ဘဲဥ ငုတ်တုတ်

ဇီဇီNovember 1, 20131min38239

အဟီးးးး
ရွာထဲက ဘဲဥကို ငုတ်တုတ်ထိုင်ခိုင်းတာဟုတ်ဘူးနော်။

ဟင်း တစ်မျိုးချက်ပြမို့။
အဟိ။
မန်းလေးမှာနေတုန်းက တူတူနေနဲ့ အဒေါ်က ဟင်းချက်အရမ်းကောင်းတာ။
စလောင်းတွေ ကြည့်ကြည့်ပြီး ဟင်းအဆန်းတွေ သိပ်ချက်တာ။

:mrgreenn:

ဒီကြားထဲမှာ ဒီဟင်းက သူငယ်ချင်းတွေ ကြားမှာရော အတော်ပေါ်ပြူလာဖြစ်သွားတဲ့ ဟင်းပေါ့။

အမှန်တော့ ဘဲဥ နဲ့ အနော်တို့ ရေချို ပုဇွန် ခေါင်းကြီးတွေနဲ့ချက်ရင် အရသာအရှိဆုံးပဲ။
ဒီမှာတော့ ဘဲဥလည်း ရှိဘူးးးး
ခေါင်းကြီး ပုဇွန်လည်း မရှိဘူးးးး
ရှိတာလေးနဲ့ ချက်ရတာ။ ကေဇီလေး သနားစရာ၊။

အချိုးတွေလာမမေးနဲ့နော်။ ကိုယ့် အုံး နဲ့ ကိုယ် စဉ်းစားပြီး လိုတိုးပိုလျှော့လုပ်တာ။ အဲလို စံနစ်တကျကို ချက်တတ်တာပေါ့။ အဟေးဟေးဟေးးးးး

:mrgreen:

 

ငရုတ်သီးခြောက်ကို ရေစိမ်ထားးး၊ အစပ်ကြိုက်ရင် များများစိမ်ထားလိုက်
ပြီးရင် ညက်အောင် ထောင်း တစ်ပုံပုံ။
ချင်းးး၊ ကြက်သွန်ဖြူ/နီ ကို ညက်နေအောင်ထောင်းးးးထား တစ်ပုံပုံ။
ပုဇွန်ကို ရေဆေးးးးး အခွံသင်၊ ချီးကြောင်းထုတ်၊
ပြီးရင် ဆနွင်း၊ ငံပြာရည်၊ ဆား နဲ့ နယ်ထားလိုက်၊ နှပ်ထားလိုက်။

ဘဲ (အဲ) ကြက်ဥကို ပြုတ်၊ ထက်ခြမ်း ခြမ်းးးးး
ဒီမှာတော့ ပုဇွန်သေးသေးလေးနဲ့ လိုက်အောင် ၄ ခြမ်း ခြမ်းပလိုက်တယ်။

ဆီအိုးးး ကျက်ရင် အဲဒီ ဥပြုတ်ခြမ်းကို ကြော်ထားလိုက် (အနှစ် အကာ မကွဲစေအောင်ရော၊ အရသာပိုရှိတာရော)
ပြီးတော့ ဆယ်ထားးးးးး
အဲ ဆီနဲ့ပဲ ထောင်းပြီး ပုံထားတဲ့ ဟာတွေ ကို ဆီသပ်၊ ပြီးရင် ပုဇွန်နှပ်ထားကို ထည့်ချက်၊
ပုဇွန်က ရေထွက် လာရင် ခုနက ဥပြုတ်ခြမ်းကြော်ကို ထည့်ပြီး ပုံမပျက်ရုံ မွှေပေးပါ။
ပြီးရင် ခူးခါနီးမှ မဆလာ လေး အုပ်လိုက်။
အင်မတန်ကို ခံတွင်းလိုက်မဲ့ ဟင်းတစ်ခွက်ရပါပြီ။

အဲလို့ ပဲ သများက ခံတွင်းပျက်တတ်တော့ ဆက်ရက်တောင်ပံကျိုးကိုစောင့် (အဲလေ) အဲလို ဟင်းလေးတွေချက်ချက်စားရတယ်။  :mrgreenn:

