အာဝါဒေး ဆိုတာ ဘာကိုဆိုလိုမှန်း အတိ အကျ မသိပေ မဲ့၊ ကျွန်တော့ စိတ်ထင် ပြောရရင် ပျော်ပွဲ ရွှင်ပွဲ ဘန်းပြ ပြီး လောင်းကစား လုပ် အကောက် ကောက်ကြတယ် ထင် တာဘဲဗျာ ။ (အာဝါဒေး ဘာလဲ သိရင် လဲပြောပြ ကြပါ ဦး)

အဲ ..ကျွန်တော့ ဘဝ မှာ အဲဒီ အာဝါဒေး ဆို တာကြီး ကို တေ့တေ့ ဆိုင်ဆိုင် ကြုံခဲ့ တာကိုပြန်ဖောက်သည် ချမလို့ဗျ ။ ကျွန်တော် လောင်းကစား သ မားတော့မဟုတ်ပါ ဘူး။ အသစ် အဆန်းဆို စမ်းကြည့်ချင်ရုံပါ ဗျ။

 

ကျွန်တော် ငယ်ငယ်ထဲ က အဲဒီ အာဝါဒေး ကြီး ကိုသူများ တွေပြောပြော နေတာ ကြားဘူး နေတာ ။ တစ်ခါမှ တော့ ခုလို မကြုံ ဘူး ဘူးပေါ့ဗျာ ။ သူများ တွေ ပြောရင် ပါးစပ် အဟောင်း သားလေးနဲ့ နားထောင် (ကိုယ်မှ မသိတာ ကိုး)၊ ကြာလာ တော့ ဒီလောက် ဖြစ်တဲ့ အာဝါဒေး တွေ့ လို့ကတော့ အပြတ် နွှဲပြစ်မ ဟဲ့လို့ ကြိမ်းဝါးထား တာကြာပေါ့ ။ ကြိမ်း သာထားတာ တော်တော် ကြာတဲ့ အထိ မကြုံရပေါင်။ ရန်ကုန် မှာဆိုတော့ ရေကျော် ၊ လမ်းမတော်၊ စမ်းချောင်း၊ လှိုင်၊ ကျိုက်ဝိုင်း အခါကြီး ရက်ကြီး ပွဲဈေး တွေရှိလို့ လျှောက်လည် လဲမတွေ့ ဘူးပေါင် ဗျာ။ ဘယ် တွေ့ မလဲ၊ ရန်ကုန်လို မြို့ လယ်ခေါင် လူရှေ့ သူရှေ့ လောင်းကစား လုပ်နေရင် ကွိသွား မှာပေါ့ ။ ဟုတ်ဘူးလား ။ ကျွန်တော် ကိုယ်တိုင် ကလဲ နယ်ဖက် အရောက် အပေါက် နည်းတော့ တော်တော် ကြာ တဲ့ အထိ အဲဒီ အာဝါဒေး ကြီးကို မကြုံ တာဘဲဗျို့ ။

 

===================================================================================

 

အဲ. .ကြုံ မဲ့ကြုံတော့ လဲ ရန်ကုန် မှာဘဲဗျ ။  ဘယ်သူ က ဘယ်သူ့ ကို ဘယ်လောက် ပိုင်လို့ ဘယ်လို လုပ်လဲတော့ မသိ ။ အဟုတ် ဗျ၊ ကျိန် မ ပြောပါရစေ နဲ့  ရန်ကုန် မြို့လဲခေါင် မှာ ခုနှစ်ရက် ခုနှစ်လီ အမိန့် ရ အာဝါဒေး ပွဲဗျာ၊ ကဲ ဘာပြော ဦးမလဲ ။ ဒီ က မောင်လဲ အာဝါဒေး ပွဲရှိတယ် ကြားထဲ က ရွစိ ရွစိ ဖြစ်နေတာ အိမ်ကလူ ကြီးတွေတောင် မျက်စိ နောက်လို့ ဆူခံ ရတဲ့အထိဘဲ။

 

