မီးကျိုးမောင်းပျက် ဖွတ်ချင်း

ムラカミNovember 5, 20131min12410

 

 

ဖွတ်ဟင်းကိုလ

ဇွတ်အတင်းငယ် ဆီပြန်

အတည်ကြံ ချက်မယ့် နှမငယ်

ဘဝရယ် ဆုံးပဇီဦးတော့

အပြုံးတော့ မပျက်ပေါင်

ဘုန်းမောင့်သက်လှယ် မျိုကျရင်ပ

စိုလှမယ့် အူနံရံအတွက်ဆို

 

အိုကွယ် ခန္ဒာကိုယ် စတေးလို့

အသက်ပေး ပွဲတော်တည်စေတော့ကွယ့်

ကျန်စေမယ် ပါးစပ်သမိုင်းမှာပ.

ရာဇွင်ငယ် မရိုင်းစေရဘု

နှိုင်းမရ ကမာ္ဘလွှားမယ့်.

 

ဟောဒိက အမြဲညွှတ်တွားနေတဲ့.

 

ငါဟဲ့. အသည်းနဲ့ဖွတ်ကျားးးးးး

 

 

ဒချိ ဒချိ

 

ကဗျာအမျိုးအစား မီးကျိုးမောင်းပျက် ဖွတ်ချင်း.

စာဆို. ထိပ်တင် မိဂီ

 

 

ငိငိ

 

 

10 comments

  • kyeemite

    November 5, 2013 at 1:48 pm

    အော..အော..ရှီး ကို ဖွတ်သားဆီပျံ ချက်ကျွေးမလို့ သေဂျင်းဇိမ်း ကြံနေသပေါ့လေ..
    ဟိုက ကရင်မဆိုတော့ ကြိုက်မှာကျိန်းသေတယ် 😀

  • ဦးကျောက်ခဲ

    November 5, 2013 at 2:10 pm

    ဟဲ ဟဲ ခီညားမှာ မရှိတဲ့အတူတူ ဘေးမဲ့ပေးလိုက်မယ်… လာမညှီနဲ့…
    ဖွတ်ဥက အတော်အရသာရှိတာဗျ… စားချင်လိုက်တာဗျာ… ဟီး ဟီး
    😀

    • sorrow weaver

      November 6, 2013 at 11:35 am

      ဆားနဲ့ပါ..ဖျာ့….အဟိဟိ

      • ဦးကျောက်ခဲ

        November 6, 2013 at 11:48 am

        မောင်ပေါ်ဦး… အခစား နောက်ကျသကွယ်… 😀

  • KZ

    November 5, 2013 at 2:18 pm

    အားလုံးမှားတယ်။
    အဲလာ အနော့ ညီမလေးကို ကြံဖို့ ထွက်လာတဲ့ ဖွတ်ချင်းကြီးးးး
    ဖားချင်းလေးလည်း လုပ်ပါဦးးးးးး

    😀

  • TNA

    November 5, 2013 at 3:02 pm

    ဖွတ်သားတော့စားဘူးအေ ဖားသားပဲစားဒယ်။ ဒါဗြဲ

  • alinsett

    November 6, 2013 at 5:55 pm

    တိန်

    အစန်းဟဲ့
    🙂

    ကဗျာကဝိနာမည်ကလည်း အစန်းပဲ

    ထိပ် ပဲ တင်တာလား
    ကျန်တဲ့နေရာရော မတင်ဘူးလားဟဲ့ မိဂီရဲ့

    :kwi:

  • kai

    November 7, 2013 at 12:17 am

    ညွှတ်တွားလို့ပြောချင်
    ဟောဒီမြေတခွင်မှာ
    ဖွတ်ရယ်လို့ဆိုဦးတော့
    ဇွတ်အတင်းကဗျာမစပ်ချင်ဘု
    ဥတကာနဲ့လှည့်ထောင်း
    မကောင်းတဲ့ မောင်ဖွတ်မောင်။ ။

  • ဦးကြောင်ကြီး

    November 7, 2013 at 10:20 am

    ဖွတ်ကြီးရယ်ဒဲ့ဗျ
    ဖွတ်ကြီး
    ဇွတ်တီးမယ်နဲ့ကွ
    ချွတ်ပြီး
    မွတ်သီးရှယ်ထည့်ပြ
    အွတ်ငြီး
    ဂွတ်ထီးအယ်ဖဲ့ခ
    ပြွတ်သီး..

  • Shee

    November 8, 2013 at 7:46 am

    တိန်​……ငါးရှဉ်​့ ​ခြောက်​စပ်​​ကြော်​​လေးဆို ဟုတ်​တုတ်​တုတ်​….:-P

Leave a Reply