ဓာတ်ပုံတင်လိုက်တယ် သိလားးးး
စိတ်ပါတဲ့နေ့ကချက်ထားတာ။

အဲဒီ ကြက်ဥငုတ်တုတ်ဟင်းနဲ့ စားရင်းမှ ဒီ ဟင်းချက်နည်း တင်ပေးမယ်ပြောပြီး မတင်ရသေးလို့ တင်လိုက်တယ်။

:mrgreenn:

1
1

 

2
2

 

အနော့ ဥ က လေးစိတ်စိတ်လိုက်တော့ ကြေမွလို့  :mrgreenn:

39 comments

  • Myo Thant

    November 1, 2013 at 2:38 pm

    ဗိုက်ဆာချိန် ညနေ ၂ နာရီ ၄ဝ မှာ
    ဒါ လာဖတ်မိတာ မှားပါတယ် ၊
    လက်ရာကောင်းမယ့်ပုံပဲဗျို့ 🙂

    • KZ

      November 2, 2013 at 7:47 pm

      ကောင်းသလားမမေးပါနဲ့။

      မမေးပါနဲ့ ဆိုတာ မကောင်းလို့။
      အဟေးဟေးးးးး

      အနော်က ဟင်း/ထမင်း လက်ဆိတ်မရှိဘူးးးး

      😀

  • Mr. MarGa

    November 1, 2013 at 2:41 pm

    ဟီးး တော်သေး
    စားပြီးမှ ဖတ်လို့
    မဟုတ်ရင်တော့ သေပြီဆရာ ဘဲ
    အဲ…ဘဲဥ ငုတ်တုတ် ဆိုလို့
    ငုတ်တုတ် ထိုင်နေတဲ့ ဘဲဥ လိုက်ရှာတာ တွေ့လဲမတွေ့ဘူး
    ဒါကြောင့်
    ဒီနာမည် ဖြစ်လာပုံကို ရှင်းပြ။ ဒါပဲ။ :mrgreenn:

    • KZ

      November 2, 2013 at 7:45 pm

      အမှန်က ဂလိုဟ။
      ပုဇွန်ဟင်း အနှစ်တွေ ကြားထဲ ဘဲဥလေးကို ထိုင်ပြီး အလှဆင်ပြီးမှ စားလို့ အဲကို ခေါ်ကြတာ။
      နာ့ချက်နည်းကတော့ ဘဲဥကြေမွဖြစ်နေပြီ။
      အဟီးးးးးး
      ရှက်ထာ!! :mrgreenn:

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 3:01 pm

    ဘဲ ပုဇွန်လေး ကျိုက်ဒယ် …
    ဒါမယ့် …
    မဆလာ အုပ်တာဒေါ့ ကျိုက်ဝူးးး
    အို … ဘာဖစ်ဖစ်ဘာ …
    ရန်ဂုန် ရောက်ယင် ..
    အိုက်ဒါလေး ချက်ကျွေးဘာရို့ … နော် .. ညညဂျီးးး

    • KZ

      November 2, 2013 at 7:43 pm

      ရန်ကုန်လာဖို့ လိန်ဗျံ လက်မှတ်လေး ဝယ်ပေးပါနော် မောင်ဂယေးးးးး

      :mrgreen:

  • အရိပ်စစ်

    November 1, 2013 at 3:37 pm

    ကြက်ဥ လည်း ကြိုက်
    ပုဇွန်လည်း ကြိုက်
    ဒီပိုစ်လေးကို ဖတ်ရတဲ့ ချိန်မှာတော့
    အစာကလည်း ကျေပီမို့ ရှလွတ်……

    • KZ

      November 2, 2013 at 7:42 pm

      ဟိဟိ။
      အကြိုက်တူတွေ တွေ့နေပြီ။

      :chit:

  • Ko chogyi

    November 1, 2013 at 3:44 pm

    ကိုယ့်လေဒီအိမ်ကို ပထမဆုံးသွားလည်ချိန်
    ထမင်းစားတဲ့အခါ ဘဲဥဟင်းငန်တယ်လို့
    ဝေဖန်မိတာ သူ့သူငယ်ချင်းတွေ ဝိုင်းကန့်ကွက်တာခံရဖူးတယ်။
    အမှန်တော့ ဘဲဥဟင်းက KZ ချက်သလိုပဲ အရည်မပါ ဆီပြန်ဟင်းဖြစ်တဲ့အတွက်
    အရသာနည်းနည်းငန်သွားရင် အရမ်းသိသာတယ်။
    (ငယ်ငယ်က အကြောင်းအလွမ်းပြေပေါ့)

