စဉ်းစားကြစေလိုပါတယ် ( ၆၄ ) ( မီတာခ )

Foreign ResidentNovember 2, 20133min31268

စဉ်းစားကြစေလိုပါတယ် ( ၆၄ ) ( မီတာခ )

 

ထုံးစံ အတိုင်းပါပဲ ၊ အဘ ရဲ့ ဒီ Post ကတော့ ၊

အဘ ဘုတ်ကလုံ ရဲ့ Post ” အပြောင်းအလဲနှင့် သတင်းနှစ်ပုဒ် ” ထဲမှာ ၊

အဘ ဘုတ်ကလုံ က ဆွေးနွေးပေးပါ ဆိုလို့ အကြောင်း ပြန်ရင်း ၊

အကြောင်း ပြန်ချက်ဟာ အရမ်း ရှည်လျားသွားတာ နှင့် ၊

Post ကြီး တစ်ပုဒ် သတ်သတ် ရေးတင်လိုက်ရတော့တာပါပဲ ။

 

အဲဒီတော့ကာ ၊ အဘ ဘုတ်ကလုံ ရဲ့ Post ” အပြောင်းအလဲနှင့် သတင်းနှစ်ပုဒ် ” နှင့် ၊

တွဲဖတ်မှ ဇတ်ရည်လည်ပေလိမ့်မယ် ။ ဟီ ဟိ ။ အဘ ကို ခွင့်လွှတ်ကြပါကွယ် ။

 

 

ပြဿနာ ( ၁ ) – မီတာခ တိုးတာ ။

 

၁ – ၁ ။

အကြမ်းဖျင်း အားဖြင့် ၊ ထုတ်လုပ်မှု စရိတ် ကြီးမြင့်လို့ ၊

မီတာခ တန်ရာတန်ကြေး တိုး တောင်းတာကို ဘာမှ ကန့်ကွက်ရန် မရှိပါ ။

 

အမှန်က ၊ မ ကန့်ကွက်ရုံ မကဘူး ၊ အားရပါးရ ကို ထောက်ခံပါတယ် ။

 

ဘယ့်နှယ် ၊ မနှစ်က တစ်နှစ်ထဲတင် လျှပ်စစ် ဝန်ကြီး ဋ္ဌာနက ၊

၁၈၅ ဘီလျှံ ကျပ် = ကျပ်ငွေ သိန်းပေါင်း ၁၈.၅ သိန်း တောင် ရှုံးတယ်တဲ့ ။

 

လျှပ်စစ် တစ်ယူနစ်တိုင်း အတွက် အစိုးရက ၂၂ ကျပ်စီ ရှုံးနေတယ်တဲ့ ။

ဒီ အစိုးရမှ မ မွဲရင် ၊ ဘယ် အစိုးရ မွဲမတုန်း ။

 

နိုဝင်ဘာ ၁ ရက်နေ့ထုတ် ၊ မေါ်ဒန် သတင်းဂျာနယ်ထဲက အင်တာဗျူး မှာ ၊

လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေး လုပ်ငန်း ၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင် က ၊

လျှပ်စစ်ဓါတ်အား တစ်ယူနစ် အတွက် ထုတ်လုပ်မှု ကုန်ကျ စားရိတ် ကို ပြောပြထားပါတယ် ။

 

Hydro – ရေအား လျှပ်စစ် = ၅ဝ – ၇ဝ ကျပ် ။

Coal – ကျောက်မီးသွေး လျှပ်စစ် = ၈ဝ – ၁၀ဝ ကျပ် ။

Gas – ဂက်စ် လျှပ်စစ် = ၁၃ဝ ကျပ် ။

Solar – နေရောင်ခြည် လျှပ်စစ် = ၁၆ဝ ကျပ် ။

 

ဟဲ ဟဲ ။ ဆည်တွေ ၊ Dam တွေ ဆောက်တာတော့ မကြိုက်တဲ့ ၊

ကျောက်မီးသွေး ကိုလည်း လေရေမြေထု ညစ်ညမ်းလို့ မကြိုက်တဲ့ ၊

သဘာဝ ပါတ်ဝန်းကျင်ကို အရမ်း ချစ်တယ်ဆိုတဲ့သူတွေ ၊ ပေးလိုက်ကြပေါ့ ။

တစ်ယူနစ် ၅ဝ ကျပ် တောင် မဟုတ်ဘူး ၊ ၁၃ဝ ကျပ် လောက်ကို ပေးသင့်တယ် ။

 

ကောင်းတယ် ၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားချင်တဲ့သူတွေလေ ၊

ကိုယ့်အခြေအနေ နှင့် တန်ရာ တန်ရာကို မမှန်းဘူး ၊

မှတ်ထား ၊ အမေရိကန် လို ဩဇီလို နိုင်ငံ တွေက ၊

ချမ်းသာပြီးတော့မှ ( ချမ်းသာပြီးတော့မှ ) ၊

သဘာဝ ပါတ်ဝန်းကျင်ကို ချစ်ပြတာ ။

 

မချမ်းသာခင် ၊ ချမ်းသာအောင် လုပ်နေစဉ် တန်းလန်းမှာတော့ ၊

သူတို့တွေလဲ သဘာဝ ပါတ်ဝန်းကျင်ကို အားရ ပါးရ ( အားရ ပါးရ ) ဖျက်ခဲ့ကြတာပဲ ။

 

အမေရိကန် ကြီးဆိုရင် သဘာဝ ပါတ်ဝန်းကျင်ကို ဖျက်ရတာ ၊ မ ဝ သေးလို့ ၊

Kyoto Protocol ကို လက်မှတ် မထိုးဘူးလေ ။ Detail သိချင်ရင် ဒီမှာ ဆက်ဖတ်ကြ ၊

<http://en.wikipedia.org/wiki/Kyoto_Protocol> ။

 

ဩဇီလည်း ဘာထူးလဲ အခုတက်လာတဲ့ Liberal / Abbott အစိုးရက ၊

Carbon Tax ကို ပယ်ဖျက်မယ် ဆိုပြီး တက်လာတာလေ ။

 

၁ – ၂ ။

But ၊ မီးပြတ်သွားတာ ၊ မီးအား အတက်အကျ ဖြစ်လို့ ၊

ပြည်သူတွေ ဆုံးရှုံး နစ်နာတာကိုတော့ တာဝန်ယူမှု တစ်ခုခု ရှိရမယ် ။

ယူတုန်းက ယူရဲ ရင် ၊ ပေးလဲ ပေးရဲရမှာပေါ့ ။

 

ဘာမှ မခက်ပါဘူး ၊ အာမခံ သာ ထားလိုက် ။

လျှပ်စစ်ဓါတ်အား တစ်ယူနစ် အတွက် ထုတ်လုပ်မှု ကုန်ကျ စားရိတ် ၁၃ဝ ကျရင် ၊

အဲဒီ အပေါ်မှာ အာမခံကြေး ပါထပ်ဆောင်းပြီး ၊ တစ်ယူနစ် ၁၅ဝ တောင်းလိုက်ပေါ့ ။

လွယ်လွယ်လေး ၊ နိုင်ငံတကာ ပုဂ္ဂလိက ကုမ္ပဏီတွေလဲ ဒီလိုပဲ လုပ်နေတာဘဲ ဥစ္စာ ။

 

၁ – ၃ ။

တချို့ တိုင်းပြည်တွေ / အစိုးရတွေက အဲလို sensitive ဖြစ်တဲ့ Sector တွေမှာ ၊

အစိုးရက ဗလိုင်းကြီး ဝင်စိုက် / အရှုံးခံပေးတာတွေ ရှိတယ် ။

Subsidize လုပ်ပေးတယ် ခေါ်တယ် ။ ဥပမာ ။  ။ ဓါတ်ဆီ ဈေး ။

 

အဘ ကတော့ အဲဒီ စံနစ်ကို အားမပေးဘူး ။

အဲဒီ စံနစ် က မဲ ချူတဲ့ စံနစ်ကြီးပါ ။ ရေတိုမှာ လူကြိုက်များပေမယ့် ၊

၁ ။ ရေရှည်မှာ ၊ လိမ်လည်မှု ရာဇဝတ်မှုတွေ ပေါ်လာစေတယ် ။

၂ ။ နောက်ဆုံးမှာ မခံနိုင် အဆင်မပြေတော့လို့ ပြန်ဖျက်ရတာချည်းဘဲ ။

 

အဘ ကတော့ ၊ ကြိုက်သလောက်သုံး ၊ ကျသလောက်ရှင်း ပဲ ကြိုက်တယ် ။

 

၁ – ၄ ။

အကောင်းဆုံးက ၊ လျှပ်စစ်ဓါတ်အား ထုတ် ဖြန့် လုပ်ငန်း ကို ပုဂ္ဂလိက ကုမ္ပဏီ ကိုပေးလိုက် ။

ဓါတ်အားခ အမြတ်အရမ်း မယူနိုင်အောင် ကတော့ ၊

လွတ်လပ်မျှတတဲ့ ကော်မတီ တစ်ခုဖွဲ့ပေးလိုက်ပြီး စောင့်ကြည့်ပေ့စေပေါ့ ။

အဲဒါဆို ၊ အစိုးရ လည်း အလကားနေရင်း တစ်ချိန်လုံး အဆဲခံ မထိတော့ဘူး ။

 

ပုဂ္ဂလိက ကုမ္ပဏီ ကဘဲ သင့်လျှော်တဲ့ / အမြတ်ရမယ့် ဓါတ်အားခ သတ်မှတ်ပေ့စေ ။

ဥပမာ ။  ။ တစ်ယူနစ် ၁၅ဝ ၊ သုံးနိုင်တဲ့သူ သုံး ။

မ သုံးနိုင်တဲ့သူ ၊ မ သုံး နှင့်ပေါ့ ။ ရှင်းရှင်းလေးပဲ ။

ကျောက်ခေတ်တုန်းကလဲ လျှပ်စစ်မီး မရှိဘဲ နေခဲ့ကြတာပဲ ၊ နေလို့ ရပါတယ် ။

 

ကြိုက်သလောက်သုံး ၊ ကျသလောက်ရှင်း စံနစ်က ၊

စ သုံးသုံးချင်း မှာတော့ ၊ အစလေးဘဲ တစ်ချက်နာလိုက်မှာပါ ၊ ဟီ ဟိ ။

နောက်ပိုင်း တောက်လျှောက် ကောင်းလာမှာပါ ။

ဟဲ ဟဲ ၊ အနာခံရလှ ၊ One Generation ပေါ့ ။ ဟီ ဟိ ။

 

 

ပြဿနာ ( ၂ ) – ပန်းရန်တွေကိုပါ တရားစွဲမယ် ။

 

ဟဲ ဟဲ ၊ ဒီ ကိစ္စမှာလည်း ၊ အဘ က စည်ပင် ကို အပြစ် မတင်လိုပါဘူး ။

 

၂ – ၁ ။

မြန်မာပြည်မှာ ၊ အိမ်ရှင်က အဖီချဲ့တာတို့ ကားရုံဆောက်တာတို့ လုပ်ရင် ၊

ကန်ထရိုက် / အင်ဂျင်နီယာ ခေါ်ပြီး လုပ်ကြတာ မဟုတ်ပါဘူး ။

လက်သမား / ပန်းရန် နှင့်တင် ခေါ်ပြီး / အပ်ပြီး လုပ်သွားကြတာပါ ။

စည်ပင်က အဲလိုလာလုပ်သွားတဲ့ လက်သမား / ပန်းရန် ( ခေါင်းဆောင် ) ကို ၊

အရေးယူဖို့ ထုတ်ထားတဲ့ ဥပဒေလို့ ထင်ပါတယ် ။

 

အဲဒီ ဥပဒေ ရဲ့ ၊ စာသားတွေကို အတိအကျ မတွေ့ရဘဲနှင့်တော့ ၊

ဒီ့ထက် ပိုပြီး ဆက်ပြော / ဆွေးနွေး လို့ ၊ မရပါဘူး ။

 

၂ – ၂ ။

အဘတို့ ဩဇီမှာတော့ ၊ အိမ်ဆောက်တာ မပြောနှင့် ၊

ကိုယ့် အိမ်ခြံဝင်းထဲက ကိုယ်ပိုင် သစ်ပင်ကို ခုတ်ချင်ရင်တောင် ၊

ကောင်စီ ( စည်ပင် ) ခွင့်ပြုချက် လိုပါတယ် ။

 

အဲဒီ ခွင့်ပြုချက် မပါဘဲ ၊ ခုတ်မိရင် ၊

အိမ်ရှင်ရော ၊ အိမ်ရှင် ခိုင်းလို့ ဝင်ခုတ်တဲ့ သစ်ခုတ်သမားပါ အရေးယူ ခံရပါတယ် ။

အဲဒီတော့ ၊ အိမ်ရှင်က သစ်ပင်ခုတ်ခိုင်းရင် ၊

ခုတ်ရမယ့် သစ်ခုတ်သမားက ကောင်စီ ( စည်ပင် ) ရဲ့ သစ်ပင် ခုတ်ခွင့်ပြုမိန့် တောင်းပါတယ် ။

 

အဲဒီလို  ကောင်စီ ( စည်ပင် ) ရဲ့ သစ်ပင် ခုတ်ခွင့်ပြုမိန့် လိုမှန်း မသိလို့ ၊

ကျနော် / ကျမ ( အိမ်ရှင် / သစ်ခုတ်သမား ) ဟာ ၊

ဥပဒေ ကို မသိလို့ ဖေါက်ဖျက်မိပါတယ် ဆိုရင် ၊

ဥပဒေ က ကင်းလွတ်ခွင့် မပေးပါဘူး ။ အရေးယူခံရပါမယ် ။

 

၂ – ၃ ။

အဲဒီလိုပါဘဲ ၊ လက်သမား / ပန်းရန် တစ်ယောက်ဟာ ( အနဲဆုံး ) ၊

မြေရှင် ( – – – ) / ကန်ထရိုက်တာ ( – – – ) က ၊ အင်ဂျင်နီယာ ( – – – ) ရဲ့ တာဝန်ယူမှုဖြင့် ၊

စည်ပင် ခွင့်ပြုချက် နံပါတ် ( – – – ) အရ ဆောက်လုပ်ပါသည် ဆိုတဲ့ ၊

အစိမ်းရောင် ဆိုင်းဘုတ် ကြီး မရှိတဲ့ ၊

ဘယ် ဆောက်လုပ်ရေး Site မှာ မဆို ၊ ဝင် မလုပ်သင့်ပါဘူး ။

ဝင် လုပ်မိရင်တော့ ၊ ငိ ငိ ၊ ကိုယ် တုံး ၊ ကိုယ် ခံ ဘဲ ။

 

နောက်တစ်ခါ ထပ်ပြောပါမယ် ၊ ဘယ်နိုင်ငံမှာ မဆို ၊

ဥပဒေ ကို မသိလို့ / ဆင်းရဲလို့ ဖေါက်ဖျက်မိပါတယ် ဆိုရင် ၊

ဘယ် ဥပဒေ ကမှ ကင်းလွတ်ခွင့် မပေးပါဘူး ။ အရေးယူခံရပါလိမ့်မယ် ။

 

၂ – ၄ ။

” ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ

အထူးသဖြင့် အထပ်မြင့်တိုက်တွေ ၁၁၅ရ လုံး ရှိတယ် “

 

ကျနော် သိရသလောက် ခွင့်ပြုချက် လုံးဝမရဘဲ ဆောက်လုပ်ထားတဲ့ ၊

အထပ်မြင့် အဆောက်အအုံ တွေ မဟုတ်ပါဘူး ။

( ခွင့်ပြုချက် လုံးဝမရတဲ့ အထပ်မြင့် အဆောက်အအုံ မရှိသလောက် ပါဘဲ )

 

စည်ပင်ကို တင်တဲ့ / စည်ပင်က ခွင့်ပြုလိုက်တဲ့ BQ ပုံစံက တစ်မျိုး ၊

ပြီးတော့မှ စည်ပင်က ခွင့်ပြုလိုက်တဲ့ BQ ပုံစံ နှင့် လွှဲပြီး ဆောက်နေကြတာပါ ။

 

အရင် ဥပဒေ မှာက BQ ပုံစံ နှင့် လွှဲပြီး ဆောက်နေလဲ ၊

ပေးရမယ့် လျှော်ကြေးငွေက နဲ နေတော့ ၊

ကန်ထရိုက်တွေက မကြောက်ကြဘူး ၊ ငွေ လျှော်ပေးလိုက်ကြတယ်လေ ။

အခုမှ ၊ ငွေ လျှော်ပေးယုံတင်မကဘူး ၊ လွဲတာတွေ အကုန်ပြန်ဖျက် ဆိုပြီး ဖြစ်လာတာ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

68 comments

  • surmi

    November 2, 2013 at 10:18 am

    ပြန်​လာခဲ့မယ်​…​ရှေ့က​ပြောမယ်​့သူ​တွေက်​ု​စောင်​့လိုက်​ဦးမယ်​…

  • မင်းခန့်ကျော်

    November 2, 2013 at 12:58 pm

    ထောက်ခံပါတယ်ဒီပို့စ်ကို။
    အဘပြောသလိုတယူနစ် ၁၅ဝ ကျပ်
    မတောင်းလို့ ကျေးဇူး တရုတ်ပြည်ကြီးလောက်တင်ပါတယ်။
    လျပ်စစ်ဓါတ်အားထုတ်ဖို့ လိုအပ်တဲ့ မြေ လေ ရေ တွင်း ထွက် တွေ က အင်ပိုစ့်လုပ်ရတာလားမသိဘူး။
    ဒီနိုင်ငံထဲက ယူသုံးရင် ဒီ နိုင်ငံသားတွေကို တန်ရာတန်ကြေး
    တော့ပြန်ပေးသင့်တယ်။ ပြည်သူ ပြည်သားတွေပိုင်တဲ့
    အရင်းအမြစ်တွေကိုကြတော့ မတရားမလုပ်စေချင်ဘူး။
    ဆော်ဒီက ရေနံ သဘာဝဓါတ်ငွေ့တွေကို ဆော်ဒီပြည်သူတွေ
    ကိုဘယ်နုန်းနဲ့ပြန်ရောင်းပါလိမ့်။အဘက နှံစပ်တော့ပိုသိမယ်ထင်ပါတယ်။
    အရှေ့တောင်အာရှက ဘရူနိုင်း ကရောပြည်သူတွေကိုအစိုးရက ဘယ်လို ခံစားခွင့်တွေပေးထားပါလိမ့်။
    ဒီတော့အဘရေ စဉ်းစားစေလိုပါတယ်။
    မြန်မာကိုဘယ်နိုင်ငံတကာစံနဲ့မှ နိုင်ဖို့မရဘူးဗျ။
    လုပ်ချင်သပါ့ ဆိုရင် ညှိပစ်ရမှာတွေကများနေတယ်။
    ဒီတော့အစိုးရဘာလုပ်လုပ် စဉ်းစဉ်းစားစားလုပ်သင့်တယ်။
    အချိန်မရလို့ဒီလောက်ပါပဲအဘရေ။
    လိုအပ်ရင်ထပ်လာခဲ့ပါအုံးမယ်။
    ခေတ္တနားအုံးမယ်အဘရေ။

  • kai

    November 2, 2013 at 2:24 pm

    ဘယ်သူမဆို..ကိုယ်တန်ရာပဲရမယ်…
    တုနယ်…တူနယ်… ဗြောင်.. :mrgreen:

  • Foreign Resident

    November 2, 2013 at 2:38 pm

    မင်းခန့်ကျော် says:
    ” ဆော်ဒီက ရေနံ သဘာဝဓါတ်ငွေ့တွေကို
    ဆော်ဒီပြည်သူတွေကိုဘယ်နုန်းနဲ့ပြန်ရောင်းပါလိမ့်။
    အရှေ့တောင်အာရှက ဘရူနိုင်း ကရောပြည်သူတွေကို
    အစိုးရက ဘယ်လို ခံစားခွင့်တွေပေးထားပါလိမ့် ”

    အွန် ၊ ကိုရင်က မွတ်ဆလင် အာဏာရှင်တွေ အုပ်ချုပ်တဲ့ ၊
    ဒိတ်ဒိတ်ကြဲ သယံဇာတ ချမ်းသာတဲ့ တိုင်းပြည်တွေအကြောင်း လာမေးနေသကိုး ။
    ကိုယ်တွေ သယံဇာတ ငမွဲ တိုင်းပြည် နှင့် မနှိုင်းကောင်း မယှဉ်ရာကွယ် ။

    အကြမ်းဖျင်း ကိုယ်တွေ နှင့် အဆင့်ခြင်း မတိမ်းမရိမ်း တူတဲ့ ၊
    အာဏာရှင် မဟုတ်တဲ့ အစိုးရတွေ အုပ်ချုပ်တဲ့ နိုင်ငံတွေကဈေးကိုပြောမယ် ။

    စင်္ကာပူ မှာ လျှပ်စစ်ဓါတ်အား တစ်ယူနစ် ကို ၁၇ဝ ကျပ် ။
    ဖီလစ်ပိုင် မှာ လျှပ်စစ်ဓါတ်အား တစ်ယူနစ် ကို ၂၅ဝ ကျပ် တဲ့ ။

    အဲဒီ အချက်အလက်တွေက လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေး လုပ်ငန်း ၊
    ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင် က အင်တာဗျူး မှာ ဖြေသွားတာလေ ။

    အဲဒီတော့ကာ မြန်မာပြည်မှာ တစ်ယူနစ် ကို ၁၅ဝ ကျပ် ကောက်ရင်တောင် ၊
    သိပ် မလွန်လွန်းလှပါဘူး လို့ ၊ အဘ ထင်ပါတယ်ကွယ် ။

    အခုများကျတော့ ၊ တစ်ယူနစ် ကိုမှ ၅ဝ ကျပ်လေး ပဲတဲ့ ။
    အို အို အို ။ အရမ်း အရမ်း အရမ်းကို ဈေး ပေါနေပါလားကွယ် ။

    ကျေးဇူး ကမာ္ဘပါ ၊ အစိုးရ လူကြီးမင်းများ ခမျာ ။
    ဓါတ်အားခတွေ အရမ်း အရမ်းကို ဈေး ပေါနေသေးလို့ ၊
    ထောက်ခံ ဆန္ဒပြပွဲလေးတောင် လုပ်လိုက်ချင်သေး ။ ဟီ ဟိ ။

    • Novy

      November 8, 2013 at 1:45 pm

      “စင်္ကာပူ မှာ လျှပ်စစ်ဓါတ်အား တစ်ယူနစ် ကို ၁၇ဝ ကျပ်”
      အိမ်ဖေါ်တစ်ရောက်ရဲ့ လစာက 350-450ကြားရတယ်

      မြန်မာပြည်မှာက ဘွဲ့ရတစ်ရောက်ရဲ့ လစာက 1သိန်းနဲ့ 1သိန်းခွဲကြား
      ဥနှောက်သေးသေးလေးနဲ့ စဉ်စားမိတာလေးပါ

  • ဦးဦးပါလေရာ

    November 2, 2013 at 2:44 pm

    အခု တိုးလိုက်တဲ့ လျှပ်စစ်ဓါတ်အားခနှုံးသစ်က သိပ်မများပါဘူး ….

