လာမည့်နှစ် အစောပိုင်းကာလအတွင်း  Ultrasound Technology ကို အသုံးပြုကာ မိုဘိုင်းဖုန်းများနှင့် Tablet များအား ကိုယ်ဟန်အမူအယာဖြင့် ထိန်းချုပ်လာနိုင်တော့မည် ဖြစ်သည်။ နော်ဝေနိုင်ငံရှိ သုတေသန ပညာရှင်များသည် Ultrasound Chip များထည့်သွင်းပြီးဖြစ်သည့် မိုဘိုင်းဖုန်းများနှင့် Tablet များရရှိနိုင်ရန် Elliptic Labs သုတေသနစမ်းသပ်ခန်းအတွင်း စမ်းသပ်မှုများဆောင်ရွက်ခဲ့ပြီး ၄င်းမိုဘိုင်းဖုန်းများနှင့် Tablet များအား ဈေးကွက်အတွင်း ရောင်းချနိုင်ရန် အာရှဒေသရှိ ဖုန်းထုတ်လုပ်သူများနှင့် ဆွေးနွေးခဲ့ကြသည်။

phone
ထို Ultrasound Technology နည်းပညာသည် Ultrasound Chip များကိုအသုံးပြုကာ အသံလှိုင်းများ ကို လှုပ်ရှားမှုများအဖြစ်သို့ ပြောင်းလဲလုပ်ဆောင်ပေးနိုင်သောနည်းပညာ ဖြစ်သည်။
Elliptic Labs သုတေသနစမ်းသပ်ခန်းအတွင်း၌ စမ်းသပ်ဆောင်ရွက်ပြီးဖြစ်သော ကိုယ်ဟန်အမူအယာ ဖြင့် ထိန်းချုပ်မှုစနစ် (Gesture Control System) သည် မိုဘိုင်းဖုန်း၊ သို့မဟုတ် Tablet ၏ ၁ မီတာအတွင်း ကိုင်ဆောင်သူ၏ လုပ်ဆောင်မှုများကို လေထဲမှတစ်ဆင့် တိကျစွာခွဲခြားလုပ်ဆောင်နိုင်စွမ်းရှိလေသည်။ ထို့အပြင် ယခု အသုံးပြုထားသောစနစ်မှာ အမြင်အာရုံခံစားမှုထက် အသံပိုင်းဆိုင်ရာအာရုံခံစားနိုင်မှုကို အသုံးပြုထားခြင်း ဖြစ်သောကြောင့် မိုဘိုင်းဖုန်း၊ သို့မဟုတ် Tablet ၏ ၁၈၀ ဒီဂရီပတ်လည်အတွင်း အမှောင်ထဲတွင်လည်းအသုံးပြု ထိန်းချုပ်နိုင်မည်ဖြစ်သည့်အပြင် ဘက်ထရီသုံးစွဲရာ၌လည်း အားအနည်းငယ်သာကုန်မည် ဖြစ်သည်။
ယခု့ူအမျေသကညိ Ultrasound Technology နှင့် Samsung Galaxy S4 တွင်အသုံးပြုထားသည့် ကိုယ်ဟန်အမူ အယာဖြင့် ထိန်းချုပ်မှုစနစ် (Gesture Control System) တို့၏ မတူညီသောအဓိကခြားနားချက်မှာ Samsung Galaxy S4 တွင် အနီအောက်ရောင်ခြည်အာရုံခံစားမှု sensor များအား အသုံးပြုထားခြင်းဖြစ်ပြီး အလွန်ကျဉ်း မြောင်းသော ဧရိယာအတွင်းရှိ လှုပ်ရှားမှုကိုသာ လုပ်ဆောင်ပေးနိုင်ကြောင်း သိရလေသည်။
”မိုဘိုင်းဖုန်း၊ သို့မဟုတ် Tablet ၏ အနီးတစ်ဝိုက်ကနေ လက်ဟန်အမူအယာဖြင့်ထိန်းချုပ်အသုံးပြုနိုင် ဖို့အတွက် တိတိကျကျထိန်းချုပ်လို့ရနိုင်သည့် တိကျတဲ့ဧရိယာနယ်ပယ်တစ်ခုကိုတော့ အသုံးပြုမည့်သူတွေ အနေဖြင့် သိထားဖို့တော့ လိုအပ်မှာဖြစ်တယ်။ တကယ်လို့သာ ဒီလိုထုတ်ကုန်တွေဟာ ခေတ်ရေစီးကြောင်းေ

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)