    • KZ

      November 2, 2013 at 7:41 pm

      ဟိ။
      ကိုကြီးချို လေဒီ က ဘဲဥဟင်းနဲ့ အောင်မြင်တယ်။
      အနော့ လက်ဖက်သုပ်က အောင်မြင်ဘူးးးးး

      😀

  • အရီးခင်

    November 1, 2013 at 3:54 pm

    စားချင်စရာ ပါကလား။
    ကြက်ဥငုတ်တုတ်ဟင်း မှာ ပုဇွန် နဲ့ ကြက်ဥ ဘယ်သူ အရင်ပျောက်သွားလဲ။
    😉

    • KZ

      November 2, 2013 at 7:39 pm

      အနော်က ကြက်ဥ အနှစ်ရယ် ဟင်းအနှစ်ရယ် နယ်ပြီး
      ပုဇွန်လေးနဲ့ စားတော့ ဘာပျောက်တုန်းဆို……………………….
      ………………………
      …………………………………
      ……………………………………….
      မေးစေ့နဲ့ ခါးပျောက်သွားပြီ အရီးရယ်။
      အဟင့်!!!

      :hint:

  • kyeemite

    November 1, 2013 at 4:21 pm

    ကျုပ်တော့ ဘဲဥကိုအမျိုးမျိုးချက်စားဖူးပါရဲ့..
    ဒီ“ဘဲဥငုတ်တုတ်” ဟင်းတော့ခုမှ ကြားဖူးတယ်ဗျို့..
    မမြင်ဖူးတာတွေမြင်ရ..မစားဖူးတာတွေစားရပေါ့… :mrgreenn:
    အားတဲ့တစ်နေ့ ချက်စားကျိအုံးမယ်…
    ခုတော့..ကေဇီ့ ခွက်ထဲကပဲ နှိုက်စားသွားဒယ်…ရှလွတ်… 😆

    • KZ

      November 2, 2013 at 7:37 pm

      နောက်မှ မိုက်မိုက်ကြိုက်တဲ့ ဒညင်းသီး နဲ့ဝက်သားနဲ့ ပျားရည်နဲ့ချက်နည်းပြောပြမယ်နော်။

      🙂

  • Wow

    November 1, 2013 at 4:32 pm

    ဘဲဥကို အစပျောက်အောင်လုပ်တာ ဗိုလ်ကေဇီပါ… :mrgreen:

    • KZ

      November 2, 2013 at 7:36 pm

      ဒေါင်းဥ အစဖော်တာ ချောင်ဆင်ဝါး ပါ။

      :mrgreen:

  • TNA

    November 1, 2013 at 9:12 pm

    ပုဇွန်တော့ မစားသမို့ အိုက်ဒီဘဲဥငုတ်တုတ်ဟင်းကိုရှောင်ပီး ဆိတ်သားခြောက်ကင်လေးပဲနှိုက်မြည်းသွား တယ်အေ့။ ချွေးမွလေး ဟောဒီဂယောက်ခမဂျီး ပုဂျွန်ချားဘူးနော် မှတ်ထားအုံး။ 😀

    • KZ

      November 2, 2013 at 7:35 pm

      ဂျာ!!
      ယောက်ခမွ မစားတာ မှတ်ထားဦး၊မှ။
      အနော်က ကိုယ်အကုန်စားတိုင်း သူများကို အဲလိုပဲမှတ်နေတာ။

      :chit:

  • kai

    November 1, 2013 at 11:34 pm

    တောက်စ်..
    စားကောင်းမှာသေချာတယ်..
    ဒါပေမယ့်…

    အမှန်တော့ ဘဲဥ နဲ့ အနော်တို့ ရေချို ပုဇွန် ခေါင်းကြီးတွေနဲ့ချက်ရင် အရသာအရှိဆုံးပဲ။

