အခုရော ဘာလုပ်နေတယ်လို့ ထင်လဲ…?

==================

တစ်ခါတုန်းက တံငါသည်တစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်ပင်တစ်ပင်အောက်မှာ အေးအေးဆေးဆေး လှဲနေရင်း ဆေးလိပ်တစ်လိပ်ကို ဇိမ်နဲ့သောက်နေတယ် ။
အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဋ္ဌေးကြီးတစ်ဦးရောက်လာပြီး …

“ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ အရိပ်အောက်မှာ ဆေးလိပ်သောက်နေသလဲ”
– လို့မေးပါတယ်။

အဲဒီတော့ တံငါသည်က –

“ဒီနေ့အဖို့တော့ ငါးတွေလုံလုံလောက်လောက်ဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း”
– ပြန်ပြောတယ် ။

သူဋ္ဌေးကြီးဟာ တံငါသည်အပေါ် အားမလိုအားမရ ဖြစ်သွားသလို ဒေါသလည်းထွက်သွားခဲ့ပါတယ်။
သူဋ္ဌေးကြီးက…

“ ဘာကြောင့်နောက်ထပ်ငါးတွေဆက်မဖမ်းပဲနဲ့ အရိပ်ထဲမှာ မင်းရဲ့အချိန်တွေကို ဖြုန်းရတာလဲ ”
– လို့ မေးလိုက်ပါတယ်။

တံငါသည် ကပြန်မေးလိုက်တာက

“ကျနော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”

သူဋ္ဌေးကြီးက

“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ။ အဲဒီအခါ မင်း ငါးဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
– လို့ဂရုဏာဒေါဒေါနဲ့ ပြောလိုက်ပါတယ်။

တံငါသည်က ဆက်မေးတယ်။

“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

သူဋ္ဌေးကြီးက “အ ရန်ကော” ဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်ပါတယ်။

“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့။ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”

တငါသည်က –

“ ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

သူဋ္ဌေးကြီးက –

“ ငွေတွေထပ်ရလာတဲ့အခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ။့ ပြီးတော့ ငါးဖမ်းလုပ်သားတွေ ငှားမယ်။ ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”

တံငါသည်က –

“ ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

“ အဲဒီအခါ မင်းလည်း ငါ့လို လုပ်ငန်းရှင်သူဋ္ဌေးကြီး ဖြစ်လာမှာပေါ့ ”

“သူဋ္ဌေးကြီး ဖြစ်လာတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”

သူဋ္ဌေးကြီးက “တော်တော် အတဲ့အကောင်ပါလား” ဆိုတဲ့ အတွေးနဲ့ပြောလိုက်ပါတယ်။

“ ဟ .. အဲဒီအခါ မင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဇိမ်နဲ့နေလို့ရပြီပေါ့ကွ ”

တံငါသည် ပြန်ပြောလိုက်တာက…

“ အခုရော …ကျနော် ဘာလုပ်နေတယ်လို့ ထင်လဲ”

_______________________________________________
ရည်ညွှန်း ။ ။
Chicken Soup for the Soul မှ

6 comments

  • တညင်သား

    November 3, 2013 at 9:37 am

    ဟိုတနေ့က မှောင်ရီဝိုးတဝါး အချိန် မဲမဲရှည်ရှည်လေး မြင်လို့ ထခုန်မိသေးတယ် ဘေးကပါလာတဲ့အဖော်လဲ တားတားနဲ့အတူ လိုက်ခုန်တယ် သေခြာကြည့်တော့ အကောင်ရှည်လဲမဟုတ်ဘူး..ဘေးဘယ်ညာအတူမှ မရှိလို့ တော်သေး ရှက်လိုက်တာဂျာ…တူက နင်ဒါလေးတောင်မမြင်ဘူးလားတဲ့ နှစ်ယောက်လုံး ထခုန်ကြပြီးမှ တူကမေးရတယ်ရှိသေး ပြီးတော့တူက ညက်မှန်ကြီးနဲ့……:hee:
    ကြုံတုန်းလေးမေးကြည့်တာ အခုရော ခင်ဗျားဘာလုပ်နေလဲ………………………….

  • surmi

    November 3, 2013 at 2:05 pm

    အခုလား ? …
    ​မောင်​အံ ​လျောက်​လည်​​နေသည်​

  • alinsett

    November 3, 2013 at 5:46 pm

    ငါကတော့
    အခု

    comment ရေးနေတယ်

  • Mr. MarGa

    November 3, 2013 at 6:37 pm

    မမြင်ဘူးလား…..
    စာဖတ်နေတယ်ဟေ့…စာဖတ်နေတယ်ဟ

  • kyeemite

    November 4, 2013 at 9:12 am

    “ အခုရော …ကျနော် ဘာလုပ်နေတယ်လို့ ထင်လဲ”
    ဂဇက်ထဲခိုးဝင်နေတယ်ကွ.. 😀

  • TNA

    November 4, 2013 at 8:16 pm

    အခုရောနာဘာလုပ်နေဒလဲ နာလဲ ကေဇီထမင်းဆိုင်ကထွက်လာပီး ညီးဆီမှာဘာမြန်းရမလဲလာကျိနေဒါ။ ညီးရောအခုဘာလုပ်နေလဲ။ :mrgreen:

Leave a Reply