*** Man And Life *** လူနဲ့ ဘဝ

ငှက် ငယ်November 4, 20132min1739

 

ကျွန်တော် ဖတ်ဖူး မှတ်ဖူးတဲ့ စာအုပ်တွေကို မှီငြမ်းပြီး

ဒီ ပို့စ်ကို ရေးသားလိုက်တာပါ…။

လိုအပ်တာ ရှိရင်လည်း အကြံပေးစေလိုပါတယ်…။

 

ကျွန်တော် အခု ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တာပါ……..

ကျောင်းလာတက်တာ မဟုတ်ပါဘူး…။

ပထမ စိတ်ကူးသေးတယ်..စာသင်ရင်း အလုပ် လုပ်မယ်လို့ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး…အလုပ်ပဲ လုပ်နေရတယ်..။

အလုပ်လုပ်တာ ပင်ပန်းတာပေါ့…။ ” ပင်ပန်းပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရပါတယ်။

အချိန်ကို တန်ဖိုးထားတတ်တဲ့ အလေ့အကျင့်တွေရပါတယ်..။

လူတစ်ယောက်မှာ စွမ်းအားဆိုတာ ညစ်ထုတ်ရင် ညစ်ထုတ်နိုင်သလို မကုန်မခန်းနိုင်အောင် ရှိတယ်ဆိုတာ အလုပ် လုပ်ရင်းနဲ့မှ ကျွန်တော်သိလာတာ..။

အလုပ်ကြောင်း ကိုယ်ဘယ်လိုလူ ဖြစ်သလဲဆိုတာကို ကိုယ်တိုင်သိလာရတယ်..။

အလုပ်များတယ်ဆိုတာ အလုပ်ရှုပ်တာထက် ပိုကောင်းပါတယ်။ အလုပ်များများလုပ်တတ်တဲ့ အလေ့အကျင့်ကို ဒီနိုင်ငံက ကျွန်တော့်ကို သင်ကြားပေးနေပါတယ်။

အိမ်မှာဆို ကျွန်တော် ဘာမှ လုပ်တဲ့ အကောင်မဟုတ်ဘူး.။

အခုတော့ အလုပ်နဲ့ ပျော်နေတတ်ပြီ…” ကျွန်တော်က One Man, One Life .ပါ..။ နားလည် သလားမသိဘူး..။ ကျွန်တော် တွေးမိသလောက် ပြောပြပါမယ်..။

ကျွန်တော် စဉ်းစားမိတယ်။ လူတော်တော်များများဟာ One Man , One Life (လူတစ်ယောက် ဘဝတစ်ခု ) နဲ့ ကျေနပ်နေတဲ့ လူတွေရှိကြတယ်။

တစ်ချို့ကျော်ကြားတဲ့ လူတွေဟာ One Man, Two Life, Three Life ( လူတစ်ယောက် ဘဝနှစ်ခု ၊ သုံးခု ) နဲ့နေကြတယ်…။

ဥပမာ- ကျွန်တော်တို့လို လူငယ်တွေ သိပ်ကြိုက်တဲ့ အဆိုတော် တစ်ယောက် ပြမယ်..။ စိုင်းစိုင်းခမ်းလှိုုင် ဆိုပါစို့ ။

သူဟာ အဆိုတော်လည်း ဖြစ်တယ်။ တေးရေးသူလည်း ဖြစ်တယ်။ တရုပ်ဆောင်လည်းဖြစ်တယ်။ စာရေးဆရာတစ်ယောက်လည်းဖြစ်တယ်…။

သူရေးတဲ့ ဝတ္တုတွေ ရှိတယ်လေ..။ အဲဆိုသူဟာ ဘယ်လိုလူလဲ …?

သူဟာ One Man, Four Life ( လူတစ်ယောက် ဘဝလေးခု ) ပေါ့..။

လူကတော့ တစ်ယောက်တည်း ဘဝက လေးခုပိုင်တယ်။ အားကျစရာ တကယ်ကောင်းပါတယ်..။

တစ်ခြား စိုင်းစိုင်းထက်သာတဲ့ လူတွေ အများကြီးရှိဦးမှာပါ။ ကျွန်တော်က တွေးတော တာ ဝါသနာပါတယ်..။ နောက်တစ်မျိုးကျွန်တော် စဉ်းစားမိတယ်။

ဘာသာစကားနဲ့ ပတ်သတ်ပြီး စဉ်းစားတာ..။

တစ်ချို့ ဧည့်သည် လမ်းညွန်တွေ ဘာသာစကား လေးမျိုးတတ်တယ်။

ဒီတော့ သူတို့ဟာ One Life , Four Man (ဘဝတစ်ခု လူကလေးယောက်) ဖြစ်နေပြန်တယ်။

ဘဝက တစ်ဘဝတည်း ဒါပေမယ့် လူလေးယောက်စာ အလုပ်လုပ်နိုင်တယ်။ အံ့ဩစရာပဲ…။

ဘာပဲ ပြောပြော ကျွန်တော်က One Life , One Man ပါပဲ..။ ဘဝတစ်ခုကိုပဲ ပိုင်ဆိုင်ပြီး လူတစ်ယောက်စာပဲ အလုပ်လုပ်နိုင်တယ်..။