    ပြသနာ က မပေးနိုင်တာ ပါ….

    လျှပ်စစ်က အင်ဖရာတွေထဲမှာ အင်မတန် မဟာဗျူဟာကျတဲ့ အရာပါ

    ဒါကြောင့် ဒါမျိုးကျတော့ နင်သုံးရင်နင်ပေး နင်ဖြစ်နင်ခံ လို့ သဘောထားဖို့ထက်

    အဲဒါရဲ့ တကွက်ကျော်ပြီး လျှပ်စစ်သုံးလို့ ရလာမယ့် အကျိုးကျေးဇူးကိုမျှော်ပြီး

    အစိုးရက တတ်နိုင်သလောက် ဝင်စိုက်ပံ့ပိုးပေးသင့်ပါတယ်။

    လက်ရှိမှာ မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းက ရှုံးနေတာကိုတော့

    မီး အလကား ခိုးသုံး ဗြောင်သုံးနေတာတွေကို ကြပ်ကြပ်မတ်မတ်

    အရေးယူ လိုက်ရင် အတော်အသင့် သက်သာသွားနိုင်ပါတယ်။

    ဥပမာ – ဒီရွာထဲက အာပါလေရူးဆိုတဲ့အဖိုးကြိးဆို ငယ်ငယ်တုန်းက

    မီးအလကားသုံးခွင့်ရတဲ့ နေရာကို ငှားပြီးတော့တောင် လုပ်ငန်းလုပ်ဖူးသတဲ့…..

    အဲဒါမျိုးတွေ မရေမတွက်နိုင်အောင်ပဲတဲ့ …

    မယုံရင် သူ့သွားမေးကြည့်ကြ…

    • Foreign Resident

      November 2, 2013 at 4:08 pm

      ဦးဦး ပါလေရာ says:
      ” အခု တိုးလိုက်တဲ့ လျှပ်စစ်ဓါတ်အားခ နှုံးသစ်က သိပ်မများပါဘူး ….
      ပြသနာ က မပေးနိုင်တာ ပါ ”

      ဦးပါ ပြောလိုက်မှဘဲ အဓိက ပြသနာ က ရှင်းရှင်းကြီး ပေါ်လာတော့တယ် ။
      မိမိ ကိုယ်တိုင် တင်းတင်း ရင်းရင်း လမ်း မလျှောက်နိုင် / မလျှောက်ရဲသေးဘူးပေါ့ ၊
      အစိုးရ က နဲနဲ ဖေးမ ထောက်ပံ့ စေချင်သေးတယ်ပေါ့ ။

      အမှန်ကတော့ ၊ နောင် တစ်နေ့မှာ ကိုယ့်ဖာသာကိုယ် လျှောက်ရတော့မှာဘဲဗျာ ။
      နောင်လည်း ကိုယ့်ဖာသာကိုယ် လျှောက်ရမယ့် အတူတူ ၊
      အခုကတည်းက ၊ အထု အထောင်းခံပြီး ကြိုးစား လျှောက်ပစ်လိုက်စမ်းပါဗျ ။

      အပေါ်မှာ ရေးထားခဲ့သလိုဘဲ ။
      ” အစလေးဘဲ တစ်ချက်နာလိုက်မှာပါ ၊ ဟီ ဟိ ။
      နောက်ပိုင်း တောက်လျှောက် ကောင်းလာမှာပါ ။
      ဟဲ ဟဲ ၊ အနာခံရလှ ၊ One Generation ပေါ့ ။ ဟီ ဟိ “

      • Khant Khant

        November 6, 2013 at 4:00 pm

        ” အစလေးဘဲ တစ်ချက်နာလိုက်မှာပါ ၊ ဟီ ဟိ ။
        နောက်ပိုင်း တောက်လျှောက် ကောင်းလာမှာပါ ။
        ဟဲ ဟဲ ၊ အနာခံရလှ ၊ One Generation ပေါ့ ။ ဟီ ဟိ “
        အဘရေ
        အဲသလိုမျက်နှာလွဲခဲပစ် စကားမျိုးမပြောသင့်ပါဘူး။
        မြန်မာ ဆိုတာကိုသံယောဇဉ်ရှိရင်ပေါ့လေ။
        အဲသလိုနည်းနဲ့အဖြေရှာမယ်ဆိုရင် အဖြေရမတဲ့လား?

      • တိမ်မည်း

        November 6, 2013 at 5:50 pm

        အဘက တယ်အငြင်းသန်တာကို….
        လူကြီးသူမတွေပြောတာကိုလည်း အပြည့်အဝ မကိုးကားပဲ….
        အဘက စွတ်ပြောနေတာပဲ……

        ၁။ မီတာဈေးကြီးတယ်… အစိုးရအတွက်မှန်တယ်… ပြည်သူအတွက် ရုတ်တရက်ကြီးဖြစ်နေတယ်….. နှစ်နှစ်ဆယ်လုံး အရှုံးခံပီးမှ အခုမှ ဘာတွေလာလောနေတာလဲ…. ပိုက်ဆံပေးပီး -ာချရင်တောင် လူလိုနားလည်ရတယ်…

        ၂။ တိုင်းပြည်က အမြဲစိုက်ရမယ်ဆိုတာ မှားတယ်…. ဒါပေမယ့် တိုးတောင်းတယ်ဆိုလည်း ဘာကြောင့် မဖြစ်မနေ တိုးတောင်းရတယ် ဆိုတာ စာတတန် ပေတတန် ရှင်းပြသင့်တယ်…. ဒါ ကလေးကစားစရာ မဟုတ်ဖူး….

        ၃။ ဒေါ်စုပြောသွားတာရှင်းရှင်းလည်း… မတောင်းနဲ ့လို ့မပြောဖူး… တခုလုပ်ပီးတိုင်း ရှင်းပြ…. ဒါက လူတိုင်း လက်ခံဖို ့ခဲယဉ်းတဲ့ ကိစ္စမှန်းသိသိကြီးနဲ ့ ရှင်းမပြဖူး… အစိုးရက ဘာဖြစ်ချင်တာလဲ… ဆူပူမှူတွေ တခုပီးတခု ဖြစ်စေချင်တာလား…….

        ၄။ ဆူပူမှူ ဖြစ်တော့ နင်တို ့ဒါလိုချင်ရင် ဒါပေးရမယ်ဆိုပီး ရေကာတာကို အမြန် ပြန်ဆောက်မယ်….. ဒါ ဒင်း အကြံအကုန်ပဲလားကွယ်…. စီရုတ်ကြီးအကြံလေ… စီရုတ်ကြီးအကြံ……..

        ဒါဗြဲ

        တိမ်မည်း

        • Khant Khant

          November 7, 2013 at 10:33 am

          ကိုတိမ်မဲရေ
          ကိုးကားတယ်
          ကိုးကားတယ် ဆိုတာ သူများဆီကဟာလေ။
          ဒီလိုဆွေးနွေးချက် မှာတော့ ရင်တွင်းဖြစ်မျိုး ခံစားချက်မျိုး
          မြင်နေတာ ကြားနေတာမျိုး ကမှ လက်တွေ့နဲ့နီးစပ်တာပါ။ဒါကြောင့်
          ကျတော်တော့ နေရာတကာကိုးကားတာချည်းကိုအားမပေးဘူး။
          နောက် မှန်တယ်မှားတယ်ဆိုတာလောကကြီးမှာတသမတ်တည်းရှိမနေပါဘူး။
          ထင်တယ်တို့ မြင်တယ်တို့ ဖြစ်သင့်တယ်တို့ မထင်ဘူး မမြင်ဘူး မဖြစ်သင့်ဘူး
          အစအစရှိသည်တို့လောက်ပဲ ရှိတာပါ။

  • ဝင့်ပြုံးမြင့်

    November 2, 2013 at 2:46 pm

    ်မပြုံးကတော့ ဧရာဝတီမြစ်ကြီး ပြေးမြင်တယ်လေ။ ဧရာဝတီမြစ်ကြီးကို လျှပ်စစ်ဓာတ်ထုတ်ဖို့လုပ်တာကို မပြုံးတို့ လုံးဝထောက်ခံပါတယ်နော်။ ရတဲ့လျှပ်စစ် သူများတိုင်းပြည်ရောင်းစားတာကို လက်မခံတာပါ။ တခါတုန်းက ဆရာကြောင်ကြီး ပြောသလို ဆန်ပေးမှ ဆီရကြေးဆို ဆီတစ်ပိသာအတွက် ဆန်ကလည်း အိတ်လိုက်ဖြစ်ရမှာပေါ့။

    • Foreign Resident

      November 2, 2013 at 3:55 pm

      ဝင့်ပြုံးမြင့် says:
      ” ဧရာဝတီမြစ်ကြီးကို လျှပ်စစ်ဓာတ်ထုတ်ဖို့လုပ်တာကို
      မပြုံးတို့ လုံးဝထောက်ခံပါတယ်နော်။
      ရတဲ့လျှပ်စစ် သူများတိုင်းပြည်ရောင်းစားတာကို လက်မခံတာပါ ”

      အင်းးးး ။

      ၁ ။
      အဘ လဲ ဧရာဝတီ မြစ်ကြီးကို ဆည်ဖို့ပြီး ၊
      လျှပ်စစ်ဓာတ်အား ထုတ်တာကို အားရပါးရ ( အားရပါးရ ) ထောက်ခံပါတယ် ။
      ဘယ့်နှယ် ၊ ကိုယ့်မှာ ဒါလေးပဲ ရှိတာကို ဒါကိုမှ မသုံးရင် ၊ တုံးရာ ကျမှာပေါ့ ။
      ကိုယ့်တိုင်းပြည်က သိပ်ချမ်းသာနေရင်တော့ ထားပါ ၊
      အခုက ကိုယ့်တိုင်းပြည် ရဲ့ မွဲချက်က ကမ်းကုန်နေတဲ့ဟာ ။

      ဧရာဝတီ မြစ်ကြီးကို ဆည် တစ်ခုတောင် မဟုတ်ဘူး ။
      ဆည် အခု နှစ်ဆယ်လောက်တောင် စီပြီး ဆင့်ပြီး ဆောက်သင့်တာ ။

      အမေစု ပြောခဲ့တယ် မဟုတ်လား ။
      တုံ ရွာသူ တစ်ယောက်က ၊
      ” သမီးတို့က ဒီတောင်ကြီးကို အရမ်း ချစ်တယ် ” ဆိုတော့ ၊
      အမေစု က ၊
      ” အမေ ကတော့ ၊ တောင်တွေထက်စာရင် လူတွေကို ပိုချစ်တယ် ” တဲ့ ။

      အဘ လည်း ၊ လူတွေကိုဘဲ ပိုချစ်တယ် ။

      ၂ ။
      ရတဲ့လျှပ်စစ် သူများ တိုင်းပြည်ရောင်းစားတာကို လက်မခံရင်တော့ ၊
      ဆည်တွေ နှင့် လျှပ်စစ်ဓာတ်အား ထုတ်တဲ့ စက်ရုံတွေကို ၊
      ကိုယ့် ပိုက်ဆံ နှင့် ကိုယ် ဆောက်ကြလေ ။

      သူများ က ပိုက်ဆံ လာရင်းနှီး ရပြီ ဆိုရင်တော့ ၊
      သူတို့ကို လျှပ်စစ်ဓာတ်အား ဝေစု ပေးရမှာဘဲလေ ။

      ဦးအောင်မင်း ကပြောတယ် ဒီ မြစ်ဆုံ ဆည်ကြီးကို အခု ရပ်မယ် ဆိုရင် ၊
      တရုတ် ကုမ္ပဏီ ကို ဒေါ်လာ ၃ ဘီလျှံလောက် ရော်ကြေးပေးရမယ် ပြောတယ် ။

      ိတိုင်းသူ ပြည်သားတွေ ပိုက်ဆံ ဒေါ်လာ ၃ ဘီလျှံ စု ပြီး ၊
      တရုတ် ကုမ္ပဏီ ကို ပြန် အမ်းလိုက်ကြပေါ့ ၊ လွယ်လွယ်လေးရယ် ။

      • Khant Khant

        November 6, 2013 at 4:34 pm

        အမေစု ပြောခဲ့တယ် မဟုတ်လား ။
        တုံ ရွာသူ တစ်ယောက်က ၊
        ” သမီးတို့က ဒီတောင်ကြီးကို အရမ်း ချစ်တယ် ” ဆိုတော့ ၊
        အမေစု က ၊
        ” အမေ ကတော့ ၊ တောင်တွေထက်စာရင် လူတွေကို ပိုချစ်တယ် ” တဲ့ ။

        အဘ လည်း ၊ လူတွေကိုဘဲ ပိုချစ်တယ် ။

        ဦးအောင်မင်း ကပြောတယ် ဒီ မြစ်ဆုံ ဆည်ကြီးကို အခု ရပ်မယ် ဆိုရင် ၊
        တရုတ် ကုမ္ပဏီ ကို ဒေါ်လာ ၃ ဘီလျှံလောက် ရော်ကြေးပေးရမယ် ပြောတယ် ။

        ိတိုင်းသူ ပြည်သားတွေ ပိုက်ဆံ ဒေါ်လာ ၃ ဘီလျှံ စု ပြီး ၊
        တရုတ် ကုမ္ပဏီ ကို ပြန် အမ်းလိုက်ကြပေါ့ ၊ လွယ်လွယ်လေးရယ် ။

        အဘရေ ဒေါ်စုပြောတဲ့တောင်ဆတွထက်လူတွေကိုပိုချစ်ပါတယ်ဆိုတဲ့စကားက
        အဘပြောသလိုပဲ လူပြ်န်းကြိုက်စကားပါ။ကျတော်ဟိုးတုန်းကတည်းကဝေဖန်ဖူးတဲ့အတိုင်း
        မိခင်စိတ်မရှိဘူးဆိုတာလေ။ တကယ်ချစ်ပါတယ်ချစ်ပါတယ်ပြောနေ
        ရင် လူဆိုတာထက်ပိုတဲ့လူတွေမှာရှိတဲ့ဘဝကိုပါချစ်ရမှာပါ။အဘမှာ
        သားသမီးမရှိဘူးထင်တယ်။မိခင်တယောက် ဖခင်တယောက်ကသား
        သမီးကိုချစ်တယ်ဆိုတာမှာ ရုပ်ပိုင်းဆိုင်ရာပဲချစ်ပြလို့မရပါဘူး။စိတ်ပိုင်း
        ဆိုင်ရာလိုအပ်ချက် ပါတ်ဝန်ကျင် အပေါင်းအသင်းကအစ အရွယ်မတိုင်
        မှီ ထိန်းကြောင်းပံ္ပပိုးပေးပါမှချစ်တာပြည့်စုံမှာပါ။ဒီအတိုင်း”အဘလဲ
        လူတွေကိုပဲပိုချစ်တာ”ဆိုရင်တော့ အဲဒီအချစ်က ကျောရရုံ ကြံတဲ့အချစ်
        မျိုးပဲဖြစ်လိမ့်မယ်အဘရေ။
        နောက် လျော်ကြေး သုံးဘီလီယံ က ဘာကြောင့်ပြည်သူတွေ
        ကလျော်ရမှာပါလိမ့်။တတိုင်းပြည်လုံးပိုင်တဲ့ပစ္စည်းကိုလူတစုက
        ခိုးထားပြီးမိတော့မှ ပြည်သူတွေစုလျော်ကြပေါ့ဆိုတာ ဒါလဲလူပြိန်း
        တောင်ကြိုက်မယ်မထင်ဘူး။
        နောက် ဒီဧရာဝတီကို အသုံးချရေးကိစ္စ ကို ကျတော်လဲသဘောတူ
        ပါတယ်။ချက်ချင်လက်ငင်းကြီးထလုပ်မယ်ဆိုရင်တော့သဘောမတူ
        ဘူး။ဖြစ်လာမယ့်ဆိုးကျိုးကောင်းကျိုးတွေကို ကျွမ်းကျင်ပညာရှင်များ
        လိုအပ်ရင် နိုင်ငံတကာပညာရှင်တွေကိုဖိတ်ကြားအကူအညီတောင်း
        လေ့လာဆန်စစ် ပြည်သူကိုလည်း အသိပညာပေးရင်း ဆိုင်ရာဆိုင်ရာ
        ပြည်နယ်/တိုင်းအစိုးရတွေ ကိုယ်တိုင် ဦးဆောင်ပြီးလုပ်သင့်တယ်လို့
        ထင်မြင်ယူဆပါတယ်။
        လက်ရှိမြစ်ဆုံစီမံကိန်းကတော့ သူဂျီးပြောသလို နောက်တဖွဲ့ရှာပြီး
        ထင်သာမြင်သာဆောင်ရွက်သင့်ပါတယ်။

  • surmi

    November 2, 2013 at 4:11 pm

    ပန်​းရံ​တွေဖမ်​းမယ်​့ကိစ္စ​ပြောကြပါဦး…

  • မင်းခန့်ကျော်

    November 2, 2013 at 5:44 pm

    အွန် ၊ ကိုရင်က မွတ်ဆလင် အာဏာရှင်တွေ အုပ်ချုပ်တဲ့ ၊
    ဒိတ်ဒိတ်ကြဲ သယံဇာတ ချမ်းသာတဲ့ တိုင်းပြည်တွေအကြောင်း လာမေးနေသကိုး ။
    ကိုယ်တွေ သယံဇာတ ငမွဲ တိုင်းပြည် နှင့် မနှိုင်းကောင်း မယှဉ်ရာကွယ် ။

    အဲဒီနိုင်ငံတွေနဲ့ သယံဇာတ ပေါတာချင်းပြိုင်ချင်ပါတယ်။
    ကျတော်ကတော့ ပညာရေးဌာနက ကျောင်းသုံးပြဌန်းစာအုပ်ကို
    ပဲကိုးကားမယ်လေ :mrgreen:
    နောက်စလုံးရဲ့ဈေးကိုမပြောနဲ့လေ။
    ဟိုက ရေတောင် အင်ပို့လုပ်နေရတာ။
    မြန်မာ မြေ လေ ရေ မြေအောက်သယံဇာတကိုရင်းထုတ်တာ
    ကိုရော အရင်းကြီးတုန်းပဲလား?
    ဧရာဝတီ ကို တရုတ်ကို အလကားပေးလုပ်ခိုင်းသလား?
    အဲဒီက ကျောက်စိမ်းတွေ ရေကာတာကိုဗန်းပြပြီး ကဲ့ကဲ့
    ထုတ်သွားတာ မသိလို့ပြောနေတာလား?
    ဆိုကြပါစို့ လောပိတကနေလျပ်စစ်ထုတ်တာ ရေဖိုးဘယ်
    လောက်ပေးရသလဲ?
    အဲဒီနေရာမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းကို လုပ်ခွင့်ပေးမယ်ဆိုရင်ကော?
    ရေဖိုး အင်းလေးကန် ဖိုး ဘီးလူးချောင်းဖိုးမတောင်းဘဲပေးမှာလား?
    မေးခွန်းတွေနဲနဲများသွားပြီအဘရေ :mrgreen:
    နောက်ထပ်မေးစရာလေးတွေကျန်ပါသေးတယ်။
    ဒါပေမဲ့
    ခဏလေးတော့ နားပါရစေ :mrgreen:

    • Foreign Resident

      November 3, 2013 at 5:32 am

      မင်းခန့်ကျော် says:
      ” နောက် စလုံး ရဲ့ဈေးကိုမပြောနဲ့လေ။
      ဟိုက ရေတောင် အင်ပို့လုပ်နေရတာ ”

      စလုံး ရဲ့ဈေး တစ်ခုတည်း ပြောတာ မဟုတ်ရပါဘူးကွယ် ။

      ” ဖိလစ်ပိုင် မှာ လျှပ်စစ်ဓါတ်အား တစ်ယူနစ် ကို ၂၅ဝ ကျပ် တဲ့ ”

      ဖိလစ်ပိုင် ရဲ့ဈေးလည်း ပါပါသေးတယ် ။
      သူက စလုံး ရဲ့ဈေးထက်တောင် အများကြီး ဈေးကြီးသေး ။

      ” မြန်မာ မြေ လေ ရေ မြေအောက်သယံဇာတကို
      ရင်းထုတ်တာ ကိုရော အရင်းကြီးတုန်းပဲလား ”

      အရင်း ကြီးတုန်း ပါဘဲကွယ် ။ အဘ သိရသလောက် ၊
      ဘယ် သယံဇာတ မဆို ( except ရေနံ / ဓါတ်ငွေ့ ) ရဲ့ ပေါက်ဈေး / တန်ဖိုး ထဲမှာ ၊
      သူ့ရဲ့ ထုတ်လုပ်မှု ကုန်ကျ စရိတ် က တစ်ဝက်လောက်ကို ရှိပါတယ် ။

