လူ ပြိန်း ကြိုက် သ တင်း ( ၁ )

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် Greater Yangon Water Improvement Project အား ODA ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်အစိုးရထံမှ ချေးငွေဂျပန်ယန်းငွေ ၂၃ ဒသမ ၆၈၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၇၄၁ သန်း) ရယူမှာ ဖြစ်ပါကြောင်း၊ အတိုးနှုန်း အနေဖြင့် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းကို ဆိုင်းငံ့ကာလ ၁ဝ နှစ် အပါအဝင် နှစ် ၄ဝ စီမံကိန်းဖြင့် အကျေပြန်လည် ပေးဆပ်ရမည်ဖြစ်ကာ စီမံကိန်း လုပ်ငန်းများအား ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အပြီးပြုလုပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

စီမံကိန်း ပြီးစီးပါက တစ်နေ့ရေဂါလန် သန်း ၄ဝ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ယင်းမှ ဒဂုံမြို့သစ် လေးမြို့နယ်၊ မြို့နယ်အချို့သို့ တစ်နေ့ရေဂါလန် သန်း ၃ဝ နှင့် သီလဝါ စက်မှုများသို့ တစ်နေ့ဂါလန် ၁ဝ သန်း ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း၊ ယင်းမှ ရေဖိုးရေခ ပြန်လည်ရရှိငွေဖြင့် ချေးငွေများအား အတိုးရော အရင်းပါ သတ်မှတ်ကာလအတွင်း ကော်မတီ အနေဖြင့် ပေးဆပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်အား ရေပေးဝေပြီး စီးပွားရေး ရေသုံးခ နှုန်းထားဖြင့် ရေတစ်ဂါလန်လျှင် ၄ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး တစ်နေ့ရေဂါလန် ၁ဝ သန်း ပေးဝေမည်ဖြစ်ပြီး ယင်းမှ ငွေကျပ်သိန်း ၄ဝ ရရှိမည် ဖြစ်သည်။

ယင်းငွေကြေးဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရေစုကန်များ ဆောင်ရွက်ခြင်း၊ လဂွန်းပြင် ရေသန့်စက်ရုံနှင့် ပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်း စသည်တု့ိကို ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းချေးငွေများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရယူမည့် ယန်းသန်း ၄၂၁ နှင့် ညီမျှသော မြန်မာငွေ ၄ ဒသမ ၂၁ဝ ဘီလျံကို ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ရသုံးငွေတွင် ထည့်သွင်းတောင်းခံထားပြီး ချေးငွေရရှိရန်အတွက် JICA နှင့် သဘောတူစာချုပ် ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

3 comments

  • Khant Khant

    November 6, 2013 at 12:49 pm

    ရေနံတော့မဖြစ်နိုင်ဘူး :mrgreen:

    မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ တကိုင်းကျေးရွာ ယာမြေများ၌ ရေနံများထွက်ရှိခြင်းကြောင့် လက်ယက် ရေနံတွင်းများ တူးဖော်လျက်ရှိရာ လက်ရှိအချိန်အထိ ဋ္ဌာနဆိုင်ရာများမှ တာဝန်ယူနေရာချထားမှုမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

    ၎င်းကဲ့သို့ယာမြေများပေါ်၌ ရေနံတူးဖော်ပါက မြေနေရာ (၁၀)ပေ ပတ်လည်လျှင် ယာရှင်ကို မြေခငွေကျပ်(၂သိန်းခွဲ) ပေးရကြောင်းနှင့် စက်ကြီးဖြင့် တူးပါက ငွေကျပ်(၈ သိန်း)ဝန်းကျင်ထိ ပေးရသည်ဟုအဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

    “ရေနံထွက်တယ်ဆိုတော့ သွားတူးတာ။ စက်ဖိုးတွင်းတူးခနဲ့ မြေဖိုးရှုံးပြီး ပြန်လာရတယ်။ တွင်းအောင်တဲ့ သူတွေလည်း ရကြပါတယ်။ အစိုးရကပိတ်မယ်ဆိုပြီး အသံချဲ့စက်နဲ့ လိုက်ကြေငြာတာနဲ့ ဆက်မတူးပဲလန့်ပြီး ပြန်လာတာ။ ဆက်တူးနေတဲ့ သူတွေလည်း ရှိသေးတယ်။ အစိုးရကတော့ မဝင်သေးဘူး။” ဟု မကွေးမြို့နယ်ဘုရားကုန်းကျေးရွာမှ ရေနံတူးဖော်သူ ကိုဝင်းထိန်က ပြောသည်။

    မကွေးတိုင်းဒေကြီး၏ သုံးပုံနှစ်ပုံခန့်တွင် လက်ယက်တွင်းရေနံများထွက်ရှိနေရာ လက်ယက်တွင်းရေနံထွက်ရှိရာ ဒေသများသို့ ရေနံမြေလုပ်ပိုင်ခွင့်များကို နိုင်ငံတော်မှကုမ္ပဏီများသို့ တူးဖော်ခွင့်ပေးထားကြောင်း သိရသည်။