ဒီပွဲ အကြောင်း ပြောရင်း နဲ့ ပွဲဈေး တစ်ခုမှာ ကြုံတာလေး တစ်ခု ထည့်ပြောလိုက်ဦးမယ် ။ ကျွန်တော် အစောက ပြောသလို ပွဲဈေး တစ်ကာ့ ပွဲဈေး လျှောက်လည် ရင်း၊ တစ်ခါ သား ပွဲ တစ်ခုမှာ အံစာတုံး ကြိတ်ဝိုင်း လေး တစ်ခုတွေ့ရော ဗျာ။ အမ်မယ် လာထား ကွဆို ပြီးဝင်ထိုး တာပေါ့၊ ဘယ်ရ မလဲ။  ဒီနေ ရာမှာ အံစာဝိုင်း အကြောင်း နဲနဲ အသေးစိပ် ပြောဦး မယ်။ အံစာဝိုင်း ဆိုလို့ သိပ်ထွေထွေထူးထူး တော့ ဟုတ်ဘူး ဗျ၊ နံပါတ် တွေ ရေးထား တဲ့ ပိတ်စ ကိုမြေမှာ ခင်း၊ ကြွေ ပန်းကန်ပြား နဲ့ အဖုံး လေး နဲ့ အံစာ ခေါက် တဲ့သူကတစ် ယောက် အရော် အစားလုပ် သူက တစ်ယောက် အလုပ် ကိုဖြစ် နေတာဘဲ။  အမ်မယ် ..လမ်းဘေး အံစာဝိုင်း ဆိုလို့ လျှော့မတွက်နဲ့၊ ထိုးတဲ့ လူတွေရော ကြည့်သူတွေရော ဝိုင်း ဝိုင်းလည်နေတာ ၊ ဝိုင်းထဲ ရောက်အောင် မနဲ ဝင်ရတယ်ဗျ။ ပထမ တစ်ခေါက် ထိုး၊ ဒိုင်စား ၊ ဒုတိယ တစ်ခေါက်ထိုး ဒိုင်စား နဲ့ သူလိုကိုယ် လို ထိုးနေတဲ့ သူတွေလဲ မွှန်ထူပြီး တင်ထိုး တာကိုး ။ သုံးခေါက်မြောက် ထိုးပြီး လို့ ဒိုင်က အဖုံး ဖွင့်မယ် လဲလုပ် ရော ဘယ် သကောင့်သား ကထအော်တယ် မသိ၊ ရဲ ရဲ လဲဆိုရော အကုန်ဝရုန်း သုန်းကား နဲ့ ပြေတဲ့သူ ကပြေး ၊ ဒိုင်လဲ ထိုးထား တဲ့ ငွေတွေ ကို အဝတ်စ ကြီးနဲ့ လုံး ပြီး လစ်ဖို့ လုပ်ရော ဗျ။    ဗျာ…ကျွန်တော် လား ? ဒိုင် အတင်း လုံးထွေး ပြီး မ ပြေး မဲ့ ပိတ်စ လုံး ကြီး ပေါ် တက် နင်း ထား ပြီး ကျွန်တော့ ပိုက်ဆံ ပြန်တောင်း တာဗျ။ အတွေ့ အကြုံ ရှိလို့ ၊ ရဲ မကြောက် လို့ တော့မဟုတ် ဘူး ဗျို့။ မခံချင် တဲ့စိတ် နဲ့ မိုက်ရူးရဲ ဆန် ပြီး ဇွတ်တွန်း နေတာ ။ ဒိုင် ကလဲ သူ့ အဝတ်စကြီး ကို အတင်း ဆွဲ၊ ကျွန်တော်က ဖယ် မပေးဘဲ တက်နင်း၊ ပိုက်ဆံ ပြန်တောင်း ပြေးတဲ့ သူကပြေး နဲ့ စဉ်းစား သာကြည့် ဗျာ ။ နောက် ဆုံးတော့ လူ တစ်ယောက်က “ဟေ့ရောင် ..သူ့ပိုက်ဆံ ပြန်ပေးလိုက် ” လို့ဝင်ပြောတာ နဲ့ ပိုက်ဆံ ပြန်ရလာတယ် ။ ဝင် ပြော တဲ့ မောင်မင်းကြီး သား ကို ကျေးဇူးတင်လို့ သေချာ ကြည့် တော့ မှလား လား စောစော က ကိုယ့်ဘေး မှာဝင်ထိုး နေတဲ့ သူဗျ။ သူတို့ က တစ်ကျိပ် ထဲ၊ တစ်ညဏ် ထဲ တွေဖြစ် နေတာ၊ စုစု ပေါင်း ခြောက်ယောက် လောက်ရှိမယ် ။  ဘာ ရဲ မှ လဲမတွေ့လိုက် ပေါင် ဗျာ။ ကျွန်တော် ထိုးတဲ့ငွေ ကလဲ ငါးရာပါဗျာ၊ ဟန် ကိုယ့်ဖို့ကောင်း လို့ဘဲလား တော့မသိဘူး ။ ဝိုင်းဆော် ပလော်မတီးလိုက် တာတော့ ကံကောင်း တယ်ဘဲပြောရမယ် ။

 