      ” အဲဒီက ကျောက်စိမ်းတွေ ရေကာတာကို ဗန်းပြပြီး ကဲ့ကဲ့
      ထုတ်သွားတာ မသိလို့ပြောနေတာလား ”

      အဘ မသိ ပါဘူးကွယ် ။
      နောက်ပြီးတော့ ၊ အဲဒီလို လက်ဆုပ်လက်ကိုင် သက်သေ မပြနိုင်တဲ့ ၊
      ကောလာဟဋ္ဌ စွပ်စွဲချက်တွေကို ၊ အဘ ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး ။

      Even ကျောက်စိမ်းတွေကို တကယ် ကဲ့ထုတ်သွားတယ် ဆိုရင်တောင် ၊
      ဒီ ကိစ္စဟာ ရဲ အရေးပိုင်တဲ့ ရာဇဝတ်မှုလေးသာ ဖြစ်ပေလိမ့်မယ် ။

      ” ဆိုကြပါစို့ လောပိတကနေလျပ်စစ်ထုတ်တာ ၊
      ရေဖိုး ဘယ်လောက်ပေးရသလဲ ”

      အဘ သိရသလောက် ကတော့ ၊
      လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင် ဖြေထားတဲ့ ၊
      ” Hydro – ရေအား လျှပ်စစ် = ၅ဝ – ၇ဝ ကျပ် ” ဆိုတာမှာ ၊
      ရေဖိုးကို ထည့်တွက်ထားပုံ မရပါဘူး ။

      အဲဒီတော့ကာ ၊ ဈေး အပေါဆုံး လျှပ်စစ် အရင်းအမြစ် ဖြစ်တဲ့ ရေအား မှာ ၊
      ရေဖိုးကို ထည့်တွက် မ ထားတာတောင် ၅ဝ ကျနေတယ် ဆိုတော့ကာ ၊
      အစိုးရ က အခုတိုးတောင်းတဲ့ လျှပ်စစ် ဓါတ်အားခ ဟာ ဖြစ်သင့်တာပေါ့ကွယ် ။
      အဲဒါဟာ အခု Post မှာ အဘ အဓိက တင်ပြချင်တဲ့ အချက်ပါပဲကွယ် ။

      • မင်းခန့်ကျော်

        November 3, 2013 at 7:08 pm

        နောက်ပြီးတော့ ၊ အဲဒီလို လက်ဆုပ်လက်ကိုင် သက်သေ မပြနိုင်တဲ့ ၊
        ကောလာဟဋ္ဌ စွပ်စွဲချက်တွေကို ၊ အဘ ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး ။

        အဲဒီ ကျောင်းသုံးပြဌာန်းစာအုပ် ကနေစပြီး လိမ်ခဲ့ကြတော့ ပိုဆိုးတာပေါ့ ။
        ကျောင်းသားငယ်လေးတွေကို အလိမ်အညာ မှိုင်း သွင်းခဲ့ကြတာလေ ။

        ဆိုတော့ လက်ဆုပ်လက်ကိုင် ကို ဒီနေ့ဒီအချိန်အထိ ဘာကိစ္စမဆိုမည်သူတဦး
        တယောက်ကမှမပြနိုင်ပါဘူး။ ဦးခင်ညွန့် တောင်လက်ဆုပ်လက်ကိုင်ပြစရာမရှိ
        ရှာဘူး။

        နောက် တတိုင်းပြည်လုံးကိုအလိမ်အညာ ကျောင်းသုံးပြဌန်းချက် ပြဌန်းပြီးတောင်
        လိမ်နေတယ် လို့အဘကယုံပြီး ဦးမြင့်အောင်ဖြေထားတာကြတော့ယုံသလိုဖြစ်နေ
        တယ်။နုတ်လေးနဲ့တချက်ညည်းပြတာကို ယုံသလိုဖြစ်နေပြီ။

        ပြီးတော့ဖိလစ်ပိုင်မှာ ၂၅ဝ ကျပ်ကို မြန်မာနဲ့ နိုုင်းပြန်ပါပြီ။စလုံးကတောင်မနိုုင်းတာကို။
        နိုင်ငံရေးအခြေအနေတွေ လူဦးရေ စီးပွားရေး ဝင် ငွေ ထွက်ငွေ အကွာကြီးကွာလို့
        ဖိလစ်ပိုင်ပြည်သူတွေမီးသုံးနိုင်တာပေါ့ အဘရေ ။

        အမှန် ကတော့ ကျတော့်အနေနဲ့ ၅ဝ ၁၀ဝ ၁၅ဝ ကို မစိုးရိမ်ဘူး ။ နောက်ဆက်တွဲလာ
        မဲ့အခြေအနေတွေကိုစိုးရိမ်တာပါ။ တိုးသင့်သော်လည်း ၅ နှစ်အတွင်းတော့မဟုတ်ပေါ့
        ဗျာ။
        တိုင်းပြည်တိုးတက်မလို့ဟန်ပြင်နေတုန်းလျပ်စစ်နဲ့ ဟန့်လိုက်သလိုဖြစ်နေပါတယ်။
        လျပ်စစ်မီးနဲ့ပါတ်သတ်လို့ အကူအညီတွေ အလှုုအတန်းငွေတွေနဲ့တင် လက်ရှိ မြန်မာ့
        ၃ဝ % ဖြန့်ဖြူး နေ တာကို ဒီထက်တောင် လျော့ ပေးလို့ရပါသေးတယ်။
        သေသေချာချာ စာရင်းစစ်ကြည့်လိုက်ရင် အဖြေမှန်ကို ရမှာပါ။

        ( လက်ဆုပ် လက်ကိုင် ပြစရာကတော့ အစိုးရရုံးတွေမှာတောင်မရှိလောက်ဘူးထင်တယ်။
        ဥပမာ ရေကာတာတည်ဆောက်စရိတ် တောင် အမှန်မရှိနိုင်ဘူး။ရှိတဲ့စာရင်းက ဘုံးထားတာ
        တွေပါထည့်ဖျောက်ပေါင်းထားတာ။)
        ဒီတခါတော့ အတည် ဒီမှာပဲ နားတော့မယ်အဘရေ :mrgreen:

  • မဟာရာဇာ အံစာတုံး

    November 2, 2013 at 5:51 pm

    လျှပ်စစ်မီးနဲ့ ပတ်သက်ပီး ပေါရယင် ..
    ကျော်တို့ ရွာတွေမှာ ..
    အခုဆိုရင် ဓါတ်ခဲ သုံးလုံးထည့်ပြီး ထွန်းရတဲ့ မီးချောင်းလေးတွေကို
    အသုံးများနေကြသတဲ့ ….။
    ဓာတ်ခဲသုံးလုံး ထည့်ထားရင် နှစ်လလောက် အသုံးခံသတဲ့ …။
    ဖယောင်းတိုင်တောင် သုံးဂျဒေါ့ဘူးးးး

    မီးတာခ ဈေးတက်တာကတော့ တက်ပေါ့ …
    ဒါပေမယ့် .. အခန်းငှားခ၊ အဆောင်ငှားခ စတာ .. စတာ တွေပါ
    ရောယောင်ပြီး ဈေးတက်လာတာကတော့ ခက်တယ် အဘရဲ့ ….
    မြန်မာပျီဂျီးဂလည်း တက်ပီး ကျတာ ဆိုတာကလည်း ခပ်ရှားရှား ဆိုဒေါ့ …
    တော်ဘာဘီလေ …..
    သည်းလေးကို ခေါ်ပီး ရွာမှာဘဲ ပျံနေဒေါ့မယ် .. ခွစ်ခွစ်
    :mrgreen:

  • padonmar

    November 2, 2013 at 6:18 pm

    အရင်တုံးကမီတာခမှာ ယူနစ်အလိုက် ကုန်ကျငွေအပြင် ထိန်သိမ်းစောင့်ရှောက်ခဆိုတာ လတိုင်းပေးရပါတယ်။
    အိမ်သုံးမီတာတွေမှာ တလကို ၅၀ဝ ပေးရပြီး
    ပါဝါမီတာတွေမှာ မြင်းကောင်ရေအလိုက် သောင်းချီပြီးပေးရပါတယ်။
    အဲသလို မသုံးလည်းပေးနေရမယ့် စနစ်အစား
    အခုလို မီတာခ တယူနစ်ပေါ်တိုးကောက်တာ သဘောကျပါတယ်။
    ကိုယ်သုံးသလောက် ကိုယ်ပေးရမယ်။
    မကုန်စေချင်ရင် ချွေတာသုံးပေါ့။
    မလိုအပ်ပဲ မီးချောင်းမီးလုံးတွေမဖွင့်နဲ့၊မအိုက်ပဲ ပန်ကာ အဲကွန်းတွေ မဖွင့်နဲ့၊
    ရုံးပြန်ရင် ဆိုင်ပိတ်ရင် မီးတွေပိတ်သွား။
    ညအိပ်ရင် မီးပိတ်အိပ်။
    တီဗွီတွေ မကြည့်ရင် မဖွင့်နဲ့။
    လိုအပ်မှသုံး ချွေတာသုံး။
    ဒါဆို အစိုးရလည်း ရှေ့ဆက်ရမယ့် ပရောဂျက်တွေ ဆက်လုပ်လို့ရမယ်။
    အရေးကြီးတာ မီးမပျက်တန်းလာဖို့ပါ။
    ဒါမှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို အချိန်မှန်လုပ်နိုင်မယ်။
    အဲဒီ အကျိုးကိုရဖို့ သည်းခံပြီး မီတာခ တိုးပေးလိုက်သင့်ပါတယ်။
    သယံဇာတတွေ ဘယ်ရောက်ကုန်လဲတို့၊
    ဒီငွေတွေ ဘယ်ရောက်ကုန်လဲမေးပြီး ရပ်နေရမယ့် အဖြေရှာနေရမယ့် အချိန်မဟုတ်တော့ဘူး။
    မြန်မြန်ရွှေ့ကြရမယ့် အချိန်ရောက်ပါပြီ။
    ပြည်သူတွေဖက်က ကိုယ့်တာဝန်ကိုယ် ကျေမှ အစိုးရကောင်းရပါမယ်။

    • မင်းခန့်ကျော်

      November 2, 2013 at 6:57 pm

      ဟုတ်ပါတယ်မှန်ပါတယ် သူဘက်ကိုယ့်ဘက်ဒီလို
      အပြန်အလှန် ကျင့်ဝတ်ကောင်းလေးတွေနဲ့တုန့်ပြန်
      ကြမယ်ဆိုရင် ဗဲရီးဗဲရီးဗဲရီး ဂွတ်ဒ် ပေါ့ဗျာ။
      ဒါပေမဲ့ဖြစ်နေတာက
      အဖေလုပ်သူက ဘိန်းတော့မဖြတ်ဘူး
      သားဖြစ်သူကို ကွမ်းဖြတ် ဆေးလိပ်ဖြတ်
      ပြောနေသလိုဖြစ်နေတာ မျိုးဖြစ်နေတယ်။
      ခက်တာက အစိုးရကောင်းဆိုသည်မှာ ဘာလဲဆိုတာ
      သင်တန်းပေးရမလိုဖြစ်နေတယ်။
      နောက်တက်ချင်တဲ့ပါတီတွေကအစ တိုင်းပြည်ရဲ့
      သယံဇာတ တွေ အရင်းအမြစ်တွေကို ဘယ်လိုအသုံး
      ချမလဲဆိုတဲ့မူဝါဒကောင်းကောင်းတွေမရှိဘူး(မရှိဘူး)
      ဒီမီတာတွေဈေးတက်လိုက်ခြင်းဖြင့်(အဘပြောသလို၁၅ဝထိတက်တက်)
      သူတို့ဘက်ကဘာပြန်ပြီးတာဝန်ယူနိုင်တာ ကတိစကား
      တခွန်းတလေ မရှိဘူးဗျ။
      မီတာခ အရင်ဈေးနဲ့တောင် ကျတော်တို့လိုပြည်သူအများစုက
      တက်နိုင်တာမဟုတ်ပေမဲ့ ကြိုးစားဖြစ်ညစ်ပြီးသုံးနေရတာပါ။
      ချမ်းသားသူတွေ အထူးသဖြင်းလုပ်ငန်းသမားတွေကတော့
      ဘာအရေးလဲ။စရိတ်ကာမိအောင်ဈေးတက်လိုက်ယုံပေါ့။
      အဲဒီမှာကုန်ဈေးနူန်းဒဏ်ကို အောက်ခြေ မီးသုံးသုံး မသုံးသုံး
      ခံကြပေတော့။
      စက်သုံးဆီတုန်းကလဲ အခုထိခံနေတုန်းလေ။
      မေ့လောက်ပြီထင်လို့ မီတာဘက်လှည့်လာတာ။
      နောက်တခါဘာအလှည့်လာအုံးမလဲ ဆိုတာ…………………။

  • Foreign Resident

    November 2, 2013 at 7:11 pm

    ကို မင်းခန့်ကျော် ရေ ။

    ” ကျတော်ကတော့ ပညာရေးဌာနက ကျောင်းသုံးပြဌာန်းစာအုပ်ကို
    ပဲကိုးကားမယ်လေ ”

    အဲဒီဟာ ကိုပဲ အဓိကပြောချင်နေတာပါ ။
    အဲဒီ ကျောင်းသုံးပြဌာန်းစာအုပ် ကနေစပြီး လိမ်ခဲ့ကြတော့ ပိုဆိုးတာပေါ့ ။
    ကျောင်းသားငယ်လေးတွေကို အလိမ်အညာ မှိုင်း သွင်းခဲ့ကြတာလေ ။

    နဂို ကတည်းက အများကြီးမရှိခဲ့တဲ့ သယံဇာတ ဟာ ၊
    စစ် အာဏာရှင် အဆက်ဆက် အလွဲသုံးခဲ့ကြတာမှာ ၊
    အခု အချိန်မှာ ၊ ဘာမှကို လောက်လောက်လားလား မထွက်တော့တာပါ ။

    အထင်ရှားဆုံး ဥပမာ က ၊ ကျွန်းသစ် ပါပဲ ။
    နဝတ အာဏာ မသိမ်းခင်က ကားတစ်စီး ကို သစ်လုံး တစ်လုံးပဲ တင်နိုင်လောက်တဲ့အထိ ၊
    သစ်လုံး တစ်လုံး တစ်လုံး ကို လူ ၃ ဖက်စာလောက် သစ်လုံးကြီးတွေ ပို့နေရာကနေ ၊
    အခု နိုင်ငံခြား ပို့နေရတဲ့ သစ်လုံးတွေက ပေါင်လုံး လောက်ပဲ ရှိပါတော့တယ် ။

    အခုဆိုရင် ၊ ပြည်မကြီး ကုန်းမြေပေါ်မှာ သစ် မကျန်သလောက်ဖြစ်နေလို့ ၊
    ပင်လယ်ထဲက ကျွန်းတွေ ကို လှည့်ပါတ် ခုတ်နေတဲ့ အခြေအနေ ကို ရောက်နေပါပြီ ။
    ကျွန်းတွေနားမှာ သစ်တင်သင်္ဘောတွေ ကျောက်ချရပ်ပြီးကို အပြတ်ရှင်းနေကြတာပါ ။
    သစ်ကုန်ရင် ကျွန်ပေါ်က သတ္တုရိုင်းမြေပါ ဆက်တူး ရောင်းစား အပြတ်ရှင်းကြတာပါ ။

    အခု ၂၀၁၄ ကနေစပြီး သစ် အလုံးလိုက် ရောင်းခွင့်ကို လုံးဝ ပိတ်လိုက်ပါပြီး ။
    အကောင်း ပိတ်လိုက်တယ် ထင်လို့လား ၊ သစ်က ကျန်ကို မကျန်တော့တာ ။

    အခုဆိုရင် ၊ မိုးကုတ်မြို့ဟာ ပတ္တမြား လုံးဝ ( လုံးဝ ) မထွက်သလောက် ဖြစ်နေပါပြီ ။
    ကျောက်စိမ်း အထွက် လဲ လျော့လာတာ အရင်ကထက် ၃ ပုံ ၁ ပုံ ပဲ ထွက်ပါတော့တယ် ။

    နဲနဲ ပြောလို့ရတာ ဆိုလို့ Gas ပဲ နဲနဲ ကျန်တော့တာပါ ။
    Gas ကလဲ တကယ့် နဲနဲလေးပါ တစ်နှစ်လုံးရောင်းမှ ၄ / ၅ ဘီလျှံ လောက်ပဲ ရတာပါ ။
    ဒါ့အပြင် Gas ရဲ့သဘောကလည်း နှစ် ၂ဝ လောက်ထုတ်ပြီးရင် ကုန်သွားပြန်ရော ။
    သူက ရေနံလိုမျိုး ရေရှည်စားရလောက်အောင် မထွက်ပါဘူး ။
    ဒါကြောင့် OPEC ဆိုတဲ့အဖွဲ့ဘဲ ရှိပြီး ၊ OGEC ဆိုတဲ့အဖွဲ့ မရှိတာပါ ။

  • Foreign Resident

    November 2, 2013 at 7:26 pm

    ကို မင်းခန့်ကျော် ရေ ။

    ” အဲဒီနိုင်ငံတွေနဲ့ သယံဇာတ ပေါတာချင်း ပြိုင်ချင်ပါတယ် ”

    ဆော်ဒီ လို ဘရူနိုင်း လို နိုင်ငံ နှင့် သယံဇာတချင်း ပြိုင်မယ် ဆိုတာ ၊
    အိပ်မက်ထဲမှာတောင် စိတ်ကူးယဉ်လို့ မရနိုင်တဲ့ ကိစ္စ ပါ ။

    ဆော်ဒီ ( လူဦးရေ သန်း ၃ဝ ) ရဲ့ တစ်နှစ်တာ ရေနံ Export က ၄၀ဝ ဘီလျှံလောက်ရှိပါတယ် ။
    —http://en.wikipedia.org/wiki/Economy_of_Saudi_Arabia—
    မြန်မာ ( လူဦးရေ သန်း ၆ဝ ) ရဲ့ တစ်နှစ် အားလုံး Export ကမှ ၈ ဘီလျှံလောက်ပဲရှိပါတယ် ။
    —http://en.wikipedia.org/wiki/Economy_of_Burma—

    သယံဇာတချင်း အိပ်မက်ထဲမှာတောင် ( အိပ်မက်ထဲမှာတောင် ) ပြိုင် လို့ မရပါဘူး ။

    ပြီးခဲ့တဲ့ ၆ လ လောက်က Seminar တစ်ခုမှာ ၊
    ဂျပန် ပညာရှင်တစ်ယောက် သုံးသပ်ပြသွားတာကို ပြန်ပြောပြလိုပါတယ် ။

    သူက မြန်မာ နိုင်ငံ ရဲ့ တစ်နှစ်တာလုံး သယံဇာတ ရောင်းရငွေကို တွက်ချလိုက်ပါတယ် ။
    တစ်နှစ်တာလုံး မှ ၅ ဘီလျှံ ( သန်း ၅၀၀ဝ ) လောက်ပဲ ရှိပါတယ် ။
    အဲဒီ ၅ ဘီလျှံ ကို မြန်မာ လူဦးရေ သန်း ၆ဝ နှင့် ပြန်စားပြပါတယ် ။
    သန်း ၅၀၀ဝ / သန်း ၆ဝ = ၈၃ ဒေါ်လာ ပါ ။

    လူတစ်ဦးကိုမှ တစ်နှစ်လုံးနေမှ သယံဇာတ ရောင်းရငွေ ၈၃ ဒေါ်လာ ပဲရမှာပါ ။
    ( ပြောရမယ် ဆိုရင် အဲဒီ ၈၃ ဒေါ်လာ ဆိုတာ အဘ တစ်နေ့သုံးစာ လောက်ပဲ ရှိပါတယ် ။
    တစ်ခါတစ်လေ အဘ အပျင်းပြေဖတ်ဖို့ စာအုပ် တစ်ခါဝယ် တစ်သိန်းလောက် ကုန်ပါတယ် )

    အဲဒီ ဂျပန် ပညာရှင် က အပြတ်ပြောချလိုက်ပါတယ် ။
    ” သေချာတာကတော့ ဒီ သယံဇာတ က ရငွေ မဖြစ်စလောက် ( မဖြစ်စလောက် ) လေးနှင့်တော့ ၊
    မင်းတို့ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်လို့ မရနိုင်ပါဘူး ” တဲ့ ။

    ဘာပဲပြောပြော ကို မင်းခန့်ကျော် ကို ကျေးဇူးတင်ပါတယ် ။

    အခုလို ကို မင်းခန့်ကျော် က Comment ပေး / မေးလိုက်တဲ့ အတွက် ၊
    ကျနော် ဟိုးအရင် အတော်ကြာကြာ ကတည်းက သိနေပြီး ပြောပြချင်နေတဲ့ ကိစ္စလေးကို ၊
    ရွာသူားတွေကို ချက် နှင့် လက် နှင့် ရှင်းပြဖြစ်သွားပါတယ် ။

    အခုဆိုရင် ၊ ရွာသူားတွေ အားလုံးလည်း ၊
    တကယ် မရှိတဲ့ / မရှိတော့ တဲ့ သယံဇာတ တွေအပေါ် ၊
    အားကိုးနေလို့ မဖြစ်ဘူး ဆိုတာ သဘောပေါက်သွားလောက်ပါပြီ ။

    အဲဒီ ” သယံဇာတ ပေါကြွယ်ဝတဲ့ ဒို့ရွှေမြေ ” ဆိုပြီး ၊
    အလိမ် အညာတွေ မှိုင်းသွင်းပြီး ၊ လူထုကို အမြင်မှားအောင် လုပ်ခဲ့တဲ့သူတွေကို ၊
    အဘ သိပ် မုန်းတာဘဲကွယ် ( ခရက်ဒစ် တူ ဂီဂီ ) ။