    ဥထဲမှာမှ.. ဘဲဥက ကိုရက်စရောအများဆုံး..
    အဲဒါကို.. ကိုလက်စရောဘုရင်..ပုဇွန် ခေါင်းကြီး တွေနဲ့တွဲလိုက်တော့…
    .. ငါ့မှာ… မြင်သာမြင်ရ.. ပြိဿာဘဝ…

    • KZ

      November 2, 2013 at 7:33 pm

      တဂျီး စားမယ်ဆို
      ဒေါင်းဥနဲ့ ပုဇွန်ခြောက် အစားထိုးလိုက်မယ်။
      ဟီးဟီးးးးး

      😀

  • padonmar

    November 2, 2013 at 2:34 am

    ကေဇီလေး
    ကြာစွယ်ဖြစ်မယ်၊ပြင်လိုက်အုံးနော်။
    အဲဒါလေးစားကောင်းမယ်။

    • KZ

      November 2, 2013 at 7:32 pm

      အဟီးးးးး ဟုတ်မယ် ထင်တယ် အာတီဒုံ။
      မတူဘူးဆို ပြင်လိုက်မယ်။

      :mrgreen:

  • ကျော်စွာခေါင်

    November 2, 2013 at 5:28 am

    ဆိတ်ခြင်္သေ့မလေးရယ်..
    တခါမှ ကို မကြားဘူးတာ.. ဘဲဥ ငုတ်တုတ်တဲ ့… ပုဇွန်ခေါင်းကြီးနဲ ့ရောချက်တာတဲ့….ဟုတ်ပါပြီ ထားပါတော့
    ဘဲဥ မတ်တတ်ဟင်းရော လာဦးမှာလား…။
    မျှစ်ချဉ်ဟင်းလေးကရော…ဝက်သားမပါဘဲ နဲ ့ မျှစ်ငုတ်တုတ် ချက်လိ ု့မရဘူးလား..။
    အခုစာဖတ်ပြီး စမ်းတော့ စမ်းချက်ကြည့်မယ်လေ..။
    ဆရာမ ပြောသလို ဖြစ်လာတော့လဲ ကိုယ့်ကံပေါ့..။
    မဖြစ်လာတော့လဲ ကိုယ့်ကံပေါ့…. ရှေးလူကြီးတွေ စကားရှိတယ်လေ
    ဆရာမ….ပြ ၊ နည်းမကျတဲ့…. ခုခွိ.ခုခွိ…ငုတ်တုတ်ခွိ။

    • KZ

      November 2, 2013 at 7:31 pm

      ဟုတ်တယ်လေ။
      အနော်တို့ ဆီက ပုဇွန်တွေက ခေါင်းကြီး ဖင်တုတ်ကြီးတွေလေ။
      အဲလာကို ခေါင်းကြီး ပုဇွန်လို့ခေါ်တာ။

      မျှစ်ချဉ်ကို ငါးခေါင်းနဲ့ချက်ကျွေးမှာပေါ့။
      ငါးရော စားသလားးးးးး

      ဆရာမ ပြတာတောင် နည်းမကျရင်တော့ ပြတာမကြည့်ပဲ ဘာကို ကြည့်မှန်းမှမသိပဲ။
      ခုခွိ ခုခွိ

      :boss:

  • alinsett

    November 2, 2013 at 8:36 pm

    အယ်..
    ဟင်းနာမည်က..ဘဲဥ ငုတ်တုတ်လား..

    အစန်းဘဲ..။
    :kwi:

    ဘဲဥ မတ်တပ်တို ့..
    ဘဲဥမှောက်လျက်.တို ့..
    ဘဲဥ ပက်လက် တို ့…
    ဘဲဥ ဒူးထောက် တို ့…
    ဘဲဥ လက်မြှောက်တို ့… ရှိနိုင်သေးတယ်…

    အဟိ ။

    🙂

    • KZ

      November 3, 2013 at 10:01 am

      မရှိတော့ဘူးးးးး
      ငုပ်တုတ်မှာတင် ရပ်ပြီ။

      :kwi:

  • ဦးကြောင်ကြီး

    November 5, 2013 at 10:01 am

    ဘဲဥငုတ်တုတ်
    ပဲနုပြုတ်သုတ်
    ဝဲခုကုတ်ကျုပ်
    ပြဲလုရုပ်စုတ်..