အဲဒါကြောင်း နိုင်ငံခြားဘာသာစကား တစ်မျိုးမျိုးကို တတ်ကျွမ်းဖို့လိုတယ်ဆိုတာ တွေးမိလာပါတယ်..။

မိမိစကားအပြင် အခြားဘာသာစကားများကို တတ်ကျွမ်းတဲ့ သူတွေဟာ သူများတွေထက် ပေါင်းသင့်ဆက်ဆံရေးမှာကော အရာရာမှာ အသာစီး ရနိုင်တာလေ။

ဟူး………………………..

မြန်မာ စကားကလွဲပြီး ဘာစကားမှ မပြောတတ်တဲ့ ကျွန်တော်ဟာ ဘာမှ အသုံးမကျတဲ့ ကောင်ဖြစ်ခဲ့ရတယ်..။

ကျွန်တော်သာ ထိုင်းစကား ၊ အင်္ဂလိပ်စကား ကောင်းကောင်းတတ်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံမှာ မိတ်ဆွေတွေ အများကြီး တိုးလာနိုင်တယ်.။

ကျွန်တော့်ခံစားချက်တွေကိုပြောပြနိုင်မယ်။ သူတို့တွေဆီက ကောင်းတဲ့ စိတ်ကူးစိတ်သန့်တွေ ကို နှိုက်ယူနိုင်မယ်..။

ကျွန်တော် တစ်ခါတစ်လေ ငိုချင်မိတယ်။ တကယ်ပါ..။ အခုတော့ One Man, One Life / One Life , One Man ဖြစ်နေတဲ့ ကျွန်တောင်ဟာ သူတို့ပြောသမျှကိုပြုံးပြီးနားထောင် ၊ တတ်သလောက် မှတ်သလောက်လေးဝင်ပြော ၊ ခေါင်းတညိတ်ညိတ် နဲ့ပဲ အချိန်ကုန်ခဲ့တယ်။

ဒါပေမယ့် ကျွန်တော် နောက်မကျသေးပါဘူး..။

အခုကျွန်တော့် အသက် ( 22 ) နှစ်ပါ.။ ဒီဇင်ဘာဆို (23 ) ပြည့်ပါပြီ။

ကျွန်တော်လည်း One Man , Two Life / Three Life / Four Life ဖြစ်ချင်တယ် ။ One Life , Two Man / Three Man ဖြစ်ချင်တယ်..။

ဒါမှ လူနှစ်ယောက်စာ သုံးယောက်စာ အလုပ်လုပ်နိုင်မှာပေါ့..။

ကျွန်တော့်မှာ စိတ်ကူးကောင်းတွေ တော့ရှိတယ်..။ ကျွန်တော်မှာ သီချင်းတွေ ရေးထားတာ မနည်းဘူး..။ရေးလိုက် ဖျက်လိုက်နဲ့လေ။

ပြီးတော့ ကဗျာတွေလည်း ရှိတယ်..။ အရှုးကဗျာမျိုးတွေ ပေါက်ကရပေါ့..။

ဝတ္တုတို လည်း နှစ်ပုဒ် ရှိခဲ့ဖူးတယ်..။

ပြီးတော့ အင်္ဂလိပ် ဘာသာလည်း လေ့လာနေတယ်။

ဘာကြောင်းလဲ ဆိုတော့ ကျွန်တော်လည်း One Man, Two life ဖြစ်ချင်လို့ One Life , Two Man ဖြစ်ချင်လို့လေ..။

ဒါမှ လူကတစ်ယောက် ဘဝက နှစ်ခု ။ ဘဝက တစ်ခု လူက နှစ်ယောက် ဖြစ်မှာပေါ့..။

ဘယ်သူမဆို လူလောက ကိုခဏလေး ရောက်လာတယ်လို့ ယူဆရင် ခံယူရင် အလုပ်တွေ အများကြီး လုပ်နိုင်ဖို့ လိုချင်ကြမှာပဲ..။

ကျွန်တော်လည်း လုပ်ချင်တယ်…။ ကျွန်တော့်မှာ …..စွမ်းအားတွေ ရှိတယ်… အတွေးအခေါ်တွေ ရှိတယ်..။

ကျွန်တော် ကြိုးစားမယ်..။

ဒီဆောင်းပါးကို ကျွန်တော်ရေးထားတာ ကြာပါပြီ ။ ကျွန်တော် ထိုင်းကို ရောက်လို့ 5 လ 6 လ အကြာရေးထားတာပါ။