    • မင်းခန့်ကျော်

      November 4, 2013 at 11:12 am

      အဘရေကျေးဇူးတင်ပါသည်ဆိုလို့ ထပ်ကျေးဇူးအတင်ခံချင်လို့
      ထပ်ပြီး မန့်ပါရစေ :mrgreen:

      ဒီလိုအဘဆီက လက်ရှိပကတိ အကျိုး တရားအကြောင်းတရားလေးတွေ
      သိလိုက်ရလို့လဲ ရှဲရှဲ ပါပဲအဘရေ ။
      ဘက်မတူပုံစံမို့ နဲနဲတော့ အပြောလေးတွေကို သည်းခံပေးပါလို့ပြောပါရစေ။

      ဒီနေ့ နဲနဲတွက်ပြချင်တာလေး နှစ်ချက် လောက်ပါ။
      ကိုးကားကတော့
      နေ့စဉ်ထုတ် အစိုးရ သတင်းစာများ။ ရုပ်သံအစီအစဉ်များကတပိုင်း
      ရပ်ကွက်လူထုတွေကတပိုင်း
      နှစ်ပိုင်းပေါ့လေ။

      လျပ်စစ်ဓါတ်အားထုတ်တော့မယ်ဆိုရင် ဘာလိုလဲ?
      ကျတော်ပြည်သူအများမြင်သလောက်ပဲ ပြောပြပါ့မယ်။
      ၁။ နေ ရောင်ခြည်
      ၂။ လေ(ပုံမှန်လေတိုက်နေသောဒေသ)
      ၃။ရေ
      ၄။ကျောက်မီးသွေး
      ၅။ရေနံ နှင့်သဘာဝဓါတ်ငွေ့
      ဒါတွေကမြန်မာမှာလက်ရှိ လျပ်စစ်ထုတ်ယူနေတဲ့ နည်းတွေပါ။အစိုးရက စီးပွားဖြစ်
      ထုတ်သလို တပိုင်တနိုင် တဦးချင်းဆီ တဖွဲ့ချင်းဆီထုတ်နေတာတွေလဲရှိပါတယ်။
      ဒီမှာအစိုးရကထုတ်ယူမှု့အရင်းအနှီးကို ကျတော်မြင်သလောက်ပြောချင်ပါတယ်။
      လျပ်စစ်ဓါတ်အားရရှိရေးအတွက် တည်ဆောက်ဖို့လိုအပ်တဲ့အရင်းအမြစ်တွေကို
      အစိုးရက အခမဲ့ရပါတယ်။ ဥပမာ-ဓါတ်ငွေ့ဆိုရင် အကျိုးတူထုတ်ယူတဲ့ကုမ္ပဏီ တွေ
      ဆီက မြေပေါ်အရောက်ခွဲတမ်း အလကားရပါတယ်။ နောက် နိုင်ငံတကာဆီက ထောက်ပ္ပံ
      ငွေတွေရပါတယ်။နောက်အတိုးမဲ့ အတိုးနည်းချေးငွေတွေရပါတယ်။ချေးထားတာပြန်
      ဆပ်ရတာပဲမဟုတ်လားလို့မေးစရာရှိပါတယ်။ချေးတဲ့နိုင်ငံတွေက များသောအားဖြင့်
      လျော်ပစ်လိုက်တာများပါတယ်။ ဒါကနိုင်ငံပိုင်သတင်းစာတွေရုပ်သံတွေကရတဲ့အချက်အလက်
      တွေပါ။နေ့စဉ်အချိန်ပေးဖတ်မယ် နားထောင်မယ်ဆိုသိလာမှာပါ။
      ဒီတော့ အစိုးရရဲ့ဓါတ်အားထုတ်ယူရေးမှာ အစိုးရရဲ့စိုက်ထုတ်ရတဲ့အရင်းအနှီးက
      တယူနစ်ကို ၂၂ ကျပ်ရှုံးပါ့အုံးမလားးး?
      နောက် ဓါတ်အားဖြန့်ဖြူးရေးကုန်ကျစရိတ်ကိုကျတော်ပြန်တွက်ကြည့်ပါ့မယ်။
      အဘမြန်မာပြည်ကို မျက်စေ့လည်ပြီးရောက်တဲ့တနေ့ ရပ်ကွပ်တွေထဲတအိမ်တက်
      တအိမ်ဆင်း လိုက်မေးစေချင်ပါတယ်။ လျပ်စစ်မီးလိုချင်လို့ မီတာလျောက်ရင်
      ဘယ်လောက်ကုန်သလဲ? မီတာ ပုံ ကဘယ်လောက်ပေးရလဲ ? အိမ်ကနေ လိုင်းကြိုး
      ထိ ဝါယာကြိုး ဝယ်ရပါသလား? ရပ်ကွက်ထဲ လမ်းထဲထိ လျပ်စစ်မီးအရောက်လိုင်းကြိုး
      ဓါတ်တိုင် ကို ဒီအတိုင်းဖရီးရနေလား? နောက် ဆုံး ထရန်စဖော်မာကြီးကို လျပ်စစ်ဌာနက
      အကုန်အကျ ခံပြီးရပ်ကွက်ထိပ်မှာလာချပေးတာလား?
      ကျတော့် အဖြေနဲ့တိုက်ကြည့်ပါအဘရေ။ကျတော့်အဖြေကတော့
      အားလုံးကို တအိမိချင်းအလိုက်သော်၎င်း ရပ်ကွက်အလိုက် လမ်းအလိုက်သော်၎င်း
      ကိုယ်ထူကိုယ်ထစနစ်ချည်းပါပဲခင်ဗျ။

      ဒီတော့ ထုတ်လုပ်စရိတ် ဖြန့်ဖြူးရေးစရိတ်တွေမှာ အစိုးရက စိုက်ထုတ်ရတာနဲပါတယ်။
      ဒီတော့ ရှုံးတယ်ဆိုရင် အဲသည်ဌာနကို မညှာတမ်းစာရင်းစစ်ဖို့လိုပါပြီ။
      ဒီတော့ လျပ်စစ်မီးကို ဈေးတက်ရခြင်းဟာရှုံးလို့ ဆိုဒါချည်းကို ကျတော်တို့လက်မခံ
      နိုင်တာပါ။
      (နိုင်ငံတကာရဲ့အလှုစာရင်းသိချင်ရင်တော့ သံရုံးတွေဆီ ဝင်ပြီး မေးပေတော့ဗျိုး)

  • KZ

    November 2, 2013 at 8:15 pm

    ဂလိုပါ အဘရယ်။
    အနော် တို့ဆီက ပြည်သူတွေအဖြစ်က ………………………..
    ပေးရမှာတွေက တက်လာတာ (အခွန်အခ/ကုန်ဈေးနှုန်း)
    ရမဲ့ဟာတွေကဖြင့် အမြီးတစ်နေတဲ့ ဆင်ပြောင်ကြီးပါလေ (မီးမှန်ဖို့ အစ၊ လစာ အလယ်၊ ဒီမိုကရေစီ အဆုံး)

    😥

    • Foreign Resident

      November 2, 2013 at 9:56 pm

      KZ says:
      ” ဂလိုပါ အဘရယ်။
      အနော် တို့ဆီက ပြည်သူတွေအဖြစ်က ………………………..
      ပေးရမှာတွေက တက်လာတာ (အခွန်အခ/ကုန်ဈေးနှုန်း)
      ရမဲ့ဟာတွေကဖြင့် အမြီးတစ်နေတဲ့ ဆင်ပြောင်ကြီးပါလေ
      (မီးမှန်ဖို့ အစ၊ လစာ အလယ်၊ ဒီမိုကရေစီ အဆုံး)
      😥 ”

      KZ ရေ ။ ရောထွေးနေကြလို့ပါ ။
      အဘ ကတော့ ပြတ်ပြတ် သားသား ဖြစ်စေချင်ပါတယ် ။

      ကိုယ် ပေးသင့် ပေးထိုက် တဲ့ မီတာခ အခွန် စသဖြင့် ကိုလည်း
      ပြတ်ပြတ် သားသား ပေးမယ် ။

      အေး တိုင်းသူပြည်သားတွေ ပိုင်တဲ့ သယံဇာတ တွေ နှင့် ၊
      နိုင်ငံ ကို ကွပ်ကွဲပိုင်ခွင့်တွေကိုလည်း ၊
      ပြတ်ပြတ် သားသား ရယူမယ် ။

      မီတာခ ကိုလျှော့ပေးလိုက်မယ် ၊
      အာဏာ ကိုတော့ ငါတို့ဖို့ ချန်ထားလဲ မလိုချင်ဘူး ။

      ပေးစရာရှိ တင်းတင်းရင်းရင်း ပေးမယ် ။
      ယူစရာ ရှိရင်လည်း ပြတ်ပြတ် သားသား ယူမယ် ။

      အဘ လည်း စဉ်းစားလို့ မရတာ တစ်ခုရှိတယ် ။
      မြန်မာ နိုင်ငံ ရဲ့ ကုန်ဈေးနှုန်း က ယိုးဒယား ထက် ကြီးနေပြီး ၊
      မြန်မာ နိုင်ငံ ရဲ့ ဝင်ငွေ ကျတော့ ယိုးဒယား ထက် နည်း နေတာကို ။
      သိပ်တော်တဲ့ အစိုးရ ၊ ဘယ်လိုများ အုပ်ချုပ်နေတယ် ၊ မသိ ။

  • Don Juan Ronald

    November 2, 2013 at 10:20 pm

    နျူးကလီးယား နဲ့ ကော ဘယ် လို နေ မလဲ ?

    • kai

      November 3, 2013 at 1:46 am

      နူကလီးယားက… တခုခုဖြစ်ရင်.. ပရုပ်ဆီလိမ်းလို့မပျောက်ဖူး.. ဦးပေါ်ဦးရယ်…
      မြန်မာပြည်မှာဆို… နည်းပညာချို့တဲ့သမို့… ပိုပိုဆိုးသပေါ့…။

      ဆိုတော့…
      ဧရာဝတီမြစ်ဆုံရေကာတာပြန်ဆောက်ဖို့ကလွဲပြီး.. အဖြေမရှိထင်ပါကြောင်း….။
      စိနပြည်ထက်အခွင့်အရေးပိုပေးနိုင်တဲ့… နိုင်ငံတခုရဲ့ရင်းနှီးမြုတ်နှံမှုကို .. .ဒေါ်စုကိုတာဝန်ပေးရှာကြစေချင်ကြောင်း… :mrgreen:
      ထိုင်ဝမ်ကလည်း..ရင်းနှီးမြုတ်နှံချင်မယ်ထင်ပါကြောင်း…။

      ဘယ်သူမှမရှာနိုင်ရင်.. စိနပြည်ကိုပဲ.. ပြန်ညှိအကူအညီတောင်းသင့်ကြောင်း..

      မြစ်ဆုံရေကာတာပြန်လုပ်ဖြစ်ရင်.. ကချင်-အစိုးရစစ်ပွဲရပ်သွားမယ်… အာမခံပါကြောင်း..
      မြန်မာပြည်ကတခြားပြည်နယ်တွေ.. သူတပါးပြည်နယ်အရေးဝင်မစွက်ဖက်စေချင်ပါကြောင်း…

      ဒန်တန်တန်…. :mrgreen:

      • Don Juan Ronald

        November 3, 2013 at 6:33 pm

        အရင်တုံးက တရုတ်ကြီး တွေ နိုင်ငံ တော်ခေါင်းဆောင်သစ် လဲ ပြီး တိုင်း မ ကြာ ခင် ဆို ၊ ဗမာ ပြည်ကြီး ကို ချစ်ကြည် ရေး ခရီး ထွက် လေ့ ရှိ တယ် ။

        ဒီ တခါ ကြ တော့ ဘာမှ မျှ မ ကြား ရ ပါ ကလား ???

        သွေး နဲ့ ချွေး နဲ့ ရှာ ထား တဲ့ ငွေ တွေ ကို အလကား မ ဖြုံး ချင် တော့ လို့ လည်း ဖြစ် နိုင် တယ် ။

      • မင်းခန့်ကျော်

        November 4, 2013 at 11:50 am

        သဂျီးပြောတာကိုကြိုက်တဝက် မကြိုက်တဝက်ဖြစ်နေတယ်ခမျှ။
        မြစ်ဆုံအရေးကို ပြန်လုပ်စေချင်တယ်။ကြိုက်တယ်။
        ဒီထက်ပိုပေးနိုင်သူကို ဒေါ်စုကိုတာဝန်ပေးရှာခိုင်းချင်တယ်။မကြိုက်ဘူး။
        ဒီမြစ်ဆုံ စီမံကိန်းကို တာဝန်ပေးသင့်တာက ကချင်လူထုကတင်မြှောက်တဲ့အစိုးရ
        က တာဝန်ယူရမှာပါ။ သူတို့စီမံရမှာပါ။ဒါမှ စကားပြောလို့စာချုပ်ဖို့ အဆင်ပြေမှာပါ။
        ဒေသအကြောင်းကချင်ကပိုသိပါတယ်။ ကချင်ကယုံယုံကြည်ကြည်နဲ့ဒေါ်စုကိုရှာခိုင်းရင်
        အကူအညီတောင်ရင် ပိုကောင်းမှာပါ။နှစ်ဖက်မျှသွားမယ်ထင်ပါတယ်။
        အဲ ဗဟိုအစိုးရကတော့ စာချုပ်အရ ရလာမဲ့ဓါတ်အားတွေ ကို အရှုံးခံပြီးရောင်းမလားတော့
        မသိ :mrgreen:

    • Khant Khant

      November 6, 2013 at 4:55 pm

      အဘရေ
      နူးကလီယား နဲ့ဆိုရင်ကော ဆိုရင်
      ကျတော်ကတော့လိုအပ်ရင် ရနိုင်မယ်ဆိုကြိုက်သဗျ။
      မြန်မာပြည်ထိပ်တည့်တည့်မှာတောင်ဆည်ဆောက်ရဲသေးတာပဲ။
      ဆည်ကဖြစ်မဲ့ဆိုးကျိုးနဲ့ နူးကလီယားကဖြစ်မဲ့ဆိုးကြိုးမတူနိုင်ပေမဲ့
      နူးကလီယားကနေရာရွေးဆောက်လို့ရတယ်။ဆည်ကတော့ မရဘူး။
      နောက်ဆည်ကိုထိခိုက်မဲ့ရာသီဥတု သဘာဝမြေငလျင်ကိုလူကထိန်း
      ချုပ်လို့မရဘူး။နူးကလီယား စက် ကိုတော့လူက ထိန်းချုပ်လို့ရတယ်။
      နည်းပညာသာရနိုင်မယ်။အသပြာသာရင်းနိုင်မယ်ဆို ဒီအကြံကိုထောက်
      ခံပါကြောင်း ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2013 at 12:21 am

    အဘပြောလိုက်ရင် ပြန်ဆော်မယ်
    ပြန်ချမယ် မခံဘူး တစ်ခုမှမရှိဘူး
    သက်သာအောင်ဆီပုလင်းလေးခါးကြားထိုးထား
    ဒါဘဲ

    • Foreign Resident

      November 3, 2013 at 5:05 am

      မိုက်ကယ်ဂျော်နီအောင်ပု says:
      ” အဘပြောလိုက်ရင် ပြန်ဆော်မယ်
      ပြန်ချမယ် မခံဘူး တစ်ခုမှမရှိဘူး
      သက်သာအောင်ဆီပုလင်းလေးခါးကြားထိုးထား
      ဒါဘဲ ”

      ဟား ဟား ဟား ။ ကိုပု comment လေး သဘောကျသဗျာ ။
      ကျနော်လည်း ခပ်ပြင်းပြင်း ငြင်းကြတာတွေ နဲသွားတာ သတိပြုမိပါတယ် ။

      ၁ ။ ရွာသူား အများစု ( အများစု ) နှင့် ကျနော် အပြင်မှာ ခင်မင်နေကြတော့ ၊
      တော်ရုံ ကိစ္စ နှင့် မျက်နှာ မပျက်ချင်ကြတော့တာလဲပါမယ်ဗျ ။

      တကယ့် ချက်ကျ လက်ကျ ငြင်းလေ့ရှိတဲ့ အထဲက ၊
      ဦးပါ တို့ ၊ အရီး လတ် တို့ နှင့်က အပြင် ဘဝမှာပါ သိနေတာကိုး ။
      ဦးကြောင် ကလည်း မြန်မာပြည် ပြန်နေတယ် ဆိုတော့ ပိုတိတ်နေတာပေါ့ ။

      ၂ ။ ကျနော့် Post တွေက Controversial အရမ်း ဖြစ်လေတော့ ၊
      အပိုင် ငြင်းချင်ရင် အချက်အလက် လိုက် ရှာ / စု ထားမှရမယ် ခည ။

      နောက်ပြီးတော့ ၊ ရှေ့လူတွေ နှင့် အရင်ငြင်းခိုင်းပြီး ၊
      အခြေအနေကိုလည်း စောင့်ကြည့်ကြသေး သကိုး ။

      အဲဒီ အချိန်တွေ အတွင်းမှာဘဲ ၊ သွေးအေးသွားကြပြီး ၊
      တော်ရုံ နှင့် ခပ်ပြင်းပြင်း မ ငြင်းဖြစ်ကြတော့ဘူးပေါ့ဗျာ ။

      • အဘ ဘုတ်ကလုံ

        November 3, 2013 at 1:52 pm

        သားလေးမလေး မောင်ပုရယ်… အဘဘုတ်တို့ ဒီအရွယ်ကြီး အိုကြီးအိုမ ကျမှ ဆီပုလင်းလည်း
        ခါကြားမထိုးနိုင်တော့ပါဘူးကွယ်။ ကိုဖောက နည်းနည်းလေး ဂုဏ်ဖော်ပြောတတ်တာလေးကလွဲပြီး
        လူတော် လူမှန်ကလေးပါကွယ်။ အဘဘုတ်ကတော့ ဒီလိုလူမျိုးတွေ အသက် ၃ဝတန်းတွေမှာ
        များများရှိစေချင်တာအမှန်ပဲကွဲ့.။။

        • မိုက်ကယ်ဂျော်နီအောင်ပု

          November 3, 2013 at 7:34 pm

          ဒါဂဒေါ့ အဘဒို့ရယ်
          ခင်ဗျားတို့က
          တော်တော်တတ်တော့တော်တော်တွေးတာကိုး
          ကျူပ်က ခြောက်တန်းဘဲနေဘူးတော့
          လက်ရှိပြည်တွင်းထွက်တဲ့ လောင်စာရဲ့ ပမာဏကို
          ပေးရတဲ့နှုံးထားနဲ့ ယှဉ်လိုက်ရင်
          မနိပ်ဘူးဗျ
          ဖေါင်ဆီးရင်းရေငတ်တာက ပင်လည်ထဲမို့ပြောနိုင်ပေမယ့်
          ထွက်တဲ့လောင်စာကျ အကြောင်းအမျိုးမျိုးပြီး အပြင်ထုတ်ရောင်း
          ခွေးလိုဟောင်လိုက်သေးတယ်
          အရှုံးခံပြီး ရောင်းနေတယ်ဆိုဘဲ
          ဒါကိုဘဲ အကောင်းမြင်ပြီး ဈေးပိုပေးရအုံးမဒဲ့
          ထားပါ ကျူပ်က မမှီလို့ဖြစ်မှာပါ
          ကျူပ်ပြောတာ ရိုင်းစိုင်းရင်လည်း
          ကျူပ်အကြောင်းကျူပ်မှာတည်ပါစေ
          ကောင်းပါတယ်
          ခန္တီစ သီခံတာ မင်္ဂလာဘဲဆိုတော့
          ဆက်ခံ ဆက်ခံ
          သီးပြီးတော့ခံ
          သိပြီးတော့ခံ
          ခံခြင်သလိုခံ
          နိုးပလါဘလမ် :mrgreen:

        • အဘ ဘုတ်ကလုံ

          November 3, 2013 at 8:09 pm

          တားလေးမောင်ပုရေ.. အဘဘုတ်တို့လည်း နှစ် ၅ဝ လုံးလုံး ဂျင်းစိမ်းသုတ်ပြီးတောင် ခံချင်သလိုခံလာရတာ
          ပါပဲကွဲ့။ ခုလည်း ခံနေရတုန်းကွဲ့။ တားလေး တွေးသလို အဘဘုတ်လည်း
          တွေးပါတယ်။ သားပြောတာကိုလည်း လက်ခံပါတယ်ကွယ်။ သားလေးပုတို့လို ပြည်ပနေမဟုတ်တော့လည်း ခု ဖြစ်သမျှကို
          အိုကြီးအိုမနဲ့ တကယ်ခံနေရပါတယ်ကွဲ့။ ဘယ်သူကတော့ ကိုယ့်အိတ်ထဲက
          ပိုပြီးပေးချင်ပါ့မလဲကွယ်။ အခုအစိုးရကလည်း တကယ်ဆို ခရိုနီအားကိုးနေရတော့။
          နှစ် ၅ဝကျော် ကျိန်စာက နိုးထဖို့အတွက်ဆိုရင်တော့လေ..။ အဘဘုတ်တို့ပြည်သူတွေ
          တတ်အားသမျှ သဘောထားကြီးပေးသင့်တယ်လို့ အဘဘုတ်မြင်မိပါတယ်ကွယ်..။
          မီးပျက်လို့ ခြင်ရိုက်နေတဲ့ အဘဘုတ် 🙂

        • ချစ်စ/ဆရာ

          November 3, 2013 at 9:11 pm

          .. လိင်တူချစ်သူကြီးတို့
          .. အဘတွေပေါချက်
          .. အားကျလောက်တယ်
          .. အိုဘယ့် အဘအပေါင်းတို့

