီး ပြောတတ်သေးတာ..ငါကအရင်ဘဝက လူ။ဒါကြောင့် အမှတ်ပါတာ။ပြီးတော့ ပြောသေးတာ-ငါ့ကိုအရင်ဘဝက လူတွေ တော်တော်ချစ်တာ ဒါ့ကြောင့် ပြန်ရှာရလွယ်အောင်အမှတ် မှတ်ပေးလိုက်တာလို့။ ဟီးးး ဘယ်သူမှလည်း လာမရှာကြဘူး။ 🙁

    • ကျော်စွာခေါင်

      November 3, 2013 at 3:11 pm

      အို…ရွာသူရွာသား အပေါင်းတို ့…
      လက်မောင်းမှာ မဲနက်နေတဲ ့အမှတ်ကြီးပါတဲ ့ ကောင်မလေးတစ်ယောက်များ မတွေ ့မိကြဘူးလားဗျာ…
      ကျနော် လိုက်ရှာနေတာ ကြာပါပြီ… အဲ့ ကောင်မလေးက အရင်ဘဝက ကျနော့် ညီမလေးပါ..
      အရင်ဘဝက ကျနော်ရမယ့် အမွေပစ္စည်းတွေရယ်…ကျနော့် ခြံထဲက ပန်းဂေါ်ဖီတွေ လှည်းနဲ ့စီးလုံးတိုက်ပြီး
      ထွက်ပြေးသွားတာ သူပေါ့…။….

      ….
      ….
      ကျော်စွာခေါင် လူဝင်စား…ရှာနေသည်..။ ပြန်ပေးရန် အမြန် ဆက်သွယ်ပါ။

  • padonmar

    November 4, 2013 at 1:11 am

    ကျမတူမဝမ်းကွဲ (သူလည်း မကျောက်ခဲပဲ၊ဦးကျောက်တို့ထက်နည်းနည်းငယ်မယ်)
    လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က ကင်ဆာဆေးတွေသွင်းရင်း အသည်းက မခံနိုင်တော့ပဲ ကိုမာ ဝင်သွားပါတယ်။
    ၃ရက်ကြာမှ သတိပြန်လည်လာတယ်.
    သူပြန်ပြောပြချက်အရ သတိပြန်ရခါနီးမှာ သူ့ကိုယ်သူ တောနက်ကြီးထဲ ရောက်နေတယ်လို့ ခံစားရပါတယ်၊
    လူက အရမ်းပေါ့ပါးနေလို့ကောင်းပြီး အဲဒီနေရာမှာပဲ နေလိုက်ချင်စိတ်တွေဖြစ်နေပါတယ်တဲ့။
    အဲဒီအချိန်မှာ ဒီလိုနေရာတွေ မကောင်းပါဘူး၊မကြိုက်သင့်ဘူး၊မကြိုက်သင့်ဘူး ဆိုတဲ့ အသိတချက်အဝင်မှာ သူပြန်ပြီး သတိလည်လာတာပါပဲ။
    အဲဒီအချိန်သေသွားရင် သမီးတော့ ပြိတ္တာဘဝ ဖြစ်မှာပဲလို့ သူကပြောပြပါတယ်။
    ခုထိ သက်ရှိထင်ရှား ကလေး ၂ယောက်ထပ်မွေးပြီး သူပါ။
    ဆိုလိုတာက ခေါင်ရေးတာရော တူမတွေ့တာတွေရောဟာ ဂတိနိမိတ်လို့ခေါ်ပါတယ်။
    သေခါနီးကာလ၊သေလုမျောပါးကာလတွေမှာ စိတ်မှာထင်လာတဲ့ အာရုံတွေပါ။
    အဲဒီ မရဏာသန္နကာလ ဘယ်လောက်ကြာမယ်၊တကယ်သေမသေ ကတော့ တယောက်တယောက် ပြုတဲ့ ကံချင်းမတူလို့ ပြောလို့မရပေမယ့်
    သတ္တဝါတိုင်း သေခါနီးမှာ ကံ/ကမ္မနိမိတ်/ဂတိနိမိတ် မထင်ပဲ မသေပါဘူး။
    ပျံနေတဲ့ ခြင်ကို လက်နဲ့ရိုက်လိုက်လို့ သေရင်တောင် အဲဒီခြင်မှာ နိမိတ်ထင်ပြီးမှသေပါတယ်တဲ့။

Leave a Reply