    “အခုလို ယာခင်းတွေမှာ ရေနံထွက်တာက ဘေးနားက နီးစပ်ရာဒေသခံတွေက တစ်နိုင်တစ်ပိုင်တူးတာပါ။ ယာရှင်ကို ပိုက်ဆံ ပေးပြီး လေးငါးဦး စုတူးရတာ။ ငွေကြေးတပ်နိုင်တဲ့သူတွေကလည်း စက်တွေနဲ့ တူးတယ်။ မတတ်နိုင်တဲ့သူတွေကလည်း လက်ယက်တွင်းတွေနဲ့ တူးကြတယ်။ ရေနံပေါက်တော့လည်း မြတ်တာပေါ့။ မထွက်တော့လည်း ရှုံးပြီး ပြန်ကြတာပါပဲ။” ဟု မင်းလှမြို့နယ် တကိုင်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    ၎င်းကဲ့သို့ ယာမြေများ၌ ရေနံတူးဖော်ပါက ငွေကြေးတပ်နိုင်သူများမှာ စက်ကြီးများဖြင့်ငှားရမ်းတူးဖော်လျှင် အနက်ပေ(၇၀၀)ခန့် ကျင်းပေါက်တူးဖေါ်လျှင် ငွေကျပ် သိန်း(၄၀)ခန့်ကုန်ကျပြီး တရုတ်နီစက်ဝယ်၍ လူငှားတူးဖော်ပါက အနက်ပေ(၃၅၀)ခန့် တူး ဖော်နိုင်၍ ငွေကျပ်သိန်း(၂၅)ခန့်ကုန်ကျသည့်အပြင် မိသားစုလိုက်တူးဖော်သော လက်ယက်တွင်းများမှာ အနက်ပေ(၂၀၀)ခန့် သာ တူးဖော်နိုင်ကြောင်း သိရှိရသည်။

    တူးဖော်၍ ရသောရေနံများကို ရေနံထွက်ရှိရာကျေးရွာများနှင့် နီးစပ်ရာမြို့များမှ ကားများဖြင့်လာရောက် ဝယ်ယူလေ့၍ ရေနံ တစ်ပေပါလျှင် ငွေကျပ် (၁ သိန်း) ကျော် ပေါက်ဈေးရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

    “ကျွန်တော်တို့က လက်ယက်တွင်း ရေနံပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ရင် ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် လက်ခံနိုင်ပါတယ်။ အခုလို ဝရုန်းသုန်းကားနဲ့ တူးနေတာမျိုးမဟုတ်ပဲ စနစ်တကျ လုပ်စေချင်ပါတယ်။” ဟု မြစ်ကွေ့ဧရာလူမှုကွန်ယက်မှ အထွေထွေအတွင်းရေးမှုး ဦးအောင်ကျော်ကျော်က ပြောသည်။

    အဆိုပါ လက်ယက်တွင်း ရေနံမြေများတွင် လောင်းကစားဝိုင်းများ၊ အရက်ဝိုင်း၊ ဂျင်ဝိုင်များ ထွန်းကားပြီး ရေနံထွက်ရှိရာ ကျေးရွာများ၌ ကျန်မာရေးစောင့်မှုနှင့် ပညာရေးပိုင်းများတွင်အားနည်းမှုများ ရှိလာသည့်အပြင် ကုပ္ပဏီနှင့် ဒေသဆိုင်ရာ အစိုးရများကြား အဆိုပါလက်ယက်ရေနံတူးဖော်မှုမှရရှိသော အခွန်ငွေများဖြင့် အဆိုပါကျေးရွာများရှိ လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးစေလိုကြောင်း ဒေသခံအရပ်ဖက်လူအဖွဲ့အစည်းများမှ သုံးသပ်ပြောဆိုကြသည်။

  • Khant Khant

    November 6, 2013 at 1:07 pm

    ခရိုနီသုံးမျိ ု း

    ၁။ စီးပွားရေးခရိုနီ

    အာဏာရှိသူနှင့်ကပ်ဖားယပ်ဖားပူးပေါင်းပြီးအခွင့်အရေး
    ရှာစားသူ။

    ၂။ ခရိုစိမ်း

    အာဏာလက်ရှိပြီး အာဏာအားကိုးဖြင့်လုပ်ကိုင်စီးပွားရေး
    လုပ်စားသူ။

    ၃။ နိုင်ငံရေးခရိုနီ

    အာဏာလက်ကိုင်များ၏ တလွဲတချော်လုပ်ရပ်များကို
    ဟုတ်မှန်သယောင်ယောင်တန်ဆာဆင် ချီးမွမ်းကော်ရော်ပြီး
    အခွင့်အရေးရှာစားသောသုခမိန် အပေါစား စုန်းပြူးများ။

    (လူပြိန်းကြိုက် ကာတွန်းထဲကစာသားလေးပါ)

  • alinsett

    November 6, 2013 at 5:48 pm

    ကျွန်တော်
    သိပ်မကြိုက်တဲ့ သတင်းတွေပါလား

    ဟီဟိ

    :kwi:

Leave a Reply