        • အဘ ဘုတ်ကလုံ

          November 4, 2013 at 12:33 am

          သားလေးချစ်စရာမိုက်ကယ်ပုရေ… အင်း.. အဘဘုတ် ဒီအသက်အရွယ်မှ ပေါလဲ သားပြောရုံပဲ
          ခံယုံပေါ့ကွယ်။ အဘဘုတ်တော့ သားလေးချစ်စရာ မိုက်ကယ်ပုရဲ့ ခံစားချက် ဖြတ်သန်းလာပုံတော့
          သားလေးပု စာတွေထဲက နောက်သလိုပြောပြောခံစားမိပါတယ်ကွဲ့…။ အဘဘုတ်တို့
          တိုင်းပြည်မှာ ဆင်းရဲချမ်းသာ ကွာဟမှုက ကြီးလွန်းတယ်။ တရား မမျှတမှုက နက်ရှိုင်းလွန်းတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းပြည်အေးချမ်း သာယာရေး၊ အများနည်းတူ လူနေမှု အဆင့်အတန်း မြင့်မားရေး အတွက်ဆိုရင် သံစဉ်ကို ပြန်ညှိရမယ်။ လမ်းပေါ်ကို ပြန်တက်ရမယ်အဘဘုတ်တို့ လမ်းဘေး ရောက်နေတာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပြီ။
          မိမိတို့လမ်းပေါ်က လျှောက်မယ်ဆိုရင် ကောင်းခြင်းရှစ်ဖြာနဲ့ညီတဲ့ သမ္မာလမ်းကနေ လျှောက်ရမယ်။ သို့မဟုတ် မှန်ကန်မှု ရှစ်ချက်နဲ့ ညီတဲ့လမ်းက လျှောက်ရမယ်။ သမ္မာကို ကောင်းလို့ယူရင် အမြော်အမြင် ကောင်းရမယ်။ အတွေးအခေါ် ကောင်းရမယ်။ အပြောအဆို ကောင်းရမယ်။ အလုပ်အကိုင် ကောင်းရမယ်။ အသက်မွေးမှု ကောင်းရမယ်။ ဝီရိယ ကောင်းရမယ်။ သတိကောင်းရမယ်။ သမာဓိ-စိတ်ထား ကောင်းရမယ်။ သမ္မာကို အမှန်လို့ယူရင် အသိအမြင် မှန်ရမယ်။ အတွေးအခေါ် မှန်ရမယ်။ အပြောအဆို မှန်ရမယ်။ အလုပ်အကိုင် မှန်ရမယ်။ အသက်မွေးမှု မှန်ရမယ်… ဒါပဲ အဘဘုတ်လို အိုကြိးအိုမက
          အကြံပြုရစေကွယ်… အဘဘုတ် စကားလုံး အတွေးတွေ မှားသွားလဲ သားလေးတို့ လူငယ်ပီပီ
          နားလည်ခွင်လွှတ်ပေးကြစေလိုပါတယ်ကွယ် 😳

  • ဦးဦးပါလေရာ

    November 3, 2013 at 12:22 am

    သာမန်အိမ်တစ်အိမ်မှာ မီးထွန်းဖို့နဲ့ ပန်ကာလောက် တီဗွီလောက် ကတော့ ယူနစ် ၁၀ဝ ထဲ အေးဆေးဝင်တယ်။ အနိမ့်ဆုံးနှုံးပေါ့။
    သူများမီးမသုံးနိုင်ရင်နေပေ့စေ ကိုယ်ကတော့ အဲကွန်း စိမ့်နေအောင်ဖွင့်မှ နေတတ်တယ်ဆိုတဲ့သူများကတော့ ရိုးရိုးထက် ပိုများတဲ့နှုံးကို ပေးသုံးပေါ့။
    ဒါမှ သူဌေးနဲ့တူမှာပေါ့နော …။
    :mrgreen:

    ဒါပေမယ့်
    စီးပွားရေးလုပ်ငန်း-
    အဲဒါတွေကို သူတို့က လျှပ်စစ်ကို စီးပွားဖြစ်သုံးတာမို့ များများကောက်ရမယ် ဆိုတဲ့ အတွေးအခေါ်ကတော့
    နဲနဲ အနီရောင်သန်းနေသလားလို့
    :mrgreen:

    စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် အငယ်စား အလတ်စားလုပ်ငန်းတွေကို ထူပေး ဖေးမ ပေးရမယ့်အချိန်ပါ
    အခုမှ လမ်းလျှောက်သင်တုန်းရှိပါသေးတယ်…
    ပြေးနိုင်လွှားနိုင်တဲ့အရွယ်ရောက်တော့ လက်လွှတ်လိုက်ပေါ့ဗျာ….

    • Foreign Resident

      November 3, 2013 at 5:58 am

      ” စီးပွားရေးလုပ်ငန်း – သူတို့က လျှပ်စစ်ကို စီးပွားဖြစ်သုံးတာမို့ များများကောက်ရမယ်
      ဆိုတဲ့ အတွေးအခေါ်ကတော့ နဲနဲ အနီရောင်သန်းနေသလားလို့ ”

      ကျနော်လည်း အဲဒီ အတွေးအခေါ် ကို ဆန့်ကျင်ပါတယ် ။
      ဈေးကွက် စီပွားရေး အစစ်အမှန် ဆိုရင် ၊
      များများသုံးတဲ့သူကို ဈေးတောင် လျှော့ပေးရမှာပါ ။

      အလကား ၊ အတွေးအခေါ်တွေ ပါဗျာ ။
      အမှန်က ၊ လူတွေ နှင့် လုပ်ငန်း တန်းတူ / တန်းတူနီးပါး ကောက်ရမှာဗျ ။

      အခု အစိုးရက သူ့ရဲ့ ရေတို အကျိုးစီးပွား အတွက် ၊
      လူတွေကို မီတာခ တိုးကောက်ရင် လမ်းပေါ်မှာ ဆန္ဒပြမှာ စိုးလို့ ၊

      တိုင်းပြည် ရဲ့ ရေရှည် အကျိုးစီးပွား ဖြစ်တဲ့ ၊
      စီးပွားရေး လုပ်ငန်းတွေကိုပဲ ဖိထောင်းနေတာလေ ။

      အလကား မဲခိုးပြီး မမှန်မကန် တက်လာရတော့ ၊
      လူထုကို မဟုတ်မမှန်နည်းတွေနှင့် ဖားနေရတဲ့ ငကြောက် အစိုးရ ။
      အမေစု နှင့်များ ကွာပါ့ ။

      • အဘ ဘုတ်ကလုံ

        November 5, 2013 at 12:24 am

        သားလေးတို့ရေ.. အန်တီစု ဘယ်လဲ ဘာလဲဆိုတာတော့ အဘဘုတ် အမြင်လေးနဲ့တော့ ယက်ထောကိတ်စအပြီး
        အန်တီစု အကျုယ်ချုပ်က လွတ်ကာစ စာအုပ်သုံးအုပ် လက်ဆောင်ပေးဖို့သွားရင် အဘဘုတ်နဲ့ တစ်နာရီလောက် အေးဆေး
        ဗိုလ်ချုပ်အောင်ဆန်း ပန်ချီးကား နောက်ခံလို့ စကားပြောဖူးတော့ သူ့ရဲ့ သဘောထား
        ဘာလဲဆိုတာ အဘဘုတ် ထိတွေ့ခွင့်ရပါတယ်… တကယ်လည်း သူ့ခဗျာ စစ်အာဏာရှင်တွေ
        မတရားလုပ်သမျှကို ခါးစီခံခဲ့ရရှာတာပါ။ သာမန်လူပြိန်းတွေကြည့် ဘယ်လောက် နာကျဉ်းခဲ့ရှာမလဲ။
        အဘဘုတ်လေ ခံစားလို့ရတယ်… သူမဟာ အခြေအနေ ပြည်သူ ဒုက္ခမရောက်စေချင်လို့ မြန်မာပြည်အတွက်
        အရွေ့တစ်ခုကို အခြေအနေလေးပေးပြီး ဖလိုးလေးနဲ့ အပျော့ဆွဲ ဆွဲနေတာပါ။ ပြောချင်တာတော့ စိတ်ရှည်ကြပါကွယ်။
        အပိုတွေလေ အဘဘုတ်မပြောပါဘူး အခု သားလေးတို့ ဂေဇက်မှာ ရေးသမျှ စာရေးသူတွေအားလုံးပေါင်းတောင်
        ဒေါ်စု ဦးနှောက်နဲ့ စိတ်ဓါတ်ကို မမှီပါဘူးကွယ်။

    • Foreign Resident

      November 3, 2013 at 6:10 am

      ” သာမန်အိမ်တစ်အိမ်မှာ မီးထွန်းဖို့နဲ့ ပန်ကာလောက် တီဗွီလောက် ကတော့
      ယူနစ် ၁၀ဝ ထဲ အေးဆေးဝင်တယ်။ အနိမ့်ဆုံးနှုံးပေါ့ ”

      ရဘူး ထင်တယ်နော် ။
      ကျနော်တို့အိမ်မှာ Gas နှင့် ဟင်းချက်နေတာတောင် ၊
      တစ်လကို ယူနစ် ၃၀ဝ လောက် တက်တယ် ။

    • Foreign Resident

      November 3, 2013 at 6:46 am

      ” စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် အငယ်စား အလတ်စားလုပ်ငန်းတွေကို
      ထူပေး ဖေးမ ပေးရမယ့်အချိန်ပါ
      အခုမှ လမ်းလျှောက်သင်တုန်းရှိပါသေးတယ်…
      ပြေးနိုင်လွှားနိုင်တဲ့အရွယ်ရောက်တော့ လက်လွှတ်လိုက်ပေါ့ဗျာ ”

      Generally အဲဒီ Idea ကို သဘောတူပါတယ် ။

      ဒါပေမယ့် ၊ အစိုးရ အဖြစ်က ။
      မင်းမလဲ ခလေးတွေ နှင့် ၊ ငါ့မလဲ ကြွေးတွေနှင့် ဆိုသလိုပဲ ။
      အရူး မီးဝိုင်း သလို ၊ ကြွေးတွေက ပါတ်လည် ဝိုင်းနေတဲ့ ငမွဲကြီး ဘဝ ကိုးဗျ ။

      သူ့ မလဲ ၊ ပြည်ထောင်စု အစိုးရတင် မကဘူး ၊
      ရှိရှိသမျှ တိုင်း နှင့် ပြည်နယ် အစိုးရ အားလုံးမှာ ၊
      ဘတ်ဂျက် လိုငွေတွေ ၊ ပက်ပက်စက်စက် ပြနေတယ်လေ ။
      တကယ့် ရေသည်ယောက်ျား ကာကဝဋိယ ဇတ်ပြနေသလိုပါဘဲ ။
      တကယ့် ငမွဲများ ထိပ်ခေါင်တင် နိုင်ငံတော်ကြီး နှင့် အစိုးရ ဖြစ်နေသကိုး ။

      သူတို့မှာလဲ ငွေဝင်စရာက ၂ ချက်ပဲ ရှိပေသကိုး ။
      သယံဇာတ နှင့် အခွန် လေ ။

      ၁ ။
      သယံဇာတ မှာလဲ ၊ ကျနော် အပေါ် Comment တွေမှာ ရှင်းပြထားသလို သိပ်မရှိရှာ ။
      ရှိတဲ့ သယံဇာတ နဲနဲလေးကိုလည်း ၊ စာဖတ်နေသူကြီး က ကြိုရောင်းသွားတာ ကုန်ပြီ ။

      ၂ ။
      အခွန်လေး တိုးကောက်ရအောင်ကလည်း ၊
      သူတို့က ပြည်သူတွေရဲ့ အသည်းကြားက မဲတပြား နှင့် တက်လာတာ မဟုတ်ပဲ ၊
      မဲခိုးပြီး မမှန်မကန် တက်လာရတဲ့ အစိုးရ ဆိုတော့ နဂို သိမ်ငယ်စိတ်က ရှိပြီး ၊
      ပြည်သူတွေ လမ်းပေါ်တက်လာပြီး ဆန္ဒပြမှာ ကို အသေကြောက် ။

      ၃ ။
      အမှန်က ဒီ ဒုက္ခတွေက သူတို့ နောက် အစိုးရ ( ဒေါ်စု ) အတွက် ချန်ထားဘို့ ဟာတွေဗျ ။
      အခုက ၂၀၁၅ အထိလေးတောင် သူတို့ ဘယ်လိုမှ ဆက်မထိမ်းထားနိုင်အောင် အကြပ်ရိုက်လာလို့ ၊
      သူတို့ လက်ထက်မှာတင် ဖွင့်ချပြီး ပြည်သူ့မေတ္တာ / အဆဲ ကို ခံယူလိုက်ရတာ ။

      ၄ ။
      ကျနော်ကတော့ စီးပွားရေး လုပ်ငန်းတွေကို အမှန်အကန် မီတာခ ဈေးကြီးကြီး နှင့်ဘဲ ၊
      ကျားကုပ် ကျားခဲ Run နေစေချင်တယ် ခမျ ။

      ဘာဖြစ်လို့လဲ ဆိုတော့ နောင် တစ်နေ့မဟုတ် တစ်နေ့မှာ ၊
      အဲဒီ အမှန်အကန် မီတာခ ဈေးကြီးကြီး ကို တွေ့ကို တွေ့ရမှာဘဲလေ ။

      ဈေးကွက် စီးပွားရေးကို တကယ် ဖွင့်လိုက်ပြီဆိုရင်လည်း ၊
      အခုလိုမျိုး အစိုးရက သွယ်ဝိုက်ပြီး Subsidize လုပ်ပေးတာကို ၊
      ( ဥပမာ မီတာခ ဓါတ်ဆီခ စိုက်ပျိုးစရိတ်ချေးငွေ စတာတွေ လျော့ပေးတာ )
      တခြား နိုင်ငံတွေက ၊ WTO မှာ တရားစွဲလာလိမ့်မယ် ဗျ ။

      ခင်ဗျားတို့ လုပ်ငန်းရှင်တွေ ၊ သက်သာချင်ရင် ၊
      အစိုးရ ကို အခွန် မှာ သက်သာခွင့်တွေ တောင်းသင့်တယ်ဗျ ။
      မီတာခ ကိုတော့ အမှန်အကန် ဈေးပဲ ထားသင့်တယ် ။
      နို့မို့ရင် ၊ တစ်နိုင်ငံလုံး အကုန် အလိမ် တွေချည်းပဲ ဖြစ်ကုန်မယ် ။

  • အဘ ဘုတ်ကလုံ

    November 3, 2013 at 1:44 pm

    ရွာရဲ့ ပညာရှိလို့ နာမည်ဂုဏ်ကျော်တဲ့ အင်တာနေရှင်နယ်… အဘဖောရေ… ကျေးဇူးပါ တိုင်းကျူးပါဗျာ။ အဘဘုတ်ဆွေးနွေးစေချင်တဲ့ ရွာထဲက လူငယ်တွေ ချစ်ကြိုက်.. အီးအီးပါ၊ သေးပေါက်
    ထမင်းချက်ဟင်းချက်ထက်စာရင် ဒီလိုမျိုးတွေ လက်ရှိနိုင်ငံရေးအခြေအနေကိုလည်းသိ၊ အပြန်အလှန်ငြင်းခုန်ကျတော့
    တော့ ဘယ်ဘက်ရပ်ရပ် လက်တွေ့ကျနေတဲ့ အမှန်တစ်ခုက ဘာလဲဆိုတာတော့ ဖတ်ရင်းနဲ့ ရင်ထဲက လက်ခံသွားကြမယ် စဉ်းစားမိလို့ပါ။
    အဘဘုတ်လည်း ကိုရင်ဖောပြောသလို ကြိုက်သလောက်သုံး ကျသလောက်ရှင်းရတာကို သဘောကျတယ်။ ဒါပေမယ့်
    ထိုက်တန်ဖို့လည်းလိုသေးတယ်။ အောက်ခြေသာမန်ပြည်သူအမြင်အရပြောကြည့်မယ်နော်..
    ၁။ မီးအားမမှန်ဘူး မီတာခတိုးကောက်တယ်။
    ၂။ မီးလည်း မလာတချက်လာတချက် မီးတာခတိုးတောင်းတယ်။
    ၃။ မြန်မာပြည်တောင် မီးမလောက်တာကို နိုင်ငံခြားကို ရောင်းစားနေတယ်။
    ကျွန်တော်တို့ လူများစုက အကြောင်းတရားကို ကြည့်တာနဲပါတယ်။ (ပညာရေးဓါတ်ခံအားနဲခဲ့လို့လည်းမသိ) လက်ရှိအကျိုးကို ကြည့်ပြီး
    အပြစ်ဖိတွန်းတတ်တဲ့ စိတ်ဓါတ်ခံတွေကများကြတယ်။ လျှစ်စစ်ဆိုတာ တိုင်းပြည်ရဲ့ Sector တစ်ခုပါ။
    ဒါကို အစိုးရက လုပ်ငန်းရှင်နဲ့ ပြည်သူတွေကို ဘယ်လိုယုံကြည်မှုတည်ဆောက်ပေးမှာလဲ။
    အထုတ်တွေကတော့ တခုပီးတခုပီး ဒီလိုမျိုးတွေ ပြေကျလာပါအုန်းမယ်။
    အေးအေးချမ်းချမ်းလေးသာ အထုတ်ဖြေတာကော အထုတ်ဖြေတာ လက်ခံတဲ့လူတွေကော အိုကေကျပါစေကွယ်။
    နှစ် ၅ဝ နိမ့်ကျ နိမ့်ကျန် နှိမ်ချခံ ခဲ့ရတယ်.. အဘဘုတ်တို့ ကံပေါ့ကွယ်..
    အဖြစ်ကတော့ ကျွဲကူးရင်တောင် ရေမပါနိုင်လောက်တော့ပါဘူး 😥

  • အဘ ဘုတ်ကလုံ

    November 3, 2013 at 2:47 pm

    ၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင်ကတည်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အထိ ပေးရန် စီစဉ်ခဲ့သည်။
    ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ ဆန်စပါးလုပ်ငန်းဖြင့် အကျိုးအမြတ်ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာ ကိုကိုကြီး၏ Capital Development Ltd၊ ကျောက်မျက်တွင်းထွက်လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအဝင် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂ဝ ကျော်ထဲမှ ရယူထားခဲ့ကြသည်။
    အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) ဆိုပါက ကုမ္ပဏီတစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီးအရှေ့ရှိ မြို့ နယ်ပေါင်း ၂ရ မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူးခွင့် ရရှိသွားခဲ့သည်။
    အေးရှားဝေါလ်ကုမ္ပဏီ (ရွှေစွမ်းအင် ကုမ္ပဏီ) က BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင်ခွင့်ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြန်လည်ဝယ်ယူရာတွင် တစ်ယူနစ်လျင် ကျပ် ၇ဝ အထိ ပေးရမည်ဖြစ်ပြီး ထိုသို့ပေးရန်အတွက်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူစာချုပ်ခဲ့သည့်အတွက် တစ်နှစ်လျင် ကျပ်ဘီလျံ ၃ဝ ကျော်အထိ အများပြည်သူဘဏ္ဍာထဲမှ အေးရှားဝေါလ်ကုမ္ပဏီသို့ ပေးချေရတော့မည်ဖြစ်သည်။
    သောက်ရေခပ် (၂) အား BOT စနစ်ဖြင့် ပုဂ္ဂလိကသို့ စိုက်ထုတ်လုပ်ကိုင်ခွင့်ပြုသည် ဆိုသော်လည်း မြန်မာနိုင်ငံအပေါ် တရုတ်မှ ထုတ်ချေးသည့် ချေးငွေထဲမှ အမေရိကန်ဒေါ်လာ ၇၂ သန်းကျော်ကိုပင် ထည့်သွင်း အသုံးပြုခဲ့သေးသည်။
    သမ္မတကြီးလက်ထက် အစွမ်းအရှိဆုံး၊ ပါလေရာ အခွင့်အရေးရသူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရင်းနှီးသူ ရွှေတောင်ကုမ္ပဏီသည်လည်း ဘီလူးချောင်း (၃) စီမံကိန်းကို လုပ်ဆောင်ခွင့်ရထားပြီး အောက်တိုဘာလကုန်တွင် ပြီးစီးတော့မည်ဖြစ်သည်။
    ဘီလူးချောင်း (၃) စီမံကိန်းအား တည်ဆောက်ရာတွင် မြန်မာနိုင်ငံအပေါ် တရုတ်က ထုတ်ချေးသော ချေးငွေထဲမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော်ကို ထည့်သွင်း အသုံးပြုခွင့်ကိုပါ ပေးလိုက်သေးသည်။
    လုပ်ကိုင်ခွင့်ရရှိပါက အကျိုးအမြတ်များစွာ ရနိုင်သည့် လှိုင်သာယာစက်မှုဇုန်အား မီးပေးခွင့်ကိုလည်း ရွှေတောင်ကုမ္ပဏီလား ဘာလားဟု အသံထွက်နေသေးသည်။
    မြို့နယ်ပေါင်း ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂ဝ ကျော်အား လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပေးခဲ့ခြင်း၊ ချပေးရာတွင် ဈေးနှုန်းအမျိုးမျိုးဖြင့် စာချုပ်ချုပ်ဆို ချထားပေးခြင်း၊ ရရှိသွားသည့် ကုမ္ပဏီများထဲတွင်လည်း အစိုးရတာဝန်ရှိသူများနှင့် နီးစပ်သည့် လုပ် ငန်းရှင်များသာ အများဆုံးရရှိသွားခြင်း၊ ထိုသို့ ပုဂ္ဂလိက လွှဲပြောင်းပြီးမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်လိုက်ခြင်း၊ တိုးမြှင့်မှုအပေါ် အများပြည်သူ ပြင်ဆင်ခွင့်ရစေရန် အချိန်လုံလောက်စွာ မပေးဘဲ နှစ်ရက်အလို၌ ထုတ်ပြန်ခြင်း၊ ကျပ် ၁၀ဝ အထိသာ တိုးရမည့် စီးပွားရေးလုပ်ငန်းသုံး မီတာခကို ကျပ် ၁၅ဝ အထိ တိုးလိုက်ခြင်းများသည် မည်သည့်အတွက်ကြောင့်ပါလဲဟု တာဝန်ရှိသူများကို မေးခွန်းထုတ်ချင်မိပါသည်။
    နိုင်ငံတော်သမ္မတကြီးကိုလည်း မေးချင်ပါသည်။ သမ္မတကြီးရဲ့လက်ထက်အတွင်း မြန်မာနိုင်ငံတွင် မည်သူတွေ ပိုမိုချမ်းသာသွားပြီး မည်သူတွေ ပိုမိုဆင်းရဲသွားပါသလဲ . . .။