    • KZ

      November 5, 2013 at 10:49 am

      ဟယ်။
      ဒက်ဒီ
      ဒက်ဒီ
      ဒက်ဒီ ကြောင် ပြန်လာပြီ။
      လွမ်းလိုက်ရတာ ဒက်ဒီရယ်။

      မိန်းမသွားတောင်းတာလားးးး

      😀

      • Wow

        November 6, 2013 at 11:27 am

        ဟုတ်ဝူး… ယောက်ကျားသွားတောင်ဒါ… :mrgreen:

  • ဦးကျောက်ခဲ

    November 5, 2013 at 1:31 pm

    အဲသည့် ရေချိုပုဇွန်ထုပ် ခေါင်းကြီးတွေက…
    ဒီမှာ ၃ကောင်ပါတဲ့ ကဒ်သေးတစ်ကဒ်ကို ဒေါ်လှ ၃ဝမို့ ရှောင်ထားရတယ်…
    တောက်စ်… ငယ်ငယ်က အဖွားမီးဖုတ်ကျွေးတာ လွမ်းလိုက်တာ…
    ပုဇွန်ဆီနဲ့ ထမင်းကြော်စားရင်… ရှယ်ထက်ရှယ်ပဲ… မျက်ရည်ကျချင်လာပြီ…
    😥

    • KZ

      November 5, 2013 at 1:40 pm

      ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      😥
      သများးးးးး လည်း ခေါင်းကြီးတို့ကို လွမ်းလို့ပါဆို။
      အရင်ကဆို ပုဇွန်ဆီကြီး ရောင်းကြသေးတယ်။
      အဲဒါကို ဆီ နဲ့ကြော်ထားပြီး ခဲ ခဲထားတယ်။
      ပြီးရင် ထမင်းနဲ့ နယ်စားတာ။

      :hint:

      အဟင့်။
      ခုတော့ အလွမ်းပြေတောင် မမြင်ရတော့ဘူးးး

      • TNA

        November 5, 2013 at 3:28 pm

        ဒမယ်ဒမယ် လှည်းတန်းမှာ ပုဇွန်ဆီတွေမှပေါလို့ ယူအုံးမား။ တထုပ်မှ တထောင်ထဲ။ ဝယ်ပို့လိုက်ရမား။ ငိငိငိ
        ပုဇွန် လက်ချောင်းဆိုတာလဲ အားကြီးပဲ။ စားတဲ့သူတွေအတွက်တန်မှတန်အေ့။ :mrgreen:

        • KZ

          November 5, 2013 at 3:56 pm

          ဘာရယ်။
          တစ်ထုတ် တစ်ထောင် ဟုတ်စ??
          မှာဦးမှပဲ။
          တန်မှတန်။
          😀

        • ဦးကျောက်ခဲ

          November 6, 2013 at 11:43 am

          ဟမ်… တစ်ထုတ် တစ်ထောင်?????
          ပုဇွန်ဆီ ပုဇွန်လက်တော့ မဖြစ်နိုင်…
          ဘာတွေနဲ့ အင်ထုလဲ မသိ…
          😀

        • TNA

          November 8, 2013 at 9:32 pm

          အောင်မယ်လေ့ကျောက်စ်ရယ် စစ်သမှစစ်။ လာရင်ကျွေးမယ်။

        • TNA

          November 8, 2013 at 9:33 pm

          လှည်းတန်းမှာက စက်ရုံကကျတဲ့ ပုဇွန်ခေါင်းတို့ လက်တို့ရတယ်။ အဲကနေထုပ်ရောင်းကြတာရယ်။

  • kai

    November 7, 2013 at 12:25 am

    ဂျပန်ဟင်းထဲ.. ကြက်ဥနဲ့ ကြက်သားဟင်းတွဲချက်တာကို.. မိဘနဲ့သားသမီးဟင်းလို့အမည်ပေးတာရှိတယ်..။ အဲဒါ.. နာမယ်အတိအကျမေ့နေလို့.. အင်တာနက်ထဲလိုက်နှိုက်တာလည်း… မတွေ့..။

Leave a Reply