​မှော်​ဝင်​​နေတဲ့မြို့

naywoon niNovember 3, 20131min1014

အဲဒိမြို့က
တစ်​ခြားမြို့​တွေနဲ့
လုံးဝကို မတူတဲ့မြို့ဖြစ်​တယ်​,…..
မြို့က ကိုယ်​ချင်​းစာတရားကို ဝါးမြိုလိုက်​​တော့
ကိုယ်​ချင်​းစာတရားကလည်​း အားကျမခံ
စည်​းကမ်​းကို ပီ​ကေလိုဝါးပြီး
အယူသည်​းမှု​တွေနဲ့ ဟန်​​ဆောင်​ခြင်​း​တွေကို
ပြန်​​ထွေးထုတ်​လိုက်​တယ်​ ……..
အဲဒိ​နေ့ကစပြီး
မြို့ဟာ …….
​မှော်​ဝင်​သွား​တော့တာပါပဲ
စည်​ပင်​က အမှိုက်​လာမသိမ်​းတာနဲ့ပဲ
ကိုယ်​့အမှိုက်​ကိုယ်​ မီးရှို့ဖျက်​ဆီးရပါတယ်​ဆိုတဲ့
ဆင်​​ခြေလိုပါပဲ ……..
စည်​းကမ်​းမဲ့ချင်​တာနဲ့ပဲ
ဓ​လေ့ ထုံးစံ ဆိုတာနဲ့ အကာအကွယ်​ယူထားပြီး
အသံချဲ ့စက်​ကိုမီးကုန်​ယမ်​းကုန်​ဖွင်​့ပြီး
မိုးလင်​းကတည်​းက မြို့ဟာ သက်​ဝင်​လှုပ်​ရှား​နေ​ပေါ့,…….
မိုးလင်​းကတည်​းက အသံချဲ့စက်​ဟာ
မိုးစုန်​းစုန်​းချုပ်​တဲ့အထိမနားနိုင်​ရှာ​သေးဘူး……..
မြို့ရဲ့တစ်​​နေရာမဟုတ်​ တစ်​​နေရာ
အလှူခံ မင်္ဂလာ​ဆောင်​နဲ့ ထီသည်​ကစပြီး
ကြွက်​​ဆေး​ရောင်​းတဲ့သူအဆုံး
အသံချဲ ့စက်​ဟာပါရင်​ မပြီး​တော့ဘူး
(အရပ်​​လေးကိုမှအားမနာ)
ဒါတင်​ပဲလား …..မဟုတ်​​သေးဘူး
ဖုန်​း​ပြောတဲ့သူ​တွေများလာပြီး
လူ​တွေကိုယ်​တိုင်​ကိုယ်​က
အသံချဲ ့စက်​​တွေဖြစ်​လို့
အသံ​တွေကျယ်​လာပြီး
အလုပ်​ကျ​တော့သိပ်​မဟုတ်​ချင်​ကြ​တော့ဘူး
​ပြောင်​းလဲလာပြီ……​ပြောင်​းလဲလာပြီတဲ့
အသံ​တွေကို ညံ လို့
ငါတို့​အော်က်​က အ​ခြေခံ အုတ်​မြစ်​ကိုကျ​တော့
ဘယ်​သူမှမတူးဆွရဲကြပါလား………
​အော်​,…….
​မှော်​ဝင်​​နေတဲ့မြို့မှာ
အားလုံး ​နေသာကျ ​ခေါက်​ရိုးကျိုး​နေကြရှာပြီ​လေ,………

​နေဝန်​းနီ

4 comments

  • alinsett

    November 4, 2013 at 7:39 am

    ကျွန်တော် အခု
    အဲဒီ မြို့ထဲ ရောက်နေတယ်

    :kwi:

    အဘနီရဲံ ့ကဗျာ လေး ပြန်တွေ ့ရတာ ဝမ်းသာလိုက်တာ

  • kyeemite

    November 4, 2013 at 9:03 am

    ဆြာနီ ကဗျာလေးပြန်ဖတ်ရလို့ဝမ်းသာပါတယ်ဗျာ…
    ဟုတ်တယ်ဗျာ..မှော်ဝင်နေတဲ့မြို့မှာ အားလုံးအသားကျနေကြပြီ… :kwi:

  • padonmar

    November 7, 2013 at 12:56 am

    လူတွေကိုယ်တိုင်က အသံချဲ့စက်တွေဖြစ်လို့ ဆိုတာလေး ကြိုက်လိုက်တာ အဘနီရေ၊
    ဘတ်စကားပေါ်မှာ ရှေ့နောက် တကားလုံးကြားအောင် အလ္လာပသလ္လာပ ပြောတဲ့ အသံချဲ့စက်တွေများတွေ့မိရင် သိပ်နားကလောတာပဲ။
    (ပျောက်နေတာကြာတဲ့ အဘနီကို တွေ့ရတာ ဝမ်းသာပါတယ်။)

  • ခင် ခ

    September 14, 2014 at 2:57 am

    အဲဒီခေါက်ရိုးတွေကို ပြင်စေချင်တယ်
    ဒါပေမယ့် ဘယ်ကစပြင်ရမှန်း မသိလေတော့လဲ
    အရင်ကျိုးပြီးသားခေါက်ရိုးအတိုင်းဘဲဆက်ထားနေရတာပေါ့
    သိပ်တော့ဟန်လှတယ်မဟုတ်ဘူးဗျ

Leave a Reply