  • padonmar

    November 3, 2013 at 4:59 pm

    အခု EPC လို့ မခေါ်ခင်က ပြည်သူတွေကို ရေနံဆီမီးအိမ်တွေသုံးရာကနေ လျှပ်စစ်ဓာတ်အား အသုံးပြုဖို့ တော်တော် စည်းရုံးယူရပါတယ်။
    များများသုံးရင် ဈေးနှုန်း လျှော့ပေးရပါတယ်တဲ့။
    (1995 လောက်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာထဲမှာ လျှပ်စစ်ညွှန်မှူးတယောက်ရေးဖူးတဲ့ ဆောင်းပါးထဲဖတ်မိတာလေးပါ။သူက တအိမ်ကို နှစ်ပေမီးချောင်း တချောင်းစီ လျှော့သုံးရင် အိမ်ခြေဘယ်လောက်မှာ စက်ရုံတရုံ လည်ပတ်လို့ ရတယ်ဆိုတာမျိုးတွက်ပြထားတာ၊
    အမှတ်အသားကောင်းတော့ အကြောင်းအရာပဲ ခေါင်းထဲကျန်ခဲ့တော့တယ်)

  • alinsett

    November 3, 2013 at 5:57 pm

    ဟို အဘ ရော
    ဒီ အဘ ပါ
    ပြောလိုက်ကြတဲ့ စဉ်းစားကြည့်စရာတွေ

    :kwi:

  • ဝင့်ပြုံးမြင့်

    November 3, 2013 at 11:56 pm

    အန်တီမာကို သူဌေးဖြစ်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတာ သူဌေး ဆိုတာ ချွေတာရေးသမားတွေ။ အန်တိမာ့ကွန်မင့်တွေ အများစုက ချွေတာရေးဘက်ကို ပိုအားသန်တယ်။ ဒါကြောင့် မျှစ်ကြော် ဗေဒင်ဟောလိုက်မယ်။ ဒီရွာထဲက သူဌေးက အန်တီမာပဲဖြစ်ရမယ်။ ဘဖော မဖြစ်နိုင်ဘူး။
    —–
    ဒီနေ့တစ်နေ့လုံး မနက်မိုးလင်းကတည်းက မီးမလာဘူး။ အကုန်လုံးကို လက်နဲ့ လုပ်ရတော့ လူလည်း ပင်ပန်းလိုက်စမ်းဆိုတာ။ မီတာခတွေ တက်ချင်သလောက် တက်ပါစေ။ မီးမှန်ရင် ပြီးရောပဲ။ ပြီးတော့လည်း မီးအားလည်း ကောင်းစေချင်တာပေါ့။ ဒါမှ ရေတင်လိုု့ရတာ။ အခုက ရေတင်ရင် မီးစက်မောင်းရသေးတာ။

    ဧရာဝတီမြစ်ကြီးကို တခြားနိုင်ငံနဲ့(တရုတ်မဟုတ်) လျှပ်စစ်ထုတ်မယ်ဆိုရင် ရာနှုန်းပြည့်ထောက်ခံပါတယ်နော်။ အခုက မလုပ်တော့ဘူးဆိုပြီး ရပ်ပစ်လိုက်တာ မဟုတ်ဘူး။ ကစားတာ ခံနေရတယ်လို့ ထင်တယ်။ ကစားပွဲပြီးလို့ ပွဲသိမ်းမှ ကိုယ်နာမယ်။ အကြီးအကျယ်နာမယ်။

    • Foreign Resident

      November 4, 2013 at 4:53 am

      ဝင့်ပြုံးမြင့် says:
      ” ဒီရွာထဲက သူဌေးက အန်တီမာပဲဖြစ်ရမယ်။
      ဘဖော မဖြစ်နိုင်ဘူး ”

      အွန် ။ အွန် ။ အွန် ။

      ၁ ။ မှန်ပါ့ကွယ် အန်တီမာ သူဋ္ဌေး ဆိုတာ ခြွင်းချက် မရှိ ထောက်ခံပါတယ် ။

      ၂ ။ ကြားထဲက ဘဖော က ဘယ့်နှယ် ပါလာရသတုံးကွယ် ။
      ဘဖော က နဲနဲလေးမှ ( နဲနဲလေးမှ ) မ ဋ္ဌေးတဲ့ အပြင် ၊
      ” ကျနော်ဟာ လူမွဲလေးပါ ” လို့ အော်အော်နေရတာ ၊
      အခါပေါင်း မနဲတော့ပါဘူးကွယ် ။
      ” အချိရေ့ ဂိုလ်ဟာ လူမွဲလ်လေးဘာ ” 😛

      ပြောရက်ပါပေ့ကွယ် ၊ ပိုက်ပိုက် ပါးရှားလွန်းတဲ့ ဘဝတွေ မို့လို့သာ ၊
      သူများ ကုမ္ပဏီမှာ အစေခံ / ဝန်ထမ်း လုပ်နေရတာပေါ့ကွယ် ။
      အဟင့် ၊ ပိုက်ပိုက် များ ပေါလို့ကတော့ ကိုယ်ပိုင် ကုမ္ပဏီ ထောင်ပလိုက်မယ် ။

      ၃ ။ အဘ က လိမ် မပြောတတ်ဘူးဆိုတာ သတိထားမိလောက်ပါတယ် ။
      ” အဘ ဘဝ တစ်လျှောက်လုံးမှာ ၊ မွေးကတည်းကနေ ဒီနေ့ အထိ ၊
      ဘယ်တုန်းကမှ မ ဋ္ဌေးခဲ့ ၊ သူဋ္ဌေး မဖြစ်ဖူးခဲ့ ပါဘူး ကွယ် ”

      ပြောရင်းနှင့်တောင် ကိုယ့်ဘဝ ကိုယ်ပြန်တွေးမိပြီး ဝမ်းနည်းလာပြီ ။

      အီးး ဟီးး ဟီးး ။
      လက်ပါတ်နာရီ ကောင်းကောင်းလေး တစ်လက်မှ မဝယ်နိုင်တဲ့ ဘဝ ။
      Full Frame နှင့် Lens ကောင်းကောင်းလေး တစ်စုံမှ မပိုင်တဲ့ ဘဝ ။
      ကား ကောင်းကောင်းလေး တစ်စီးမှ ဝယ်မစီးနိုင်တဲ့ ဘဝ ။
      ဗြဲ ဗြဲ ဗြဲ ( ငိုနေဒါ ) ။

      အီးးးးး ။
      မိန်းမ ကလဲ မုန့်ဘိုးလေး ဘာလေး တိုးပေးရင် ကောင်းမှာဘဲ ။
      ခု ရှိတဲ့ ပိုက်ပိုက် ကလည်း သုံးမလောက်ဘူး ရယ် ။
      သိပ်ရက်စက်တဲ့ မိန်းမ ၊ ယောက်ျား တစ်ယောက်ကို ယူထားပြီး မျက်နှာလွဲ ခဲပြစ် ထားတယ် ။

      တွေးလိုက်ရင် ၊ ဝမ်းနည်းစရာတွေက အများဂျီးဘဲ ။ ဗြဲ ဗြဲ ဗြဲ ( ငိုနေဒါ ) ။

  • padonmar

    November 4, 2013 at 8:17 am

    ဘယ်..ဘယ်…ဘယ်ကလာ
    အော် မရှိလို့ တပြားကို နှစ်ပြားမှတ်ခွာ ချွေတာပါတယ်ဆိုမှ သူဌေး အထင်ခံရတယ်။
    သူဌေးတွေက အင်မတန် သုံးရက် စွဲရက်တာပါ။

  • weiwei

    November 4, 2013 at 9:53 am

    ကျွန်မအိမ်မှာ ပုံမှန် တစ်လကို ယူနစ် ၃၀ဝ သုံးပါတယ် (အဲယားကွန်းကြောင့် ယူနစ်ပိုကျနေတာပါ) .. အရင်ဈေးနဲ့ဆိုရင် ၁၀၅၀ဝ ကျပြီး .. အခုဈေးနဲ့ဆိုရင် ၁၃၅၀ဝ ကျပ် ကျမှာဖြစ်ပါတယ် … တစ်လ ၃၀၀ဝ ကျပ်ပိုကျသွားမယ် .. ဒါပေမယ့် ဈေးတက်မယ်ဆိုတဲ့အသိနဲ့ ချွေတာသုံးဖြစ်မှာပါ … အဲဒီတော့ တစ်လကို ၂၀၀ဝ ကျပ်လောက်တော့ အရင်ထက် ပိုကုန်ကျမယ်ပေါ့ …
    ဒီလောက်ပမာဏကို တတ်နိုင်တဲ့အတွက် လစာနဲတဲ့ဝန်ထမ်းအနေနဲ့ စောဒက မတက်ချင်ပါ …

    ကျွန်မတရုတ်ပြည်မထဲမှာနေခဲ့စဉ်က မီတာခ ဗမာငွေနဲ့တွက်ကြည့်ရင် တစ်ယူနစ်ကို ၈ဝ – ၁၀ဝ ကျပ် ဝန်းကျင် ပေးခဲ့ရတာလေး မှတ်မိတယ် ..

    • Foreign Resident

      November 4, 2013 at 6:58 pm

      ” ဒီလောက်ပမာဏကို တတ်နိုင်တဲ့အတွက်
      လစာနဲတဲ့ဝန်ထမ်းအနေနဲ့ စောဒက မတက်ချင်ပါ ”

      ” ကျွန်မတရုတ်ပြည်မထဲမှာနေခဲ့စဉ်က မီတာခ ဗမာငွေနဲ့တွက်ကြည့်ရင်
      တစ်ယူနစ်ကို ၈ဝ – ၁၀ဝ ကျပ် ဝန်းကျင် ပေးခဲ့ရတာလေး မှတ်မိတယ် “

      • နေတိုး

        November 5, 2013 at 3:20 pm

        တရုတ်ပြည်မှာ တယူနစ် ၂ကျပ်ခွဲ
        တယူနစ် အမြှောက် ၂ကျပ်ခွဲ အမြှောက် မြန်မာငွေ ညီမျှခြင်း ၃၉၇.၅ကျပ်

        တလက်စတည်း …
        အဘဖော
        အဘပါ
        အဘပု
        အဘကိုင်
        အဘမိုက်
        အဘဘုတ်
        အဘဆာ
        အဘထူး
        အဘရော်နယ်လ် အကုန်လုံးမှန်ပါတယ်
        ထောက်ခံပါတယ်
        မှတ်သားသွားပါတယ်

    • Khant Khant

      November 6, 2013 at 3:44 pm

      တဦးချင်းအလိုက်ပြောကြစတမ်းဆိုရင် ဒီရွာထဲရှိရှိသမျှ
      အားလုံးက တက်နိုင်ကြပါတယ်ဗျာ။ပေးနိုင်ကြပါတယ်။
      ကျတော်အိမ်မှာလဲ လစဉ် ယူနစ် သုံးရာနဲ့အထက်မို့
      တယူနစ်ကို ၅၀ဝ ကျပ်ဆိုလဲပျော်ပျော်ကြီးသုံးနိုင်ပါတယ်။
      ဘာလို့ပြောနေရတာလဲဆိုတော့ အများပြည်သူ အတွက်
      အခုချိန်မှာအကျိုးသက်ရောက်မူ့ ဆိုးကျိုးများလာနိုင်လို့ပါ။
      အခုလို ပြည်သူတွေဝန်ပိစေမဲ့ကိစ္စမျိုးမှာဘေးကနေပျော်ပျော်ကြီး
      မထောက်ခံရက်ဘူး။ဘယ်လိုနည်းနဲ့ဖြေရှင်းတာကောင်းသလဲဆိုတာ
      ပဲအဖြေရှာပေးချင်တယ်။
      ဒုက္ခဆိုက်မဲ့အပြောင်းအလဲဆို နိုင်ငံတကာနဲ့နိုင်းပြီး ရပိုင်ခွင့်ကြတော့
      တန်ရာတန်ရာပဲရမယ်ဆိုတဲ့အယူအဆကိုတော့တယ်ပြီးမကြိုက်လှဘူးကွယ်။

  • kyeemite

    November 4, 2013 at 10:01 am

    ဟီဟိ.လာမဲ့.တွေ့ဆုံပွဲအတွက်တော့ စိတ်အေးသွားဘီ…သူဋ္ဌေးမကြီး အာတီဒုံရှိလို့ 😀

  • Foreign Resident

    November 5, 2013 at 5:01 am

    အဘ ရဲ့ Post မှာ Comment အရှည်ကြီးတွေနှင့် ၊
    ဝိုင်းဆွေးနွေးပေးကြတဲ့အတွက် ၊ အားလုံးကို ကျေးဇူးပါပဲကွယ် ။

    အခုဆို အဘ Post လဲ ၊ ဘယ်သူ့ Comment ကို ၊ ဘယ်နေရာမှာ ရှာလို့ ၊
    ဘယ်နားမှာ အကြောင်း ပြန်ရမှန်း မသိလောက်အောင်ကို ၊ မျက်စိလည်နေပါပြီကွယ် ။
    But တကယ် ကျေးဇူးတင်တာပါကွယ် ။

    နေရာ အနှံ့က ဟာတွေကို ၊ ဒီနေရာကနေပဲ ကြုံသလို အကြောင်း ပြန်လိုက်တယ် ။ ဟီ ဟိ ။

    မင်းခန့်ကျော် says:
    ” နောက် အတိုးမဲ့ အတိုးနည်းချေးငွေတွေရပါတယ်။
    ချေးထားတာ ပြန်ဆပ်ရတာပဲမဟုတ်လားလို့မေးစရာရှိပါတယ်။
    ချေးတဲ့နိုင်ငံတွေက များသောအားဖြင့် လျော်ပစ်လိုက်တာများပါတယ် ”

    ဟင် ၊ ကိုရင့် အခြေခံ စဉ်းစားပုံကလည်း ၊
    နိုင်ငံတကာ ငွေလှည့်ပါတ်ချေး ၊ အရှက်မရှိ အသနားခံ ပြန်မဆပ် ၊ ဆိုတဲ့ Idea ကြီး ။
    ရှက်စရာကြီးကွယ် ။

    နိုင်ငံတကာ ငွေလှည်ပါတ်ချေး နေရတာနှင့်တင် တော်တော် ရှက်ဖို့ ကောင်းလှပါပြီကွယ် ။
    အဲဒီ ချေးခဲ့တဲ့ငွေ ကို ၊ ပြန်ဆပ်ဖြစ်အောင် ဆပ်ရမယ်ဆိုတဲ့ ၊ အခြေခံ နှင့် တွေးစမ်းပါ ။
    ဪ ၊ ငါ့ တိုင်းပြည်ကြီးနှယ် ၊ ဖစ်မှဖစ်ရလေ ၊ ရှက်လိုက်တာနော် ။

    မင်းခန့်ကျော် says:
    ” အဘ မြန်မာပြည်ကို မျက်စေ့လည်ပြီးရောက်တဲ့တနေ့ ”

    ဘယ့်နှယ် မျက်စေ့လည်ပြီး ရောက်ရမှာတုန်း ။
    အဘ က မြန်မာပြည်မှာ အဓိက အနေများတာလေ ။
    ဩဇီ က ၊ မိန်းမ စိတ်ကျေနပ်အောင်သာ သွားနေပေးရတာ ။

    မင်းခန့်ကျော် says:
    ” ကိုယ်ထူ ကိုယ်ထ စနစ်ချည်းပါပဲ ခင်ဗျ ။
    ဒီတော့ ထုတ်လုပ်စရိတ် ဖြန့်ဖြူးရေးစရိတ်တွေမှာ အစိုးရက စိုက်ထုတ်ရတာနဲပါတယ် ”

    အွန် ၊ ကိုယ့်အိမ်ကို မီးရောက်ချင်လို့ မီးကြိုးသွယ်တာလောက်နှင့်တော့ ၊
    အဲဒီ တန်ဘိုးဟာ ဘာမှကို မပြောပလောက်တဲ့ Amount ခမျ ။
    ( PS : ဩဇီ မှာလဲ ပင်မ လိုင်းကနေ ကိုယ့်အိမ်ကို သွယ်တဲ့ မီးကြိုးဖိုး ကို ၊
    ကိုယ်ပေးရတယ် ခမျ ၊ အဲဒီ မီးကြိုး ကို ကိုယ်ပဲ တာဝန်ခံရတယ် ခမျ )

    မနေ့က ဖတ်ခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်မှာတော့ ၊
    မြန်မာပြည် ရဲ့ လျှပ်စစ် ဖြန့်ဖြူးမှု ( မီးကြိုး ) Infra-structure က ၊
    တော်တော်လေးကို အခြေအနေ ဆိုးနေတယ် ပြောတယ် ။
    လျှပ်စစ် ထုတ်တဲ့ နေရာကနေ သုံးတဲ့နေရာကြားမှာ ၂ဝ % ပျောက်နေတယ် တဲ့ ။

    အဲဒီဟာကို ပြင်မယ်ဆိုရင် ဒေါ်လှ သန်း ရာ နှင့်ချီပြီး ကုန်ကျလိမ့်မယ်တဲ့ ။
    အဲလို ပြင်ဖို့ ပိုက်ဆံ / ဘတ်ဂျက် မရှိတဲ့ အတွက် ၊
    ဂျပန်ကနေ ၊ အတိုးမဲ့ ချေးငွေ နှင့် ပြင်ဖို့ ညှိနှိုင်း နေတယ်တဲ့ ခမျ ။
    ( အမှန်ကတော့ ကြားကောင်းအောင် ညှိနှိုင်း လို့ သုံးရတာပါ ။
    တကယ့်တကယ် ကတော့ သောက်ရှက် မရှိ သွား ချေး / တောင်းတာပါဘဲ )

    အဲဒီ ဆောင်းပါးမှာ ဆက်ရေးသွားတာကတော့ ၊
    မြစ်ဆုံ အစရှိသဖြင့် ဆည်တွေက ထွက်တဲ့ လျှပ်စစ် ဓါတ်အားကို ၊
    တရုတ်ကြီး အစရှိသဖြင့် ကို ရောင်းရခြင်း ရဲ့ အကြောင်းရင်းတွေ ထဲမှာ ၊
    ၁ ။ အဲဒီ ( မွဲလို့ ) မီးကြိုး မသွယ်နိုင်တာရယ် ၊
    ၂ ။ ကြားထဲမှာ ဓါတ်အားပျောက်တာကို ( မွဲလို့ ) မပြင်နိုင်တာလဲ ပါတယ် ခမျ ။

    ရပ်ကွက် Micro အဆင့် နှင့် မ တွေးကြဘဲ ၊
    နိုင်ငံ Macro အဆင့် တွေးမြင်ကြစေလိုပါတယ် ။

  • Foreign Resident

    November 5, 2013 at 5:17 am

    padonmar says:
    ” တပြားကို နှစ်ပြားမှတ်ခွာ ချွေတာပါတယ်ဆိုမှ သူဌေး အထင်ခံရတယ်။
    သူဌေးတွေက အင်မတန် သုံးရက် စွဲရက်တာပါ ”

    မ padonmar ပြောတာ မှန်ပါတယ် ။
    အမှန်က ၊ ခေတ် / Generation / အတွေးအခေါ် / အခြေအနေတွေ ပြောင်းသွားတာပါ ။

    ဟိုး အရင် မဆလ ခေတ် က ၊
    တပြားကို နှစ်ပြားမှတ်ခွာပြီး ချွေတာပြီး သူဋ္ဌေးဖြစ်တဲ့ခေတ်ပါ ။

    အခု ခေတ် ကတော့ ၊ ချွေတာ တာကို အဓိက မထားတော့ဘဲ ၊
    ဝင်ငွေ ကို သာ အလုံးအရင်း နှင့် ရအောင် ရှာတဲ့ ခေတ် ပါ ။
    များများ ကြမ်းကြမ်း ရှာ ၊ များများ ကြမ်းကြမ်း သုံး ခေတ် ရောက်နေပါပြီ ။

    အခုခေတ် သူဋ္ဌေးတွေဟာ အင်မတန် အသုံးအစွဲ ကြမ်း နေကြပါပြီ ။
    အဘ အသိ သူဋ္ဌေး တစ်ယောက်ဆိုရင် ၊ မျက်စိ ရှေ့တင် ၊
    သိန်း ရာဂဏန်း လောက်ကတော့ ၊ ဖြတ်ခနဲ ဖြတ်ခနဲ ကို သုံးနေတာပါ ။
    စုံစမ်းကြည့်တော့လည်း ၊ ဘယ်လို သုံးသုံး မကုန်နိုင်လောက်အောင်ကို ချမ်းသာနေကြပါပြီ ။
    ငွေ သိန်းကို သိန်းပေါင်းများစွာ ချမ်းသာနေကြတာပါ ။

  • Foreign Resident

    November 5, 2013 at 6:34 am

    မင်းခန့်ကျော် says:
    ” ပြီးတော့ဖိလစ်ပိုင်မှာ ၂၅ဝ ကျပ်ကို မြန်မာနဲ့ နိုုင်းပြန်ပါပြီ။ စလုံးကတောင် မနိုုင်းတာကို။
    နိုင်ငံရေး အခြေအနေတွေ လူဦးရေ စီးပွားရေး ဝင် ငွေ ထွက်ငွေ အကွာကြီးကွာလို့
    ဖိလစ်ပိုင်ပြည်သူတွေ မီးသုံးနိုင်တာပေါ့ အဘရေ ”

