တွေး….

အရိပ္စစ္November 5, 20131min1516
ခေါင်းစဉ်ကြီးကြီးမတပ်ပါနဲ့
တစ်ပွင့်ကျန်လေးလည်း မဟုုတ်ပါဘူး
အလင်းပေးဖူးတဲ့ ကြယ်လေးတစ်စင်းကို
မြတ်နိုးမူ့ ပိုလွန်းရုံလေး
ပိုင်ဆိုင်ချင်တဲ့ အရာတွေထဲမှာ
ကြယ်လေးကိုပဲလား
အဲဒီတုန်းက အခိုက်အတန့်လေးကိုပဲလား
ခုထက်ထိကို  မှူန်ပျပျ..။    ။
 ( ဆရာ လင်္ကာရည်ကျော်၏ တစ်ပွင့်ကျန် စာအုပ်အား  ခံစားရေးဖွဲ့သည် )
                                         အရိပ်စစ်

6 comments

  • ဗုံဗုံ

    November 5, 2013 at 9:07 am

    နင့်ကဂျာကလည်း တိုလိုက်တာ..မယ်နုရယ်
    ခံစားမလို့ရှိသေး..ဆုံးပေါ့..ဟွန်း

    • အရိပ်စစ်

      November 7, 2013 at 7:38 am

      ရေးထားတဲ့ ကဗျာတွေက
      တိုတိုရော ရှည်ရှည်ရော အစုံပဲဟ
      ကဗျာတွေ ကုန်အောင် တင်မလို့ ခိခိ
      ရှည်ရှည်လေးတွေလည်း အများဂျီး ကျန်သေးတယ်ဟ
      လာလိမ့်ဦးမယ် မျှော်….

  • alinsett

    November 6, 2013 at 5:59 pm

    ဟိုလေ

    အလင်းပေးတဲ့ ကြယ်လေး တစ်စင်း ဆိုတာက
    တို ့များလား ဟင်
    ခိခိ
    တို့နာမည်ကလည်း
    အလင်းတွေ နဲ ့ဆက်သွယ်ပေးချင်တဲ့ အဒိတ်ပယ်လေး ဆိုတော့လေ

    တို ့နာမည် နောက်တစ်ခုလည်း ရှိသေးတယ်
    သိလား
    luminary တဲ့
    🙂

    • အရိပ်စစ်

      November 7, 2013 at 7:34 am

      ဒီအလင်းဂျီးကိုတော့ ခုမှ သိတာပဲဟာပဲဟာကို
      ဒီကဗျာလေးက တစ်ပွင့်ကျန်ဝတ္ထုလေး ဖတ်ပီးပီးချင်းရေးထားတာယေ
      ဒီအလင်းဂျီးအတွက် ကဗျာရေးရင်တော့
      စောင်းမြောင်းရေးဝူးး
      တည့်တည့်ရေးမှာ..ခိခိ

  • အရိပ်စစ်

    November 7, 2013 at 7:40 am

    ကျေးကျေးပါ
    ငှက်ငယ်လေးရေ….

Leave a Reply