ရွှေမြန်မာတွေ လက်သီးဆုပ်ထားကြ

zaw winNovember 3, 20131min811

– တချောင်းသောလက် အားမရှိပါ
ငါးချောင်းသောလက် ပေါင်းစပ်ပါမှ အားရှိပါ၏
ရွှေမြန်မာတွေ လက်သီးဆုပ်ထားကြ။

– ပြိုင်ဘက်ကိုအနိုင်ယူ တောင့်တင်းတဲ့လက်သီး
ဘာမထီမြန်မာဟာ ကမ္ဘာမှာထိပ်သီး
အနှိမ်ခံ အပစ်ပယ်ခံ
တနေ့ကျရင် ဒင်းတို့ကို အနိုင်ယူမဲ့ ငါတို့ရဲ့လက်သီး။
– ငါတို့ချင်း မညီညွတ်လို့ သွေးကွဲနေကြတဲ့အခါ
ဒင်းတို့ရဲ့မြေမှာ
ရွာဇနပုဒ်မှ ကျောက်စိမ်းမြို့တော်
ဖွံ့ဖြိုးဆဲနိုင်ငံမှ ချမ်းသာတဲ့နိုင်ငံ
ငါတို့ကိုမှီပြီး ဂုတ်သွေးစုပ်ကြ
နွားကွဲရင် ကျားကိုက်တဲ့ဥပမာ
ရင်နာတဲ့အဖြစ်ဆိုးများ
ပြည်တွင်းစစ်ပြေးဒုက္ခသည်များ
– ပေါင်းစည်းပါ
နားလည်မှုပေး လိုက်လျောပါ
ညီညွတ်သွေးစည်းကြပါ
လက်ချောင်းလေးတွေ ပေါင်းစုလို့
လက်သီးဆုပ်ပြီး အားမာန်ပြပါ
ဒါဟာ ကမ္ဘာမှာ မြန်မာဟေ့လို့
ခေါင်းမော့ကာ စွမ်းရည်ပြပါ။

မင်းသုတ
15း00 P.M.
2.11.2013

One comment

  • alinsett

    November 3, 2013 at 9:40 pm

    မင်းသုတ ရဲ ့ကဗျာတွေ ကို.. စောင့်မျှော် ဖတ်ရှုလျက်ပါ… ကိုဇော်ဝင်း

    :kwi:

Leave a Reply