    ပြောပါရစေ မင်းခန့်ကျော် ရေ ။
    For your Information ဗဟုသုတ အတွက်ပါ ။

    မြန်မာ နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံ ဟာ ၊
    ဝင်ငွေက အစ ၊ ဆင်းရဲမွဲတေမှု အဆုံး ၊
    တကယ့် ပိန်မသာ လိမ်မသာ နိုင်ငံ တွေပါ ။

    အဘ တို့ ဖိလစ်ပိုင် နိုင်ငံ မနီလာ ( South Port ) ဆိပ်ကမ်း ကို ရောက်တုန်း က ၊
    သူတို့ဆီက နီးနီး နားနား KTV တစ်ခုမှာ သွားအပန်းဖြေကြပါတယ် ။
    ( အပေါစား ပါကွယ် ၊ အဓိကကတော့ သာမီးလေးတွေကို သွား ဒချိ ဒချိ တာပါ )

    အဲဒီ KTV ဆိုင်မှာ ကျွေးတဲ့ ဆန်က ကြမ်းပြီး ၊
    တခြား ဟင်း / အမြည်း တွေ ကလည်း အရမ်းညံ့တယ်လေ ။

    အဲဒါ နှင့် အဘတို့ မစားနိုင်တာနှင့် ၊ အဘ သူငယ်ချင်း တစ်ယောက်က ၊
    ဆိုင်ကယ် Taxi ငှားပြီး မနီလာ မြို့ထဲအထိ သွားပြီး ၊
    KFC လိုဆိုင်က Burger နှင့် ကြက်ကြော်တွေ သွားဝယ်ချလာပါတယ် ။

    အဲဒီ KFC က ဝယ်လာတဲ့ Burger နှင့် ကြက်ကြော်တွေကို ၊
    အဘတို့ ဘေးမှာ ထိုင်ပေးနေတဲ့ သာမီးလေးတွေကိုပါ ကျွေးလိုက်တာ ။

    အဲဒီ သာမီးလေးတွေ ပျော်လွန်းလို့ ထ အော်တာ ၊ အဘ တို့ပါ လန့်သွားတဲ့ အထိပါဘဲ ။
    သေချာ မေးကြည့်တော့ ၊ သူတို့ အဲဒီလို အသား ကောင်းကောင်းတွေကို မစားနိုင်ဘူးတဲ့ ၊
    အိမ်မှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ မိသားစုတွေကိုလည်း ကျွေးချင်လို့ နဲနဲ ယူသွားပါရစေတဲ့ ။

    အဘ လည်း တစ်သက်လုံး ကမာ္ဘပါတ်နေတာပါကွယ် ။
    မြန်မာပြည်ထဲမလဲ ကချင်ပြည်နယ်ကလွဲရင် နေရာဒေသ အစုံ ရောက်ခဲ့ပါတယ် ။
    အဲလို ရုပ်ရည် အသင့်အတင့် ရှိတဲ့ သာမီးလေးတွေ ၊
    အဲဒီလောက် အထိ ဆင်းရဲတာ အဘ ဖိလစ်ပိုင် နိုင်ငံ ရောက်မှဘဲ မြင်ဘူးတော့တယ် ။

    ( ဒါကြောင့်လည်း နိုင်ငံတကာ က ဖိလစ်ပိုင် ကို အိမ်ဖေါ် တိုင်းပြည် လို့ ခေါ်တာပါ )
    ( တစ် ကမာ္ဘလုံးကို အိမ်ဖေါ် အများဆုံး တင်ပို့ / ထွက်တဲ့ နိုင်ငံဟာ ဖိလစ်ပိုင် ပါ )

    လိုရင်း ကတော့ ၊ ဖိလစ်ပိုင် ဟာလည်း အရမ်း ဆင်းရဲတဲ့ တိုင်းပြည်ပါ ။
    မြန်မာ နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံ ဟာ ၊ တကယ့် ပိန်မသာ လိမ်မသာ နိုင်ငံ တွေပါ ။
    ဒါပေမယ့် ၊ ဖိလစ်ပိုင် ပြည်သူတွေလဲ လျှပ်စစ်ဓါတ်အားခ တစ်ယူနစ် ကို ၂၅ဝ ပေးသုံးနေရပါတယ် ။

    ရွာသူားတွေလဲ မြန်မာ နိုင်ငံ ရဲ့ အပြင်ကို ထွက်ကြည့်သင့်တယ်ကွယ် ။
    အမြင်တွေ အများကြီး ပြောင်းလဲလာမှာ တကယ် အမှန်ဘဲကွယ့် ။

  • ကထူးဆန်း

    November 5, 2013 at 1:48 pm

    ဘယ်နိုင်ငံ ဘယ်နိုင်ငံ တွေ ဆိုတဲ့ ကိန်းဂဏန်း တွေ က အခရာ မကျဘူးလားလို့ ..
    အဓိက က ဦးပါ ပြောသလို မပေးနိုင်တာ ဆိုတဲ့ ..
    ဝင်ငွေ – (အနုတ်) ထွက်ငွေ = (ညီမျှခြင်း) မှာ မြန်မာနိင်ငံ တွင်းနေထိုင်သူ အများစုမှာ အနုတ်ဖြစ်နေကြလား … အပေါင်းဖြစ်နေကြလား .. ဘယ်လိုဖြစ်နေတာဆိုတာက အခရာ ကျမည်ထင်ပါကြောင်း ..
    တစ်ဘက်ကလည်းသုံးစွဲ သူတွေ အရင်လို ခလုတ် မပိတ် တတ်ရာကနေ ပိတ်တတ်လာရင်တော့ ကုန်ကျငွေ တော့ နဲနဲ ခုမိမည်ထင်ပါကြောင်း

  • TNA

    November 5, 2013 at 3:29 pm

    ကွန်မင့်တွေစုံလွန်းလို့ ဖတ်တောင်မှမဖတ်နိုင်တော့ဘူးအဘရေ။ လောလောဆယ်တော့ မီတာခ နှစ်ဆလောက်တက်သွားသမို့ ရင်ဆို့နေတာပဲသိတယ်။ လေးသောင်းလောက်ကျဒေါ့မှာ 😥

  • Khant Khant

    November 5, 2013 at 4:13 pm

    အဘရေဒေါ်စု ကဒီကိစ္စနဲ့ပါတ်သတ်ပြီးပြောသွားတာလေး
    ကျတော်သဘောကျတယ်။အဘသိပြီးသားဖြစ်မှာပါ။
    နောက် ဒီကိစ္စနဲ့ပါတ်သတ်ပြီးဆောင်းပါးလေးတပုဒ် ကူးပေးပါတယ်။
    အဘသိတာတွေနဲ့ဘယ်နေရာမှာဘယ်လိုကွာသလဲတော့မပြော
    တော့ပါဘူးအဘရေ။

    ပြောပြချင်ပါတယ် (၁၇)

    (၁)

    အရင်ရေးဖူးပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း (Mismanagement) နဲ့ အဂတိတရား လိုက်စားမှု (Corruption) ကို မရှင်းထုတ်နိုင်ရင်၊ လျော့ကျအောင် မလုပ်နိုင်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းမှာ မဟုတ်ဘူး။ အပြောင်းအလဲ ဖြစ်ပေါ်မှာ မဟုတ်ဘူး ဆိုတာပါ။ အခုအစိုးရသက်တမ်း နှစ်နှစ်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ခုလုံးက ပိုဆိုးလာပါတယ်။ Corruption နဲ့ Mismanagement ရဲ့ ထွက်ကုန်ပစ္စည်းဖြစ်တဲ့ ခရိုနီစီးပွားရေး စနစ်က တိုင်းပြည်ရဲ့ အပြောင်းအလဲ အားလုံးကို အနှောင့်အယှက် ပြုနေပါတယ်။ အရင်ခရိုနီစနစ်က လာဘ်စားမှု၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အလွဲသုံးစား ပြုမှုတွေမှာ လက်သံပြောင်ပြီး ပြည်သူတွေက အရိုးပဲ ကိုက်နေရပါတယ်။ အခု ဒီအစိုးရ လက်ထက်မှာ ခရိုနီစနစ်က ပညာသား ပါပါတယ်။ သယံဇာတလောက် တူးစားတာ မဟုတ်တော့ဘူး။ နိုင်ငံတကာ အဆက်အသွယ်၊ ပညာရှင်တွေရဲ့ အထောက်အပံ့၊ မီဒီယာတွေကို ဝင်ရောက် ထိုးဖောက် လွှမ်းမိုးမှု၊ မူးယစ်ဆေးဝါးက ရရှိငွေ၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အတိုက်အခံ အားလုံးကို ချိတ်ဆက်မှု အစစအားကောင်းပြီး ပြည်သူတွေရဲ့ ရိုးတွင်းချဉ်ဆီပါ မကျန်အောင် အမြစ်ဖြုတ်နေတာပါ။ ဆိုလိုတာက ပြည်သူတွေရဲ့ နေရေးထိုင်ရေး၊ အိမ်ရာအဆောက်အအုံ၊ နေ့စဉ်လိုအပ်ချက်၊ ရေ၊ မီး၊ အစစအရာရာကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ကို အခုအစိုးရ လက်ထက်မှာ ပိုရလာကြပါတယ်။ တိုင်းပြည်ဟာ နောက်ပြန်သွားဖို့ လူထုကို ဆက်လက်ကျွန်ပြုဖို့ ဒီခရိုနီစနစ် ဆိုးကြီးက ကြံစည်နေပါတယ်။

    (၂)

    အခုလျှပ်စစ်မီတာခ တိုးတဲ့အကြောင်းမှာ အစိုးရအနေနဲ့ လုပ်သင့်၊ လုပ်ထိုက်တဲ့ အချိန်ကာလ မဟုတ်ဘူး။ လုပ်သင့်၊ လုပ်ထိုက်တဲ့နှုန်း မဟုတ်ပါဘူး။ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးအောင်ခိုင်ရဲ့ ဒီဓာတ်အားခ တိုးမြှင့်မှုဟာ လုပ်ငန်းရှင် ၄၀၀ဝ လောက်ပဲ ထိခိုက်တယ်ဆိုတဲ့ စကားက အစိုးရရဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု အရည်အသွေး အားနည်းမှု Mismanagement ကို ရည်ညွှန်းနေပါတယ်။ စွမ်းအင်နဲ့ ပတ်သက်တဲ့ လောင်စာဆီပဲဖြစ်ဖြစ်၊ လျှပ်စစ်ခပဲဖြစ်ဖြစ် ဈေးတက်တာဟာ ကုန်ဈေးနှုန်းကို သွားသက်ရောက်တယ် ဆိုတာ သာမန်ကျောင်းသား လေးတွေတောင် သိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒေါ်လာဈေးကို ၈၅ဝ ကနေ ၁၀၀ဝ ထိ ဆွဲတင်ထားတာ မကြာသေးဘူး။ အိမ်ဈေး၊ မြေဈေး၊ အိမ်ငှားခတွေ ရာခိုင်နှုန်း ၅ဝ ကနေ ရာခိုင်နှုန်း ၁၀ဝ အထိ တက်နေတယ်။ အလုပ်လက်မဲ့တွေ၊ အလုပ်သမား၊ လယ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ လျှပ်စစ်မီတာခကို နှစ်ဆအထိ တိုးမြှင့်လိုက်တာဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းရှင် ၄၀၀ဝ ပဲ ထိခိုက်တယ် ဆိုတာဟာ သူ့စကားကိုသူ တာဝန်ယူသင့်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ တာဝန်ယူမှု ဆိုတာကို သိကြမှာပါ။

    လျှပ်စစ်မီတာခတွေ မြှင့်တာဟာ ဘာလို့ အလောတကြီး ဖြစ်ရတာလဲ။ နောက်နှစ် ဘတ်ဂျက်နှစ်ကျမှ လုပ်လို့မရဘူးလား။ အစိုးရရဲ့ လိုငွေပြနေလို့လား။ ဒီအတွက် ပြည်သူဆီကို ပုံချတယ် ဆိုတာဟာ လုပ်သင့်သလား။ နောက်ပြီး အရှုံးပေါ်တယ်ဆိုတဲ့ ကျပ် ၁၈၅ ဘီလျံ ဆိုတဲ့ငွေဟာ ခရိုနီသူဌေးတွေ အခွန်ရှောင်တဲ့ငွေရဲ့ ၁ဝ ရာခိုင်နှုန်းတောင် မရှိပါဘူး။

    စသုံးလုံး၊ အခွန်ဦးစီးဌာနတို့နဲ့ အဖွဲ့ဖွဲ့ပြီး စံနှုန်းသတ်မှတ် လုပ်လိုက်ရင်ကို ဒီအခွန်တွေ ရနိုင်ရဲ့သားနဲ့ ဘာလို့ကျပ်တည်းပြီး ဘဝမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ချွေးနဲစာကို ညှစ်ထုတ်ယူချင် ရတာလဲ။ ထပ်ပြောပါမယ်။ လျှပ်စစ်မီတာခကို ဈေးသက်သက်သာသာ သုံးစွဲခွင့်ဟာ ကျွန်တော်တို့ ပြည်သူတွေ ရပိုင်ခွင့်ပါ…

    နောက်ဆုံးတစ်ခု သမ္မတကြီး ဦးသိန်းစိန်နဲ့ အစိုးရကို လူထုအပေါ် လျှပ်စစ်နဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ စိုက်ထုတ်လုပ်ပေးရမှာက စွမ်းအင်ရောင်းစားတဲ့ နိုင်ငံတိုင်းက အစိုးရတိုင်းရဲ့ တာဝန်ပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကလွဲလို့ စွမ်းအင်ထွက်တဲ့ နိုင်ငံအားလုံးမှာ လူထုရဲ့ စွမ်းအင်အတွက် စိုက်ထုတ် Subsidize လုပ်ပေးရပါတယ်။ ဒါဟာ အစိုးရရဲ့ တာဝန်ပါ။ အရာရာကို နိုင်ငံတကာ ဈေးနှုန်းနဲ့ ချိန်ဆလုပ်လို့ မရပါဘူး။ စွမ်းအင်ရောင်းစားတဲ့ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ကနေ ၃ ဒသမ ၉ ဘီလျံ (ရေအားလျှပ်စစ်က ရတာတော့မသိရ) အပါအဝင် ငါးဘီလျံနီးပါး ဒီနှစ်ဝင်ပါတယ်။ နောက်နှစ်မှာ ရွှေကရရင် ၁ ဒသမ ၅ ဘီလျံနီးပါး ပိုလာပါဦးမယ်။ အခုလျှပ်စစ်ကနေ အရှုံးခံရတာ ဒေါ်လာ သန်း ၂၀ဝ လောက်ပဲ ရှိပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖောက်လို့ အနစ်နာခံရတာပြည်သူ။ ဆည်တွေ၊ ရေအားလျှပ်စစ်တွေ ဆောက်လို့ ဝန်းကျင်ပျက်စီး၊ ရေကြီးမိုးခေါင်၊ ရာသီဥတုမမှန်တဲ့ ဒုက္ခတွေ လယ်ယာတွေပျက်၊ သီးနှံတွေပျက်၊ လယ်မလုပ်နိုင်လို့ ကျွန်ခံနေရတဲ့ ပြည်သူတွေအတွက် ဒီသဘာဝဓာတ်ငွေ့ ရောင်းရငွေထဲကနေ သုံးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းကြား ကျခံမသုံးစွဲ သင့်ဘူးလား။ ဒီဒေါ်လာ သန်း ၂၀ဝ ဆိုတာဟာ သဘာဝဓာတ်ငွေ့ ရောင်းရငွေ နှစ်ပတ်စာလောက်ပဲ ရှိတာမဟုတ်ဘူးလား။ ဒါကြောင့် လျှပ်စစ်ကို နိုင်ငံတကာ ဈေးနှုန်းထက် လျော့အောင် ရောင်းချဖို့ စီစဉ်ပေးရမှာက အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးအတွက် မှန်ကန်မျှတတဲ့ ဥပဒေဘောင် အတွင်းက ကျွန်တော်တောင်းဆိုပါတယ်။ ပြည်သူတွေလည်း တညီတညွတ်တည်း တောင်းဆိုကြရပါမယ်။

    တကယ်လို့ အစိုးရအနေနဲ့ လိုငွေပြရင် အလွယ်ဆုံးနဲ့ အမြန်ဆုံး ငွေရှာရမှာက ခရိုနီတွေဆီက အခွန်ကို မှန်မှန်ကန်ကန် ဖိဖိစီးစီး ကောက်ခံခြင်းပဲ ဖြစ်ပါတယ်။

    (၃)

    မြန်မာနိုင်ငံမှာ အကျိုးအမြတ် အများဆုံးရပြီး အခွန်အနည်းဆုံး ဆောင်တဲ့သူ၊ လာဘ်ပေးလာဘ်ယူ အများဆုံး ပတ်သက်သူတွေကို ညွှန်ပြပါဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ပဲ ပတ်သက်တာလုပ်လုပ်၊ ပုဂ္ဂလိကပဲဆောက်ဆောက်၊ အစိုးရ၊ ဒေသအစိုးရ၊ စည်ပင်သာယာ၊ လျှပ်စစ်ဌာန ပေါင်းစုံနဲ့ ပတ်သက်ရတာကိုး။

    နာမည်ကြီး ခရိုနီထဲမှာ မပါပေမယ့် ဒေါ်လာသန်း ၃၀ဝ နဲ့ ၅၀ဝ ကြားလောက် ချမ်းသာတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သူ့မိတ်ဆွေကို ပြောဖူးတာ။ သူအဆင့်ဆင့် လာဘ်ပေးရတာ သုံးနှစ်အတွင်း ကျပ် ၁ဝ နဲ့ ၁၅ ဘီလျံကြား တန်ဖိုးလောက် ရှိတယ်လို့ ဆိုပါတယ်။ သူက မန္တလေးမှာ ဈေးကြီးတွေ ဆောက်တယ်။ ရန်ကုန်မှာ သူ့ရဲ့ကြော်ငြာ အားကောင်းတဲ့ အခန်း ၃၀၀- ၄၀ဝ လောက်ပါတဲ့ ကွန်ဒိုတွေ ဆောက်တယ်။ သူ့ရဲ့ အခွန်ဆောင်မှုက တစ်နှစ် သိန်း ထောင်ဂဏန်းတောင် မရှိပါဘူး။ သူ့ရဲ့ ကွန်ဒိုတစ်လုံး ရောင်းရငွေက ကျပ်ဘီလျံ ၁၀ဝ လောက် ရှိပါတယ်။ ရန်ကုန်မြို့မှာ ကွန်ဒိုဆောက်တဲ့ သူတွေဟာ တစ်လုံးကို တန်ဖိုးရဲ့ ရာခိုင်နှုန်း ၂ဝ ကနေ ရာခိုင်နှုန်း ၅ဝ အထိ မြတ်စွန်းပါတယ်။ သူ့ရဲ့ ကွန်ဒိုတစ်လုံးနဲ့တင် ကျပ်ဘီလျံ ၂ဝ နဲ့ ၄ဝ ကြားထဲ မြတ်ပါတယ်။ သူဟာ တစ်နှစ်ကို ဘီလျံ ၁ဝ နဲ့ ၂ဝ ကြားထဲ အခွန်ဆောင်သင့်ပါတယ်။ ဒါပေမဲ့ အပုံ ၁၀ဝ ပုံ တစ်ပုံတောင် အခွန်မဆောင်ပါဘူး။ နေပြည်တော်မှာ ဆောက်တဲ့ ကုမ္ပဏီတွေရဲ့ အခွန်ဆောင်မှုရော စစ်ကြည့်ပါဦး။ အစိုးရဟာ အခွန်ဆောင်တဲ့ ကုမ္ပဏီတွေရဲ့ ပမာဏကို ထုတ်ဖော်ကြေညာခြင်း မရှိတာဟာ အဓိပ္ပာယ် မရှိပါဘူး။ တခြားမကြည့်ပါနဲ့ Father Land နဲ့ ဒေါ်ဝါဝါဝင်းရွှေ အမှုမှာတောင် ဒေါ်ဝါဝါဝင်းရွှေ အဆုံးခံရတဲ့ငွေကို မပြောပလောက်ဘူးလို့ ဆိုတာတောင် ကျပ်သိန်း ၉၀၀ဝ ရှိပါတယ်။ ရန်ကုန်မြို့မှာ နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီတွေဟာ တစ်နှစ် ငါးဘီလျံအထက် အခွန်ကျသင့် နိုင်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီး ၁၀ဝ လောက်ကို ဖိဖိစီးစီးကောက်ရင် တစ်နှစ် ဘီလျံ ၂၀ဝ ကနေ ၅၀ဝ ကြားထဲ အခွန်ရနိုင်ပါတယ်။ စသုံးလုံး၊ အခွန်ဦးစီးဌာနတို့နဲ့ အဖွဲ့ဖွဲ့ပြီး စံနှုန်းသတ်မှတ် လုပ်လိုက်ရင်ကို ဒီအခွန်တွေ ရနိုင်ရဲ့သားနဲ့ ဘာလို့ကျပ်တည်းပြီး ဘဝမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ချွေးနှဲစာကို ညှစ်ထုတ်ယူချင် ရတာလဲ။ ထပ်ပြောပါမယ်။ လျှပ်စစ်မီတာခကို ဈေးသက်သက်သာသာ သုံးစွဲခွင့်ဟာ ကျွန်တော်တို့ ပြည်သူတွေ ရပိုင်ခွင့်ပါ။ ဆောင်သင့် ဆောင်ထိုက်တဲ့ ခရိုနီတွေဆီက အခွန်ကို ပွင့်လင်းမြင်သာမှုမရှိ ဖိဖိစီးစီး အခွန်မစည်းကြပ်ဘဲ လူထုကို ဖိစီးစေတဲ့ ကိစ္စတွေကို ကျွန်တော် ဆန့်ကျင်ပါတယ်။

