” မဲ့ပြုံး “

ခင္ခNovember 6, 20131min18510

” မဲ့ပြုံး “

 

ပြင်ဖို့သင့်တယ်

ပြောတော့ပြင်မယ်၊

ပြင်ကြရအောင်

ဆွေးနွေးလုပ်တယ်၊

အချိန်မလောက်လို့

နောက်လ ဆုတ်ကွယ်၊

ပြင်ဖို့အရေး

နှောင့်နှေးနိုင်ဖွယ်၊

ဒီလိုနဲ့ဘဲ

၂၀၁၅ ရောက်ပါလိမ့်မယ်၊

ပါးစပ်ကပြောပြီး

လက်ကမမြန်တယ်၊

ဒီနည်းလမ်းတွေ

ရိုးပါပေါ့အစိုးရရယ်၊

 

မဂျာအေးကိုလေဗျာ

သူ့အမေရိုက်ပါလို့

မှောင်မိုက်မှာငို၊

ကိုလူပျိုထရံပေါက်က

ခြေထောက်ကိုဆွဲ တွဲလဲ၊

တွဲလဲရယ်နေပါအုံး

မိုးတောင်ကချုံး မုန်လုံး၊

မုန်လုံးကိုစက္ကူကပ်

ကြာကလပ်နဲ့ဆွမ်းတော်တင်

ပလ္လင်ပေါ်ကမျောက်ကလေး

ဆင်းကာလို့ပြေး ဂျာအေး၊

မဂျာအေးကိုလေဗျာ

သူအမေရိုက်ပါလို့

မှောင်မိုက်မှာငို၊

………………….

…………………..

………………… ဂျာအေး။

 

ငယ်တုန်းကသီချင်း

ဆုံးစမရှိငြီးရင်း

ပြုံးလှမိခြင်း၊

 

ခင်ခ။

10 comments

  • ဦးကျောက်ခဲ

    November 6, 2013 at 1:37 pm

    အခုအထိတော့ လွှတ်တော်နဲ့ အစိုးရ… မုန့်လုံး စက္ကူကပ်နေတုန်း…။
    ငြိမ်းချမ်းရေးကလည်း ဂျာအေး သူ့အမေရိုက်…။
    အင်း… ပလ္လင်ပေါ်ကမျောက်ကတော့ ၂၀၁၅ တကယ်ဆင်းပေးရင် ကောင်းမှာပဲ…
    🙂

    • ခင် ခ

      November 6, 2013 at 1:48 pm

      အဲဒီတော့လည်း ဂျာအေး ဘဲပြန်ရောက်မှဖြင့် ကိုကျောက်ရေ။

  • kyeemite

    November 6, 2013 at 2:25 pm

    အမှန်ပဲ ကိုခရေ…
    လွှတ်တော်ထဲမှာလည်း“ဂျာအေး သူ့အမေရိုက်” ဇာတ်လမ်းပဲဆက်ကနေတာပါ
    တစ်စက်မှ အားရစရာမတွေ့ပါဗျာ…ကျုပ်တို့ငယ်ငယ်က ပြောလေ့ရှိသလို
    မောင်းကွဲကြီးထုကြည့်လိုက်တော့ “မထင်င်င်င်င်..” လို့အသံထွက်တယ်ဆိုသလိုပဲ 🙁

  • KZ

    November 6, 2013 at 3:43 pm

    ဂလို ဂျာအေးရိုက်ချင်လို့မှ
    စိတ်ကြိုက်မျောက်ကို ပလ္လင်ပေါ်တင်ထားတာဆိုတော့လည်းးးးးး

    အို မုန့်လုံးရေပေါ်တွေ ထိုင်စားနေတာ ကောင်းပါတယ်ဗျာ။

    😀

  • alinsett

    November 6, 2013 at 5:30 pm

    ဂျာအေးကို သး ့အမေရိုက်လိုက်
    မုန့်လုံးကို စက္ကူ ကပ်လိုက်နဲ့
    ကျွန်တော့်ရဲ့ တိုင်းပြည်ဟာ
    လုံးလုံးလည်လည်ဂျီးဖြစ်နေပုံ

    🙂

    လေးခ ရေ
    ဒီကဗျာလေးကို တအားကြိုက်ပါတယ် ။

  • padonmar

    November 7, 2013 at 12:39 am

    မှန်လိုက်လေ ဇာတ်ဆရာရယ် ..အဲဟုတ်ပေါင် ကိုခင်ခရယ်။
    မဲ့မဲ့ကြီးပြုံးရမလား၊ပြုံးပြုံးကြီး မဲ့ရမလား မသိတော့ပါဘူး။

  • Mr. MarGa

    November 7, 2013 at 9:00 pm

    မဲ့ပြုံး မဟုတ်ဘူး
    မယ့် အပြုံး…..
    ရာဇဝင် တင်မယ့်…. အပြုံးးးးး

  • Shee

    November 8, 2013 at 12:25 am

    ကဗျာ​လေးကို အရမ်​းကြိုက်​​နေတုန်​းပဲ….:-D

  • ကျော်စွာခေါင်

    November 8, 2013 at 6:28 am

    ကိုခ
    ဂျာအေးတို ့သားအမိနဲ ့မျောက်ကို တစ်သက် တစ်ကျွန်းပို ့ထားလိုက်..ပြီးမှ မုန် ့လုံးရေပေါ် ရွာကို ယူလာပါ…
    အဲကျမှ အေးဆေး စားရမှာ…။

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 1:46 pm

    မဲ့ မပြုံးနဲ့
    ဆွဲ လုံးလိုက်လို့ ..
    ဟင်းးးနော် …
    အရင်လို မဟုတ်လို့ ….

Leave a Reply