အတိအကျပြောရရင် ( 28 – 3 – 2012 ) ညနေ ရေးထားတာပါ..။

ကျွန်တော် ဖတ်ဖူးသမျှ ဗဟုသုတတွေနဲ့ ကျွန်တော့်ရဲ့ တကယ်ခံစားချက်ကို ပေါင်းပြီး ရေးထားတာပါ…….။ ခေါင်းစဉ်ကို ဘာတပ်ရမလဲ မသိတော့ နောက်ဆုံး Man And Life ( လူနဲ့ဘဝ )ဆို ပြီးတပ်လိုက်တာပါ………………….။

One Man, Four Life / Four Life , One Man ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ………………။

 

ငှက်ငယ်

 

9 comments

  • YUYA MON

    November 4, 2013 at 10:39 pm

    Good Luck……Fighting!!!

  • kyeemite

    November 5, 2013 at 8:40 am

    ငှက်ငယ်ရေ…အင်မတန်ကောင်းတဲ့ အလုပ်ကရတဲ့ ဘဝအတွေ့အကြုံလေးပါ
    ငှက်ငယ်ပြောတာအမှန်ပဲ..“အလုပ်များများလုပ်တတ်တဲ့ အလေ့အကျင့်ကို ဒီနိုင်ငံက ကျွန်တော့်ကို သင်ကြားပေးနေပါတယ်။ ”
    မြန်မာနိုင်ငံကလူငယ်တွေ ငှက်ငယ်လို သာအလုပ်များများလုပ်ကြမယ်ဆို
    မြန်မာပြည်တိုးတက်ဖို့ပိုမြန်လာပါလိမ့်မယ်…အခုတော့ ဒီကလူတွေက ကိုယ့်ကိုကိုယ် ညှာလွန်းနေတယ်..

    ကြုံလို့ တစ်ခုအကြံပေးပါရစေ…စာမျက်နှာရဲ့ ညာဘက်အပေါ်က စည်းမျဉ်းထဲကလို..
    1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

    အဲတော့ ပို့စ်မတင်ခင် Category (တခု) ဥပမာ…Creative Writing,ဆိုတာမျိုးရွေးပြီးမှတင်စေချင်တယ်
    ဒါမှ ပထမစာမျက်နှာမှာပေါ်လာပြီး လူများများတွေ့နိုင်မှာဗျ…. 🙂

    • ငှက် ငယ်

      November 5, 2013 at 8:15 pm

      ကျေးဇူးတင်ပါတယ် အခုမှ မန်ဘာ အသစ်မို့လို့ပါ
      နောက် ပို့စ် တင်ရင်
      သေချာ ဂရုစိုက်ပြီး တင်ပေးပါမယ်..။
      နောက်ထပ် အမှား အယွင်းရှိခဲ့ရင်လည်း အကြံပေးစေချင်ပါတယ်။
      ကျေးဇူးတင်ပါတယ်။

  • KZ

    November 5, 2013 at 9:23 am

    ကျန်းးးးးး
    ဥပမာလေးနဲ့ကို အရမ်းရမ်း ခင်သွားပြီရယ်။

    :chit:

  • inz@ghi

    November 5, 2013 at 8:56 pm

    Fight Club ပြန် ကြည့်ကြည့်ပလား ဟင်င်င်င်…

  • padonmar

    November 5, 2013 at 11:36 pm

    ရေးထားတာ ၁နှစ်တောင် ကျော်ပြီဆိုတော့ ခုလောက်ဆို ထိုင်းစကားလည်း တတ်ရောပေါ့နော်။
    အပြင်က ဘဝက ၁ခု၊အခု ဂဇက်ရွာထဲက ငှက်ငယ်ဘဝက ၁ခု လူ၁ယောက် ဘဝ ၂ခုဖြစ်ပြီပေါ့၊
    ရွာထဲက ငှက်ငယ်ရဲ့ ဘဝအတွေ့အကြုံတွေရေးပြလို့ အခြားသူတွေကို ပျော်စေ၊ဗဟုသုတရစေ၊အသိတရားရစေမယ်ဆိုရင် ငှက်ငယ်ဘဝဟာလည်း တန်ဖိုးရှိတဲ့ ဘဝဖြစ်လာမှာပါ။ကြိုးစားပါနော်။

    • ငှက် ငယ်

      November 6, 2013 at 12:19 pm

      ထိုင်းစကား မပြောတတ်သေးပါဘူး…
      အခုထိ ပြုံးပြနေရတုန်းပါပဲ…..ဟဲဟဲ….
      စိတ်မဝင်စားလို့ ထိုင်းစကား မလေ့လာဖြစ်ပါဘူး…
      ပြုံးပြရတာပဲ ကောင်းပါတယ်…။

  • alinsett

    November 6, 2013 at 6:05 pm

    အတွေးကောင်းလေးတွေ ဆက်တွေးပါဦးနော့
    ဖတ်ချင်သေးတယ်

Leave a Reply