==================

တစ်ခါတုန်းက တံငါသည်တစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်ပင်တစ်ပင်အောက်မှာ အေးအေးဆေးဆေး လှဲနေရင်း ဆေးလိပ်တစ်လိပ်ကို ဇိမ်နဲ့သောက်နေတယ် ။
အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဋ္ဌေးကြီးတစ်ဦးရောက်လာပြီး …

“ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ အရိပ်အောက်မှာ ဆေးလိပ်သောက်နေသလဲ”
– လို့မေးပါတယ်။

အဲဒီတော့ တံငါသည်က –

“ဒီနေ့အဖို့တော့ ငါးတွေလုံလုံလောက်လောက်ဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း”
– ပြန်ပြောတယ် ။

သူဋ္ဌေးကြီးဟာ တံငါသည်အပေါ် အားမလိုအားမရ ဖြစ်သွားသလို ဒေါသလည်းထွက်သွားခဲ့ပါတယ်။
သူဋ္ဌေးကြီးက…

“ ဘာကြောင့်နောက်ထပ်ငါးတွေဆက်မဖမ်းပဲနဲ့ အရိပ်ထဲမှာ မင်းရဲ့အချိန်တွေကို ဖြုန်းရတာလဲ ”
– လို့ မေးလိုက်ပါတယ်။

တံငါသည် ကပြန်မေးလိုက်တာက

“ကျနော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”

သူဋ္ဌေးကြီးက

“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ။ အဲဒီအခါ မင်း ငါးဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
– လို့ဂရုဏာဒေါဒေါနဲ့ ပြောလိုက်ပါတယ်။

တံငါသည်က ဆက်မေးတယ်။

“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

သူဋ္ဌေးကြီးက “အ ရန်ကော” ဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်ပါတယ်။

“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့။ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”

တငါသည်က –

“ ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

သူဋ္ဌေးကြီးက –

“ ငွေတွေထပ်ရလာတဲ့အခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ။့ ပြီးတော့ ငါးဖမ်းလုပ်သားတွေ ငှားမယ်။ ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”

တံငါသည်က –

“ ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

“ အဲဒီအခါ မင်းလည်း ငါ့လို လုပ်ငန်းရှင်သူဋ္ဌေးကြီး ဖြစ်လာမှာပေါ့ ”

“သူဋ္ဌေးကြီး ဖြစ်လာတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

သူဋ္ဌေးကြီးက “တော်တော် အတဲ့အကောင်ပါလား” ဆိုတဲ့ အတွေးနဲ့ပြောလိုက်ပါတယ်။

“ ဟ .. အဲဒီအခါ မင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဇိမ်နဲ့နေလို့ရပြီပေါ့ကွ ”

တံငါသည် ပြန်ပြောလိုက်တာက…

“ အခုရော …ကျနော် ဘာလုပ်နေတယ်လို့ ထင်လဲ”

_______________________________________________
ရည်ညွှန်း ။ ။
Chicken Soup for the Soul မှ

About မဟာရာဇာ အံစာတံုး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။