သန်းကောင်စာရင်းနှင့် ကွမ်းတံတွေး

ဂေဇက်ပရိတ်သတ်ကြီး မင်္ဂလာပါခင်ဗျား

ကျွန်တော်

ဒဘလျူ  ဒဘလျူ  ဒဘလျူ  ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ရဲ့ အင်တာနေရှင်နယ် အပြည်ပြည်ဆိုင်ရာ

စာရေးဆရာ အကျော်အမော်

မိုက်ကယ်ဂျော်နီအောင်ပု ဖြစ်ပါတယ်

ဒရန်တန်တန်

…………………………

မကြာမည် မြန်မာပြည်တွင် သန်းကောင်စာရင်းကောက်ခံပါတော့မည်

ဘာအကျိူးရှိသလည်း မည်သူသိပါသလည်း???

မတူတဲ့အတွေးတွေညှိနိုင်းကြည့်ပါ

မြန်မာပြည်မှာ လူ ဘယ်နှစ်ယောက်ရှိသလည်း အတိကျသိတဲ့အခါ

လွန်လေပြီးသော ခေတ်ကာလက အာဏာရှင်တွေ လူမသိသူမသိ ချေးငှားထားတဲ့ အကြွေးတွေကို ပြန်ဆပ်တဲ့အခါ

တစ်ယောက်မည်မျှ ကျမည်နည်းဆိုတာကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။

……………………..

ယနေ့ ဖြေရှင်းရခက်နေတဲ့ မြန်မာပြည်သူအချိူ့ ( တော်တော်များများရဲ့ )

စည်းမဲ့ကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းအား ထိမ်းချူပ်နိုင်ဘို့ နည်းလမ်းကြီးကို ရှာဖွေတွေ့ရှိသွားပါပြီ

အဲ့ဒါကတော့

ကွမ်းတံတွေးမှ လျှပ်စစ်ဓာတ်အား ထုပ်လုပ်နိုင်မည့် နည်းလမ်းကြီးဖြစ်ပါသည်

ဖတ်ရှု့တဲ့ပရိတ်သတ်ကြီး သိုင်းကယူးဘါ

 

12 comments

  • surmi

    November 2, 2013 at 4:02 pm

    ကိုပု ပို့စ်​က ​ရှေ့မျက်​နှာစာမှာမ​ပေါ်ဘူးဖြစ်​​နေတယ်​..
    ​ကော်​ပီ​ပေ့စ်​ ြြဖြစ်​​နေလို့လားမသိ​​

  • မဟာရာဇာ အံစာတုံး

    November 2, 2013 at 5:06 pm

    သန်းကောင် စာရင်း ကောက်ယင်ဖြင့်
    လူ အားလုံး ကတုံးတုံးရဘာလိမ်မည် ….
    အကယ်၍များ …
    တီကောင် စာရင်း ကောက်ယင်ဖြင့်
    အဝီစိကြီး ပေါ်လာမည်လား မတိဂျောင်းဘာ ချာပု ….။

  • alinsett

    November 2, 2013 at 8:39 pm

    မကြာမည် မြန်မာပြည်တွင် သန်းကောင်စာရင်းကောက်ခံပါတော့မည်
    ဘာအကျိူးရှိသလည်း မည်သူသိပါသလဲ ??

    အကျိုး ရှိ မရှိတော့.. မပြောတော့ပါဘူး..။
    ည 12 း00 လာမယ်ဆိုတော့..
    အိပ်ရေးပျက်မှာတော့..ကျိန်းသေတယ် ။

    🙁

    • Ko chogyi

      November 4, 2013 at 9:26 pm

      သန်းခေါင်စာရင်းအစား မွန်းတည့်စာရင်းအဖြစ်ပြောင်းပေးပါ။

  • အဘ ဘုတ်ကလုံ

    November 3, 2013 at 2:06 pm

    သန်ခေါင်းစာရင်းဆိုရင် အဲအလုပ်အကိုင်တွေပါလာတော့မယ်။
    တခါမှ မကျိုးစား အကြံအဖန်စားပေါက်ပဲ ဖန်ခဲ့တဲ့ ဒီ ဝံကြီးဌာန
    အဲ့လောက် ခေါင်းရှုပ်ခံနေတာဆိုရင်…
    အဘဘုတ်အထင်တော့ ပေါ့ပေါ့သေးသေး မဟာဗျူဟာမဟုတ်လောက်ဘူးနော့

  • Mr. MarGa

    November 3, 2013 at 9:08 pm

    ရေးတဲ့ဘပု သိုင့်ကျု ဘာာာာာ

  • အရီးခင်

    November 3, 2013 at 9:28 pm

    အဲဒါကို ပြောချင်နေတာ ကြာပါ့။
    မင်းနေပူတော်ကြီးမှာ တာဝန်ထမ်းနေ သူ ညီမဝမ်းကွဲ တစ်ယောက် (ရာထူး မသေး ဘူးနော်) ပြောတာ။
    သူ့အိမ်အပို လိပ်စာမှာ သန်းခေါင်စာရင်း မရှိသေးတာ အခွင့်ရတုန်း လုပ်ဖို့ ဟန်ကျပြီတဲ့။
    အပျိုကြီးမို့ သူ့မိဘ ရန်ကုန် အိမ် သန်းခေါင်စာရင်းမှာလဲ သူ့နာမည်ပါတယ်။
    နေပူတော်မှာလဲ သန်းခေါင်စာရင်းပေါက်တယ်။
    အဲဒါကို ရန်ကုန် က သူ့အိမ်အပိုမှာ ထပ်ပြီး စာရင်းလုပ်ဦးမယ် တဲ့။

