– ခို ………………………..
သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့
ကောင်းကင်ကို ပျံသန်းဖို့ စိတ်ကူးမရှိကြဘူး……………..။

– ခို ………………….
သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့
ဟိုး……………..အမြင့်ကို ပျံသန်းဖို့လည်း
သတ္တိ မမွေးကြဘူး……………….။

– ခို ……………………….
ဓာတ်ကြိုးပေါ်မှာ နား
အိမ်ခေါင်ပေါ်မှာနေ………
သူများ ပေးတာ ၊ ကျွေးတာ စား
အလကား ခို ကောင်တွေ………..။

စာရေးဆရာ တစ်ဦးရဲ့ စာပေဟောပြောပွဲ ထဲကပါ။

အရမ်းကောင်းတဲ့ ကဗျာ တစ်ပုဒ်ပါ…..။

ဒီကဗျာဟာ ကျွန်တော့်ကို လက်ညိုးထိုး ပြောနေတာလား?
လူငယ်တွေကို ပြောနေတာလား……..? မသိဘူး……..။

ကဗျာဆရာက ဒီကနေ့ လူငယ်တွေကို ခို ကောင်တွေ မဖြစ်စေချင်ဘူး ထင်ပါတယ်……။
ငါ့မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ဘာလို့ ကောင်းကင်ကို ပျံတက်ဖို့ ဘာလို့
စိတ်ကူး မရှိတာလဲ………..

ငါ့မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ဘာဖြစ်လို့ ဟိုး ….အမြင့်ကြီးကို ပျံတက်ဖို့ သတ္တိ မမွေးတာလဲ……….
မိဘတွေ ပေးတာ ကမ်းတာ ကိုစား နေတဲ့ အလကား ခိုကောင် တွေလို

ကျွန်တော် ဖြစ်နေပြီလား…………?

ကျွန်တော် အသေအချာ သိလိုက်ရပါပြီ………….

 

ငှက်ငယ်

About ငှက် ငယ်

ငှက် ငယ် has written 7 post in this Website..