    ဖိလစ်ပိုင် နိုင်ငံရေးလို သမ္မတတစ်ဆက် ပြောင်းတိုင်း ထထ တရားစွဲတတ်တဲ့ အကျင့်ဆိုး မြန်မာနိုင်ငံမှာ မပေါ်ဖို့အတွက် ညှိနှိုင်းမှုတွေ၊ သတိပေးမှုတွေက တကယ်လိုပါတယ်။ ကျွန်တော်ကတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားချင်သူသာ ဖြစ်ပါတယ်။ ပြဿနာ ဖန်တီးသူတွေ၊ ဖော်ကောင်တွေကို မနှစ်သက်ပါဘူး…

    (၄)

    ကျွန်တော်ကတော့ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်တဲ့ သူသာဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး အနာဂတ်ကို ညှိညှိနှိုင်းနှိုင်း ခရီးဆက်ချင်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ အတ္တ၊ လောဘတွေ၊ မောဟတွေကို မသတ်နိုင်တဲ့ သူတို့အတွက်တော့ ရေးသင့်ရေးထိုက်တာကို ရေးရတော့မယ့်အချိန် ရောက်လာပါလိမ့်မယ်။ (၁၁)ဘီလျံ ကိစ္စက ပမာဏ အတိအကျ မသိရပေမယ့် ကျွန်တော်သတင်း ရနေခဲ့တာ နှစ်နှစ်၊ သုံးနှစ် ရှိပါပြီ။ BIC ကပြောတာက ၂၀၁၂ မေလစာရင်းမှာ Account နံပါတ်နဲ့ နာမည်အတိအကျက သက်ဆိုင်ရာ အစိုးရက စင်ကာပူ ဘဏ်တွေကို မေးမှပဲ သိရမယ့်ကိစ္စ ဖြစ်ပါတယ်။ ရတဲ့အစပေါ်ကနေ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ Journalist ဆိုတာ ‘ရဲ’၊ ‘စုံစမ်းရေးအရာရှိ’၊ ‘ရှေ့နေ’ မဟုတ်ပါဘူး။ မေးခွန်းတွေနဲ့ ပရိသတ် အဖြေထုတ်နိုင်အောင် မေးရတာပဲ ဖြစ်ပါတယ်။ Wikileak လို စနိုးဒင်တို့ ဖော်ကောင်တွေ အတိအကျ ဖော်တာတောင်မှ အမေရိကန်လို အစိုးရတောင် ဟုတ်ပါတယ်၊ မှန်ပါတယ်လို့ မီဒီယာတွေကို ဝန်ခံလို့လား။

    – ဒုဝန်ကြီး လေးသိန်းခွဲ၊ ဝန်ကြီးခြောက်သိန်း၊ သမ္မတ ၁၅ သိန်းရတဲ့ အချိန်မှာ ၁ဝ နှစ်စာ လစာကို နှစ်ရက်တည်း ဈေးဝယ်လိုက်တဲ့ ဝန်ကြီးတစ်ဦးနဲ့ ၁၅ နှစ်စာ လစာကို တစ်နေ့သုံးနိုင်တဲ့ နောက်ထပ် ဝန်ကြီးသား တစ်ဦးက ဘယ်သူပါလဲ။

    – ဘီယာလုပ်ငန်း လုပ်ပိုင်ခွင့် သုံး၊ လေး ခုကို မိသားစု တစ်စုတည်းကို လိုင်စင်ချပေးပြီး လက်ဝါးကြီးအုပ်ခွင့် ပေးထားတာ ဘယ်သူပါလဲ။

    – ဘယ်နိုင်ငံ၊ ဘယ်သမိုင်းမှာမှ နာမည်ကောင်းမရတဲ့ သမဝါယမဌာနကို ငွေကြေးလုပ်ပိုင်ခွင့် အမြောက်အမြား ချပေးခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့ လုပ်ငန်းရှင်ကြီးက ဘယ်သူပါလဲ။

    – ဒေါ်လာ သန်း ၅၀ဝ လောက်တန်တဲ့ အလုံသစ်တောဝင်းနဲ့ သစ်လုပ်ငန်းဝင်းက ဧက ၉ဝ ကို လုပ်ပိုင်ခွင့် ရသွားသူ အမည်က ဘယ်သူပါလဲ။

    – လေဆိပ်သုံးခု လုပ်ပိုင်ခွင့် ချပေးခြင်းရဲ့ Decision Maker က ဘယ်သူပါလဲ။

    တကယ်ကျတော့ ခရိုနီကြီးတွေ၊ အဂတိတရားရှိတဲ့ တာဝန်ရှိသူတွေက အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို သေသေချာချာ လေ့လာကြည့်ဖို့ လိုပါတယ်။ အဲဒီဥပဒေ တစ်ခုတည်းနဲ့တင် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားနိုင်ပါတယ်။

    မြန်မာနိုင်ငံမှာ ဝီကီလိခ်က ဂျူလီယန်အဆန်(ဂ်)တို့၊ စနိုးဒင်တို့ မကြာခင် ပေါ်လာကျတော့မယ်လို့ ထင်ပါတယ်။

    ဖိလစ်ပိုင် နိုင်ငံရေးလို သမ္မတတစ်ဆက် ပြောင်းတိုင်း ထထ တရားစွဲတတ်တဲ့ အကျင့်ဆိုး မြန်မာနိုင်ငံမှာ မပေါ်ဖို့အတွက် ညှိနှိုင်းမှုတွေ၊ သတိပေးမှုတွေက တကယ်လိုပါတယ်။ ကျွန်တော်ကတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားချင်သူသာ ဖြစ်ပါတယ်။ ပြဿနာ ဖန်တီးသူတွေ၊ ဖော်ကောင်တွေကို မနှစ်သက်ပါဘူး။

    နောက်တစ်ပတ်မှာတော့ တိုင်းပြည်ကို ချောက်ထဲဆွဲချနေတဲ့ တတိယနိုင်ငံရေး အင်အားစုလို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာ လောကမှာ ခြေရှုပ်နေတဲ့ နိုင်ငံရေး အကျိုးဆောင်ယောင်ယောင်၊ ယောင်တော်ပြန် အခွင့်အရေးသမားတွေ အုပ်စုဖွဲ့ပြီး ခြေရှုပ်လာနေတာကို ရေးပါဦးမယ်။

    ဒေါက်တာသန်းထွဋ်အောင် (Eleven Media Group)

    ပိုစ့်တင်ပြီးသားပါ။မဖတ်မိမှာစိုးလို့ပါ။

    • Foreign Resident

      November 5, 2013 at 7:58 pm

      ၁ ။
      ” အဘရေ ဒေါ်စုက ဒီကိစ္စနဲ့ပါတ်သတ်ပြီး ပြောသွားတာလေး
      ကျတော် သဘောကျတယ် ”

      အဘ လည်း ဒေါ်စု ပြောသွားတာလေး သဘောကျပါတယ် ။
      ဒေါ်စု က မီတာခ တိုး မကောက်သင့်ဘူးလို့ မပြောခဲ့ပါဘူး ။
      မီတာခ တိုး ကောက်မယ် ဆိုရင် ၊ နဲနဲ ကြိုပြောဖို့ နှင့် ၊
      ဒီထက်ပိုပြီး သေသေချာချာ ရှင်းပြသင့်တယ်လို့ ပြောသွားတာလေ ။
      မီတာခ တိုး မကောက်သင့်ဘူးလို့ မပြောခဲ့ပါဘူး ။

      ၂ ။
      ” အဘသိတာတွေနဲ့ဘယ်နေရာမှာဘယ်လိုကွာသလဲတော့
      မပြောတော့ပါဘူးအဘရေ ”
      ဒေါက်တာသန်းထွဋ်အောင် ရဲ့ ဆောင်းပါးလဲ ဖတ်ပြီးသားပါ ။

      သူက ခရိုနီတွေဆီက အခွန်ကောက်ပြီး ၊ မီတာခ အရှုံး ကို ကာပြစ်ဖို့ ၊
      မီတာခ တိုး မကောက်သင့်ဘူးလို့ ၊ သူ့ အထင် ကိုပြောတာလေ ။

      ခရိုနီတွေ အခွန် မဆောင်တာ ရာဇဝတ်မှုဘဲ ။
      အခွန် ဦးစီးဋ္ဌာန က ကိုင်တွယ် ရမယ့် ကိစ္စ ဘဲ ။
      ဒါပေမယ့် ၊ အဲဒါ အဘ Post နှင့် ဘာမှ မဆိုင်ဘူး ။

      ဒေါက်တာ သန်းထွဋ်အောင် က ၊ သူ့ဂျာနယ် ရောင်းရအောင် ၊
      လူများကြိုက် / လူပိန်းကြိုက် ပေါ်လစီတွေဖက်က ရပ်တည်ရေးလေ့ ရှိတယ် ။
      ( ကုလား ရခိုင် ကိစ္စမှာ အလဲဗင်း ဘက်လိုက်တာတွေ တွေ့ခဲ့ရတယ် )

      အဘ ကတော့ လူကြိုက်များဖို့ အတွက် ရေးစရာ မလိုတဲ့အတွက် ၊
      အဘ မှန်တယ် ထင်တဲ့ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခွင့် ရှိတယ် ။

      အဘ ကတော့ ရှင်းရှင်းဘဲ ၊ လျှပ်စစ် ကို ၊ ပုဂ္ဂလိက ပေးပြစ်လိုက် ။
      ကြိုက်သလောက် သုံး ၊ ကျသလောက်ရှင်း စံနစ် ဘဲ သဘောကျတယ် ။
      ( အရေးပေါ် အထူး အခြေအနေ ကလွဲရင် ) အစိုးရ က အရှုံးခံ ဝင်စိုက်ပေးတာ မကြိုက်ဘူး ။

      ( အစိုးရ က အရှုံးခံ ဝင်စိုက်ပေးရတဲ့ Idea က ဆိုရှယ်လစ် / ကွန်မြူနစ် Idea ကြီး ။
      အဲဒီ ဆိုရှယ်လစ် / ကွန်မြူနစ် Idea ကြီးကို နှစ်ပေါင်း ၆ဝ ကျော် ခံခဲ့ရပြီးပြီ ။
      အဲဒီ မအောင်မြင်နိုင်တဲ့ Idea ကြီးကို အသွေးထဲ အသားထဲကနေပါ မုန်းနေပြီ ။
      အဓိက အချက်ကတော့ ၊ ရေရှည်မှာလဲ ဘယ် အစိုးရကမှ ရေရှည် မစိုက်နိုင်ပါဘူး )

      အဲဒါမှ ၊ ပြည်သူကော / လုပ်ငန်းရှင်ပါ တကယ့်အခြေအနေ အစစ်အမှန် နှင့်တွေ့ပြီး ၊ ကြံ့ခိုင်လာမှာ ။
      ပြည်သူတွေ / လုပ်ငန်းရှင်တွေ အဆင်မပြေနိုင်ရင် ၊ အစိုးရဘက်က အခွန်တွေ လျှော့ပေး လိုက်ပေါ့ ။

      မီတာခ ကိုတော့ အမှန် ပေါက်ဈေးပဲ ထား ၊ မလျှော့ပေး / မစိုက်ပေး နှင့် ။
      ( နို့မို့ရင် တတိုင်းလုံး ၊ တစ်ပြည်လုံး အကုန် စာရင်း အလိမ်တွေ ဖြစ်နေလိမ့်မယ် )
      ( အပေါ်မှာ ကိုရဲစည်လဲ ရေးထားတာပဲ ၊ တရုတ်ပြည်မှာ တစ်ယူနစ် ၃၉ရ ကျပ်တဲ့ )

      အဘ က တော့ ရှင်းရှင်းဘဲ ၊ အမှန်တရား ( ပေါက်ဈေး အမှန် ) ကိုဘဲ ကြိုက်တယ် ။
      Truth, The Whole Truth & Nothing But The Truth ပဲ ။

      • ဝင့်ပြုံးမြင့်

        November 6, 2013 at 11:37 pm

        I can’t live a lie, running for my life တဲ့ ။ Miley Cyrus ရဲ့ Wrecking ball သီချင်းစာသားလေး သွားသတီရလို့။

  • Khant Khant

    November 6, 2013 at 10:06 am

    ဟုတ်တယ်အဘရေ ကျတော်ကလည်းပေါက်ဈေး
    အမှန်ကိုပဲပေးချင်တာ။တကယ်စိုက်ထုတ်လိုက်ရတဲ့
    တန်ဖိုးအတိုင်း (အမြတ်တောင်နဲနဲဆောင်းပေးချင်သေး)
    ပေးချင်တယ်။ဒီတော့
    ဘယ်လောက် အမှန်တကယ်ရင်နှီးလိုက်ရသလဲဆိုတာကို
    အမှန်အကန် တွက်ကြည့်သင့်တယ်။
    အပေါ်မှာလဲ ရင်းနှီးတာနဲ့ပါတ်သတ်ပြီးမန့်ပြီးသားပါ။လုပ်ပြီးသားကိုမန့်ထားတာပါ။
    နောက်မြန်မာနဲ့နိုင်ငံတကာကိုအမြဲပုံစံချချနေတာ ခရိုနီအားပေး
    လုပ်ရပ်တွေပါ။ မြန်မာကို နိုင်ငံတကာနဲ့တန်းတူဖြစ်စေချင်ရင်
    မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့အခြေအနေတွေနဲ့သွားရမှာပါ။
    ဒုတိယကမ္ဘာစစ်အပြီးဂျပန်တွေ ကုန်းရုန်းပြီးပြန်ထနိုင်တာ ဂျပန့်
    နည်း ဂျပန့်ဟန် ဂျပန့်အခြေအနေ နဲ့ပါ။
    မြန်မာကိုနိုင်ငံတကာနဲ့နိုင်းရမဲ့ကိစ္စတိုင်း ခရိုနီတွေပဲ ပွပေါက်တိုးတိုးသွားတာကိုပဲတွေ့တွေ့ရတယ်။
    ခုမီတာကိစ္စမှာလဲ ဝိုင်းဝန်းအဖြေရှာ ပြီးမှ လုပ်သင့်တာပါ။
    ဟိုတခါက အင်တာနက်သုံးခတိုးကောက်မယ်ဆိုပြီးကြိုတင်ကြေငြာခဲ့လို့
    ခရိုနီတွေ အကြံအထမမြောက်လိုပ်ဘူး။
    ခုလဲမတိုးသင့်လို့ ဒေါ်စုက ချင့်ချိန်ပြီးကြိုတင်ကြေငြာ သင့်တယ်ဆိုပြီးပြောတာပါ။
    နောက် ဆောင်းပါးရှင် ကိုလည်းတစိုက်မတ်မတ် ကျတော်အား
    မပေးပါဘူး။ထို့အတူ ဒေါ်စု ကိုလည်း နေရာတိုင်း မထောက်ခံ
    ပါဘူး။အဲသလိုပဲဘယ်သူ့ကိုမှ နေရာတိုင်း ထောက်ခံလေ့မရှိပါဘူး။
    ဒါပေမဲ့
    ဒီဆောင်းပါးနဲ့ပါတ်သတ်လို့မြန်မာပြည်သူတွေသိသင့်တာသိ
    လိုက်ရတယ်။မအအောင်မျက်စိကိုပွင့်စေတယ်။မီတာခတိုးကောက်ခြင်းကို ရှောင်ရှားပြီးတဖက်ကနေဘယ်လိုလုပ်ရင်အဆင်ပြေ
    နိုင်မလဲ။ပြည်သူတွေဘယ်လိုသက်သာနိုင်မလဲ စဉ်းစားပေးတဲ့
    နည်းလမ်းမို့ အဘရဲ့ပိုစ့်နဲ့မဆိုင်ဘူးပြောလို့မရဘူး။
    နောက် အဘက အစိုးရကစိုက်တာမလိုဘူး ဆိုတဲ့နည်းကတော့ ကျတော်သဘောမကျဘူး။
    ဒုက္ခသည်စခန်းမှာ အလှုမပေးပဲ စီးပွားရှာချင်တဲ့လူတန်းစားလို
    ဖြစ်နေတယ်။တကယ်တော့မြန်မာပြည်ကြီးဟာ ဒုက္ခသည်စခန်း
    ကြီးတခုလို တိုင်ပြည်အခြေအနေကိုအဘမသိတာဟာ တော်
    တော်ကြီးကို ဆိုးလှပါတယ်။
    ခုချိန်ဟာ တိုင်းပြည်ထူထောင်ရမဲ့အချိန် ပြန်ရုန်းထရမဲ့အချိန်ပါ။
    မီတာခကပြသနာဆိုရင် ဝိုင်းဝန်းအဖြေရှာပြီး ရလာတဲ့လုပ်သင့်
    တဲ့ ဟာကိုရဲရဲလုပ်ရမှာပါ။
    မီတာခ ဆိုတာကို မီတာခ လို့ပဲမြင်နေရင် အတွေးတိမ်လွန်း
    ပါတယ်အဘရေ။

  • we R one

    November 6, 2013 at 5:40 pm

    မီတာခ ကျစေချင်တဲ့ ထဲမှာ ကျွန်မက ထိပ်ဆုံးကပါတယ်…။ မီတာခ မကျရင် အာ့မီတာကို အကြောင်းပြ ပြီး အဆောင် ခ တွေ တက်တော့မှာ…။ ဗြဲ……

  • kai

    November 7, 2013 at 12:29 am

    မြန်မာပြည်ကမြို့တွေ.. Bloom Energy ဝယ်သုံးကြည့်ဖို့ကောင်းတယ်..
    =
    Bloom Energy Server – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Bloom_Energy_Server‎
    The Bloom Energy Server (the Bloom Box) is a solid oxide fuel cell (SOFC) made … been deployed in California for corporations including eBay, Google and Wal-Mart. …. The CEO of eBay says Bloom Energy Servers have saved the company …
    ====
    Technology – ‎Bloom Energy – ‎Costs – ‎Installations
    The Future Of Energy? Bloom Energy Boxes Already Power Google …
    techcrunch.com/2010/02/22/bloom-energy-boxes/‎
    by MG Siegler – in 1,586,101 Google+ circles
    Feb 21, 2010 – Bloom Energy Boxes Already Power Google, eBay, Others … is not only real, it’s already being tested by companies such as Google and eBay.
    ===
    Bloom Energy Powers eBay’s Utah Data Center – YouTube
    ► 2:50► 2:50
    http://www.youtube.com/watch?v=TcRyUmxeyt8‎
    Sep 26, 2013 – Uploaded by Bloom Energy
    Bloom Energy Powers eBay’s Data Center in South Jordan, Utah – first data center to be powered primarily …
    ===
    eBay, Walmart, Google Among First to Hop on the ‘Bloom Box …
    http://www.greenbiz.com/…/ebay-walmart-google-among-early-adopters-fuel-…‎
    Feb 25, 2010 – At a much-buzzed event yesterday on eBay’s campus, Bloom Energy unveiled its Energy Server, fuel cell generators that could change the …

  • lele kyi

    November 7, 2013 at 7:20 pm

    မီတာခတက်တာကို လက်ခံပါတယ်။ အကျိုးအမြတ်မရှိပဲ တော်တော်များများကအလှူကြီးမပေးတတ်တာသဘာဝပဲလေ။ စားသုံးသူဘက်ကပြောရင်ရင်..ကျမတို့ မီးအားမြင့်စက်တွေအပိုမဝယ်ချင်ဘူး။ဘက်ထရီတွေ.အင်ဗာတွေနဲ့ရှုပ်ယှက်ခတ်မနေချင်ဘူး။ အီလက်ထရောနစ်ပစ်စည်းတွေခဏခဏမပျက်ချင်ဘူး။ UPS ကြားခံမပါပဲ computer သုံးချင်တယ်။ ဗို့အားကျလိုက်တက်လိုက် မဖြစ်ချင်ဘူး။ အဲ့ဒီဝန်ဆောင်မှုတွေပေးဖို့ မစဉ်းပဲ ပိုက်ဆံရဖို့ပဲစဉ်းစားတာမကြိုက်။ တစ်ဖက်တည်းကနေစဉ်းစားပြီးထောက်ခြံ့ပီးအတည်ပြုနေသလိုပါပဲ။

  • KZ

    November 8, 2013 at 1:01 pm

    https://www.facebook.com/photo.php?fbid=582229585158954&set=a.543669262348320.1073741828.543667605681819&type=1&theater

    ရီ ရလွန်းလို့ ဖတ်စေချင်တာ။
    ခု စစ်အစိုးရက သေနတ်နဲ့ မအုပ်ချုပ်တော့ဘူးးးး လူရွှင်တော်အစိုးရ က ပျက်လုံးတွေနဲ့ မရိုးရအောင်ပြောနေတာ။
    ဟေးဟေးဟေးးး

    :mrgreen:

  • ဦး ဂျစ်

    November 10, 2013 at 2:32 pm

    ရခိုင်ပြည်နယ် အနှံ့မှာတော့ မီတာခ ငါးရာ (၅၀ဝ ) နီးပါး ပေးဆောင်နေကြရပါတယ် ။
    ကျောက်ဖြူမြို့ မှာတော့ မီတာခ သက်သာနေပါပြီ ကြားရပါတယ် ။
    အရမ်းပူလွန်းတဲ့ နွေရာသီကာလာမှာ အဲကွန်း ( ငါးမူး ) သုံးမိလို့ တစ်လကို တစ်သိန်းကျော်
    ပေးဆောင်ရပါတယ် ။ လျှပ်စစ်မီးနဲ့ ထမင်း မချက်ပါ ၊ ရေနွေးမတည်ပါ ၊ အဝတ်လျှော်စက်
    မသုံးပါ ၊ ( ပျက်နေလိုု့ ) ၊ လျှပ်စစ်မီးပူ မတိုးပါ ၊
    အဲကွန်းကလဲ အိပ်တော့မဲ့အချိန် ၃ နာရီလောက်ပဲ ဖွင့်တာပါ ။ 😥

Leave a Reply