    ကျန်သော ပြည်သူ သန်းပေါင်းများစွာထဲ သန်းခေါင်စာရင်း ဆိုတာ ဘာလဲ ။ ဘာအတွက်လုပ်တာလဲ။ ဘာအကျိုး အမြတ်ရသလဲ စတာတွေ ……………. သိကြရဲ့လား။ မသေချာ။
    သန်းခေါင်စာရင်း ရဲ့ ရည်ရွယ်ချက် ကို ပြည်သူတွေ နားလည်အောင် အရင်ဆုံး သေသေချာချာ အသိပေးသင့်တယ်။
    ဘက်စုံ ဒေါင့်စုံ က စဉ်းစားသင့်တယ်။
    နိုင်ဂံဂျား က လူတွေ လဲ စာရင်းမထပ်အောင် စနစ်တကျ ကြိုစဉ်းစားထားသင့်တယ်။

    ကြုံတုံးအခွင့်သာစဉ် ဝင်၍ တတ်ယောင်ကား လုပ်သွားသည်။
    ရွာ့ အကြော်အမော ကဘာဆြာမကြီး
    မြစာကလေး

    (ဒါထက် .. ဘပု – ရှင် ကဗျာမစပ်တတ်ဖူး မဟုတ်လား။ ငှင်းငှင်းငှင်းငှင်းငှင်းငှင်း)
    😉

  • တညင်သား

    November 4, 2013 at 10:02 am

    ဟိုးးးးးးးးးးးးးးးးတလောက ခိုယီးရားမှာ ကွမ်းတံတွေး ကို ရဲရှေ့တည့်တည့်မှာထွေးမိတော့ ရဲကဖမ်းပါလေရောတဲ့..ရဲကဘာပုဒ်မှတ်နဲ့မှ ဖမ်းမရတော့ စည်ပင်ကိုအပ်လိုက်တာ စည်ပင်က ပတ်ဝန်းကျင်ညစ်နွမ်းစေမှု့နဲ့ဒဏ်ငွေ ၃ သိန်း ပေးဆောင်လိုက်ရတယ်တဲ့ အသိတယောက်ပြောပြတာပါ…

    ကြုံတုန်းလေး….မလေး..စင်္ကာပူ…ထိုင်း စသဖြင့်မြန်မာတွေ ရောက်နေသောနိင်ငံများ မည်သို့သဘောထားကြောင်း သိချင်ပါဘိ..

  • kyeemite

    November 4, 2013 at 11:05 am

    ခက်နေတာက အဲဒီ “အိမ်ထောင်စုဇယား”(သန်းကောင်စာရင်း) ကိုနေရာတကာ
    အခွင့်အရေးပေးနေတော့ တစ်အိမ်ထဲမှာတောင် သန်းခေါင်စာရင်း ၂ခု ၃ခုတွေ
    လုပ်လာကြရောဗျ…ဥမပါ..လက်ရှိအိမ်တွေ ဖယ်ခိုင်ပြီး အိမ်ရာတွေဆောက်
    ပြီး..တိုက်ခန်းပြန်ပေးတော့ အဲဒီသန်းခေါင်စာရင်း(အိမ်ထောင်စုဇယား) တစ်ခုကို တစ်ခန်းပေးတာ…
    အခုလက်ရှိ ၁၅၀ဝ တန် ဆင်းကဒ် မဲဖေါက်ပေးတာတောင် အိမ်ထောင်စုဇယားတစ်ခုကို
    တစ်ခါပဲဆိုတော့..၂ခု ၃ခု လုပ်ထားတဲ့သူတွေ ကိုက်တာပေါ့…
    အဲဒါတွေကြောင့်ဖေါင်းပွနေတာ… 🙁

  • Ma Ma

    November 4, 2013 at 3:51 pm

    သိချင်တာက ဘပု ကျား/ မ ဘာကို ရွေးမှာပါလိမ့်။ :loll:

  • ဦးကြောင်ကြီး

    November 5, 2013 at 9:47 am

    သေချာဒါတော့ ဘပု ထောင်ထောင် ထောင်ထောင် မလုပ်နိုင်ဖို့ဆို ဖြတ်ပစ်ရမယ်… ………. ……….. ……….. …………. ………….. ………. …….. …………. လျှာလျှာ…

  • နေတိုး

    November 5, 2013 at 3:31 pm

    ကွမ်းတံတွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက်
    ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် မြန်မာနိူင်ငံမှ ထိပ်တန်း ကုမ္ပဏီအချို့ လုပ်ကိုင်ခွင့် ရသွားပါပီတဲ့
    ဒါပေသိ ဓာတ်အားထုတ်လုပ်မှုအတွက် လိုအပ်သော မြေပမာဏ ဧက ၁သန်းကျော် အတွက် ပြည်သူထံမှ အနည်းငယ် သိမ်းယူရပါလိမ့်မည်တဲ့

Leave a Reply