ကဲ ..ကဲ လိုရင်း ကိုမရောက်ဘဲ ဖြစ်နေတော့ မယ်။ ဒီလိုနဲ့ အာဝါဒေး ပွဲကြီး စရော ဆိုပါတော့ ဗျာ ။ ပထမ တစ်ရက်၊ နှစ်ရက် တော့ ကျွန်တော် လုံးဝ မသွားဘူး ဗျ၊ အိမ် ကလူကြီး တွေက လဲ မျက်ခြေ မပြတ် စောင့်ကြည့် နေတာကိုး ဗျ ။ ပွဲ က ညဘက် ဆိုတော့၊ ညနေ စောင်းတာ နဲ့ ကျွန်တော် အိမ် ကပ်နေပြရတာပေါ့ ။ သုံး ရက်လဲမြောက် ရော စပ်စုချင် တဲ့စိတ် ကဘယ်လိုမှ တားမရဘဲ၊ အာဝါဒေး ပွဲ ကိုရောက်အောင်သွား တော့တာပေါ့ ဗျာ ။ အစော ကပြော သလိုဘဲ ဘယ်သူ့ ခွင့်ပြု ချက်နဲ့ လုပ်တယ် မသိ၊ တစ်သက် နဲ့ တစ်ကိုယ် အဲဒါ မျိုး လဲတစ်ခေါက်မှ မတွေ့ ဘူးပေါင် ဗျာ၊ ရန်ကုန် မြို့ ပေါ်မှာ လောင်းကစား နည်းမျိုးစုံ ကို လူတန်းစား မျိုးစုံ နဲ့ ပေါ်ပေါ် တင်တင် ပျော်ပျော် ရွှင်ရွှင် နွှဲနေတာ ကိုးဗျာ ။ တစ် ချို့လောင်းကစား နည်းများ ဆို တစ်ခါ မှတောင်မတွေ့ ဘူးလို့၊ အတော်ကြာ အောင် စပ်စုပြီး ရပ်ကြည့်နေ မိတယ်။ ဘယ်သူ ထွင် ထားတဲ့ နည်း တွေလဲတော့ မသိဘူးဗျာ၊ အသေးစိပ် တော့ ရေး မပြတော့ ပါဘူး ။ နောက် ဆုံးကျွန်တော် လဲ အံစာ တုံးဆန်ဆန် လိပ် တွေ ၊ ဖားတွေ ငါးတွေ နဲ့ ကစား နေတဲ့ ဝိုင်း မှာ ဝင် လက်တည့်စမ်းလိုက် တာ အိပ်ကပ် ထဲပါ တဲ့ငွေ ရှစ်ထောင် ကုန်ရောဗျာ ။ အတူ သွား တဲ့သူငယ်ချင်း ကတော့ သူ တားရက်နဲ့ သွားကစား ရကောင်းလား ဆိုပြီး ၊ ပြောမဆုံး ဘူးဗျာ။ နောက် တစ်ရက် ကျထပ်သွား သေးတယ်၊ လောင်းကစား ဖို့ တော့မဟုတ် ဘူး၊ အဲဒီနား က  ထမင်းကြော် ဆိုင်နာမည်ကြီးလို့ သွားစားတာ ။ နာမည် ကြီး အဆိုတော် တွေ၊ ရုပ်ရှင် မင်းသား တွေတောင် လာ လာစားတယ် ပြောတာဘဲ ။ ဆိုင် ထဲ မှာလူ များလို့ စားပွဲ ရအောင်တောင် တော်တော်စောင့် လိုက် ရတယ် ။ ကျွန်တော် နဲ့ ကျွန်တော့ သူငယ်ချင်း စား နေတုံး ဆိုင် ထဲကို ထမင်းကြော် စား ဖို့ လူ တစ်ယောက်ဝင်လာ တာကြည့် လိုက်တော့ အာဝါဒေး ပွဲထဲ က လိပ် တွေ၊ ဖား တွေ ဒိုင်ကိုင် တဲ့သူ ဖြစ် နေတယ် ။ ဆိုင် ထဲမှာလဲ လူ အရမ်းများ နေတာ နဲ့ ကျွန်တော်တို့ ဝိုင်းကို လာထိုင် ပါလား လို့ ဖိတ် တော့အားနာ ပါးနာနဲ့ လာထိုင်တယ်။ စားရင်း သောက်ရင်း မိတ်ဖွဲ့ ကြည့်တော့ မှ သူတို့တွေ ရဲ့ ဘဝ ကို တစ်စိပ် တစ်ပိုင်း အနည်းငယ် သိ ခွင့် ရတယ်။ သူတို့ က နယ် တစ်ကာ လှည့်ပြီး ဒီ အလုပ်ဘဲ လုပ်စား ကြတာ ကိုး။ ရရ စားစား၊ အေး ဓားပြ တွေကို ဆက်ကြေး ပေး နဲ့ ဒီလို ဘဲ သံသရာ လည် နေတာ ကို ရင်ဖွင့် ရှာတယ် ။ ကျွန်တော် လဲ သူ့ ထမင်း ကြော် တစ်ပွဲ ကို စေတနာ သန့်သန့် နဲ့ဒါန ပြု လိုက်ပါတယ် ။ သူ့ ဖက်က ရောင်ပြန် ဟပ်တဲ့ စေတနာ ကတော့ စကား လေး တစ်ခွန်း ပါ ဘဲ။

 

 “အကိုလေး ၊ ပွဲဈေး တန်းဘဲ လျှောက်ကြည့်ပါ၊ လာမကစား ပါနဲ့” တဲ့

 

ကျွန်တော် လဲစားသောက် ပြီးတော့ အဲဒီ ဘက်ကိုခြေဦး မလှည့်ဘဲ အိမ်ဘဲ တန်းပြန် ခဲ့တော့တယ် ။

About MAUNG

has written 19 post in this Website..

ကောင်းသော နေ့ပါ ။ melody.mg.melody@gmail.com